သီချင်းက ပြောတဲ့……သူ ့အကြောင်း
ဥတ္တရ လေ…..နဲ့
ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်ရောက်ချိန်
နှုတ်ဆက်ချိန်လေးမှာ
အချစ်ကို ဦးစားပးခဲ့သူ…မို့
မောင်မနေတက်ဘူး
မောင့်အရိုင်းပန်း……
ရွှေင်္ဟသာ နားခိုက်
ပျံသာပျံပါ……ရွှေင်္ဟသာ…..ဆိုပေမဲ့
ရွှေင်္ဟသာ ပျံမှာစိုး
သန်းခေါင်ယံထက်နက်တဲ့ည
အချစ်ဆိုတဲ့ အရသာကို
ခြင်္သေလည်ပြန်……ကြည့်ပေမဲ့
ကြင်ဖူးစာမမည်လို့လား
နှလုံးလမ်းကြောင်းမှာ ကျွန်ခံနေတယ်
မောင်းလပြည့်ဝန်း….ရယ်…….
မန္တလေးရောက် ရှမ်းတစ်ယောက်…….က
ရန်ကုန်မှာ သာတဲ့လကို…..မျှော်ကိုပြီး…
ဆုတောင်းခဲ့ဘူးတယ် မိငယ်….
တုံ့ပြန်ဖို့ မလိုဘူးလား
နေ့သစ်မှာ
ကိုအချစ်နဲ့ အရာရာကို အကောင်းတိုင်းဖြစ်စေမယ်
မောင့်တစ်ပတ်နွမ်းလေး ရယ်
ဘဝမီးအိမ်……ညိမ်ခဲ့တာ
ကိုတစ်ယောက်တည်းကြောင့်မဟုတ်ဘူး
မင်းနဲ့အရင်လို ဘဝမျိုးရောက်ချင်းပေမဲ့
အပေးအယူ
အဆုံး အဖြတ်
နှစ်ခုစလုံး များလား…
အားလုံးကိုပျော်စေသူပါ
အမြတ်နိုးဆုံး နှင်းရယ်…..
ကွဲနေတဲ့ မှန်စများ
နောက်ဆုံးသီချင်း ကိုဆိုရင်
မေမြို့မိုးထဲမှာ
ငါအရက်သောက်တာကို မင်းမကြိုက်ပေမဲ့
စိုင်းပြန်ရအုံးမယ်…
နေရစ်တော့ကွယ် သွားတော့မယ်။။။။။။။
မှတ်ချက်….ကွယ်လွန်သူ တေးရေး / တေးဆို စိုင်းထီးဆိုင် အား လွမ်းဆွတ် အမှတ်တရ…..
.သံလုံး
14 comments
comegyi
December 27, 2011 at 5:57 am
ခေါင်းစဉ်ကြည့်ပြီးတော့
ဒီတစ်ခါလည်း
ကိုသံလုံး စာကောင်းတစ်ပုဒ်တော့
ဖတ်ရပြန်ပြီဆိုပြီး ဖွင့်လိုက်တာ
လက်စသပ်တော့ ……
ဗိုထီး ဖြစ်နေတာကိုး ……
ကောင်းလေစွ……..
ငပေါက်ဖော်
December 27, 2011 at 9:46 am
စပျစ်ရည်ဆိုင်ထဲက ခန်းစီးစ မလို ့ကြည့်လိုက်ရင်း
အချစ်မှာ ဘာလို ့မျက်စိမရှိလို ့
နံရံကို လက်တီးနဲ ့ ထိုးမိဒယ်..
တိန်..
ဘာတွေလဲတော့သိဝူး..ကိုဒိုးလုံး အဲ..အဲ ကိုသံလုံးရေ..
အားပေးတွားပါရဲ့ဂျာ
ကြောင်ဝတုတ်
June 19, 2012 at 3:12 am
ကိုပေါက်ဖော်ရေ…
စပျစ်ဆိုင်မဟုတ်ဘူးထင်တယ်နော်…
ကျွန်တော်မှတ်မိတာ ပချုပ်ဆိုင်…
ပချုပ်ဆိုင်ဆိုတာ အကြောင်းရှိပုံပဲ
ကျုပ်တို့လဲ တစ်ရက်လောက် ပချုပ်ဆိုင်ဆိုတာရှာပြီးသွားရအောင်…
inz@ghi
December 27, 2011 at 9:51 am
လားလား..လား…လား…လလာ..လား…
လားလား..လား…လား…လလာ..လား…
မြင်းလှည်းသမားလည်း အချစ်နဲ့ပါ…
အားပေးတွားပါသည်…
ခင်တဲ့
ဂီ…
kyawtheinmyint 23
December 27, 2011 at 3:56 pm
လူကြုံရင် တမှာတည်းမှာ လူလာတိုင်းတမေးမေးနဲ့ အဝေးရောက်နေတဲ့ သားတယောက်အတွက် ရတက်ငယ်မအေးတဲ့ မွေးမေမေရယ်။ အမေ့ကိုသတိရရင်း ဘိုထီးသီချင်းလေးနဲ့ အားပေးသွားပါတယ်ဗျာ။
မိုးချမ်းမြေ့
December 28, 2011 at 2:53 pm
အဲ့သည်လောက်ထိတောင်သီချင်းတွေကို..အပင်ပန်းခံရေးသားခဲ့ပြီး…ခံစားသူပရိတ်သတ်အတွက်…မနေမနားဆောင်ရွက်ပေးသွားရှာတဲ့…သီချင်းရေးဆရာစိုင်းခမ်းလိတ်ကို…သူ့ဇနီးဖြစ်တဲ့..ဒေါ်နွဲ့နွဲ့တင်က…ဘာတွေများပြောသလဲတော့မသိဘူး…။ သူ့ခမျာပြောသွားတာကတော့…“ ကိုယ်စွမ်းသလောက်တော့..ကိုယ်ကျိုးစားခဲ့ပါတယ်..။ ထိပ်ဆုံးထိမရောက်ခဲ့ရတောင်..အလယ်အလတ်တော့မကပါတယ်..။ စိတ်သွားတိုင်းတော့ကိုယ်လိုက်ပြီးမလုပ်နိုင်ဘူး..။ ဒီလောက်နဲ့မကျေနပ်ရင်..အရှုံးပေးဖို့ပဲကျန်တော့တယ်…..” တဲ့…။ သီချင်းခေါင်းစဉ်ကိုလည်း..ကြည့်လိုက်ပါအုံး..။ ““ ဒီ့ထက်ပိုပြီး မတတ်နိုင်ဘူး”” တဲ့…။ ဒါကြောင့်…ဆရာစိုင်းခမ်းလိတ်ကိုလည်း….ချီးမြှောက်တော်မူပါအုံးဗျို့…။ မေ့မထားကြပါနဲ့..။
metallic
June 18, 2012 at 9:20 pm
နွေဥဩရယ် အသံချိုတယ်
အဝေးမှာသီရင့်ကျုးလို့
လွမ်းတေးများဖွဲ့ဆိုတယ်
ဘယ်ဘဝကံအကြောင်းရယ်ကြောင့်
လူမတွေ့ရာသူရှောင်ပုန်း
တေးဆိုရင်း ကြားသူ လွမ်း အောင်ချွဲတယ်
အရောင်အဆင်းရယ်မထည်ဝါလို့
အားငယ်နေတာများလား
ခြောက်သွေ့တဲ့တောတောင်မှာ
နောင်ဘဝအတွက်ဆုပန်မြဲ
အထီးကျန်တကိုယ်ရည်ထဲ
တနှစ်တခါ ချစ်တဲ့သူကို တမ်းတရှာ
ဆုတောင်းရယ်မပြည့်နိုင်တယ်
အသုံချိုအေးလေးရှိပါလည်း
ရုပ်ဆင်းရယ်နုံချာတယ်
ဪ…
စိတ် မနာသူရှိမလား
သူ့ဘဝရယ်…..
ညလေး
June 18, 2012 at 10:16 pm
တိန်…..မကြိုက်တဲ.အပုဒ်ကိုမရှိဝူး…..
အကုန်ကြိုက်လိုက်၏……
အချစ်ကို ဦးစားပးခဲ့သူ…မို့
တစ်ပုဒ်များကျန်ခဲ.သလားနော်……
နေရာတိုင်းမှာ.ဆိုတဲ.တစ်ပုဒ်လေ….ကိုယ့်အကြိုက်မို.အသေမှတ်ထားတာပါ….
ကိုပေါက်(မန္တလေး)
June 18, 2012 at 10:29 pm
နေရစ်တော့ကွယ် သွားတော့မယ်။။။။။။။
မနေချင်ရင်သွားပေါ့ မတားပါဘူး
နေချင်ရင်ကိုယ့်သဘောနဲနေ အရာအရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး
မပြောရက်ခဲ့သူပါကွယ်။
လျော့ကြိုးကုန်ချိန်မှာ ပြန်လာမယ့် နေ့သစ် က မင်းကိုကြိုနေမှာအမှန်ပါဘဲ။
Aung
June 18, 2012 at 10:56 pm
လူဆိုတာ တစ်ယောက်စီ မနေနိုင်တဲ့ သတ္တဝါတွေဘဲလို့
ဆိုစမှတ် ရှိခဲ့ကြတယ်….
မှတ်မိသမျှ စာသားလေးနဲ့ စိုင်းထီးဆိုင် ကို သတိရလွမ်းဆွတ်ရင်း
စိုင်းခမ်းလိတ် လည်း ကျန်းကျန်းမာမာနဲ့ အသက် ရာကျော် ရှည်ပါစေ။
ကိုပေါက်(မန္တလေး)
June 18, 2012 at 11:17 pm
ကျနော့် သူငယ်ချင်းကတော့
နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ဆိုတာကို သစ်သားစာလုံးထွင်းပြီး သူ့ဆို်င်မှာချိတ်ထားပါတယ်။
အခက်အခဲတွေကြုံတာများရင်
အဖော်မွန်ဖြစ်တဲ့ကိုယ့်မီးခွက်လဲ ငြိမ်းခဲ့ပြီကွယ်
တည်ငြိမ်တဲ့မေတ္တာကမ်းစပ်မှာ ခိုလှုံပါရစေ………….. ဆိုတဲ့ လှေငယ်ရှင်ဆုတောင်းသီချင်းကို ညည်းမိပါရဲ့။
Mလုလင်
June 19, 2012 at 2:31 am
တုံ့ပြန်ဖို့ မလိုဘူးလား ကို ကိုယ်တိုင် အံထုတ် ခဲ့ဖူးပါတယ်။
YE YINT HLAING
June 19, 2012 at 3:56 am
” အထင် သေးတဲ့ အကြည့်နဲ့ ကြည့်တဲ့ သူကို၊၊၊၊၊ ဆင်ခြေတွေပေးလို့ အပိုပဲ ၊၊၊ ” ဆိုတဲ့ ကိုယ်တယောက်တည်း ကြောင့် မဟုတ်ဘူး ထဲကစာသားလေးကို ကြိတ် တယ်ဗျာ။
ကိုပေါက်(မန္တလေး)
June 19, 2012 at 9:33 am
ပေးကားပေး၏မရ
ဘဝရဲ့လှည့်ကွက်လေလား………………………..(နွေနံနက်ခင်း)
(လူကြုံနဲ့စကားလေးပါးလာရင် အနေအထိုင်ဆင်းရဲတဲ့ရက်တွေကို ကိုယ်တစ်ယောက်မွှေ့ပျော်ပါပြီ)
(ရာသီပြောင်းချိန်)
(နောက်တစ်ခေါက်လာချင်သော်လည်း မလာနို်င်တော့ ရင်နာမိတယ်
မငိုချင်ဘူး ဒီဆောင်းတစ်ညတော့ မငိုချင်ဘူး……………..
အချစ်ဆုံးနဲ့လမ်းခွဲကာ ကို်ယ်စီသွားမယ့် ဒီဆောင်းတစ်ညမယ် အချစ်ဆုံးလဲလမ်းခွဲမှာငိုနေခဲ့တယ်)
(ဒီဆောင်းတစ်ည)
(မလွန်ဆန်နိုင်ရင်လဲ သင်္ခါရတရားပေါ့ ပြုံးပြပါလား မိငယ်
မနှောင်းသေးတဲ့အိပ်မက်အခါတစ်ရာမက မက်စဉ် မရေရာနိုင်သေးတဲ့ဘဝမှာ
မနက်မိုးမလင်းသေးတဲ့ဒီကမ္ဘာဒီလောကကိုဖြတ်သန်းသွားတော့မယ့်မောင်လိုလူသားတစ်ယောက်ဟာချစ်ခဲ့တဲ့မင်းတစ်ယောက်သာယာရွှင်မြူးဘို့ရာ ဆုတောင်းခဲ့ဘူးတယ် ဒီအမှောင်ငိုသံတွေကြားမှာ)
(ဘယ်ရင်ခွင်နွေးလု့ိ ဘယ်သူထွေးပြီလဲ
ကြင်နာသူလက်ကလေးဘယ်သူဖမ်းကိုင်လဲ……………
အချိန်တွေရယ် ကုန်ဆုံးလို့သာအရွယ်လွန်နေပြီ
ငြိမ်းမယ့်သူဘယ်မမြင်နိုင်ယခုတိုင်ဘဲ…………………)
အိပ်စက်အနားယူပြီ……………….
ကျနော့်ဟတ်ထိခဲ့တဲ့စာသားလေးတွေပေါ့