Agenda47: Preventing World War III ရွေးကောက်ပွဲမဲဆွယ်ကာလတွင် သမ္မတထရမ့်၏သတင်းစကားကြီးတခုမှာ တတိယကမ္ဘာစစ်ကြီးကိုတားဆီးရန်ဖြစ်သည်။ ဤသည်ကိုသူ၏ဝက်ဆိုက်တွင်၂၀၂၃ (မတ်လ) ကထဲက Agenda47 ဖြင့် ရှင်းရှင်းလင်းလင်းတင်ပြထား၏။ ကန်ပိန်းများတွင်လည်း ထပ်ခါပြောသလို နှုကလီးယားလက်နက်များဖြင့် ကမ္ဘာစစ်ဖြစ်လျှင်မည်သူမှမနိုင်သည်ကိုလည်း (ယခင်သမ္မတဖြစ်ဖူးသူဖြစ်၍) ကောင်းစွာ သိထားသူဟု ဆိုရမည်။မဲဆွယ်ကာလက ကိုယ်ထိလက်ရောက် လုပ်ကြံခံရသော်လည်း လွတ်မြောက်ခဲ့ပေရာ တနည်းအားဖြင့် ကမ္ဘာစစ်ကြီးကိုတားဆီးရန် ဘုရားသခင်မှခွင့်ပေးရွေးချယ်ထားသူဟုပင်ဆိုကြသည်။ သူသည် ပဋိပက္ခသမားတို့ကို စားပွဲဝိုင်းပေါ် တင်ပေးမည့်သူဖြစ်နိုင်သည်။သို့သော်.. ကမ္ဘာ့ အခြေအနေ/အချက်အလက်တို့မှာ ကမ္ဘာစစ်ကြီးဆီဦးတည်နေပြီး အကြီးမားဆုံးငွေကြေးအဖွဲ့အစည်းကြီးတခုဖြစ်သည် JP Morgan၏ စီအီးအိုနှင့်ယူကရိန်းကာကွယ်ရေးဦးစီးချုပ်(ဟောင်း)တို့၏ နှုတ်ထွက်စကားများအရမူ ကမ္ဘာစစ်ကြီးကား စပြီးဟုပင်ဆိုသည်။ အာရှအရှေ့ပိုင်းမှ မြောက်ကိုရီးယားစစ်တပ်သည် နိုင်ငံများကျော်ဖြတ် ယူကရိန်း/ရုရှားစစ်ထဲ ဗြောင်ကျကျဝင်ပါသည် မဟုတ်ပါလား။နိုင်ငံများလည်း အလျှင်အမြန် အုပ်စုဖွဲ့လျှက်ရှိကြသလို ဆိုင်ရာနိုင်ငံရွေးကောက်ပွဲများတွင်လည်း ဒီမိုကရေစီ /အော်တိုကရေစီ ဘက်များဖွဲ့၍ အစိုးရတက်လုပ်ရန်အားထုတ်လျှက် […]