“အင်းဝကဗားကရာ”
“အင်းဝကဗားကရာ”
ကျနော်တို့ရဲ့ မန်းလေးပါတ်ဝန်းကျင်မှာရှေးဘုရင်များကောင်းမူ့ကြောင့် ဘုန်းတော်ကြီးကျောင်းတွေအများကြီးရှိခဲ့ပါတယ်။
တကယ်ပြောရင်တော့ ပြည်သူပြည်သားများရဲ့အခွန်နဲ့ဆောက်ခဲ့တော့ အားလုံးကောင်းမူ့လို့ပြောရင်လဲမမှားနိုင်ပါဘူး။
ဦးဆောင်တဲ့သူရဲ့အမည်ကတော့ တွင်ကျန်ရင်ခဲ့တာပေါ့။
ဒီလိုကျောင်းတိုက်တွေထဲမှာ “ဗားကရာကျောင်းတိုက် “ဆိုတဲ့အမည်တူတဲ့ကျောင်းတိုက်တွေရှိနေတာပါဘဲ။
တောင်မြို့ခေါ်တဲ့အမရပူရမှာရှိတယ်။
အခုအင်းဝမှာလဲရှိတယ်။
အင်းဝသွားတဲ့နေ့က ဒီဗားကရာကျောင်းတိုက်ကိုရောက်အောင်ဝင်ခဲ့ပါတယ်။
ဗားကရာကျောင်းကိုသွားမယ်ဆိုရင် အင်းဝမြို့မြောက်ဘက်ကိုသွားတဲ့လမ်းအတိုင်းလို်က်သွားပါ။
လမ်းအနောက်ဘက်ခြမ်းမှာ သမိုင်းပြတိုက်ကိုဝင်ကြည့်လို့ရသေးတယ်။
ဆက်သွားလို့ အလံတိုင်တွေထောင်ထားတဲ့နေရာရောက်ရင် မြောက်ဘက်ဆက်သွား။
တော်တော်လေးသွားလို့ အနောက်ဘက်ကိုဆင်းတဲ့မြေလမ်းလေးရှိရင် တည့်တည့်လိုက်သွား လမ်းဆုံးရင်ဗားကရာကျောင်းပါဘဲ။
မြေလမ်းကလေးက မညီမညာနဲ့ကြမ်းပေမယ့် သူ့နံဘေးက ရူ့ခင်းကတော့စိမ်းစိမ်းစိုစိုသာသာယာယာ။
ထန်းပင်အုပ်စုလေးတွေကလဲယာခင်းထဲမှာ။
ဗားကရာကျောင်းကတော့ ရေနံချေးတွေဝနေလို့ ညို့မှောင်မှောင် ထုကြီးကြီး ခန့်ထည့်တဲ့အသွင်နဲ့မားမားရပ်။
ကျောင်းအဝင်အုဌ်လှေကားကြီးက ထုံးသုတ်ထားပေမယ့် မိုးလေဒဏ်ကြောင့်ရေညှိတက်။
တောင်ဘက်မှာတော့ နောက်ထပ်လှေကားတစ်စင်း နဲ့မြောက်ဘက်မှာပုံစံတူတစ်စင်း။
စုစုပေါင်းလှေကားသုံးစင်း။
အလယ်လှေကားအတက်မှာ စဉ့်အိုးကြီးနှစ်လုံး။
ကျောင်းပေါ်တက်ကြည်တော့ တစ်ကျောင်းလုံးကို ကျွန်းသားတွေနဲ့ဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။
ထောက်တို်င်လုပ်ထားတဲ့ ကျွန်းသစ်လုံးပါတ်တွေက အတော်လေးကြီးပါတယ်။
တောင်ဘက်မှာတော့ စုလစ်မွန်းချွန်တွေနဲ့ကျောင်းတစ်ဆောင်ကသီးသန့်။
တန်းစီနေတဲ့တိုင်လုံးတွေက အများကြီး။
ရေနံချေးသုတ်ထားတော့ ပိုးမစား။
အဆင်းက တိုင်မှာတော့ သစ်ထွင်းလက်ရာမွန်ကိုမြင်ရ။
့ပင်မကျောင်းဆောင်ကြီးကတော့ သစ်သားနံရံ။
အဝင်တံခါး-ဝနဲ့ပြူတင်းပေါက်တွေမှာ သစ်သားပန်းပုရှေးလက်ရာ။
ကျောင်းနံဘေးမှာက ထန်းပင်စုစု က ကို်ယ်ရံတော်တွေလိုမတ်မတ်ရပ်စောင့်။
တပင်ကတော့ ကွေးကောက်ကောက်။
ပင်ပမကျောင်းကြီးရဲ့ အဝင်ဝတိုင်းမှာ သစ်သားပန်းပုလက်ရာတွေနဲ့ပါ။
အပေါ်မော့ကြည့်လိုက်တော့ ဘုံလေးဆင့် အတော်လေးမြင့်ပါတယ်။
အဝင်တံခါးတွေကိုသေချာကပ်ကြည့်လိုက်တော့ အနုစိတ်လက်ရာတွေက
သေသပ်လှပလွန်းပါတယ်။
ဒါတွေကိုမြင်တော့ ရှေးမြန်မာတွေ့မညံ့ခဲ့တာကို ခံစားရပါတယ်။
ကျောင်းအနောက်ဘက်မှာတော့ ပြိုပျက်နေတဲ့ အုဌ်တံတိုင်း ရှေးလက်ရာအစစ်ဖြစ်မယ်ထင်ပါရဲ့။
အနောက်ဘက်ခြမ်းက စင်္ကြန်မှာ နိုင်ငံခြားသားတစ်ယောက်က ငေးမောလို့နေတာကို
မြင်ရပါတယ်။
အနောက်ဘက်ခြမ်းမှာတော့ အုဌ်ရိုးအဟောင်းတွေကိုမြင်ရပါတယ်။
အရင်ကကျောင်းပုရဝုဏ်အတော်လေးကြီးမားမယ်လို့ထင်မိပါတယ်။
ဒီနေရာကို တိုးရစ်တစ်ယောက်က ဓါတ်ပုံရို်က်တော့ ကျနော်ကလဲလိုက်ရိုက်တာပေါ့။
ကျောင်းနဲ့ထန်းပင်။
ကျောင်းအတွင်းထဲဝင်ကြည့်တော့ အလင်းရောင်မရတော့ မှောင်မဲမဲ။
ကင်မရာကသေးသေးလေးနဲ့ရိုက်တာရယ် ခလုပ်နှိပ်တတ်ရုံသက်သက်ရယ်
ဆိုပြန်တော့ ပုံကောင်းကောင်းကမရ။
အများစိတ်ဝင်စားစရာကောင်းတဲ့နေရာ နိုင်ငံခြားသားတွေစိတ်ဝင်စားတဲ့
ရှေးဟောင်းအနုလက်ရာတွေရှိတဲ့နေရာကို လင်းလင်းထင်းထင်းမြင်ရအောင်
စီမံပေးသင့်ပါတယ်။
ကျောင်းကြီးပေါ်မှာကျောင်းဆောင်ကလေး ရှိပါတယ်။
လူတွေဝင်ပြီးဝတ်ပြုနေတာ။
အလင်းမပြည့်စုံတော့ ကြည်ကြည်လင်လင်မမြင်ရ။
ကျောင်းအတွင်း မှောင်မဲမဲမြင်ကွင်းလေး။
နောက်တစ်ခါထပ်သွားမှ ဒီထက်ကောင်းအောင်ရိုက်မယ်လို့စိတ်ကူးမိပါတယ်။
ဒီလိုရှေးလက်ရာတွေကို မပြုပြင်ဘဲ ပစ်ထားမယ်ဆိုရင်လဲနှမျောစရာ။
ပျက်မှာစိုးလို့ဆိုပြီး အစားထိုးလို့အသစ်ဆောက်လိုက်ပြန်ရင်လဲ
ရှေးဟောင်းအမွေအနှစ်ဆိုတာက ပျက်စီးသွားပါတယ်။
ကျနော်ပုဂံကို 1978မှာရောက်တုံးက ဘယ်ကြည့်ကြည့် ခြုံပုတ်နဲ့ဘုရားအပျက်။
မြင်းလှည်းနဲ့သွားရတော့ လမ်းကလေးတွေက ဖုံထူထူ။
နေကပူပူ။
အကောင်းကျန်နေတဲ့စေတီပုထိုုးများကတော့ ရင်သပ်ရူ့မော။
ကြည့်လိုက်တိုင်းလွမ်းစရာ။
2003မှာတစ်ခါပြန်ရောက်ပါတယ်။
လမ်းတွေကဖြောင့်ဖြူးလို့သာယာ။
ဘယ်နေရာကြည့်ကြည့် စေတီတွေက သစ်သစ်လွင်လွင်။
ရင်ထဲမှာ တစ်ခုခုပျောက်ဆုံးသွားသလိုခံစားရပါတယ်။
ဒီတော့ရှေးအမွေအနှစ်များကို မပျက်အောင်ထိန်းသိမ်းသင့်သလို
ပျက်သွားခဲ့လို့ အသစ်ပြန်ပြင်မယ်ဆိုရင်တော့
မမြင်နိုင်တဲ့ အနှစ်သာရလေးကတော့ ပျောက်ဆုံးသွားတာကတော့ အမှန်ပါဘဲ။
နိုင်ငံခြားသားများကလည်း အသစ်ကိုမြင်ချင်တာမဟုတ်ပါဘူး။
လွန်ခဲ့သောနှစ်ပေါင်းများစွာက လက်ရာကို ကြည့်ချင်လေ့လာချင်တာပါ။
ဒီတော့………………………………………….
ကိုပေါက်လက်ဆောင် ပုံစာတွဲ
(10-11-2011)
တန်ဆောင်မုန်းလပြည့်နေ့
9 comments
ကိုပေါက်(မန္တလေး)
November 10, 2011 at 5:54 pm
အလင်းချိန်တာမှားသွားလို့ ပုံတွေကတော့သိပ်မလှဘူး
ဒါပေမယ့် အမှတ်တရပေါ့ဗျာ။။
Diamond Key
November 11, 2011 at 12:12 pm
ကိုပေါက်ရေ၊
ကျွန်တော်ရောက်ခဲ့တုန်းက ဆရာတော်ကို လျှောက်ခဲ့ (မေးခဲ့) ဖူးသေးတယ်။
ဆရာတော်မိန့်တာက ဆရာတော်တို့တွေ လုပ်ရင် ရှေးဟောင်းက ရှေးလက်ရာ ပျက်မှာမို့ ခွင့်မပြုဘူးတဲ့။
ရှေးဟောင်းက ဘားဂျပ်ဆိုတာကြီးမကျလို့ လုပ်မပေးနိုင်ပါတဲ့။
နိုင်ငံခြားဧည့်တွေဆီကတော့ fee အကောက်မပျက်ပါ။
ကျောင်းကြီးမှာ လင်းနို့ချေးတွေ၊ အပင်တွေ နဲ့ မဲမဲမှောင်မှောင် တွေ့နေရတာကတော့ စိတ်မကောင်းပါ။
ဆူး
November 11, 2011 at 2:29 pm
ကိုပေါက် မန်း ပုံတွေက ၁၉၈ဝ ဝန်းကျင်လောက်က သင်္ကြန်မိုးခေတ်တုန်းက ရိုက်ထားသလိုဖြစ်နေတယ်
ဟိဟိ.. အလင်းချိန်တာ ဖိုတိုလျှော့နဲ့ ချိန်လို့ ရတယ်။ အခု ဗားရှင်းတွေဆို ဘာမှ သိပ်မလုပ်ရဘူး ကောင်းစေသတည်း ဆိုပြိး နိပ်လိုက်တာနဲ့ အလင်းတွေ တက်လာတယ်။
etone
November 11, 2011 at 3:10 pm
ရှေးဟောင်း အမွှေနှစ်တွေကိုမြင်တွေ့ခွင့်ရလို့ ကျေးဇူးတင်ပါတယ် လေးပေါက်ရေ ။
ကိုယ်တိုင်သွားဖို့က လွယ်မှ မလွယ်ပဲကိုး ။
နောက်တစ်ခါ ဓါတ်ပုံရိုက်လျှင်လေ …. ကင်မရာကို နေကာမျက်မှန်ပေးတပ်လိုက်လေးပေါက် … ဒါဆို သိပ်မလင်းတော့ပဲ အိုကေမှာ စိုပြေသွားလိမ့်မယ် ဟီးဟီး 😀
(နောက်တာပါ )
ကြောင်လတ်
November 11, 2011 at 4:25 pm
ကိုပေါက်ရဲ့ခရီးသွားမှတ်တမ်းများကတော့ ၊မဆုံးနိုင်တော့ပါလား၊
တန်ဘိုးကြီးမားလှပေစွ။
windtalker
November 11, 2011 at 6:41 pm
ဒီလူ ့ရဲ ့စေတနာအမှန်က
ဒါတွေကို ဘယ်လိုနည်းလမ်းနဲ ့
ရှေးလက်ရာ မပျက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်
ဟိုအဖွဲ ့ဒီအဖွဲ ့တွေ အာရုံကျကျ
အဟု အဟွတ်
ကိုပေါက်(မန္တလေး)
November 11, 2011 at 9:29 pm
ဟုတ်တယ်ဗျာ ကင်မရာကို မျက်မှန်မတပ်ဘဲလူက မျက်မှန်သွားတတ်မိတာ။
အဲတော့ မှောင်တယ်ထင်ပြီးတင်တော့ အလင်းတွေများကုန်တာ။
ကျနော်ပုံတွေကို ဖိုတိုရှော့နဲ့မပြင်ချင်ပါဘူး။
သဘာဝအတိုင်းဘဲ ရှိစေချင်လို့ပါ။
TTNU
November 11, 2011 at 10:45 pm
ကိုပေါက်ရေ
အားထုတ်ထားတဲ့ ပုံလေးတွေမို့
တန်ဖိုးရှိပါတယ်။ သဘာဝလေးကိုက
ပြင်ဆင်သူမရှိ အိုဟောင်းနွမ်းနေတယ်လို့
ပြောနေသလိုပါ။
blackchaw
November 14, 2011 at 1:03 pm
ကျနော်ပုံတွေကို ဖိုတိုရှော့နဲ့မပြင်ချင်ပါဘူး။
သဘာဝအတိုင်းဘဲ ရှိစေချင်လို့ပါ။
အဲဒီစိတ်ကတော့ ကျွန်တော်နဲ့ တူတယ်ဗျာ။
ကျွန်တော်လည်း ရိုက်ပြီး မှောင်မှောင်လင်းလင်း
ဖိုတို မရှော့ တော့ဘူး ကိုပေါက်ရေ။