Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Max Plus အချိုရည် ကားတွေရဲ့ မမေ့နိုင်အောင်လုပ်နည်းလေး

mg wineApril 21, 20121min48412

Max Plus အချိုရည် ကားများသည် မြို့နယ်တွေထိလိုက်လံရောင်းချပေးနေသည်ကိုတွေ့ရပါသည်။အိမ်မဲမြို့က ဖြန့်ဖြူသူဆိုင်ရှင်တစ်ဦးက ယခုလို ရင်ဖွင့်ပြောကြားပါတယ်။
အချိုရည်ဖြန့်ဖြူးသောကုမ္မဏီက ကားက (၂၇.၃.၂၀၁၂)မှာ အိမ်မဲမြို့ကို ရောက်လာပါတယ်။ကုမ္မဏီကးမောင်းတဲ့ ကိုယ်စားလှယ်တွေက Max Plus အချိုရည်တွေဈေးတက်မယ်
ပစ္စည်းပြတ်နေတယ်နဂိုက ၅ကဒ်ဝယ်ရင် FOC(လက်ဆောင်)တစ်ကဒ်ပေးတယ်။ နောင်ဈေးတက်ရင် FOC(လက်ဆောင်)တစ်ကဒ် မပေးတော့ဘူး။အခုကားလာတာ ပစ္စည်းမပါဘူး။အခုဘောက်ချာဖွင့် အဝယ်ပြရင်
အရင်ဈေးအတိုင်း ရမယ် အရင်လိုပဲ လက်ဆောင်၅ကဒ်မှာ တစ်ကဒ်ရမယ်လို့ ပြောဆိုတဲ့အခါ ဆိုင်ရှင်တွေကလည်း ဘောက်ချာဖွင့်ကြပါတယ်။(Crystal Spring Co.LTD ) ဘောက်ချာဖြင့် အဝယ်ဘောက်ချာဖွင့်တယ်
ကြိုတင်ပေးငွေတွေယူသွားတယ်။
ဒီမှာ သူတို့က ပို့ပေးမယ့်ရက်ကိုလည်းပြောသွားပါတယ် ၄လပိုင်း ၂ရက်နေ့သို့မဟုတ် ၃ရက်နေ့အရောက်ပို့ပေးမယ်လို့လည်း အာမခံသွားပါတယ်။
“ဈေးအရောင်းဆိုင်များကလည်း အချိုရည် ကုမ္မဏီက ဈေးထိန်းပေးခြင်းနှင့် ပစ္စည်းရမည့်ရက်မဝေးတာရယ် ၊အခွင့်ရေးတစ်ခုပေးတာလို့ မြင်မိပြီး မှာကြတာဖြစ်ပါတယ်”
အချိုရည် ကုမ္မဏီရဲ့ ဘောက်ချာမျာလည်း ဖုန်းနံပတ်တွေပါတော့ ကဒ်၆ဝကနေ ၁၆ဝ ၊၂၀ဝ ထိမှာကြပါတယ်။ဒါပေမယ့် ၄လပိုင်း၅ရက်ကျော်တဲ့ထိဘာပစ္စည်းမှ မရောက်တော့ ဟျေးဆိုင်ရှင်တွေက ဖုန်းဆက်မေးရာ
“ ၎င်းတို့ ကားမှာ ဆက်တိုက်ဆင်းနေကြောင်း ပစ္စည်းများလည်း တစ်ချို့တစ်ဝက်ပျက်နေကြောင်းပြောပါတယ်။”
ဈေးဆိုင်တွေက သင်္ကြန်တွင်းမှာသာ အအေးရောင်းလို့ကောင်းပြီး မိုးကျကာစမှ စ၍ ရောင်းမကောင်းတော့ပါ ဒါကြောင့်သင်္ကြန်အမှီ ပို့ပေးပါလို့ပြောတဲ့ အခါမှာ Max Plus အချိုရည်က သင်္ကြန်အမီ ပို့ပေးပါမည်ဟု
ဆိုလာပါသည်။
(၈.၄.၂၀၁၂)ရင်နေ့တွင် အချိုရည်ကားရောက်လာပြီးပစ္စည်းချပေးပါတယ်။သို့သော် ကဒ်၅ဝ မှာသူများကဒ်၂ဝပေး၍ ကဒ်၇ဝမှာသူများ ကဒ်၄၀၊ ကဒ်၁၀ဝမှာသူ ကဒ်၅ဝပဲရပါသည်။ဘယ်သူမှ အပြည့်အဝမရကြပါ
ရရှိသော အအေးမှာလည်း စပါကလင်တစ်မျျိုးတည်းသာရကြပါတယ်။ကျန်လိမ္မော် နှင့် COACHမှာ ပစ္စည်းပြတ်နေတယ်လို့ ပြောပါတယ်။
ကြိုတင်ငွေယူသွားပြီး ပစ္စည်း အပြည့်မပေးသော ၊တစ်ဝက်ပေးပြီးတစ်ဝက်ကျန်ပစ္စည်းကို ဆိုင်တွေက စောင့်မျှော်နေကြပါတယ်။ဒါဟာ ဧရာသတီတိုင်းဒေသကြီးတစ်ခုလုံးကိမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ကဲ .. Max Plus အချိုရည် ကားတွေရေ နယ်မြို့တွေက မျှော်နေကြပြီ ။

12 comments

  • htet way

    April 21, 2012 at 12:07 pm

    ငွေကြိုယူထားရင် ကတိအတိုင်း မှန်မှန်ကန်ကန်လုပ်ပေးသင့်တယ်

  • thu ya

    April 21, 2012 at 12:30 pm

    ဈေး ကစားချင်တယ် (သို. ) နွေရာသီအတွက်ကပ်သေရောင်းချင်ရင်
    တခြားနည်းလမ်းသုံးသင့်တယ်
    ကြိုတင်ငွေပေးတဲံ့ဆိုင်တွေကိုအားနာသင့်တယ်

  • sugar sugar

    April 21, 2012 at 2:13 pm

    Company ကတော့ နာမည်ပျက်တော့မှာဘဲ
    ရုံးချုပ်ကို ဖုန်းဆက်တိုင်ကြည့်ပါလား
    ကျွန်တော်တို့ Company မှာ လုပ်တုန်းကတော့ Customer ဦးစားပေးရတယ်ဗျ၊Customer Complain
    တက်ရင် အကြောက်ရဆုံးဘဲ

  • ဆူး

    April 21, 2012 at 2:30 pm

    တော်သေးတာပေါ့.. ဘောက်ချာ နဲ့ ငွေလိမ်တောင်းသွားတာလားလို့ ဖတ်ရင်းနဲ့ စိတ်ထဲ ထင်မိသွားတယ်။

  • ster

    April 21, 2012 at 5:05 pm

    company နာမည်ကို ထိန်းသင်.ပါတယ်။ နောက်ပိုင်း အပြိုင် company တွေ ပေါ်လာတဲ.အချိန် ဒီလို လုပ်ရင် ဈေးကွက်ပျောက်သွားမယ်။

  • ဝက်ပေါက်

    April 21, 2012 at 5:56 pm

    ပုလင်းနဲ့ ထုတ်တာကို ပိ်ုနှစ်သက်တယ် အခုလို ပလပ်စတစ်ဘူးတွေနဲ့ ဆိုတော့
    ပတ်ဝန်းကျင် သန့်ရှင်းရေးကို ထိခိုက်စေတယ်လို့ ထင်တယ် တစ်ခု အားသာတာကတော့
    အလွယ်တကူ သယ်ဆောင်သွားလို့ရတာ တစ်ခုပါပဲ အရသာလဲ ပြောင်းလဲ သွားတယ် :((

  • etone

    April 21, 2012 at 7:58 pm

    အဲ မဖြစ်သင့်တာပါပဲ … ။ စက်ရုံတွေက သင်္ကြန် ပိတ်ရက်မတိုင်ခင် ထုတ်လုပ်မှုကို နှစ်ဆ ကနေ သုံးဆ တိုးထုတ်ထားရပါတယ် .. ဒါမှ ဖောက်သည်တွေနဲ့ မိတ်မပျက်အောင်ပါ …. ။ အခုကိစ္စကတော့ … ပိုက်ဆံလည်း လက်ထဲရပြီးပြီ ကိုုယ့်လက်ခုတ်ထဲက ရေဖြစ်ပြီဆိုမှ အပိုင်လုပ်တဲ့သဘောပါ … ။

    အရောင်းတာဝန်ခံ နဲ့ ဒါရိုက်တာအဖွဲ့တွေ ဒီကိစ္စကိုတာဝန်ယူရှင်းပေးသင့်ပါတယ် …. ။

  • နေဝန်းနီ

    April 21, 2012 at 8:29 pm

    မွေးသမိခင်ကျေးဇူးရှင်ကတော့ ညက ပြောလာပါတယ်…။ ဘယ်ကကြားလာတယ် တော့ မသိဝူး..။ အချိုရည်သောက်ရင် ဆီးချို သွေးချို ဖြစ်တတ်တယ်..။ အဝလွန်ဖြစ်တတ်တယ်…။ ငါ့ကို အဲဒါမျိုးတွေ ဝယ်မတိုက်နဲ့ ကြံရည်လောက်ဆိုတော်ပြီတဲ့…။ တီဗွီ မှာလာတဲ့ ကျော်ညာတွေ ကြည့်ရင်းပြောတာ…။

  • Gipsy

    April 21, 2012 at 8:48 pm

    အချိုရည် များများ သောက်တဲ့သူ ဆီးချိုဖြစ်နိုင်တယ်လို့ ဆရာဝန်တွေ ပြောပါတယ်…
    ဆားပေါ့ပေါ့ အချိုပေါ့ပေါ့ သုံးဆောင်နိုင်ရင် ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်မှာပါ…။

  • kolin toe

    October 2, 2012 at 11:13 pm

    max + plus အချိုရည်ဗူး အဖုံးမှာပါတဲ. HT12 စတဲ. ဂဏန်းလေးတွေအကြောင်း သိရင်ပြောပေးပါ

  • Crystalline

    October 3, 2012 at 10:20 am

    သူရို့က ဘောလုံးသမားတွေကိုဆုချရမှာငွေတွေလိုလို့အဲနည်းနဲ့ရှာတာ.. :kwi:

Leave a Reply