လွှတ်ငြိမ်းချမ်းသာခွင့်
မြန်မာနိုင်ငံတွင် အကျဉ်းသားများကိုသုံးကြိမ်ခွဲပြီးလွှတ်ငြိမ်းချမ်းသာခွင့်ပြုတောမည်ဖြစ်ကြောင်း
ကြားသိရသည်မှာတကယ်ကိုဝမ်းသာစရာသတင်းတခုဖြစ်ပါသည်
လွှတ်လပ်ရေးနေ့တွင်တကြိမ်။ပြည်ထောင်စုနေ့တွင်တကြိမ်နှင့်မြန်မာနှစ်ဆန်းတရက်နေ့တွင်တကြိမ်
လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း
သိရှိရပါသည်။နိုင်ငံပိုင်သတင်းစာများတွင်တရားဝင်ကျေညာခြင်းမျိုးတော့မရှိသေးပါ။
အဆိုပါလွှတ်ငြိမ်းချမ်းသာခွင့်တွင်နိုင်ငံရေးအကျဉ်းသားပါမပါဘယ်လောက်လွှတ်မလွှတ်ဆို
အတိအကျမသိရှိသေးသော်လည်းနိုင်ငံရေးအကျဉ်းအများအပြားပါဝင်ပါစေလိုဆုတောင်းနေပါသည်။
မြန်မာနိုင်ငံတွင်လျှပ်စစ်မီတာသုံးဆွဲခကိုအိ်မ်သုံးသမားအတွက်၂၅ကျပ်မှာ၃၅ကျပ်အထိတိုးမြှင့်လိုက်ပြီး
လုပ်ငန်းသုံများကိုဟခင်၅ဝကျပ်မှာယခု၇၅ကျပ်အထိတိုးမြှင့်လိုက်ကြောင်းသတင်းစာတွင်ကျေငြာချက်ထုတ်ပြန်လိုက်ပြိဖြစ်ပါသည်။
အဆိုပါမီတာခကိုနှစ်သစ်မှာစပြီးကောက်ခံတောမည်ဖြစ်ပါကြောင်းသိရှိရပါသည်
8 comments
koyinmaung
December 27, 2011 at 7:55 pm
အကျဉ်းသားတွေလွှတ်အုံးမယ်တဲ့လား
တကယ်မှန်ယင်တော့ဝမ်းသာစရာပါ
နိုင်ငံရေးအကျဉ်းသားတွေများများပါ ပါစေလို့ဆုတောင်းပါတယ်
သတင်းကသေခြာလို့လား…
မိုးနတ်သားလေးရဲ့….
မှော်ဆရာ
December 27, 2011 at 8:02 pm
အဲဒီ့သတင်းက မသေချာသေးဘူးထင်တယ် …
ခန့်မှန်းကြတာ ဖြစ်ပါလိမ့်မယ်
ဒါပေမယ့် လွတ်စေချင်ပါတယ်ဗျာ
three colors
December 28, 2011 at 12:14 am
clean government လုပ်ဘို့၊ လူကုန်ကူးမှူပပျောက်ဘို့၊အားကစား အရှေ့တောင်အာရှ ကို ရင်ဘောင်တန်းဘို့(အာရှတောင် ခဏ ထားပါဦး)၊ Brain drain ဖြစ်မှူ၊ပညာရေး နိမ့်ကျမှူ၊ မသမာမှူ၊စသည့်စသည့်……..အားလုံးတို့ကိုဖြေရှင်းနိုင်ဘို့က ပြည်တွင်းမှာ အလုပ်အကိုင် တွေ ပေါလာမှဖြစ်မှာပါ။(ဥပမာ-လူကုန်ကူးတာ အဖမ်းအဆီး ဆေးမီးတိုနဲ့မပျောက်နိုင်၊ဒီမှာသာ အလုပ်ပေါလို့ကတော့ ဘယ်မြန်မာ မှ နိုင်ငံခြား သွား ဒုက္ခ မခံချင်)
ပေါလာဘို့က ကမ္ဘာ့ထင်ထင်ရှားရှားကုမ္ပဏီကြီးတွေ ဥပမာ-ထိုင်း မှာလို -လာရင်းနှီးမြုပ်နှံမှ ဖြစ်မှာပါ၊
(နည်းပညာ မပါတဲ့ အထည်ချုပ် စက်ရုံလောက်လာရုံနဲ့မဖြစ်)
အဲဒါတွေ လာဘို့က sanction ပြုတ်မှ ဖြစ်ပါလိမ့်မယ်၊
အဲဒါ ပြုတ်ဘို့ အဓိက က နိုင်ငံရေး အကျဉ်းသား တွေ အားလုံးလွှတ်ပေးဘို့ပါ၊ ကျန် ၂ ချက်က ချက်ချင်းလုပ်လို့မရတာ သူတို့သိပါတယ်၊ မပြုတ်တောင် လျော့သွားနိုင်ပါတယ်။
ရာဇဝတ်သားတွေ မဟုတ်ပါဘူး၊နိုင်ငံခြားသားတွေ မဟုတ်ပါဘူး၊ကိုယ့်နိုင်ငံသား တွေပါ၊
တရက် ဆို တရက် တခြားနိုင်ငံတွေ တိုးတက်နေကြတာ၊ ဘာများခက်နေလဲမသိ၊
ကိုယ်အရေး နဲ့ တိုင်းပြည်အရေး ဆို တိုင်းပြည်ကို ပို ဦးစာပေး ရမယ် လဲ ဆိုသေးရဲ့၊
လက်ရှိ မဟာမိတ်နိုင်ငံ က နည်းပညာမြင့်မြ့င့် ဘာစက်ရုံ များ လာမြုပ်နှံဘူးပါလိမ့်။
comegyi
December 28, 2011 at 5:52 am
လွတ်ငြိမ်းိချမ်းသာခွင့် တကယ်ပေးမယ်ဆိုရင်လည်း
နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်စေချင်တယ်
တကယ်လွတ်မယ်ဆို အရမ်းဝမ်းသာရမှာပေါ့
အဲ …….
ဝမ်းနည်းရမှာက မီတာခ မီတာခ……
cancer88
December 28, 2011 at 9:41 am
မီတာခတွေတက်ပြီးရင်ကော….
မီးကမှန်မှန် လာတော့မှာလားဟင်???????
ကြောင်ကြီး
December 28, 2011 at 9:49 am
လွှတ်ချင်ရင်ကွယ် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပြီးလို့ နောက်ထပ်တခါ နှစ်ခါ သုံးခါ ပြန်ဆွဲအစိခံရပြီးပြီ။ လွှဲချင်ရင်ကွယ် လွှဲပြီးလို့ နောက်တခါတောင် အာဏာသိမ်းပြီးပြီ။
Ko Ko Aung
December 28, 2011 at 10:12 am
ဒါလေးတွေ ပြပြပြီး လုပ်စားနေရတာ..
အကုန် အလကား လွှတ်ပစ်လို့ ဘယ်ဖြစ်ပါ့မလဲ။
char too lan
December 28, 2011 at 12:18 pm
နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်စေချင်တယ်
သူခိုးဂျပိုးမဒိန်းကောင်တွေလွတ်လာလည်း ဘာမှဝမ်းသာစရာမရှိဘူး
ကားစီး လမ်းသွား သတိထားရတော့မှာမို့ သွားရလာရတာတောင် ကျဉ်းကျပ်သွားတယ်