Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားကိုးစရာတိုင်းရင်းဆေးပညာ(၂)

mg wineNovember 21, 20111min46015

တိုင်းရင်းဆေးနဲ့ပတ်သက်ပြီးထူးခြားလေးတွေဆက်လက်တင်ပြချင်ပါတယ်။လူတယောက်ကဆေးရုံတက်ပြီးကုတင်ပေါ်မှာပဲနေရတော့သူရောဂါကတခြား
ရောဂါပါ ဒါပေမယ့်လမ်းလျှောက်လို့မလွယ်လောက်အောင်အကြောတွေဆိုင်းသွားပါတယ်။လမ်းတော့လျှောက်နိုင်ပါတယ်တောင်နင်းမြောက်နင်းပါ ဒါကိုဆရာ
လေးကိုပြောတော့ ညရောက်ရင်ရေနွေးကိုဇလုံထဲထည့်ပြီးဆား၁ဝကျပ်သားလောက်ထည့်ပါသင့်ရုံရေအေးရောပြီးခြေတောက်ကိုစိမ်ထားပါ၃ခါလောက်လုပ်ရင်
ကောင်းသွားမယ်လို့ပြောပါတယ်။လူနာကလည်းပြောတဲ့အတိုင်းလုပ်တာ သက်သာကောင်းမွန်သွားပါတယ်။
အကြောရောဂါတဦးကိုတော့ပိုက်ဆံမကုန်တဲ့ကြပ်ထုပ်ထိုးခိုင်းပါတယ်။
၁။ မိတ်ဿလင် ၁ဝကျပ်သား
၂။ရှောက်ရွက်ကြမ်း ၁ဝကျပ်သား
၃။ကင်ပွန်းချဉ်ရွက် ၁ဝကျပ်သား
၄။ကြောင်ပန်းရွက် ၁ဝကျပ်သား
၅။ဆား ၅ကျပ်သား
၆။ချင်းတက် ၁ဝကျပ်သား
၇။သက်ရင်းကြီးရွက် ၁ဝကျပ်သား
၈။ပင်စိမ်းရွက် ၅ကျပ်သား
၉။ဖုန်းပသိမ်ရွက် ၁ဝကျပ်သား
စတဲ့အရွက်တွေကိုပါးပါးလှီးပြီး ထောင်းကာရောစပ်လို့ အထုပ်လုပ်ပြီး ရေနွေးကြပ်ထုပ်လုပ်ကာနာကျင်သောဒဏ်ရာပေါ်မှာဖိကပ်ပေးရင်သက်သာ
ကြောင်း ပြောပြပါတယ်။ရေနွေးကြပ်ထုပ်ကတော့စောစောကဆေးအမယ်တွေကိုထောင်းပြီးသားကိုအဝတ်နဲ့ထုပ်ပြီးအထုပ်၃ထုပ်ရအောင်လုပ်ပါ။အဝကျယ်အိုးတလုံး
ကိုရေထည့်ြ့ပီးကျိုပါပွက်ပွက်ဆူသောာအခါထိပ်ဝကိုအဝတ်စည်းပြီးအထုပ်တွေကိုအိုးပေါ်တင်ပြီးအဖုံးဖူံးထားပါ။ပူလာရင်ဒဏ်ရာနေရာကိုဖိကပ်ပေးပါ။
နောက်တခုက ခါးဆစ်ရိုးကြီးပေါင်းရောဂါ အကြောင်းပြောပါတယ်။ နံနက်စောစောခါးတောင့်မယ်၊အကုန်းအကွလုပ်ရင်နာကျင်မယ်၊ခါးနာ ခါးကိုက်
တင်ပါးခွက်အောင့်၊ကြာကြာလမ်းလျှောက်ရင်ဖရုံဆွဲကြော(ပေါင်တွင်းကြော)ကကိုက်လာမယ်၊ရောဂါရင့်လာရင်ခါးစောင်းလာမယ် ပန်းညိုှ လာမယ် ဒါကိုလတ်တလော
သက်သာဖို့ကို ဆေးကြပ်ထုပ်ထိုးပါ၊ဆေးလိမ်းပါ။လိမ်းဆေးကိုဆရာလေးကပြောပြပါတယ်။
၁။မင်သော် ၁ကျပ်
၂။သိုင်းမော ၁ကျပ်
၃။ပရုပ် ၃ကျပ်
၄။မုန့်ညှင်းဆီ ၅ကျပ်
၅။ယူကလစ်ဆီ၂ကျပ်
ရောစပ်လိမ်းလို့ရနိုင်ပါတယ်၊ဆေးမလိမ်းမီကြပ်ထုပ်ထိုးရပါမယ်။
ကျီးပေါင်းဝေဒနာရှင်တိုင်းကြပ်ထုပ်ထိုး ဆေးလိမ်းလုပ်ခြင်းဖြင့် သိသိသာသာ သက်သာနိုင်ကြောင်းပြောပြပါတယ်။ရောဂါရင့်နေသူမှားသာဆေးစည်း
ဖို့လိုအပ်ကြောင်း။စားဆေးစားဖို့လိုအပ်ပါကြောင်း ကျွန်တော်မေးသမျှဖြေကြားပေးပါတယ်။အရိုးကျိုးကိုပွင့်ကျိုး၊ကြေမွကျိုးတွေကိုလည်းရက်ပိုင်းအတွင်း ကောင်း
မွန်အောင် ကုသနိုင်ပါကြောင်း၊ လူနာပေါင်း ထောင်ချီ ကုသကယ်တင်ပေးဖူးပါကြောင်းပြောပြရင်းလက်တွေ့ ထက်ပိုင်းကျိုးလူနာတယောက်ကိုကုသသည်ကိုလိုက
်လံမှတ်မှတ်းတမ်းယူစေလိုကြောင်းပါ၎င်းကတောင်းဆိုပါသည်။
လက်ကိုက်၊ခြေကိုက် ၊အကြောအားနည်း၍ ကိုက်ခဲနာကျင်သူများ အထက်ပါအတိုင်း ကြပ်ထုပ်ထိုးဆေးလိမ်းလျှင်သက်သာပျောက်ကင်းနိုငါပါသည်။
ကျီးပေါင်းရောဂါရှင်များ၊အာရုံစိုက်လွန်း၍ ဇက်ကြောတက်သူများလည်းဤသို့ပြုပါကသက်သာနိုင်ကြောင်း၎င်းကပြောပါသည်။
ဆရားလေးနှင့်တွေ့ဆုံပြီးပြောဆိုသမျှကိုဖေါက်သယ်ချလိုက်ပါသည်။ရွာသားများနှစ်သက်ရင် မေးမြန်းပြီးထပ်မံရေးပါအုံးမည်။လတ်တလောသွေးလေးဘက်နာ
ကိုကုသနေသည်ကိုတွေ့မြင်နေရပါကြောင်းတင်ပြလိုက်ရပါသည်။

15 comments

  • thit min

    November 21, 2011 at 11:03 am

    အလွန်ကြီးမြတ်လှသော အလှူဒါနပါ ဘဲ ဆရာ။
    မှတ်သားထားပါတယ်။
    ကျနော်လည်း မြန်မာပြည်မှာ နေတုန်းကတိုင်းရင်းဆေးတွေ စိတ်ဝင်တစားလေ့လာ၊
    ဖော်လည်းဖော်စပ်ဖူးပါတယ်။ တကယ်မှန်ရင် အစွမ်းထက်တာကတော့ လက်တွေ့
    ပါဘဲ။
    ရိုးရိုးလေးနဲ့ ဘေးထွက်ဆိုးကျိုးကင်းလှတဲ့ တိုင်းရင်းဆေးများကို အလွန်နှစ်သက်
    သုံးစွဲလျှက်ရှိပါတယ်။
    ခုလို ဖော်ပြပေးမှု အတွက် ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျား။
    လေးစားစွာ။

  • windtalker

    November 21, 2011 at 12:38 pm

    မင်္ဂလာပါ ခင်ဗျား
    ကျုပ် တို ့လို အထိုင်များတဲ့ ၊ အညောင်းအညာ သမားတွေ အတွက်လဲ ဆေးကောင်းလေး တစ်လက်လောက်
    ညွှန်ကြားချက်လေး ရေးပေးပါဦး ဗျို ့။ မာဆတ်လွတ် လေးပေါ့ဗျာ

  • amatmin

    November 21, 2011 at 1:31 pm

    အကျိုးရှိလှတဲ့ ပို့စ်အတွက် ကျေးဇူးအထူးတင်ရှိကြောင်းပါ.ဗျာ..
    နှစ်သက်ပါတယ်..လေးလက်နာကုသပုံ အကြောင်းလေးလည်း ရှိသေးရင်ရေးပါအုံး…

    ကျေးဇူးတင်လျက်..

  • mg wine

    November 21, 2011 at 5:44 pm

    ဆရာထက်ကအရိုးကျိုးတာနဲ့ပတ်သက်ပြီး၃နာရီ၁၅မိနစ်နဲ့ဆက်ကြောင်း
    ဒီနေ့သရုပ်ပြပါတယ်။သူကုတဲ့အရိုးကျီးပေါင်းဝေဒနာရှင်တွေကိုလည်းပြ
    သမိတ်ဆက်ပေးပါတယ်။တိုင်းရင်းဆေးမှာအစွမ်းရှိတာကိုသိစေချင်ပါတယ်တဲ့
    ခင်ဗျား။ကျွန်တော်ကကြော်ငြာပေးသလိုဖြစ်နေမှာမို့တချို့ကိုချန်လှပ်ထားတာပါ
    သိချင်တဲ့ရွာသားတွေအတွက်ဖေါ်ပြပေးတာပါ။
    အားပေးဖတ်ရှူတာကျေးဇူးတင်ပါတယ်။

  • aye.kk

    November 21, 2011 at 6:24 pm

    ကူးယူသွားပါတယ်..ကျေးဇူးပါ..။

  • small cat

    November 22, 2011 at 7:00 am

    ခါးနာပြီးဆန့်လို့မရပဲဖြစ်နေတာ အနှစ် နှစ်ဆယ်လောက်ရှိနေပြီ၊တိုင်းရင်းဆေး။၊အနောက်တိုင်းဆေး ကုတာစုံနေပြီ။ အဲဒီဝေဒနာကုလို့ ရနိုင်သလားဗျာ။မိတ်ဆွေတစ်ယောက်ဖြစ်နေတာပါ။
    ဒီစာတွေ ကူးပြီးသူ့ကို ပြလိုက်ဦးမယ်။

  • mg wine

    November 22, 2011 at 11:10 am

    အနှစ်နစ်ဆယ်ဆိုတော့လွန်နေပြီပေါ့
    တကယ်စိတ်ဝင်စားရင် ကြိုးစားကြည့်စေချင်တယ်
    ဆရာကိုဖုန်းဆက်ပြီးမေးကြည်တာ ဆေးအမှတ်၂ရကိုနီးစပ်ရာ
    တိုင်းရင်းဆေးခန်းမှာမေးဝယ်ပါ၊ရန်ကုန်ကဆိုရင် ကုန်ဈေးတန်းမှာ
    ဝယ်လို့ရပါတယ်။ညကိုဆေးအမှတ်၁၂ကို၅ပြားရေအေးနဲ့တိုက်ပါ
    ဆေးကြပ်ထုပ်တနေ့နှစ်ကြိမ်ထိုးပေးပါ ပြီးရင်လိမ်းဆေးလိမ်းပေးပါ
    ခါးကိုခံနိုင်ရုံ ဖိပေးပါလို့ဆရာကပြောပါတယ်။
    ရရက်ကြာရင်ပေါ့ပါးလာမယ်ပြောပါတယ်။ဆေးကိုတော့၃လလောက
    ်သောက်ရမယ်။ကျန်းမာရေးဋ္ဌာနကထုတ်တဲ့ဆေးတွေပါရဲရဲသောက်
    ဆက်ပြီးကြပ်ထုပ်ထိုး ဆေးဆက်လိမ်းပေးပါ။ဆေးစည်းရန်လိုအပ်
    ပါတယ်။သေချာကုရန်လိုအပ်ပါတယ်။

    • small cat

      November 23, 2011 at 10:57 am

      ကိုဝိုင်း…..ပြန်လည်ဖြေကြားပေးတာကျေးဇူးပါ။
      ကူးပြီးပရင့်ထုတ်လိုက်ပါပြီ။သွားပေးလိုက်ပါမယ်

  • aungnng87

    November 22, 2011 at 12:41 pm

    Tnks for your post. I copied and shared that post.

  • Sky ko ko

    November 22, 2011 at 2:53 pm

    စေတနာတရားကြီးမားလှပါတယ်…. ဦးကိုမောင်ဝိုင်းရေ….
    ကျုုပ်တို့နိုင်ငံက ဆရာဝန်/ဆရာဝန်မများအားလုံး အဲသလို စိတ်သဘောထားနဲ့ လူတိုင်းကို အသပြာထက် စေတနာကို ဦးစားပေးကုသပေးစေချင်လှပါတယ်…
    ကျေးဇူးတင်ပါတယ်…

  • Sky ko ko

    November 22, 2011 at 3:10 pm

    မန်းလေးရွာမှာ ဘယ်လိုနေလဲတော့မသိဘူးဗျာ… ကျုပ်တို့ ရှမ်းတောင်မှာတော့ အရမ်းအေးနေတယ်… ညဆို တစ်ခုခုလိုအပ်နေသလို …… မန်းလေးမှာ ပူနေတုန်းလား… သတိရတယ်ဗျာ ညဘက်ဆိုရင်… (မန်းလေးနွေကို)
    နေ့ဘက်ကတော့ နေပူုလေးထွက်လှုံရင်း နဲ့ အဆင်ကိုပြေလို့….. အရမ်းသာယာတယ်
    လာလည်ကျနော်… sky ko ko က ဖိတ်ခေါ်ပါတယ်…

  • MaMa

    November 22, 2011 at 4:41 pm

    အမှန်အကန် ဆေးကောင်းကို အများသိအောင် ပြောပြပေးတာဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။
    (ဒါပေမယ့် စနစ်တကျ research လုပ်မထားတဲ့ တိုင်းရင်းဆေးကို သဂျီးနဲ့ဆိုရင်တော့ တုတ်ထမ်း ဓားထမ်းပြီး ပြောရမယ်ထင်တယ်။) 😀

  • mg wine

    November 22, 2011 at 7:19 pm

    ဆရာထက်ကဝါသနာပါပြီးအချိန်ယူresearchလုပ်ထားတာပါ
    သူအဖေကတိုင်းရင်းဆေးသမားတော်ကြီးပါသားသမီးတွေက အခုထိ
    အရိုးကုလုပ်ငန်းကိုမိသားစုတွေဆက်လက်အမွေခံလုပ်နေတာပါ
    ဆရာထက်စာတမ်းတွေလည်းပြုစုတင်ပြနေသူပါ။
    ကျွန်တော်ကသတင်းဝါသနာကြီးသူပါ၊ကျွန်တော့်အဒေါ်ကိုဆေးကုရာက
    စပ်စုပြီးတင်ပြမိတာပါ၊တိုင်းရင်းဆေးရဲ့ဂုဏ်ကိုလည်းဖေါ်ထုတ်ချင်တာပါ
    MaMa ပြောတာမှန်ပါတယ်။ကျွန်တော်ကလည်းဆရာထက်နောက်ကိုအချိန်ကုန်ခံပြီး
    လိုက်ကြည့်ပြီးရေးတာပါခင်ဗျာ။ကြော်ငြာပေးခြင်းလုံးဝမဟုတ်ပါကြောင်း
    အရိုးဆက်နဲ့ပတ်သက်လိုပုသိမ်ထုံးဖိုမှာဆေးခန်းဖွင့်ထားတဲ့ပညာတူအကို
    ဆရာဦးဇော်ဝင်းရဲ့လူနာများကိုလည်းလက်လှမ်းမီသလောက်မေးမြန်းပြီးမှ
    ရေးသားခြင်းဖြစ်ပါကြောင်း။သဂျီးကိုလက်တွေ့ပြလိုက်ချင်စမ်းပါဘိ။

  • Myat Moe

    April 23, 2013 at 10:21 pm

    ကိုဝိုင်း ခင်ဗျား- ကျွန်တော့် အမေလဲ ခါးကျီးပေါင်းတက်ပြီး- နာကျင်ကိုက်ခဲနေပါတယ် လမ်းလျောက်ရင်လဲ တုံ့ဆိုင်း ပြီးကောင်းကောင်း မလျောက်နိုင်ပါ။ ဆရာထက်အား ယခုဆက်သွယ်လို့ ရမဲ့ လိပ်စာအား ကျေးဇူးပြုပါခင်ဗျား။ ကျေးဇူးတင်စွာဖြင့်

  • uncle gyi

    April 23, 2013 at 11:13 pm

    တိုင်းရင်းဆေးနဲ့တော့မဆိုင်ပါဖူး
    ဒီနေ့ဖတ်လိုက်ရတဲ့သတင်းတပုဒ်သတိရလို့
    ခါးနာနေသူတွေ၂ဖွဲ့ခွဲလိုက်တယ်
    တဖွဲ့ကခါးရိုးခွဲစိတ်လိုက်တယ်
    နောက်တဖွဲ့ကလေ့ကျင့်ခန်းအပြင်းအထန်လုပ်ခု်ိင်းလိုက်တယ်
    နောက်ပိုင်းပြန်စစ်လိုက်တော့၂ဖွဲ့စလုံးရလဒ်တူနေတာကိုတွေ့ရပါသတဲ့
    သူတို့ဆီကစမ်းသပ်မှုပါ

Leave a Reply