Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သာသနာတော် အဓွန့်ရှည်ရေး အတွက် သင်္ဂါယနာများတင်ခြင်း

ashinthusittaDecember 25, 20111min2973

မြတ်စွာဘုရားက ရဟန်းတို့အား “ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ငါဘုရား
ဟောကြားပညတ်တော် မူထားသော `ဓမ္မ-ဝိနယ´ တို့သည် သင်ချစ်သားတို့၏
ဆရာဖြစ်ပေလိမ့်မည်´´ -ဟု ပရိနိဗ္ဗာန်ပြုခါနီးချိန်၌ မိန့်မှာခဲ့သော စကားအရ
`ဓမ္မ-ဝိနယ´ သည် ဘုရား`ရှင်၏ကိုယ်စား ဆရာအဖြစ် ကျန်ခဲ့ပေသည်။ ထို့ကြောင့်
ဘုရားရှင်၏ တပည့်ရဟန်းတော်တို့သည် ဘုရားရှင်၏ ကိုယ်စားဆရာဖြစ်သည့် ဓမ္မ ဝိနယ
ကို မပျောက်မပျက် အစဉ်တည်ရှိနေစေရန်အတွက် ဖြစ်ပေါ်လာသော အကြောင်းတရား
အခြေအနေများအရ၊ ရဟန်းသံဃာ အဆက်ဆက်တို့က ယခု ကာလတိုင်အောင်
လုံ့လကြီးစွာဖြင့် ကြိုးစားအားထုတ်၍ သင်္ဂါယနာတင်ပွဲကြီး
များကျင်းပပြုလုပ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပေသည်။

ပထမသင်္ဂါယနာ။ ။ အရှင်မဟာကဿပသည် ဘုရားရှင် ပရီနိဗ္ဗာန်စံဝင်ချိန်မှာ
ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာနေစဉ် လမ်းအကြား၌(ဘုရားရှင်
ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံပြည်မှာလာသော) သုဘဒ္ဒ အမည်ရှိ တောထွက်ရဟန်းကြီးက
ငါတို့ကို ချုပ်ချယ်လာခဲ့သော ရဟန်းဂေါတမ ပရိနိဗ္ဗာန်စံသွားပြီ၊ ယခု ငါတို့
အလိုရှိသလို နေထိုင်ပြုကျင့်နိုင်ပြီ ဟု မိမိ၏ မျက်မှောက်၌ ပြောကြားသည့်
ဘုရားရှင်၏ သာသနာကို စော်ကားသောစကားကို ဆတ်ဆတ်ကြားခဲ့ရသဖြင့်၊ ဘုရားရှင်
ပရိနိဗ္ဗာန်ပြုပြီးနောက် ၃-လအကြာ(ဘီစီ ၅၄၄)တွင် အဇာတသတ်မင်း၏ ပံ့မိုးကူညီ
မှုဖြင့် ရာဇဂြိုဟ်ပြည်၌ ရဟန္တာ ၅၀၀- စုဝေးကာ၊ ဘုရားရှင် ဟောကြားခဲ့သည့်
ဓမ္မ-ဝိနယ ခေါ် သုတ်.ဝိနည်း. အဘိဓမ္မာ ပိဋကတ်သုံးပုံကို
စုပေါင်းညှိနှိုင်းစုစည်း၍ နှုတ်တက်ရွတ်ဆိုခြင်း=
သင်္ဂါယနာတင်ပွဲကြီးကို(ပထမအကြိမ်) ရ -လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပေ၏။

ဒုတိယသင်္ဂါယနာ။ ။ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက်၊ သာသနာနှစ် ၁၀၀(ဘီစီ ၄၄၃)
သို့ရောက်သော်၊ ဝဇ္ဇိတိုင်းသား ရဟန်းတို့က မူလဝိနည်းသိက္ခာပုဒ်များကို သွေဖီ၍
ကျင်ကြံလာသော (အဓမ္မဝတ္ထု) ၁၀-ပါးကို အကြောင်းပြု၍ သာသနာ့အန္တရာယ်
ပေါ်ပေါက်လာသောကြောင့်၊ အရှင်ယသမထေရ် အမှူးပြု၍ ရဟန္တာမထေရ် ၇၀ဝ တို့က
ဝေသာလီပြည်၌ ကာလာသောက မင်းကြီး၏ပံ့ပိုးကူညီမှုဖြင့် နှုတ်ဖြစ်ရွတ်ဆိုခြင်း =
သင်္ဂါယနာတင်ပွဲကြီးကို (ဒုတိယအကြိမ်) ၈ လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပေ၏။

တတိယသင်္ဂါယနာ။ ။ သာသနာနှစ်-၂၃၅ (ဘီစီ ၃၀၈) သို့ရောက်သော်၊ အိန္ဒိယပြည် အသောက
မင်းတရားကြီး လက်ထက်တွင် ရဟန်းတု ရဟန်းယောင်
(တိတ္ထိ)ခြောက်သောင်းတို့သည်(ဆွမ်းစသည်
ပစ္စည်းလေးပါးဆုတ်ယုတ်သွားခြင်းကြောင့်) ရဟန်းကောင်းအသွင်ဖြင့်
ဗဒ္ဓသာသနာအတွင်းသို့ဝင်ရောက်ပြီး မိစ္ဆာဝါဒ = အယူမှားတို့ကို သွတ်သွင်းလာသည့်
သာသနာ့ အန္တရာယ်ဖြစ်ပေါ်လာသဖြင့်၊ အသောကမင်းတရားကြီးက ထိုရဟန်းတုများကို
နှင်ထုတ်ပစ်၍ သာသနာသန့်ရှင်းရေးကို လုပ်ဆောင်ခဲ့ပြီးနောက်၊ ထိုမင်းကြီး၏
ပံ့ပိုးကူညီမှုဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် အမှူးပြုသော ရဟန္တာမထေရ်
တစ်ထောင်တို့သည် ပါဋလိပုတ်ပြည်၌ နှုတ်ဖြင့်ရွတ်ဆိုခြင်း =
သင်္ဂါယနာတင်ပွဲကြီးကို (တတိယအကြိမ်) ၉ – လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
ဤသင်္ဂါယနာတင်ပွဲကြီး အဓိက ထူးခြားချက်များမှာ
-(၁)အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က အယူဝါဒရေးရာနှင့် ပတ်သက်၍၊
အယူဝါဒအမှားများကို ဗုဒ္ဓ၏အလိုတော်ကျ ထုတ်ဖေါ်ရှင်းလင်းခြင်းတို့ကို
ပြဆိုသည့် အဘိဓမ္မာဆိုင်ရာ ကထာဝတ္ထုကျမ်း ကိုရေးသားခြင်း၊ (၂) အသောကမင်းကြိး၏
အကူအညီဖြစ် သီဟိုဠ်အစရှိသည့် ၉ တိုင်း ၉ ဌာနသို့ သာသနာပြု ရဟန်းတော်များ
စေလွှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ရာ၊ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိ(သထုံ)သို့
အရှင်သောဏ နှင့် အရှင်ဥတ္တရ မထေရ်တို့ အမှူးပြုသော ရဟန္တာမထေရ် ၅- ပါး
ကြွရောက် သာသနာပြုခဲ့ကြသည်။

စတုတ္ထသင်္ဂါယနာ။ ။ သာသနာနှစ်-၄၅ဝ (ဘီစီ ၉၄ ) သို့ ရောက်သောအခါ၊
သီဟိုဠ်(သီရီလင်္ကာ)နိုင်ငံတွင် သူပုန်ဘေး, ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့
၁၂-နှစ်တိုင်တိုင် ဖြစ်ပွါးခဲ့ရာ၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သည်
ပိဋိကတ်တော်များ မပျောက်မပျက်ရအောင် အလွန်ပင်ပန်းခက်ခဲစွာ
နှုတ်တက်အာရုံဆောင်ခဲ့ရသဖြင့်၊ နောင်တွင် ဤသို့သော ဘေးကြီးမျိုး ပေါ်ပေါက်၍
ပိဋကတ်တော်များကို နှုတ်တက်အာရုံဆောင်ရန် လွန်စွာခက်ခဲမည်ကို မြင်၍၊
အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ် ၅၀၀-တို့သည် ဝဋ္ဋဂါမဏိ မင်းကြီး၏
ပံ့ပိုးကူညီမှုဖြင့် တစ်နှစ်တိုင်တိုင် ပိဋကတ်တော်များကို ပေရွတ်၌ရေးသား၍
(ပေထက်အက္ခရာ တင်ကာ) သင်္ဂါယနာတင်ပွဲကြီးကို(စတုတ္ထအကြိမ်)
ကျင်းပပြုလုပ်ခဲ့ကြသည်။

စဉ္စမသင်္ဂါယနာ ။ ။ သာသနာနှစ်- ၂၄၁၅ (အေဒီ -၁၈၇၁ ) သို့ရောက်သော်၊
မြန်မာနိုင်ငံ မန္တလေးမြို့တွင်၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော်
ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု- ဘွဲ့တံဆိပ်တော်ရ)
အမှူးရှိသော သံဃာတော် ၂၄၀ဝ တို့သည် မင်းတုန်းမင်းတရားကြီး၏
ပံ့ပိုးကူညီမှုဖြင့် မူအမျိုးမျိုးကွဲပြားနေသည့် ပိဋကတ်တော်များကို
သုတ်သင်တည်းဖြတ်၍ ၅-လတိုင်တိုင် သင်္ဂါယနာတင်ပွဲကြီးကို
(ပဉ္မအကြိမ်)ကျင်းပပြုလုပ်ပြိးနောက် မင်းတုန်းမင်းကြီးသည် ထိုမူသန့်
ပိဋကတ်တော်များကို အရှည်တည်တံ့နိုင်စေရန် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင်
အက္ခရာရေးထွင်း(ကျောက်ထက် အက္ခရာတင်) စေခဲ့ရာ၊ ရ -နှစ်ခွဲမျှကြာမှ
ပြီးစီးသွားခဲ့ပေသည်။

ဆဋ္ဌသင်္ဂါယနာ ။ ။ သာသနာနှစ်-၂၄၉၈ (အေဒီ-၁၉၅၄ )ခုသို့ ရောက်သော်၊ မြန်မာနိုင်ငံ
ရန်ကုန်မြို့တွင် ဝန်ကြီးချုပ်ဦးနု အမှူးပြုသော နိုင်ငံတော် အစိုးရသည်
မြန်မာ, သီဟိုဠ်(သီရီလင်္ကာ),ထိုင်း,လာအို, ကမ္ဗောဒီးယား – ဟူသော ထေဒဝါဒ ၅-
နိုင်ငံတို့မှ သံဃာတော် ၂၅၀ဝ တို့ကို ပင့်ဖိတ်၍၊
သင်္ဂါယနာတင်ပွဲကြီး(ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက,
အဋ္ဌကထာကျမ်းများ, ဋီကာကျမ်းများကိုပါ မူအမျိုးမျိုးညှိနှိုင်း
တည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ ပြန့်ပွားထွန်းလင်းစေရန်
စက်တင်ပုံနှိပ် ဖြန့်ချီခဲ့ပေသည်။ ဤသင်္ဂါယနာတင်ပွဲကြီး၌
(ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း) မြန်မာနိုင်ငံမှ
ဘဒ္ဒန္တရေဝတမထေရ်(အဘိဓဇမဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ)က သဘာပတိအဖြစ်၎င်း၊
မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက =
မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသမထေရ်(ပထမဆုံး –
တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရီ ဘွဲ့ရ) က ဝိသဇ္ဖက = ဖြေဆိုဥူအဖြစ်၎င်း၊
သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀ဝ ပြည့်တွင်
အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။

3 comments

  • ကိုပါကြီး

    December 26, 2011 at 6:00 pm

    သံဃာအများရဲ့ သဘောဆန္ဒထက် ဦးစီးခေါင်းဆောင် ဘုန်းကြီးတွေက ဘုရားဟောထင်တဲ့၊ သူတို့သဘောကျတဲ့ အဋ္ဌကထာ၊ ဋိကာအဖွင့်ကျမ်းတွေကို ဘုရားဟောနဲ့တန်းတူ ဇွတ်သတ်မှတ်ပြီး သင်္ဂါယနာတင်တယ်ဆိုတာ သာသနာတော် အဓွန့်ရှည်ဖို့အတွက် ဖြစ်နိုင်ပါ့မလား။

  • mggwa

    December 27, 2011 at 5:59 pm

    အဲဒါကြောင့် ပြောနေကြတာပေါ့။ အခုဗုဒ္ဓဘာသာအမည်ခံနေပေမယ့် အဋ္ဌကထာဗုဒ္ဓဘာသာ ဖြစ်နေတာ။
    မတန်မရာ အဋ္ဌကထာအဖွင့်ကျမ်းတွေကိုများ ဘုရားဟောနဲ့ တန်တူထားလိုထား၊
    ဘုရားအလိုနဲ့ ကိုက်တယ်လုပ်လိုလုပ်နဲ့ အဲဒီလို လုပ်တဲ့သူတွေက ဘုရားမို့လို့လား။
    လုပ်ပိုင်ခွင့်တွေ အလွဲသုံးစားလုပ်နေကြလို့ သာသနာ ဆုတ်လာတာပဲဗျ။ သူ့နေရာနဲ့ သူထားမှပေါ့။

  • ashinthusitta

    December 29, 2011 at 11:55 am

    ဟုတ်တာပေါ့ ဗုဒ္ဓက လိုက်နာကျင့်သုံးမှ အကျိုးရှိမယ်ဆိုပြီး သောက်ဆေးအဖြစ်ထားခဲ့တာကို ပုဂ္ဂိုလ်တွေ အကုန်လုံး နီးနီးက နှုတ်ကနေပဲ တတွတ်တွတ်ရွက်ဖတ်နေပြီး လိမ်းဆေးလုပ်နေကြတယ်.. လက်တွေ့ ကျင့်သုံးဖို့ကြ မေ့ကြတာလား ပျင်းနေကြတာလား မသိဘူး…ဒိထက်ပိုပြောရင် ကိုယ့်ပေါင်ကို သူများ ထောင်းသလိုဖြစ်တော့မယ် ကိုယ့်ပေါင် ကိုယ်ထောင်းရင် ဖွဖွလေးပဲ ထောင်းမှာလေ…

Leave a Reply