အမေ
နွမ်းယဲ့ယဲ့မျက်ဝန်းတွေ
အားငယ်စိတ်တဝက်ပီတိနဲ့
အရိပ်မပေးနိုင်ရှာတဲ့
သစ်အိုတစ်ပင်ရဲ့ဂီတ
ဆုတောင်းပေးသံနဲ့ညှိုးငယ်ငယ်။
ကျွေးခဲ့မွေးခဲ့
ပြုစုခဲ့တာတွေရဲ့ တန်ဖိုးကို
လျှော်ကြေးတောင်းဖို့မေ့နေသူ
ဇရာရဲ့ဖိစီးမူရောဂါကိုကြိတ်ခံစား
သားသမီးတွေအပူကူးစက်လို့
သောကနဲ့မောခဲ့ရအိပ်ပျက်ညတွေ
ဘယ်သူသိခဲ့လေမလဲ
ပြန်မလာနိုင် ခရီးရှည်ထွက်သွားသူကိုပဲ
ပြန်တမ်းတရင်းမျက်ရည်ဝဲခဲ့ပြီ။ ။
4 comments
“ဘီလူးကြီး”ogre
November 12, 2011 at 7:22 pm
““ကျွေးခဲ့မွေးခဲ့
ပြုစုခဲ့တာတွေရဲ့ တန်ဖိုးကို
လျှော်ကြေးတောင်းဖို့မေ့နေသူ””
ဒီနေရာလေးတော့ ကြိုက်တယ်ဗျာ…..
ဒါမျိုးလေတွေခံစားလို့ရတယ်..ကျုပ်ကအမေမရှိတော့ဘူးဗျ သေပြီ။။။
windtalker
November 12, 2011 at 7:27 pm
ခံစားသွားပါတယ် ကိုမောင်ဝိုင်း ရေ ။
ကြောင်လတ်
November 12, 2011 at 10:01 pm
အမေချစ်သူများကိုလေးစားလျှက်ပါ။
TTNU
November 12, 2011 at 10:46 pm
ပြန်မလာနိုင် ခရီးရှည်ထွက်သွားသူကိုပဲ
ပြန်တမ်းတရင်းမျက်ရည်ဝဲခဲ့ပြီ။ ။
Touched!!!