အမေရိကန်သန်းကြွယ်သူဌေးကြီးဂျော့ဆိုရော့စ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သူဌေးကြီး ဂျော့ဆိုရော့စ်တို့ လာမယ့် ဇန်နဝါရီ ၂ ရက် တနင်္လာနေ့မှာ တွေ့ဆုံဖို့ရှိတဲ့အကြောင်း အန်အယ်လ်ဒီအသိုင်းအဝိုင်းက အတည်ပြု ပြောဆိုပါတယ်။
ဂျော့ဆို ရော့စ်ဟာ မိသားစုနဲ့အတူ သူပိုင်လေယာဉ်နဲ့ ဒီဇင်ဘာ၂၆ ရက်ကတည်းက မြန်မာပြည်ကို အလည်ခရီးရောက်ရှိနေပြီး၊ ဒီဇင်ဘာ၂၈ ရက်မှာတော့ အင်းလေးကန်ကို သွားရောက်လည်ပတ် နေတယ်လို့သိရပါတယ်။
ဂျော့ဆိုရော့စ် အင်းလေးကို လာလည်မယ့်အကြောင်း အင်းတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။
“ကျနော်တို့ သတင်းရတယ်ခင်ဗျ။ ကိုယ့်အဆက်အသွယ်နဲ့ လုပ်ပြီးတော့ ဟဲဟိုးလေယာဉ်ကွင်းကို ရောက်မယ်။ နောက် ညောင်ရွှေအနောက်ဘက်ကမ်းမှာ ရှိတဲ့ ခေါင်တိုင်ဆိုတဲ့ ကျေးရွာလေးက ဟိုတယ်တခုမှာ သူတည်းမယ်ဆိုတာ ကျနော်တို့ သိရှိခဲ့တယ်။”
အင်းသား ပါတီအနေနဲ့ ဂျော့ဆိုရော့စ်နဲ့ တွေ့ဆုံဖို့ရှိပြီး၊ တွေ့ခွင့်ရရင် အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။
အစိုး ရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိမရှိ မသေချာသေးဘဲ သူ့ခရီးစဉ်ဟာ အလည်အပတ်ခရီး ဖြစ်ဖို့များတယ်လို့ ရန်ကုန်ကုန်သည်စက်မှုလုပ်ငန်းရှင် အသိုင်းအဝိုင်းက ခန့်မှန်းသုံးသပ်နေကြပါတယ်။
ဂျော့ဆို ရော့စ် တည်ထောင်ထားတဲ့ Open Society Institute (OSI) ဟာ ဒီမိုကရေစီထွန်းကားရေးအတွက် အထောက်အပံ့ပေးနေပြီး အဲ့ဒီထောက်ပံ့မှုနဲ့ Burma Project/ Southeast Asia Institute ကို တည်ထောင်ထားပါတယ်။ အဲ့ဒီ project ဟာ မြန်မာ့အရေး အထောက်အပံ့ပေးဖို့ အဓိကဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့အစည်းပေါင်း ရာနဲ့ချီကို နှစ်စဉ်ထောက်ပံ့ပေးနေတာပါ။
ဒီဗွီဘီ
သစ်ထူးလွင် 12/28/2011 06:36:00 PM
……………………..
ကြားသိရတဲ့သတင်းများအရ ဂျော့ဆိုရော့စ်ဟာ ဗိုလ်ချုပ်အတ္တုပတိရုပ်ရှင်အတွက်လည်း တစ်ဦးတည်းအားလုံးတာဝန်ယူထောက်ပံ့လိုကြောင်း ပြောကြားထားတာရှိပါတယ်…
ဒီကိစ္စလဲ ဒေါ်စုနဲ့ဆွေးနွေးမယ်လို့ခန့်မှန်းရပါတယ်….
6 comments
inz@ghi
December 30, 2011 at 12:26 pm
အောင်မယ်ငီး …အာဗေတာရယ်…….
ရေငတ်တွားဘီ…
ရေသောက်ပီးပြန်လာမှ…. ပိုစ့်ပါ အကြောင်းအရာ ဆွေးနွေးတော့မယ်နော ….
ခစ်ခစ်
Wow
December 30, 2011 at 12:53 pm
ဆူးကျေးဇူးနဲ့ လှုပ်လို့ရသွားဘီလေ…
😀
မှော်ဆရာ
December 30, 2011 at 1:02 pm
နာလဲ ခေတ်နောက်မကျအောင် လှုတ်ဖို့ လိုလာပြီ …
Wow
December 30, 2011 at 1:07 pm
နှစ်သစ်ကို လှုပ်စိလှုပ်စိနဲ့ ကြိုကြတာပေါ့…
😉
koyinmaung
December 30, 2011 at 1:52 pm
ဝမ်းသာစရာသတင်းတပုဒ်ပါလား
Wowရေ…
ဟိုဟာလေ့ကျင့်ခန်းလုပ်နေတာလား
ပြုတ်ကျကုန်အုံးမယ်နော်..ဖြေးဖြေး
Wow
December 30, 2011 at 6:02 pm
ကိုရင်မောင်နော် မမယ်မကိုတိုင်လိုက်ရမလား…
စတာ…
ဆောင်းတွင်းဆိုတော့ လှုပ်နေမှကျမ်းမာရေးနဲ့ညီညွတ်ထှာ
😀 😀 😀