အာ ကျွန်တော်အဒေါ်တယောက်ကအရိုးကျီးပေါင်းရောဂါဖြစ်နေပါတယ်။အထူးကုကိုပြကြည့်တော့ဇက်ရိုးကျီးပေါင်း ရောဂါလို့ပြောပါတယ်။ဇက်ကြောတက်၊ခေါင်းကျဉ်၊နံနက်စောစောဇက်တောင့်တယ်။ဓါတ်မှန်ရိုက်တာလည်ဆစ်ရိုး၃၄၅၆မှာ ကျီးပေါင်းတက်နေတယ်လို့သိရပါတယ်။စားဆေးတွေပေးတယ်၊အဒေါ်ကလည်းသောက်ပါတယ်။လည်ပင်းကိုလည်းသူတို့ပေး တဲ့လည်ပတ်ကြီးပတ်ထားရတာပေါ့။ ၂နှစ်ကြာတဲ့အထိအထူးကုနဲ့ပြနေမရတာပဲ၊သက်သာတယ်မပျောက်ဘူး။လက်ပြင်ငုတ်သလိုဖြစ်တယ်လို့ညည်းသံကြား တယ်တခါတလေအုံးလွဲတယ်လို့ပြောတယ်၊လက်မြောက်လို့မရတာလည်းဖြစ်တယ်။နောက်တော့အာရုံကြာကြာစိုက်လို့မရဘူးမူးတာမှခြာခြာ လည်အောင်မူးတာပဲ၊တခါအထူးကုတခုကိုပြောင်းကုတော့ လည်ပင်းမှာအတက်တွေထွက်နေတယ်လို့ပြောပြန်တယ်။စားဆေးတထုပ်ကြီးပေး လိုက်ပြန်ရောအဒေါ်ကဆေးစားနေရင်းပဲဇက်ခိုင်သွားတယ်၊လှည့်မရပြုမရဖြစ်တော့တာပဲ။ ဆီးသွားရင်လည်းအနည်ကျလွန်းတယ်ပြောသံကြားတယ်။ပါးစပ်ဟလို့ဖွင့်လို့သိပ်မကောင်းဘူး၊လည်ပင်းမှာလည်းအိုးပိုထွက် တယ်ပြောတာပဲ။ကျွန်တော်အဒေါ်လည်းကုန်တာများနေပြီ။စိတ်ဓါတ်လည်းကျနေပြီ။ဆေးဆိုင်ကရောင်းတဲ့လိမ်းဆေးလည်းစုံပြီ၊အိမ်မှာဆိုဆေးဗူး ခွံတွေများနေပြီ။ မသက်သာဘူး၊တချို့ကလည်းတိုင်းရင်းဆေးနဲ့ကုကြည့်ပါလားပြောကြပါတယ်။အဒေါ်ကလည်းတိုင်းရင်းဆေးကိုအထင်မကြီးဘူး ဟုတ်လည်းဟုတ်တယ်လေ ဆေးကတခါသောက်လက်ဖက်စားဇွန်းတဇွန်းရေနွေးနဲ့သောက်၊ဂျင်းပြုတ်ရည်နဲ့သောက်မခက်ဘူးလား၊အဆင်မပြေ ဘူးပေါ့။ ဒီလိုနဲ့ ဇက်ခိုင်တဲ့အပြင်အရိုးပါရဂူက”ဇက်ရိုးမှာရှိတဲ့ကျီးပေါင်းဟာအတက်ဖြစ်နေလို့အာရုံကြောကိုဖြတ်သန်းလိမ့်မယ်၊ရက်ပေါင်း ၈ဝလောက်ဆိုရင်မလွယ်ဘူးလို့ပြောပါတယ်။ဒီမှာတင်ပုသိမ်ပန်းဆက်ကအဒေါ်သူငယ်ချင်းဒေါ်ပန်းအိဖြူကသူတာဝန်ယူတယ်လုံးဝပျောက်ရမယ် ဆိုပြီးအိမ်မဲကဆရာတယောက်ကိုသွားခေါ်ပါတယ်။ ဆရာရောက်လာတော့အဒေ့ါ်ကိုစစ်ဆေးပါတယ်၊လက်ကိုသွေးစမ်းပါတယ်၊ခင်ဗျားဆီးအနည်ကျနေတယ်လို့ပြောတယ်၊အဒေါ်ကလည်း ဟုတ်တယ်ပေါ့၊ပြဿနာကအဒေါ်ဇက်ကိုစစ်ဆေးနေတုန်းအဒေါ်က“ကျွန်မ ပါရဂူကြီးတွေနဲ့ကုခဲ့ပြီးပြီ မပျောက်ခဲ့ဘူး ဆရာလိုကချိကချောက် ဆရာတယောက်ကကုနိုင်ပါ့မလား”လို့ပြောလိုက်တာ ကျွန်တော်တောင်အားနားသွားတယ်။ဆရာကဘာမှမဖြစ်သလိုပဲသူ့အလုပ်သူဆက်လုပ်ပါတယ်။ အဒေါ်ဇက်တနှစ်နီးပါးလှည့်မရပဲခိုင်နေတာကိုဆေးစည်းပြီးနာရီဝက်ကြာရင်လှည့်လို့ရမယ်လို့ပြောပါတယ်၊အဒေါ်ကမဲ့ပြီး..လုပ်ကြည့်ပေါ့ လို့မယုံသလိုပြောပါတယ်။ဆရာလေးကဆေးစည်းဖို့ပလာစတာတွေကိုခွာနေပါတယ်။ဆရာကအသက်၄ဝလောက်ပဲရှိပါတယ်။ဟန်တွေပန်တွေလည်းမရှိ ပါဘူးဆရာဆေးစည်းပြီးတော့အဒေါ် ကနာရီကြည့်ပါတယ်။နာရီဝက်ပြည့်တော့..ဆရာကိုဇက်လှည့်လို့ရပြီလားလို့မေးတော့ဆရာကခေါင်းညိတ်ပြပါတယ်။ အံဩစရာပဲအဒေါ်ဇက်လှည့်လို့ရပါတယ်။အဒေါ်ကသူ့အမျိုးသားကို.“အကိုကျွန်မလူဖြစ်ပြီ”လို့အားရဝမ်းသာအော်ပြောပါတယ်။အရင်ကစကားတောင်ကျယ် ကျယ်မပြောနိုင်သူပါ။အားလုံးဝမ်းသာကြပါတယ်။အံဩဝမ်းသာလို့ဆိုရမှာပဲ။ ဆရာကတိုင်းရင်းဆေးခန်းသုံးဆေးအမှတ်တွေတိုက်ပါတယ်။လူနာကိုဆေးကြပ်ထုပ်ထိုးခိုင်းတယ်၊ဆေးလိမ်းခိုင်းတယ်။ဆရာကုသပုံကတော့ မထူးဆန်းပါဘူး၊ထူးဆန်းတာကအဒေါ်ရောဂါက၂၁ရက်ကြာမှာလုံးဝသက်သာသွားတယ်။ပျောက်ကင်းလုနီးနီးပဲ။ဆရာကဆေးစည်းဖို့မလိုအပ်တော့ ဘူးလို့ပြောတော့မှပုသိမ်ထောင်ကုန်းကဓါတ်မှန်မှာရိုက်ကြည့်တော့ကျီးပေါင်းလုံးဝမရှိတာကိုသိရပါတယ်။ ကျွန်တော်တို့ကိုဆေးကြပ်ထုပ်ထိုးခိုင်းလို့ဆေးအမယ်တွေရှာတဲ့အခါစပ်စုတတ်တဲ့ညဉ်ကရှိတော့မှတ်ထားတာလေးတွေပြောပြချင်ပါတယ် ဆေးကြပ်ထုပ်မှာ မိတ်ဿလင်၊ချင်းတက်၊နနွင်း၊ဆား၊ကြောင်ပန်းရွက်၊ရှောက်ရွက်၊ကင်ပွန်းချဉ်ရွက်၊သက်ရင်းကြီးရွက်တို့ပါဝင်ပါတယ်။လိမ်းဆေး ကတော့ယူကလစ်ဆီ၊ပရုပ်နံ့ရတယ်၊ ဆေးအမှတ်တွေက တိုင်းရင်းဆေးခန်းသုံး အမှတ်၂၇၊အမှတ် ၂၃၊ အမှတ်၁၇၊ ညမှာအမှတ်၁၂တိုက်ရမယ်လို့ဆရာပြောစကားများအရ သိရပါတယ်။ဆရာကငယ်ပေးမယ့်တိုင်းရင်းဆေးပညာကိုဝါသနာကြီးပါတယ်၊ခံယူချက်ကြီးသူလို့မြင်ပါတယ်။မိရိုးဖလာအမွေပညာလို့ပြောပါတယ်။ မည်သို့ပင်ဖြစ်စေ အဒေါ်ရောဂါကပျောက်သွားလို့ကျေးဇူးတင်ဝမ်းမြောက်ရသလို၊ကိုယ့်တိုင်းရင်းဆေးပညာကိုလေးစားမ်ပါတယ်၊ဆရာနာမည်ကို ကျွန်တော်ပြောဖို့မေ့နေပါတယ်။ဆရာထက်လို့ခေါ်ပါတယ်။လူပုဂ္ဂိုလ်ကြော်ငြာတာမဟုတ်တဲ့အတွက်ဒီလောက်ပဲဖေါ်ပြပါရစေ။ မြန်မာ့တိုင်းရင်းဆေး အောင်မြင်ပါစေသတည်း