စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်များရောနှော
စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့
စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀ဝ ဂရမ်) ထည့်တယ်လို့
ကြားရပါတယ်။
“ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ
ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။
မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။
မြန်မာတိုင်းမ်ရဲ့ အဆိုအရ
ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား
စားသုံးပါတယ်။ လူဦးရေ (၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅)
သန်း၊ တန်အားဖြင့် (၄) သိန်း စားသုံးပါတယ်။
ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ
ထွက်ပြီး ကျန်တဲ့တဝက်ကို ပြည်ပက တင်သွင်းရပါတယ်။
အဓိက တင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီ ဖြစ်ပါတယ်။
တနှစ်ကို တန်ချိန် (၂) သိန်း တင်သွင်းပါတယ်။ ပြည်တွင်းမှာ
တနင်္သာရီတိုင်းမှာ ဧက (၂) သိန်းလောက် စိုက်ဖို့ လျာထားတာ (၁) သိန်းလောက်ပဲ
စိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။
ဒါပေမယ့် မြန်မာတိုင်းမ်က
၂၀၀၅ ခုနှစ်မှာ ဧက (၇) သောင်းလောက်ပဲ
စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။ မြန်မာတိုင်းမ်အဆိုက အမှန်နဲ့
ပိုနီးစပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ (၁) ဧကကို (၂.၅) တန်ထွက်ရင် ဧက (၇) သောင်းကို တန်ချိန် (၁) သိန်း (၇) သောင်းခွဲ ထွက်ပါတယ်။ မလေးရှားက
တနှစ်ကို စားအုန်းဆီ တန် (၂) သိန်း တင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ
စားအုန်းဆီ နှစ်စဉ် တန်ပေါင်း (၃) သိန်း (၇) သောင်းခွဲ စားနေပါတယ်။
ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန် (၄) သိန်းခွဲ
ဖြစ်သွားပါလိမ့်မယ်။
တနှစ်ကို စားအုန်းဆီ တန် (၃) သိန်း (၇) သောင်းခွဲ စားတယ်ဆိုတော့ လိုတဲ့ တန် (၂) သောင်းခွဲက ပဲဆီနဲ့
နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီ နည်းနည်းပါနိုင်ပါတယ်။
ချုပ်လိုက်ရင် စားအုန်းဆီတွေ
ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် (၃) သိန်း (၇)
သောင်းခွဲကို လူဦးရေ (၅၂) သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ
(၅) ပိဿာနဲ့ (၁၅) ကျပ်သား စားသုံးပါတယ်။
စားအုန်းဆီက ဒီတိုင်းထားရင်း ခဲတယ် ဆိုတာ လူတော်တော်များများ သိပါတယ်။ သူ့ရဲ့
အခဲဖြစ်တဲ့ အပူချိန်က မြင့်ပါတယ်။ (၃၁) နဲ့ (၄၁) ဒီဂရီ စင်တီဂရိတ်ကြားမှာ
အခဲဖြစ်ပါတယ်။ ဗမာပြည်မှာ အောက်ပြည်အောက်ရွာနဲ့ အညာမှာ တနှစ်လုံး
ပျမ်းမျှအပူချိန်က (၃၀) ဒီဂရီနဲ့ အထက်မှာ ရှိတာဆိုတော့ စားအုန်းဆီခဲဖို့
လွယ်တဲ့နေရာပါ။
စားအုန်းဆီခဲရင် ပျော်သွားအောင် တနေ့ကို နည်းနည်းချင်းစီ အပူပေးရပါတယ်။ အပူသိပ်ပြင်းရင် ဆီထဲက အဆီတွေပျက်သွားလို့
အနံ့ဆိုးသွားပါတယ်။ ဒီတော့ စားအုန်းဆီကို ထိန်းသိမ်းရတာ ခက်ပါတယ်။
အဲဒီတော့ ရောင်းတဲ့လူတွေက အလွယ်လိုက်ပြီး အဆီတွေပျော်အောင် ဆပ်ပြာမှုန့်ရောလိုက်ပုံ
ရပါတယ်။
ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲရောက်သွားရင် သွေးထဲမှာ အက်ဆစ်ပမာဏများလာတာ၊ အစာလမ်းကြောင်းပေါက်ကုန်တာ၊ အသက်ရှုကျပ်တာ၊ သွေးဖိအားကျတာ၊ လည်ချောင်းယောင်လာတာ၊ ခန္ဓာကိုယ်တွင်းက အင်္ဂါတွေပျက်စီးတာ ဖြစ်တတ်ပါတယ်။
ပေါက်ပါတယ်။ ပိဿာနဲ့ပြန်တွက်မယ်ဆို တစ်ပိဿာကို (၉၉) ဆင့်ပဲ ကျပါတယ်။
တစ်ဒေါ်လာပဲ ထားပါတော့။ ဗမာငွေနဲ့ဆို ကျပ် (၁၁၀၀) မပြည့်ပါဘူး။
ဒါပေမယ့် ရန်ကုန်မှာ
စားအုန်းဆီ တပိဿာ ကျပ် (၂၁၀၀) ၊ မန္တလေးမှာ ကျပ် (၁၉၁၀) ၊
တောင်ကြီးမှာ ကျပ် (၂၁၀၀) နဲ့ စစ်တွေမှာ ကျပ် (၂၂၀၀) ပေါက်ပါတယ်။ စစ်တွေက
လူတွေက စားအုန်းဆီကို ကမ္ဘာ့ပေါက်ဈေးထက် ၂ဆပိုပေးပြီး စားရပါတယ်။
စားအုန်းဆီကို မလေးရှားက
သွင်းနေတာ ဦးပိုင်ကပါ။ လက်ကား၊ လက်လီအဆင့်ဆင့်ဖြတ်ပြီး
တကယ်စားတဲ့လူဆီရောက်တော့ သွင်းဈေးရဲ့ နှစ်ဆဖြစ်နေပါပြီ။ ဒါပေမယ့်
ဈေးကြီးတာက ထားတော့။ လူတွေ အဆိပ်သင့်အောင် ဘာဖြစ်လို့ ဆပ်ပြာမှုန့်တွေ
ရောရတာပါလည်း။
စားသုံးသူက ဘာအခွင့်အရေးမှ မရှိတာ ကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်အသက်ကို အန္တရာယ်ပြုနေတဲ့လူတွေကို တရားစွဲလို့ရတဲ့
ဥပဒေရှိတာကို သုံးရမယ့် အချိန်ရောက်နေပါပြီ။ တရုတ်ပြည်မှာတောင်
နို့မှုန့်ထဲ မယ်လမင်းရောတဲ့လူတွေကို သေဒဏ်ပေးလိုက်ပါပြီ။
ဗမာပြည်မှာ စားသုံးသူတွေရဲ့
အခွင့်အရေးကို တောင်းဆိုတဲ့ အဖွဲ့တွေရှိဖို့ လိုနေပါပြီ။
ဥပဒေပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စားသုံးသူတွေကိုယ်တိုင်ပါဝင်ပြီး အစားအစာတွေကို အဆိပ်ဖြစ်အောင်လုပ်နေတဲ့ လူတွေကို တရားစွဲရမယ့်
အချိန်ရောက်နေပါပြီ။ တနှစ်ကို အဆိပ်ရည် (၅) ပိဿာ သိသိကြီးနဲ့ တိုက်နေတာကို
ချက်ချင်းရပ်သင့်ပါပြီ။