မကြေပွဲ နွှဲတဲ့ အင်းလျားခရစ္စမတ်
ဒီနေ့ ခရစ္စမတ်နေ့။ သူများတွေအတွက်တော့ အားလပ်ရက်ဖြစ်နေပေမယ့် ဘလက်အတွက် တစ်နေ့လုံး မိသားစု ကိစ္စတွေနဲ့
လုံးချာလိုက်နေခဲ့ပါသည်။ နေ့လယ် ၂ နာရီခန့်မှာ ခဏတစ်ဖြုတ်အားလပ်သဖြင့် မနက်ခင်းအင်းလျားမှာ ရိုက်လာခဲ့သော ဓါတ်ပုံလေးတွေထဲမှ
ရွာသူရွာသားတွေအတွက် လက်ဆောင်အဖြစ် ပို့စ်တင်ဖြစ်ပါသည်။ ၂၁ ပုံမြောက် တင်အပြီး၊ ၂၂ ပုံမြောက်တွင်တော့ ကော်နက်ရှင်က ဘယ်လိုမှ
မအိုကေတော့ပါ။ အချိန်ကို ကြည့်တော့ ညနေ ၄ နာရီ။ ညနေ ၆ နာရီမှာ မင်္ဂလာဆောင်တစ်ပွဲကို တက်စရာ ရှိနေသဖြင့် မည်သို့မျှမတတ်နိုင်တော့ပဲ
လက်လျှော့ခဲ့ရပါသည်။ ထိုပုံလေးသာ ပါခဲ့ရင် ဒီပို့စ်ကို ဘလက် ထပ်တင်ဖြစ်မည် မဟုတ်ပါ။
ကျန်နေခဲ့သော ပုံလေးမှာ ကိုရင်မောင်၊ ကိုထူးဆန်း၊ ကိုမင်းပြည့်ရှိန် နှင့် ကိုဘုန်းကျော် တို့အတွက် ဖြစ်နေပါသဖြင့်
မျက်နာပူနေမိပါသည်။ အဆိုပါ ကိုရင်မောင် မှပင် သဘောထားကြီးစွာ ကွန်းမန့် ဝင်ပေးလေသောအခါ ဘလက် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တော့ပါ။
မင်္ဂလာဆောင်မှ တိုက်သော အရက်တွေကို သောက်ပြီးသကာလ အိမ်ပြန်ရောက်တာနဲ့ ရွာကို အရောက်သွားမယ်လို့ ကြံထားချိန်ကျမှ ကိုရင်စည်သူ နှင့်
အီးတီ က ဖုန်းဆက်လာပါသည်။ အခုလာခဲ့ပေးပါတဲ့။ ဘလက် ငြင်းသော်လည်း ခဏတစ်ဖြုတ်တော့ လာဖြစ်အောင်လာခဲ့ဆိုသဖြင့် လည်းကောင်း၊
သူတို့ထိုင်နေတာကလည်း ဆီဒိုးနား ဟော်တယ်အနားက ရွှေလီအကင်ဆိုင် ဆိုသဖြင့် နီးနေတာလည်းတကြောင်းကြောင့် လည်းကောင်း အီးတီ ၏မျက်နှာကို
မြင်ဘူးချင်သည်က တကြောင်း အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် ရောက်အောင်သွားလိုက်ရပါသည်။ အီးတီဆိုသည့် ပုဂ္ဂိုလ် အကောင်းစားလေးကား
ကြည်လဲ့လဲ့ဦး ယောက်ျား ဇာနည် နှင့် ပင်တူသေးတော့၏။ လူချောလေးတစ်ယောက်ပင်ဖြစ်ပါ၏။ အတင်းတိုက်သဖြင့် အရက်သောက်ထားပြီးဖြစ်သော ဘလက်ခဗျာ
စည်ဘီယာတစ်ခွက်ကို ကျေနပ်အောင်သောက်ပေးပြီး မှ ပြန်ခဲ့ရပါသည် ခင်ဗျာ။ ခင်ဗျာ ခင်ဗျာ အော် အီးတီ ဘေးမှာ ဘယ်သူပါလာသေးလဲ အော် ဟုတ်ကဲ့ခင်ဗျာ
ဆွေမျိုးမေ့သွားလောက်အောင် ချောမောလှပခန့်ညားထည်ဝါတောက်ပ လှပါသော အင်း တော်ပြီဗျာ။ ပြောတော့ဘူး။ သူ့ ကြည့်ပြီး ဘလက်လည်း အကုန်မေ့သွားလို့ဗျို့။
မနက်ဖြန်မနက်လောက်ဆိုရင်တော့ သတိရတန်ကောင်းပါရဲ့ဗျာ။ ဟားဟား။
ဝန်ခံရရင် နာမည်တွေကို ကိုသစ်မင်း ရဲ့ လက်ဆောင် ပို့စ်လေးကိုဖွင့်ပြီး သိသည့်လူတွေ ကူးရေးထားတာပါဗျာ။ ကျန် နေခဲ့သော ကိုရင်မောင် နှင့် မိတ်ဆွေ ရွာသူရွာသားတွေ
အတွက် ကဲ အခုတင်ပြီဗျာ။ လိုရင်အကုန်လုံး ယူပါ ကိုရင်မောင် နှင့် မိတ်ဆွေများ ခင်ဗျား။










15 comments
koyinmaung
December 25, 2011 at 10:51 pm
ကျေးဇူးတင်ပါတယ်ကိုဘလက်ချေားရေ….
ကိုဘလက်ချေားပေးတဲ့ခရစ္စမတ်လက်ဆောင်ယူသွားပါပြီဗျာ
ဓါတ်ပုံလေးတွေလဲကူးထားလိုက်ပါတယ်….
koyinmaung
December 25, 2011 at 11:08 pm
သဘောသီးအီးတီလေးဘေးမှာပါလာတဲ့သူက
သဘောသီးအညှာလေးလားဟင်…
(ဆွေမျိုးမေ့သွားလောက်အောင် ချောမောလှပခန့်ညားထည်ဝါတောက်ပ လှပါသော အင်း တော်ပြီဗျာ။ ပြောတော့ဘူး။ သူ့ ကြည့်ပြီး ဘလက်လည်း အကုန်မေ့သွားလို့ဗျို့။
မနက်ဖြန်မနက်လောက်ဆိုရင်တော့ သတိရတန်ကောင်းပါရဲ့ဗျာ။)ဆိုတော့
မနက်ဖန်ကျယင်သတိရလာယင်ပေါ့ ပို့စ်တခုလောက်ရေးပါအုံးဗျာ
ကျနော်တို့လဲ တရေကျချင်လိုက်ထား…..ဟင်းဟင်း
weiwei
December 26, 2011 at 12:00 am
ပုံတွေအားလုံး လှတယ် …
ပန်းတွေက အရမ်းလတ်ဆတ်နေတယ် …
မနက်စောစောသွားပြီး လမ်းလျှောက်ချင်လိုက်တာ …. ခက်တာက အဖော်မရှိလို့ … 🙁
pyiminlu
December 26, 2011 at 12:44 am
ကျွန်တော် ကိုဘလက်ရဲ့ ပုံတွေကို တစ်ပုံချင်းစီရဲ့ ပန်းပွင့်တွေ၊ အရောင်တွေ၊ ရိုက်ရမယ့် အနေအထားတွေ၊ ရိုက်တဲ့နေရာတွေကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်း ဘယ်သူ့အတွက်ဆိုတဲ့ caption တွေကို ဖတ်ပြီး နောက်ဆုံးမှာ ကျွန်တော့်နာမည်ကို တွေ့လိုက်ရတော့ ကြည်နူးမှုနဲ့ အတူ ဖြစ်လာတဲ့ စိတ်ခံစားချက် ကတော့ “အမှတ်တရရှိတဲ့အတွက် Thank You Very Much ပါ”။ Merry X’mas ko Black.
ငပေါက်ဖော်
December 26, 2011 at 9:59 am
ပုံတွေအကုန်လှ..ကိုဂြိုလ်သား အကြောင်းလဲ သိရ..နိပ်ဟ
အလဲ့..အလဲ့….
အပင်မှာ ဘာရေးထားပါလိမ့်..မှန်းစမ်း
မဖွတ်(ခ) မိဂီ – ဖွန်ကြောင်မ
မေပေါင်(ခ)မလေပွါး – စကာကြီးမ
မိစည် (ခ) နီကီ – ကပ်စေးနဲမ
ဆိုပါလား..
😯
windtalker
December 26, 2011 at 12:38 pm
ကပ်စီးနဲတာကတော့
ဇယားနဲ ့ချရေးပြလိုက်ရရင်
ဂေဇက် ဟုမ်းပေ့ချ် တစ်ခု နဲ ့တင်
မလောက်ဘူးရယ်
ဆိုတော့က
မရေးတော့ပါဘူးရယ်လေ
နီကီတာ
December 26, 2011 at 1:22 pm
ဟေ့လူဂျီးတွေ
စာဖတ်တာ မှားနေဒယ်
ဒီလိုဖတ်
မပေါက်ဖော် – ဖွန်ကြောင်မ
မပေ – စကားကြီးမ
မကမ်းဂျီး – ကပ်စီးနဲမ
😛 😛 😛
KING
December 26, 2011 at 11:38 am
အုန်းးးးးးး
ဒုန်းးးးးးးးးးးးးးးးးးးး
ခွပ် … ကဲကွာ … ငါ့ဟာပေးးးးးး
ဟေ့ မလုကြနဲ့ …… ဟိုက် မီရာလှမ်းဆွဲမှ …
ဟိုက် … ကျွတ်ပြီ ….
( ကိုကိုချော ရေ ရွာသူရွာသားတွေအတွက်က ပန်းက မလောက်တော့ လုကုန်ပြီဗျို့ ………… 😛 )
နီကီတာ
December 26, 2011 at 1:24 pm
ဘာဒွေ ကျွတ်ကုန်တာလဲ ဟင်.. ? ?
htoosan
December 26, 2011 at 1:09 pm
X’mas လက်ဆောင်ပေးတော့ New Year လက်ဆောင် ဘာတွေ ပေးကြမလဲ မျှော်တတ်သွားပြီးနော့်… 😀
ကိုရင်စည်သူ
December 27, 2011 at 4:37 am
ကိုဘလက်ကတော့ အမှတ်တရနဲ့ တားတားတို့ သင်္ဘောသီးတွေ
လုပ်ကွက်တွေကို ရွာထဲပြန်ပြောနေပီ… အဟီးးး
အီးတီရဲ့ သင်္ဘောသီးအညှာက ရှမ်းမလေးဗျ… 😀 😀 😀
အဲ့နေ့က သင်္ဘောသီးနဲ့ သင်္ဘောသီးအညှာ စကားများကြရာ
ရှမ်းသင်္ဘောသီးအညှာလေးခမျာ ကိုရင့်ရှေ့မှာ မျက်ရည်ကျတာနဲ့
ကိုရင့်ခမျာ အီးတီတို့အကြား စေ့စပ်ညှိနှိုင်းပေးလိုက်တာ… ဖန်ခွက်တစ်လုံးကွဲသွားတဲ့အထိ
အဆင်မပြေသေးပါ…
ကိုယ့်ကိုယ် စိတ်ကြီးတယ် မှတ်တာ…
အမငီး ကိုရင်အီးတီက ပိုဆိုးတယ်…
ရှမ်းသင်္ဘောသီးအညှာလေးက မျက်ရည်ကျတာတောင် ကိုယ့်လူကြီးက
အသဲခိုင်တယ်ဗျို့…
E.T
December 28, 2011 at 3:31 pm
ကိုကိုတီဘေးမှာ ကရင်စည်သွပ်ပဲရှိပါတယ်ဗျာ 😀 ကိုရင်စည်သွပ်က ရှမ်းမလေးလားဗျ။ တစ်ချိန်လုံးထိုင် စကားပြောတာတောင်မရိပ်မိဘူး 😛 နောက်တွေ ့ရင် ကရင်စည်သွပ်ကို အလွတ်မပေးဘူးမှတ်
ကိုရင်စည်သူ
December 30, 2011 at 2:10 pm
ဒင်းကြီး.. အာကိုတီနော်…. ကရင်စည်သွပ်လို…
နှူးဘားဂိုဏ်းသားစစ်စစ်လေးကို ကူလီကူမာတွေ မကြံကောင်ဘူး
စကားဝဲတာ ဟုတ်ရင် ဟုတ်မယ်..
မူးရင် စကားက မပီကလာ ပီကလာဖြစ်သွားကော.. 😆 😆
etone
December 28, 2011 at 4:30 pm
အဲ့ဒီပန်းခြံထဲက ပန်းတွေနှုတ်ပြီး သီရိမင်္ဂလာဈေးပို့လိုက်ရလျှင်တော့လား … ဟဲဟဲ
နွယ်ပင်
December 30, 2011 at 2:20 pm
ကျေးဇူးပါပဲ ကိုဘလက်ရေ
လက်ဆောင်လာယူတာ နောက်တောင်ကျနေပြီ ……. 😀