Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

IC, ဆင်ဖြူတော် နောက်ဆက်တွဲသတင်း

mg wineNovember 10, 20111min33814

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ကျောက်တိုင်ဘောလုံးကွင်း(နာရီစင်ရှေ့)တွင်ယနေ့ညကျင်းပမည်ဖြစ်သောအိုင်စီစင်

တင်တေးဂီတကိုလူအများစိတ်ဝင်စားနေကြကြောင်းသတင်းရရှိပါသည်။

ရဲများကညရနာရီကိုအရက်ဆိုင်များမရောင်းကြရန်တားမြစ်သည်ဟုကြားရပါသည်။ဘောလုံးကွင်းရှေ့တွင်ရဲအမြောက်

အများချထားသည်ကိုတွေ့ရပြီးလမ်းထိပ်နှစ်ဘက်ကိုယာဥမဝင်ရန်ပိတ်ထားပါသည်။ညရနာရီကိုဘောလုံးကွင်းကိုလုံးဝပိတ်ထားမည်ဟုသိရပါသည်။

လူအများကဆင်ဖြူတော်ထက်စတိတ်ရှိုးကိုပိုပြီးစိတ်ဝင်စားနေကြပါသည်။တန်ဆောင်တိုင်ပွဲတော်ဟုကင်ပွန်းတပ်

ကျင်းပသည်ဟုဆိုပါသည်။အဝေးပြေးဂိတ်တွင်ကွမ်းယာရောင်းသူအမကြီးတယောက်က“ဒီလိုစတိတ်ရှိုးမျိုးသွားချင်တာပေါ့ဒါပေမယ်

ဘောလုံးကွင်းကိုညရနာရီပိတ်မယ်ဆိုတော့အကြောင်းရယ်လို့ဖြစ်လာရင်ဘယ်ကိုပြေးရမလဲ ”ဟုပြောပါသည်။

လွန်ခဲ့သော၃နှစ်ကယခုလိုစတိတ်ရှိုးတွင်ကုန်သည်လမ်းထဲကပိုက်ဆံချမ်းသာသောမိသားစုဝင်တဦးမှနာမည်ကြီးချင်၍

Rဇာနည်ကိုစင်ပေါ်တက်ထိုးခဲ့ဖူးသည်။အဲ့ဒီကောင်လေးထောင်ကျသွားခဲ့ပါသည်။စတိတ်ရှိုးဖြစ်တိုင်းရန်ပွဲများဖြစ်ခြင်း၊ခုံရိုက်ချိုးခြင်း

အရက်ပုလင်းခွံများလူတွေပေါ်ပစ်ခြင်းများဖြစ်ဖူးသည့်အတွက်ယခုလိုလူတွေလန့်နေကြခြင်းဖြစ်ပါသည်။

ယခုအချိန်တွင် အဝေးသင်တက္ကသိုလ်ဖွင့်နေခြင်းကြောင့်ကျောင်းသားများမူးယစ်ရမ်းကားမှာကိုလည်းကြောက်နေရပါသည်

ဟုဒေသခံသီချင်းဝါသနာရှင်တဦးကပြောပြပါသည်။အဝေးသင်ကျောင်းသား၊ကျောင်းသူများကလည်းစတိတ်ရှိုးအားပေးရန်ပြင်ဆင်နေကြရာ

ကျောင်းသူများကိုအမျိုးသမီးအဆောင်မှူးများကခွင့်မပြု၍ အခြေအတင်ပြောဆိုနေကြကြောင်းသတင်းရရှိပါသည်။

(၁၁.၁၁၂၀၁၁)ရက်နေ့တွင်လှည့်မည့်ဆင်ဖြူတော်ကိုလည်းပုသိမ်သားများကကြည်ရှု့ရန်အားတက်သရောဖြစ်နေကြောင်းသိရပါသည်။

14 comments

  • TTNU

    November 11, 2011 at 1:28 am

    မောင်ဝိုင်းရေ ပုသိမ်တစ်မြို ့တည်းအဲဒီလိုဖြစ်တာလားဟင်။
    မန ္တလေးလည်း IC ဆိုရင်နည်းနည်းဖြစ်တတ်လေ့ရှိတယ်။
    ဒါပေမဲ့ ဟိုတလောကပွဲမှာတော့ ဘာသံမှမကြားလိုက်ဘူး။
    အဆောက်အဦးထဲမှာကျင်းပဖျော်ဖြေတာမို့ ပူလောင်အိုက်ပြီး
    ပွဲမပြီးခင် ပြန်ကြတယ်ဆိုလားပဲ။

    လူတွေက IC ဆိုရင် ကြိုက်လွန်းလို့ ပိုဆိုးကြတာနေမှာ။
    ဆင်ဖြူတော် တော့ မပြောတတ်ဘူးနော်။

  • MaMa

    November 11, 2011 at 7:19 am

    13.11.11 Sunday သုဝဏ္ဏကွင်းမှာ IC ပွဲ လက်မှတ်ရထားလို့ သွားကြည့်ရကောင်းမလား စဉ်းစားနေတာ။ ခုစာတွေတွေ့ရတော့ သွားကြည့်ဖို့ ကြောက်တောင်လာပြီ။

  • MAUNG

    November 11, 2011 at 7:53 am

    ပိုက်ဆံ ရှိတိုင်း နံမည် ကြီးချင်လို့ အဆိုတော် ကိုစင်ပေါ် တက်ထိုးတယ် ဆိုရင်တော့ သူ့အဆင့်အတန်း သူပြတာဘဲ ။ အာကြီး ကဘာမှပြန် မလုပ်ဘူးလား ။ ကြားဘူးတာတော့ အာကြီးက ဗလသာမရှိတာ ၊ ဇ တော့ တော်တော် ရှိဆိုဘဲ ။ သူ့နေရာမှာ လေးဖြူ ဆိုဆင်ပေါ်တက် လာတဲ့ကောင် ရူးတောင် ရူးသွားဦးမယ် း)

  • Shwe Tike Soe

    November 11, 2011 at 9:14 am

    ဟုတ်ပဗျာ ရှိုးပွဲ တွေမှာ ရန်ဖြစ်တာ မူရမ်းတာ ကိုယ်မကြိုက်ရင်စင်ပေါ်ကဆင်းဆိုပြီး ဆဲတာတွေ… ဘာအတွက်လုပ်နေကြလဲမသိပါဘူး…. လူအရေအတွက် များတဲ့ နိုင်ငံခြားက ရှိုးပွဲတွေဆို ဘယ်လို များလုပ်လဲမသိဘူး… အင်းပေါ့လေ… စရိုက်ကွာတာကိုး

  • etone

    November 11, 2011 at 10:11 am

    အခုနောက်ပိုင်း ရှိုးပွဲတွေက ပျော်စရာမကောင်းတော့ပဲ… ရန်ဖြစ်မှာချည်းကြောက်နေရတယ် … ။
    ခုံလည်းမပေးဘူး … အမှောင်လည်းချထားတယ် … ရန်ဖြစ်လို့ ပုလင်းပျံတွေ ဖိနပ်ပျံတွေလွင့်လာလျှင် လက်သည်တောင် ပေါ်လိုက်မှာ မဟုတ်ဘူး … ။ နောက်ဆုံးကြည့်ခဲ့ဖူးတဲ့ အိုင်စီပွဲတုန်းကတော့ ရေဗူးပျံလာမှန်ဖူးတယ် …နောက်ပိုင်း ရှိုးပွဲဆို သွားကို မကြည့်တော့ဘူး …
    MRTV 4 ကနေ တိုက်ရိုက်ရိုက်ကူးပေးလျှင်တော့ တီဗွီကပဲ စောင့်ကြည့်တော့တယ် 🙄

  • mg wine

    November 11, 2011 at 10:38 am

    ပိုက်ဆံရှိတာတော့မှန်ပါတယ်ဗျာ၊အဲ့ဒီကောင်လေးရဲ့အဖေက
    လူရှုပ်ကြီး၊အာဏာပိုင်ကိုငွေပေးပြီးပေါင်းထားတာအခုတောင်
    ်နာမည်ထည့်မရေးရဲဘူး။ထစ်ကနဲဆိုတရားစွဲတာဆရာရေ့
    တိုင်းမှူးဆိုသူဖုန်းဆက်လိုက်ရင်ပြီးတယ်။အခုအစိုးရသစ်မှာလည်း
    သူကပိုင်တာပဲ၊တလောကလမ်းပေါ်မှာဖုန်းပြောနေသံကြားတယ်
    ဝန်ကြီးချုပ်နက်ပြန်နေပြည်တော်သွားမှာလား၊ကျွန်တော်လာတွေ့မယ်
    ဘာညာပေါ့ဗျာ။ဓီကောင်လေးနဲ့အပေါ်င်းအပါကိုပုသိမ်သားတွေလန့်နေကြတာ။
    ပုသိမ်သားတွေသိကြပါတယ်။

    • Diamond Key

      November 11, 2011 at 11:56 am

      ဒီလိုလူတွေက လူအများကြားမှာဖုန်းပြောရင် ဒီလိုပဲဗျ။ ကိုဝိုင်းပြောပြသလို ” ဝန်ကြီးချုပ်နက်ပြန်နေပြည်တော်သွားမှာလား၊ကျွန်တော်လာတွေ့မယ်
      ဘာညာပေါ့” ဘေးလူကြား ရှိန်စေပေါ့။
      ဒီလိုလူစားတွေကတော့ ခေတ်တိုင်းမှာ ရှိနေနိုင်ပါတယ်လေ။
      ဒါမျိုးတွေ မြင်နေရကြားနေရတာ ဘယ်နေမှ ပျောက်မလဲလေ။

    • MAUNG

      November 12, 2011 at 7:59 am

      ဪ ဖအေ တူသားလေးပေါ့ ။ ဝန်ကြီးချုပ် နဲ့ တစ်ကယ်သိလို့ ဖုန်း ပြောရင်တောင် ၊ လူကြားထဲ အော်ကြီးဟစ်ကျယ် ပြောနေထဲက မပြည့် တဲ့အိုး မှန်း သိသာပါတယ် ။ ကျွန်တော်ပြောတဲ့ အဆင့်အတန်း ဆိုတာ လဲအဲလိုလူမျိုး သိချင်မှာ မဟုတ်သလို၊ သိနိုင်မှာလဲ မဟုတ်ပါဘူး ။ ဘာဘဲပြောပြော ကိုမောင်ဝိုင်း ရဲ့ ပုသိမ် သတင်းလေး အတွက်ကျေးဇူး ပါအစ်ကို ။ ပုသိမ်က သူငယ်ချင်းစီ ဖုန်းဆက်မှ အဲလို လူမျိုးဝေးဝေးရှောင်ဖို့ပြောလိုက်ဦး မယ် းD

  • memeseku

    November 11, 2011 at 12:06 pm

    ကိုယ်နဲ.တွေ.ချင်စန်းပါဘိ

    • AKKO

      November 11, 2011 at 3:07 pm

      မြင်ဖူးတယ်ရှိအောင် ကြည့်မလို့လားဗျ 😆

  • ကြောင်လတ်

    November 11, 2011 at 4:11 pm

    ဘယ်သူများဖြစ်မလဲဗျ သိချင်လို့ မီအမ် လေးပို့ပေးလိုက်ပါလား။ပုသိမ်က အမျိုးတွေကို သတိပေးထားရအောင်လေ။ဝေါင်ဝေါင်ရှေးဖို့ပေါ့။

  • htet way

    November 11, 2011 at 9:24 pm

    ရှိုးပွဲဆိုကျွန်တော်လည်းဝါသနာကြီးပါတယ်
    ပုသိမ်တော့မသွားဖြစ်ဘူးလေ
    စရိုက်ဆိုးတွေပျောက်ရင်ကောင်းမယ်။

  • မှော်ဆရာ

    November 12, 2011 at 12:53 pm

    ဟဲလို ဘယ်သူလဲ ..
    အိုဘားမားလား …
    ———-
    မနက်ဖြန် ငါမအားဘူး ..
    မော်ဒယ်လေးတွေနဲ့ ချိန်းထားတယ် ..
    ——————
    ဘာ ….. မတွေ့လို့ မဖြစ်လို့ဘာ ဟုတ်လား .. မင်းတော်တော်ခက်တဲ့ကောင်ပဲ အိုဘားမားရာ ..
    ငါ့အလုပ်က အရေးကြီးတယ်ကွ ..
    ———————
    အေး အေး ထိုင်စောင့် ထိုုင်စောင့် ..
    ငါ အလုပ်ပြီးလို့ ပြန်လာရင်တော့ တွေ့ရမှာပေါ့ ..
    ———————
    ဘာ ကျေးဇူးတင်ပါတယ် ဟုတ်လား ..
    ဟေ့ကောင် အပိုတွေ ပြောမနေနဲ့ … ကျေးဇူးတင်ရင် ငါခိုင်းတာကိုသာ မြန်မြန်ပြီးအောင်လုပ် ကြားလား ဒါပဲ … :):):)

Leave a Reply