Thit Sa Wai Da Gu သစ္စဝေဒဂူ ရိပ်သာသို့ တစ်ခေါက်

pyiminluDecember 12, 20114min5408

2/12/2011 နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာကို ရောက်ဖူးခြင်တာကြောင့် ဆိုင်ကယ်နှင့် သွားရောက်ခဲ့ပါတယ်။ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ရိတ်သိမ်းခါနီး စပါးစိုက်ခင်းကို ရန်ကင်းတောင် နောက်ခံဖြင့် ရိုက်ယူခဲ့ပြီး ခရီးဆက်ခဲ့ပါတယ်။ ရေတံခွန်တောင် ဂေါက်ကွင်းအဝင်မုဒ်ဦးကို ကျော်လွန်ခဲ့ပြီးနောက် သစ္စဝေဒဂူ မိုးကုတ် ဝိပဿနာ ကို ရောက်ခဲ့ပါတယ်။ မုဒ်ဦးမှ အဝင် ဘယ်ဘက်ခြမ်းတွင် သစ္စဝေဒဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ရှိပြီး စာသင်သား ကလေးသူငယ်များကိုလည်း တွေ့ခဲ့ ရပါတယ်။ ဆက်ဝင်သွားတော့ ရိပ်သာမုဒ်ဦးအနီးမှာ တွေ့ရတဲ့ ဦးဇင်း (၃)ပါးကို ရိပ်သာ၏ တရားစခန်း အချိန် ဇယားကို သိလိုကြောင်း လျှောက်ထားရာ ဦးဇင် (၁)ပါးမှ လမ်းညွှန်ပေးပါသည်။ ဒီလိုနှင့် ကျွန်တော် အလှူငွေ လက်ခံရာ နှင့် တရားစာအုပ်များရောင်းချရာ မဏ္ဍပ် အတွင်းသို့ ရောက်ခဲ့ပါသည်။

ထိုမဏ္ဍပ်အတွင်းတွင် အနက်၊ အဝါ အရောင်များ ပါသောသစ်သားဖြင့် ထုလုပ်ထားသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်၊ ပလ္လင် နှင့် နတ်မင်းရုပ်တုများကို တွေ့ရသဖြင့် အလှူခံဌာနတွင် အလှူငွေများ လှူဒါန်းခဲ့ပြီး ရုပ်ပွားတော်များကို လေ့လာခဲ့ပါသည်။ ပထမဦးစွာ လျောင်းတော်မူ ရုပ်ပွားတော်ကို ဓါတ်ပုံရိုက်ခဲ့ပြီးမှ ရုပ်ပွားတော်၏ ထူးခြားချက်ကို သတိပြုမိခဲ့ပါသည်။ ထိုထူးခြားချက်မှာ ရုပ်ပွားတော်၏ ဦးခေါင်းတော်ကို ဖွင့်ထားခြင်း ဖြစ်၏။ ကျွန်တော်လည်း ဦးခေါင်တော်ဘက်ကို သွားကြည့်သည့်အခါမှ အထဲတွင် ဦးနှောက် ပုံသဏ္ဍာန်ရှိ အမြစ်များကို တွေ့ရသဖြင့် ဓါတ်ပုံရိုက်ယူခဲ့ပါသည်။ ထို့နောက်တွင်မှ ကျွန်တော် နံရံတွင် ချိတ်ထားသော ဓါတ်ပုံများမှ တဆင့် ရုပ်ပွားတော်၊ ရုပ်တုတော်များ၏ ဇာတ်မြစ်ကို သိခဲ့ရပါသည်။

၎င်းမှာ ရုပ်ပွားတော်၊ ရုပ်တုတော်များသည် ကုက္ကိုလ်သားဖြင့် ထုလုပ်ထားပြီး ထိုကုက္ကိုလ်သားမှာ မန္တလေးမြို့ ၃၅ လမ်း ၈၅ လမ်း ယွန်းဝင်း ဓမ္မာရုံ အနီးမှ မေလ အတွင်း တိုက်ခတ်ခဲ့သော လေပြင်းကြောင့် လဲပြိုခဲ့သော သက်တမ်းရာကျော်ရှိသော ကုက္ကိုလ်ပင်ကြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသစ်ပင်ကြီးကို သစ္စဝေဒဂူ ဆရာတော် ဦးခေမာစာရ အားလှူဒါန်းခဲ့ရာ ဆရာတော်မှ ဘုရားသခင် ပရိနိဗ္ဗာန် စံဝင်ပုံထုလုပ်ရန် ပန်းပုဆရာအား အပ်နှံ ခဲ့ပြီး ထိုပန်းပုဆရာမှ ပင်စည်သားဖြင့် ပရိနိဗ္ဗာန် စံဝင်ပုံ လျောင်းတော်မူ ရုပ်ပွားတော်၊ ဗောဓိပင်အောက် ထိုင်နေပုံ ရုပ်ပွားတော်၊ လောကပါလ နတ်မင်း ရုပ်တု၊ သိကြားမင်း ရုပ်တုများ ထုလုပ်ခဲ့ပြီး အပင်၏ အမြစ်ဆုံကို အောင်ခြင်းရှစ်ပါး နိမိတ်တော်ပုံများ ထွင်းထုထားသည့် ပလ္လင်အဖြစ် ပြုလုပ်ခဲ့ပါသည်။

ပန်းပုဆရာ ဦးထွန်းလင်းမှ ‘ ဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပုံကို ထုလုပ်ဖို့ ကုက္ကိုလ်ပင်ကြီးကို ပိုင်းဆစ်ဖြတ် တောက်တယ်။ အမြစ်ပိုင်းကို သီးသန့် ဖြတ်တယ်။ အပင်ကြီးက ပေ၇ဝ ဝန်းကျင်လောက်ရှိတော့ အကောင်းဆုံးနေရာ ပင်စည် ပေ ၂ဝ လောက်ကို အဖြတ်မှာ အပင်ကြီးရဲ့ သစ်ခေါင်းတစ်လျှောက် သစ်မြစ်တွေ လိမ်ယှက်နေတာကို တွေ့ရတယ်။ သစ်မြစ်ရဲ့ သဘောက မြေအောက်ကို ဆင်းမယ်။ ဘေးကို ဖြာထွက်မယ်။ ခုတွေ့ရတာက ဆင်းတုတော်ကြီးကို ထုလုပ်ရင်းကနေ ဦးခေါင်းတော်အရောက်မှာ အတွင်းမှာ သစ်မြစ်တွေက ဦးနှောက်လို ထုံးဖွဲ့နေတာကို ထူးဆန်းစွာ တွေ့ရတော့တာပါပဲ။ ဝမ်းဗိုက်တော်မှာ လည်း အူတွေလို လိမ်ဖွဲ့နေတယ်။ ခြေဖဝါးတော်မှာလည်း သွေးကြောတွေလို ဖြာထွက်နေတယ်။ ကျွန်တော်တို့ ပန်းပုထုလုပ်ခဲ့တဲ့ သက်တမ်းမှာ ဒီလို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူး’ ဟု ပြောခဲ့တာကို “ဘုရားဆင်းတုတော် ထုလုပ်ရာမှ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော်ပုံသဏ္ဍာန် တည်ရှိကြောင်း ဖူးမြှော်တွေ့ရှိရ” ဆောင်းပါးမှာ ဖတ်မှတ်ခဲ့ရပါတယ်။

ထို့ကြောင့် MG မှ မိတ်ဆွေများလည်း သိ၊ ကြား၊ မြင် ဘူးအောင် နှင့် ရိပ်သာ၏ ၂၀၁၂ အတွက် တနှစ်တာ တရားစခန်း အချိန်စာရင်းကို လည်း သိရှိနိုင်အောင် အကျိုးဆောင်လိုက်ပါကြောင်း။

ခင်မင်မှုဖြင့်

ပြည်မင်းလူ

ရွှေရောင် စပါးခင်းနှင့် ရန်ကင်းတောင်

စပါးရွှေဝါ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
သစ္စာရွှေဘုံ အောင်ကပ်ကျော် စေတီတော်မြတ်ကြီး
ပရိနိဗ္ဗာန် စံဝင်ပုံ
ဦးခေါင်တော် နှင့် ဦးနှောက်ပုံ သဏ္ဍာန် အမြစ်များ
အနောက်ဖက်မှ မြင်ရပုံ
အောင်ခြင်းရှစ်ပါးပလ္လင် နှင့် ဘုရား
ဘုရား နှင့် ပလ္လင် ကို ဘေးမှမြင်ရပုံ
နတ်မင်း ရုပ်တု
ဘုရားအကြောင်းပါ ဆောင်းပါး
တရားစခန် တနှစ်တာ အချိန်ဇယား

 

8 comments

  • windtalker

    December 12, 2011 at 7:05 pm

    အဲဒီဘက်ကို သိပ်မရောက်ဖြစ်လို ့၊ အခု ကိုပြည်မင်းလူ တင်ပြမှဘဲ သိရတော့တယ် ဗျာ
    ရှဲရှဲ

    • pyiminlu

      December 12, 2011 at 9:36 pm

      ဖတ်မိလို့ သိသွားရင် ကျွန်တော့်ရည်ရွယ်ချက် ပြည့်ပါတယ်ခင်ဗျာ။ ပုခေါ့ချီ ပါ။ 🙂

  • MaMa

    December 12, 2011 at 7:11 pm

    MRTV- 4 မှာ ပြတာကို တစ်ဝက်တစ်ပျက် ကြည့်ရပြီး ဘယ်မှာရှိမှန်းမသိ ဖြစ်နေတာ အတော်ပဲ။

    • pyiminlu

      December 12, 2011 at 9:38 pm

      ကျွန်တော်က ရှိမှန်းကို မသိခဲ့တာပါ။ Information ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။

  • pooch

    December 12, 2011 at 7:38 pm

    စပါးရွှေဝါ ဝင်းပါစေဆိုတာလိုမျိုးပဲ စပါးနှံခင်းတွေပုံ က လှလိုက်တာ
    ကျမလည်း တခေါက်မှ ရောက်ခွင့်မကြုံဘူး … တရက်တော့ သွားပါအုန်းမယ်..
    အော် ရွာထဲမှာလည်း ဓာတ်ပုံဆရာတွေချည်းပဲ အပြိုင်ကျဲနေကြတာ အားကျလိုက်တာ …
    တနေ့ တနေ့ ကြည့်ရတာကို မောနေတာပဲ..

    • pyiminlu

      December 12, 2011 at 9:47 pm

      ကျေးဇူးပါ။ သွားသင့်တဲ့ နေရာလေးတစ်ခုပါ။ လမ်းတလျှောက် မျက်စိပသာဒဖြစ်စရာတွေ အများကြီးပါ။ ကိုယ်ရောစိတ်ပါ အေးချမ်းပါတယ်။ မြို့ပြရဲ့မွန်းကျပ်မှုတွေ ကနေ ရှောင်တိမ်းရန် အတွက် အနီးဆုံးနေရာတစ်ခု လို့ထင်ပါတယ်။

  • mandalarthu

    December 12, 2011 at 10:27 pm

    ိကို ပြည်မင်းလူေ၇
    ့ကျွန်မလဲ သစ္စဝေဒဂူ ရိပ်သာကို မရောက်တာ ကြာတော ့ပုံလေးတွေ ကို ကြည် ့ပြီး ရိပ်သာကို လွမ်းမိတယ်။
    ့ပုံတွေ က အရမ်းကောင်းလွန်းလို ့ကျေးဇူးပါနော်။ သိချင်နေတဲ ့နောက် နှစ် အချိန်ဇယား အတွက်လည်းကျေးဇူးပါ။
    ရိပ်သာအကြောင်း ကို ကျွန်မလဲ ဒီမှာ တခါ အသေးစိတ် တခါတင်ဘူးတယ် ။လူတွေ က သိပ်သတိမထား မိကြဘူး အဲဒီတုန်းက။ ဘယ်နှစ်ခါတင်တင် လူတွေ ကိုကြည ်ညို သဒ္ဒါ ပွားစေလို ့သာဓုပါနော်။
    ကျွန် မရဲ ့တင်ပြ ထားတဲ ့ ပို ့စ်လေးတွေ ကို အလည် ဝင်ရောက်ကြည် ့နိုင်ပါတယ်။
    http://myanmargazette.net/54542/arts-humanities/history-museums
    http://myanmargazette.net/52960/creative-writing
    http://myanmargazette.net/53332/creative-writing
    http://myanmargazette.net/57989/travel/local-guides
    http://myanmargazette.net/55526/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit

  • Moe Z

    December 13, 2011 at 8:59 am

    မိုးစက်က အဲဒီမှာလည်းတရားစခန်းဝင်ဖူးတယ်
    သင်္ကြန်ပိတ်ရက်တိုင်းမန္တလေးမှာ ဝင်ဖြစ်တာ ၂နှစ်ရှိပြီ
    ဆရာတော်ကိုလည်း တကယ်ကြည်ညိုလေးစားပါတယ်
    အနယ်နယ်အရပ်ရပ်ကကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းလည်းပေးတယ်
    အဲဒီကျောင်းက ဦးဇင်းတွေက လုံးဝနားချိန်မရှိသလောက်ပဲ
    ရေတံခွန်တောင်ကတော့ အင်မတန်အေးချမ်းတဲ့နေရာလေးပါ

Leave a Reply