“ပြီးစလွယ် သဘောဆောင်တဲ့ တကယ့် အန္တရာယ်ထောင်ချောက်”
“ပြီးစလွယ် သဘောဆောင်တဲ့ တကယ့် အန္တရာယ်ထောင်ချောက်”






မနေ့ညက အင်တာနက်ဆိုင်ရောက်နေတုံး အပြင်မှာ အုံးကနဲ့အသံကြားတော့
အားလုံးထွက်ကြည့်ကြပါတယ်။
ဆိုင်ကယ်တစ်စီး က လမ်းအလယ်ခေါင်က သဲအိတ်တွေကို ဝင်တို်က်ပြီးလဲသွားတာပါ။
လူလဲနာ မီးခွက်ကွဲ ဆိုင်ကယ်လဲကျိုးပဲ့ပေါ့။
မန်းလေးစစ်ကိုင်းလမ်းမ ကန်တော်ကြီးအဝင်လမ်းမရောက်ခင် မှာပါ။
ဒီစစ်ကိုင်းလမ်းကိုချဲ့ဘို့အတွက်အိမ်တွေကိုနောက်ဆုတ်။
လမ်းမြေကိုကျုးထားတယ်ဆိုတဲ့နေရာတွေကိုဖယ်ခိုင်းထားပါတယ်။
ဖြစ်ချင်တော့ ဒီလမ်းက အနိမ့် အရှေ့ဘက်က အိမ်တွေကအမြင့်။
လမ်းဖျက် မြေတူး လမ်းချဲ့ မြောင်းတူး တဲ့အလုပ်တွေလုပ်တာနှစ်ပေါက်အောင်ကြာပါတယ်။
ပြီးခဲ့တဲ့လပိုင်းကတော့ လမ်းခင်းပြီးသွားပါတယ်။
ဒါပေမယ့် နိမ့်ဆင်းနေတဲ့လမ်းကို အမြင့်မှာရှိနေတဲ့အိမ်တွေက ယာယီတံတားခင်းပြီး
ဆင်းကြတက်ကြ အတော်လေးဒုက္ခရောက်ကြပါတယ်။
လမ်းပြီးသွားတော့ ရွှေတစ်ချောင်းနဲ့ဆက်နေတဲ့လမ်းလယ်က ရေမြောင်းကြီးကကြာနေပြန်ရော။
ရေမြောင်းကို အကြာကြီးပိတ်ထားရာကနေ ဘေးဘောင်တွေခင်းပြီးသွားပေမယ့် အခုဓါတ်ပုံထဲ
ပါတဲ့မြောင်းပေါက်ကြီးက ဒီအတိုင်းကျန်နေပြန်ပါတယ်။
နဂိုရ်ကထဲက သစ်ပင်တွေအုပ်ဆိုင်းနေလို့ နေ့မှာတောင်မှောင်နေတဲ့လမ်း
ညမှာဆို လမ်းမီးရောင်က မလင်း ။
ရောင်ပြန်ပြားလဲတပ်မထား။
သစ်ပြားလေးတစ်ခုပြီးစလွယ်ထောင်ထားပါတယ်။
ပြီးတော့ သဲအိတ်လေးတွေ အနည်းအကျဉ်းကားထားပါတယ်။
အဲတော့ ဆိုင်ကယ်ကား အတော်များများ က ဝင်တိုက်မိပါတယ်။
“ညည ဆို တော့ ကားတွေဆိုင်ကယ်တွေကလဲ မိုင်ကုန်မောင်း၊
မီးမလာတော့လမ်းကမှောင်၊
လမ်းအလည်ကောင်ကြီးမှာလုပ်လက်စတန်းလန်းကိုအစမသတ်ဘဲ
ပြီးစလွယ်ပစ်ထား။
တကယ့်ကို အန္တရာယ်ထောင်ချောက်။
အုန်းကနဲ့အသံကြားရင်ထွက်ကြည့်လိုက် အဲဒါကြီးကိုဝင်တိုက်ပြီး
ဆိုင်ကယ်လဲနေပြီ။
ဒါ နေ့နေ့ညညဖြစ်နေတာ။
အားလုံးမပြီးသေးတောင် အဝေးကမြင်နို်င်အောင်လုပ်ထားပေးသင့်ပါတယ်ဗျာ”
ဒါကတော့ အဲဒီနားမှာနေတဲ့ လူတစ်ယောက်ရဲ့ လက်တွေ့ကျကျ မှတ်ချက်လေးပါ။
ကဲ တာဝန်ရှိသူများခင်ဗျားဒါလေးကိုဖတ်မိတယ်ဆိုရင်……………….
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(23-12-2011)
24 comments
ကိုပေါက်(မန္တလေး)
December 23, 2011 at 10:03 am
ကဲ အမြင်မတော်တာလေးတော့တင်ပေးလိုက်ပြန်ပါပြီ
မြင်တဲ့သူကပြော
ပြောခံရတဲ့သူကပြင်ဆိုရင်
တကယ့်ကိုအဆင်ချောမှာပါ။
မှော်ဆရာ
December 23, 2011 at 10:12 am
ဒီအပေါက်အတွက်နဲ့ အသက်တစ်ချောင်း စတေးလိုက်ရတယ်ဆိုရင် မကောင်းပါဘူးဗျာ..
super
December 23, 2011 at 10:14 am
ဟုတ်ပါတယ်၊ အခုလို အမြင်မတော်တာလေးတွေ တင်ပေးတော့ တာဝန်ရှိသူတွေသိသွားရင် မြန်မြန်ပြင်ခိုင်းမယ်ထင်ပါတယ်……………….
ငပေါက်ဖော်
December 23, 2011 at 10:17 am
ဆာလာအိတ်နဲ ့..ကာထားသတဲ့ဗျာ…
ရောင်ပြန် ပုံးလေးတွေလား.တိုင်လေးတွေလား..ရှိပါတယ်..အဲတာလေးတွေထောင်ထားပါရော့လား..
ကံကောင်းလို ့မသေတာ..
မောင်းနေကျ ဓာတ်သိက ပြဿနာမရှိဘူး….
လမ်းမသိတဲ့လူတွေ….အတွက်…ရှော့ရှိသကွဲ..
အသာလုပ်ပါဆာတို ့..အသာလုပ်ပါ
😆
etone
December 23, 2011 at 10:35 am
လေးပေါက်ရေ .. သူတို့ကတော့ ဘယ်ပြင်ပါ့မလဲ .. သူတို့သွားတဲ့လမ်းမှ မဟုတ်တာ … ။
နောက်ဆုံးရပ်ကွက်နေပြည်သူတွေ အမြင်မတော်လို့ မြေဖို့မှပဲ ပြန်ပြည့်မယ့်လမ်းထင်ပါရဲ့ .. ။
windtalker
December 23, 2011 at 12:26 pm
မန်းဂေဇက်က ပြောနေသော မန်းတလေးမြို ့တော် သာယာဝပြော စည်ပင်ရေး
kotun winlatt
December 23, 2011 at 1:20 pm
အမြင်မတော်တာတွေ ပြောရရင်ဖြင့်
ပြောမဆုံးပေါင် တောသုံးတောင်ပါပဲဗျာ…။
blackchaw
December 23, 2011 at 2:08 pm
ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော် ကိုပေါက်
ကျွန်တော့် မှာ ဘာတာဝန်မှ မရှိဘူးနော်
ဟားဟား မန်းစည်ပင် မှာပဲ တာဝန်ရှိတယ်လို့ ပြောမလို့ပါဗျာ။
ဆူး
December 23, 2011 at 2:21 pm
လမ်းမီးတိုင် မတွေ့ဘူးနော် အဲဒီနားမှာ ဓါတ်တိုင်ပဲ တွေ့တယ်။
ညဆို တော်တော် မှောင်မယ် ဆိုတာ အခု ပုံမြင်တာနဲ့တင် သိနိုင်တယ်။
ကိုပေါက်(မန္တလေး)
December 23, 2011 at 3:47 pm
အဲဒီမန်းစည်ပင်ကလူတွေ ဒီပုံလေးကိုမြင်ပါစေ။
သူတို့က မကြည့်လို့မမြင်ဘူးဆိုရင်လဲ။
မြင်တဲ့သူက သူတို့ကိုလက်တို့ပါစေ။
လက်တို့တာကိုလဲ သူတို့သိပါစေ။
သူတို့သိရင်ပြင်ပါစေလို့ …………………………………..
kai
December 23, 2011 at 4:42 pm
သာမန်လူပြိန်းနားလည်တဲ့..လမ်းဥပဒေအရကတော့… လမ်းမှာတခုခုပြင်ရင်.. ၂ဖာလုံလောက်ကနေ..ဆိုင်းဘုတ်ပြထားရတာပဲ..။
အခုဟာကလည်း.. ရှေ့ဝါး၂ပြန်လောက်မှာ သဲအိပ်တွေနဲ့.. မြင်သာတဲ့.. အမှတ်အသားတခုခုသွားထောင်ထားလိုက်ရင် တော်တော်အဆင်ပြေသွားမှာ…။
အရှိန်တခုနဲ့လာတဲ့ယဉ်ပေါ်က..လူက.တခုခုကို..ရှေ့မှာ.မြင်တာနဲ့..ဘာလုပ်ရမယ်စဉ်းစားဖို့.. ၁-၂စက္ကန့်လောက်တော့ အချိန်ယူရတာကိုး..။ လမ်းအင်ဂျင်နီယာတွေ ဒီထုံးစံကို.. သိပါတယ်..။
ဆိုတော့..
အခုလို.. တန်းလန်းထားပြီး အမှတ်အသားကို..စံနစ်တကျမလုပ်.. တာဝန်မယူပစ်ထားတဲ့.. အစိုးရဌာနဖြစ်ဖြစ်..ပုဂ္ဂလိကဖြစ်ဖြစ်ကို… အဲဒါကြောင့် ထိခိုက်ဒဏ်ရာရတဲ့..သူတွေစု.. တရားစွဲပြီး လျှော်ကြေးတောင်းလို့ရပါတယ်..။
ရှေ့နေတယောက်ယောက်က.. လုပ်ကြည့်ဖို့ကောင်းတယ်..။ လျှော်ကြေး ရဖို့များတယ်ထင်မိတယ်..။
လျှောကြေးငွေနည်းသည်ဖြစ်စေ..များသည်ဖြစ်စေ.. တရားရေးနဲ့.. အစိုးရ(အုပ်ချုပ်ရေး) မဆိုင်ဘူးဆိုတာ.. သိသွားစေမှာမို့.. ဒီမိုကရေစီအလေ့အကျင့်တခုကို.. လက်တွေ့သိသွားမှာပါ…။
ကျုပ်သာ..မန္တလေးအခြေစိုက်မီဒီယာဆိုရင်.. ဦးဆောင်လုပ်ပေးတယ်..။
TTNU
December 24, 2011 at 10:42 am
“ကျုပ်သာ..မန္တလေးအခြေစိုက်မီဒီယာဆိုရင်.. ဦးဆောင်လုပ်ပေးတယ်.”.။
သူကြီး ရောက်ရာအရပ်က အမြန်ပြန်လာပါ။
သူကြီး ရောက်ရာအရပ်က အမြန်ပြန်လာပါ။
သူကြီး ရောက်ရာအရပ်က အမြန်ပြန်လာပါ။
မျှော်နေတယ်။
kai
December 25, 2011 at 4:29 am
တီချယ်ရယ်..
ရောက်ရာအရပ်မှာ.. ပတ်ဝန်းကျင်ကမြန်မာတွေကို တတ်နိုင်သလောက်ပေးဆပ်နိုင်သူဖြစ်အောင် ကြိုးစားနေပါတယ်.။ စွမ်းနိုင်သလောက်… လုပ်လည်းလုပ်ပါတယ်..။
မြန်မာပြည်အထိ ခြေတံလက်တံတွေ ဆန့်ထုတ်နိုင်တဲ့အခါ.. လုပ်ကြတာပေါ့နော..။
ခုလောလောဆယ်တော့.. မြန်မာတွေ..”ထစ်ဆို.. တရားစွဲ”တဲ့အကျင့်လေးရစေချင်လို့ပါ..။
ကောင်းတဲ့အကျင့်လေးရစေချင်လို့.. မီဒီယာနဲ့ပဲ.. အားပေးတိုက်တွန်းနေတာဖြစ်ပါကြောင်း…။
စကားအတင်းစပ်.. 😆
ရွာထဲ..တီချယ်က.. အသက်အကြီးဆုံးထင်ပါတယ်.။
တခါတလေ..ဝင်လာတတ်တဲ့..ဆရာကြီးမောင်သာရနဲ့.. တချို့ဆရာ/ဆရာမကြီးများကလွဲရင်ပေါ့…။
ဝါကြီးသက်ကြီးများကို.. နှစ်သစ်မှာ ရွာကိုယ်စား.. ဦးဆောင်နေသူအနေနဲ့.. ဂါရဝပြုပါကြောင်းလေး.. ပြောပါရစေ..။
တီချယ်လုပ်နေတဲ့အလုပ်တွေအတွက်..အမြဲ… လေးစားလျှက်ပါလို့..။
water-melon
December 23, 2011 at 5:22 pm
ရောင်ပြန်ပြားက အဆင့်မြင့်တယ် CD အချပ်တွေနဲ့။တော်လိုက်တဲ့ လမ်းတံခါးဌာနက တာဝန်ရှိသူတွေ။
koyinmaung
December 23, 2011 at 5:43 pm
ဆရာပေါက်ရေ…..
ဒီလိုအမြင်မတော်တဲ့ဓါတ်ပုံတွေများများ
တင်ပေးစေချင်ပါတယ်..
ဒါမှသက်ဆိုင်သူတွေတွေ့ခဲ့ယင်ပြင်မယ်ထင်ပါတယ်
ထင်တာကိုပြောတာပါ……ဟဲဟဲ
zawmyothu
December 24, 2011 at 8:32 am
ဒီနေ.မနက်သတိပေးဆိုင်းဘုတ်ထောင်ထားတာ တွေ.လိုက်ရတယ်ဗျား :P။
Ko Ko Aung
December 24, 2011 at 9:24 am
ဘာလုပ်လုပ်တာဝန်မဲ့လုပ်တတ်တာ ဒီနိုင်ငံသားတွေရဲ့ အကျင့်လိုဖြစ်နေပြီ။
အစိုးရမှမဟုတ်ဘူး။ ပုဂ္ဂလိက လဲ အဲဒီလိုပါပဲ။
စစ်အုပ်ချုပ်ရေးရဲ့အမွေဆိုးတွေပေါ့။
TTNU
December 24, 2011 at 10:39 am
ကိုပေါက်ရေ…
တိုင်းပြည်အကျိုးပြု သော Post ဖြစ်တယ်။
သက်ဆိုင်ရာ တစ်ယောက်ယောက် မြင်ဖို့လိုတယ်။
အထူးသဖြင့် ဒီလမ်းဆောက်လုပ်ရေးအဖွဲ့၊ City အဖွဲ့ စသဖြင့်ပေါ့။
ဘာပဲဖြစ်ဖြစ် ကိုပေါက် နှမ်းတစ်စေ့ ဖြစ်ခဲ့ပြီ။
မေတ္တာပို့သလျက်ပါ
မာမီ
ကြောင်ကြီး
December 24, 2011 at 12:27 pm
နယူးယောက်မှာ လွန်ခဲ့တဲ့ ၆-ရနှစ်လောက်တုန်းက ဆောင်းတွင်းကြီး လူတယောက် မူးပြီး လမ်းပေါ်ကမြောင်းပေါက် man-hole ထဲ ကျသွားတယ်။ မနက်မိုးလင်းတော့မှ အညစ်အကြေးတွေနဲ့ အေးခဲတောင့်သေနေတာ တွေ့ရတယ်။ မူးနေလို့ ခံစားရသက်သာမယ်လို့တော့ တွေးမိတယ်…။
ကိုပေါက်(မန္တလေး)
December 24, 2011 at 3:50 pm
ဒီနေ့မနက်အဲဒီနားကဖြတ်လာတော့
အရင်ပထမကပ်ထားတဲ့ စီဒီချပ်တွေကို ခွာပြီးရောင်ပြန်ပြားတွေကပ်ပေးထားတယ်။.
လဲနေသူကို ထူပေးတယ်။
(တိုင်ကိုပြောတာပါ)
နည်းနည်းလေးတော့ တိုးတက်လာပြီနော်…………………
မိုးချမ်းမြေ့
December 24, 2011 at 11:46 pm
သင်…မြန်မာပြည်သားဖြစ်ပြီး… လမ်းမကောင်းကြောင်းပြောနေတာ… အရင်တုန်းကတော့ရော… လမ်းကောင်းတာများ… ခင်ဗျားတို့ကျုပ်တို့မြင်ဘူးလို့လား..။ ဒါများအဆန်းလုပ်လို့…ဟဲ..ဟဲ…။ အလားကား စတာနော်.. ခုလိုဖေါ်ပြပေးတာ… သိုင်းကျူးပါ…။ မြန်မာပြည်ကလမ်းတွေကောင်းစေချင်ရင်… လွယ်လွယ်လေးပါ..။ကိုယ့်အိမ်ရှေ့လမ်းကိုယ်ပြင်… ကိုယ်သွားမယ့်လမ်းကိုယ့်ခင်း… ဒါမှပဲ… .ကောင်းမှာမဟုတ်လား..။ သူတို့အားကိုးလို့ကတော့.. .နေပြည်တော်နဲ့ လူကြီးလမ်းကြောင်း(ယာယီလမ်းသာကောင်း)ဒါပဲရမှာ…။
ကိုပေါက်(မန္တလေး)
December 25, 2011 at 9:03 am
သူကြီးရေ
ကျနော်တို့မြန်မာတွေက ရုံးပြင်ကန္နားသွားဘို့ အင်မတန်စိုးရိမ်ပါတယ်။
ကြောက်လဲကြောက်ပါတယ်။
အင်္ဂလိပ်လက်ထက်ကစခဲ့တဲ့ အမူ့အခင်းဖြစ်ရင် နှစ်ဖက်စလုံးရှိတာတွေပြောင်တာတောင်အမူ့မပြီးအောင်
ကြိုးနီစနစ် နဲ့ မသမာသူ နှစ်ယောက်ပေါင်းပြီးနှိပ်စက်ခံခဲ့ရတဲ့ အဖြစ်တွေက ခြောက်လှန့်နေဆဲပါဘဲ။
အမူဖြစ်လိုက်ရင် တော်တော်နဲ့မပြီး။
အကြောင်းအမျိုးမျိုးနဲ့ငွေကုန်။
အချိန်ကုန်။
ရစရာရှိတာ ငါးကျပ် ကုန်သွားတာကတစ်ဆယ်။
အဲ့တော့ ထစ်ကနဲ့ဆိုရုံးတက် တရားစွဲဘို့ဆိုတာကတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်သွားတာနဲ့တူတော့
နောင်မှာလုပ်ငန်းတွေကလဲ စနစ်တကျဖြစ် လို့မြန်ဆန် အကောင်အထည်ဖော်ရတဲ့ လူတွေရဲ့စိတ်ဓါတ်တွေကောင်းလာမယ်ဆိုရင်တော့………………………………..
သူကြီးပြောသလို ထစ်ကနဲ့…………………………………
အခုတော့ ဗျစ်ကနဲ့ အညှစ်ခံလိုက်ရမှာစိုးတော့……………………………..
nigimi77
December 25, 2011 at 9:38 am
ကပေါက်
ကျွန်တော် တွေးကြည့်တာပါ
ဒီရွာထဲက မန်ဘာတွေ အားလုံးကတော့ ၁၀၉ / ၁၁ဝ တွေ မဟုတ်လောက် ပါဘူး
နေရာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေ ပါမယ် ထင်တယ်
အဲဒီ လူတွေ ထဲမှာလဲ ရာထူးရာခံ ရှိတဲ့ လူတွေ ပါမယ်
တိုင်စာ ပစ်စာ မဟုတ်တဲ့ ဒီလို အကျိုးပြု ပိုစ့်တွေကို ဖတ်ကြည့်ရင်
မန်းထားတဲ့ ရွာသူရွာသားတွေက သာမာန် အရပ်သားတွေမို ့လို ့ပဲလား ……
လုပ်သင့်ပါပြီ ပြင်သင့်ပါပြီ သက်ဆိုင်ရာတို ့ အရပ်ကတို ့ ဆိုတာမျိုးပဲ တွေ ့ရတယ်
ဟုတ်ကဲ့ …အခု ချက်ချင်းပဲ Action ယူပြီး ဆောင်ရွက်လိုက်ပါမယ် …..ဆိုတာမျိုးလေး…
ပြောကြားလာတဲ့ ရာထူးရာခံကြီးကြီး ရွာသူရွာသား ဆြာ ..ဆြာမ တစ်ယောက်တစ်လေတောင်
ရွာထဲမှာ မရှိဘူးလားလို ့…….အားငယ်ထှာ…
ကိုပေါက်(မန္တလေး)
December 25, 2011 at 10:04 am
တပ်မ77ရေ
တစ်နေ့မှာဒီလိုဖြစ်လာမယ်လို့ လုံးဝမျှော်လင့်ထားတဲ့အတွက် တိကျသေချာစွာ
ခိုင်ခိုင်မာမာ တင်ပေးနေတာပါ။
ပစ်စာမဟုတ်။
ဟစ်စာပါခင်ဗျာ………………………………………..