Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငွေကျပ် ၅၀၀ဝ တန်မိုဘိုင်းဖုန်း

kanjosanJanuary 3, 20121min55525

အခုလေးတင် ပူပူနွေးနွေး 7Days News မှ သတင်းတစ်ခုကြားပါတယ်… မြန်မာငွေကျပ် ၅၀၀ဝ တည်းနှင့် မိုဘိုင်းဖုန်း တစ်လုံးအသုံးပြုနိုင်မည့် စီမံကိန်းတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးခွင့်ပြုချက်တောင်းခံထားသည်။

ငါးထောင်ဆိုတာ တကယ်တော့ အခြေခံလူတန်းစားတွေ သုံးနိုင်တဲ့ ပမာဏပါဘဲ… အဲ့ဒီလောက်ဘဲ မိုဘိုင်းဖုန်းတွေ ဖြစ်သင့်ပါတယ်… Singapore, Malaysia, Thailand ကိုမဆိုထားနဲ့ Cambodia လိုနိုင်ငံတောင် ၅ ဒေါ်လာလောက်ရှိရင် မိုဘိုင်းဖုန်းကိုင်နိုင်ပါတယ်… လူဦးရေများများသုံးနိုင်လေ.. ဆင်းကတ်များများရောင်းရလေ… ခေါ်ဆိုခများများရလေ… Company တွေအတွက်မြတ်လေ.. သုံးတဲ့သူအတွက်လည်း ငွေအလုံးအရင်း သုံးစရာမလိုတော့ ကိုက်ပါတယ်…

ဒါပေမဲ့ အခုဒီ ၅၀၀ဝ တန်ဆင်းကတ် အစီအဆင်ဟာ ဆက်သွယ်ရေးရဲ့ မိုဘိုင်းဖုန်း ၃ သန်းစီမံချက်ရဲ့ ပထမဆုံး ၃ သိန်းခွဲတန်ဖုန်းနဲ့ တိုက်နေတော့ ခွင့်ပြုပေးမလား မပေးမလားတော့ မသိပါဘူး.. ပြည်သူတွေ ဆက်သွယ်ရေး အဆင်ပြေစေခြင်ရင်တော့ ခွင့်ပြုပေးသင့်တယ်လို့ ထင်ပါတယ်… ရွာသားတွေရော ဒီကိစ္စ ဘယ်လိုမြင်ကြလဲ

25 comments

  • blackchaw

    January 3, 2012 at 2:35 pm

    ကြေးစည်တီးသံကြားတယ်ဗျို့။
    မထင်
    တဲ့ဗျ။

  • aungnng87

    January 3, 2012 at 3:07 pm

    ုဖြစ်ရင်တော့အကောင်းဆုံးဘဲပေါ့။ မထင်ဘူးလို့တော့မပြောပါဘူး။ အရာရာဟာ ဖြစ်နိုင်နေတာဘဲလေ။

  • kanjosan

    January 3, 2012 at 3:21 pm

    နို်င်ငံတော်သမ္မတရုံးသို့ တိုက်ရိုက်တင်ပြထားသော အဆိုပါကုမ္ပဏီ၏ စီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ နောက်ပိုင်းတွင်အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားရန်စီစဉ်ထားကြောင်းသိရသည်

  • Thel Nu Aye

    January 3, 2012 at 3:29 pm

    သေပြီဆရာပဲ။ ပထမ GSM ၁၅ သိန်း၊ ဒုတိယ CDMA ၅ သိန်း၊ အောင်မယ်လေး။ ပိုက်ဆံတွေနှမျောလှချည် ရဲ့။ အဲလိုမှန်းသိမဝယ်ခဲ့ပါဘူး။ ဒါပေမဲ့ဒီ ၅ ထောင်ဆိုတာတော့လက်ရှိကာလနဲ့နဲနဲစိတ်ကူးယဉ်ဆန်နေသ လားလို့။ နောင်နှစ်နဲနဲကြာရင်တော့မပြောတတ်ဘူး။ အခုကတော့ ဟို ၂ သိန်းခွဲလား ၃ သိန်းလားက မှဖြစ်နိုင်သေးတယ်။ နီးစပ်သေးတယ်မှတ်တာပဲ။ ဘာပဲဖြစ်ဖြစ်မရဖူးတဲ့အခွင့်အရေးတွေ၊ မျှော်လင့် ချက်တွေရလာလို့မြန်မာနိုင်ငံမှာလူဖြစ်ရကြိုးနပ်သွားပါပြီ။

  • နွယ်ပင်

    January 3, 2012 at 3:30 pm

    သိပ်တော့မဖြစ်နိုင်လောက်ဘူးထင်တယ်
    ဖြစ်လာရင်တော့လဲ အကောင်းဆုံးပေါ့ …..

    • the best

      January 5, 2012 at 1:18 am

      ရွှေပြည်တံခွန် ကုမ္ပဏီ > ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီ = ဖြစ်နိုင်တယ်
      ရွှေပြည်တံခွန် ကုမ္ပဏီ < ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီ = မဖြစ်နိုင်

  • kotun winlatt

    January 3, 2012 at 3:36 pm

    ဖြစ်လာပါစေ…ဖြစ်လာပါစေ…ဖြစ်လာပါစေ..
    ဖြစ်လာပါစေ…အခါပေါင်းးးးသိန်းသောင်းးးချီပီးးဆုတောင်းးးတယ်ဗျာ..
    အယ်…ဆုတောင်းးးဆိုတာကလည်းးးးးးးး

  • water-melon

    January 3, 2012 at 4:01 pm

    ဆက်သွယ်ရေးကို အားမကိုးဘဲ ကိုယ်ပိုင်စက်ဝယ်
    တစ်ခါခေါ်တာနဲ့ ဝင်တာမျိုးလိုချင်တယ်
    ဆက်သွယ်မှုဧရိယာပြင်ပ၊ တီတီတီတီ၊ ခေါ်ပြီးပြန်ကျတာမျိုးမလိုချင်ဘူး
    ပြီးတော့ voice mail video chat တို့ပါရင်ပိုကြိုက်တယ်

  • nigimi77

    January 3, 2012 at 6:46 pm

    သမ္မတရုံးကသာ ခွင့်ပြုလိုက်မယ် ဆိုရင် သေချာပေါက် ဖြစ်ကို ဖြစ်လာလိမ့်မယ် ။

    နောက်ဆို Sim Card ဖိုးတောင် ပေးဖို ့မလိုတော့ပဲ ငွေ Amount ကို ဝယ်တာနဲ ့

    Service Number (ဖုန်းနံပါတ်) က အလကား ရနိုင်လိမ့်မယ် ။

    နိုင်ငံတကာမှာလဲ Telecommunication Business တွေဟာ နေ ့ချင်းညချင်း

    လမ်းဘေးမှာ ကွမ်းယာဝယ်သလို ဝယ်လို ့ရတဲ့ အနေအထားမှ မဟုတ်ခဲ့ပဲ ။

    အလွန်ဈေးကြီးတဲ့ ပုံစံမျိုးနဲ ့ စလာခဲ့တာ ။

  • windtalker

    January 3, 2012 at 8:47 pm

    အိန်း
    ဖြစ်လာခဲ့လို ့ကတော့
    စိတ်ဓါတ်စည်းကမ်း ကောင်းမွန်မှုတွေ ကို
    မျက်ဝါးထင်ထင် တွေ ့မြင်ကြရဦးချေမည် တမုံ ့

  • htet way

    January 3, 2012 at 9:20 pm

    အင်းခက်ပြီ ၅သိန်းတန်ဖုန်းတောင် လိုင်းမကောင်းရင် ၂သိန်းခွဲက …..
    အခု ၅၀၀ဝ ဆို… မတွေးရဲစရာပါ။
    မနက်ဆို တခါတလေ လိုင်းကမရ တချို့နေရာဆို မမိ
    49…က စိတ်မချရ 73က ကောင်းတယ်ဆိုပြီး …
    ဘာပဲဖြစ်ဖြစ်လေ ကောင်းပါတယ်ဗျာ

  • htoosan

    January 3, 2012 at 10:24 pm

    http://www.mizzimaburmese.com/news/inside-burma/8837–sim-card—-.html

    မိုဘိုင်းဖုန်း Sim Card ကျပ် ၅၀၀ဝ နှင့် သုံးရတော့မည်ဟုဆို
    ညီသစ် | အင်္ဂါနေ့၊ ဇန်နဝါရီလ ဝ၃ ရက် ၂၀၁၂ ခုနှစ် ၂ဝ နာရီ ၅၉ မိနစ်
    အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

    ရန်ကုန် (မဇ္ဈိမ) ။ ။ မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀ဝ ဖြင့် မတ်လအတွင်း စတင်
    ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။

    ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    “စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
    နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။
    simcard

    မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀ဝ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောကြား

    3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
    ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃ဝ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။

    ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
    ဟု သိရသည်။

    Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။

    ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။

    လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။

  • small cat

    January 4, 2012 at 5:35 am

    ဟဲလို ငါ့အသံကြားရလား?
    ကြားတယ်ကြားတယ်
    အသံကောင်းလား?
    ကောင်းတယ်၊မင်းအသံကို ပီပီသသကြားရတယ်၊ မင်းနောက်ကစားပွဲမှာငါရှိတယ်။

  • zay

    January 4, 2012 at 2:07 pm

    မထင်ဘူး အစိုးရကစောက်ကျင့် မပြောင်းသေးလို့

  • volcano101

    January 4, 2012 at 3:10 pm

    အစိုးရက မင်းဖင်ချ နေလို့လား

  • kanjosan

    January 4, 2012 at 3:24 pm

    မယဉ်ကျေးတဲ့စကား ကျေးဇူးပြုပြီး မပြောကြပါနဲ့ ကျွန်တော်ကြားကတောင်းပန်ပါတယ်… ကိုယ်အမြင်ကို ကြိုက်သလိုတင်ပြလို့ရပါတယ်.. ချိုချိုသာသာပြောကြပါ… ကျွန်တော်တော့ အကောင်းဘက်ကတွေးပြီး ဖြစ်နိုင်တယ်လိုမြင်ပါတယ်…. မိုဘိုင်းဖုန်း သန်း ၃ဝ ကို ဒီ ၅၀၀ဝ ဈေးနဲ့မှ ရောင်းကုန်မှာပါ… ကြားထဲက ထူးက ၅ သိန်းဖုန်းရောင်းနေတော့ သူတို့နဲ့တော့ ဘယ်လိုလဲတော့ မသိဘူးခင်ဗျာ… ကျွန်တော့အမြင်ပါ…. ဖြစ်စေခြင်တာကတော့ အရမ်းပေါ့ဗျာ..

  • kolusoe

    January 4, 2012 at 3:50 pm

    ကျွန်နော်သိရသလောက်တင်ပြပရစေဗျာ….2ရက်နေ့ညနေပိုင်းက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ParkRoyal Hotel မှာသတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ကြားပါတယ်..5000ဖြစ်နိုင်ခြေများပြီး 3လပိုင်းလောက်မှာစတင်ရောင်းချမယ်လို့လဲ ကြားရပါတယ်ခင်ဗျာ့…အဝင်25ကျပ် အထွက်30နဲ့အိုလာစီးကောလ်ကိုတော့ Asian ရဲ့ ညည့်ပြီးမှာသက်မှတ်မယ်လို့ပြောသွားတယ်ကြားတယ်…အမြန်ဆုံးဖြစ်နုင်ပါစေလို့လဲဆုတောင်းနေပါတယ်ဗျော
    ့…

  • “ဘီလူးကြီး”ogre

    January 4, 2012 at 7:39 pm

    ဟယ်ဝမ်းသာလိုက်တာ
    ဖုန်းလိုင်းကို 5000ထောင်တဲ့
    နောင်ငါမြေးမြစ်တွေအတွက်တော့စိတ်အေးရပါပြီ

  • awra-cho

    January 5, 2012 at 1:15 pm

    15 လုံး လောက်ဝယ် ပ လိုက်မယ်။မူကြိုက တူမ လေးဝယ်ပေးမယ်။အဝေးထိမ်း လုပ်ပြီးဗုံးခွဲ ရင်တော့စုတ်ခ

  • sun

    January 8, 2012 at 6:31 pm

    5000တန်SIM CARDမဖြစ်နိုင်စရာမရှိပါဘူး။2000တန်ဆိုလဲဖြစ်နိုင်ပါတယ်။
    ဒါပေမဲ့နိုင်ငံတော် သမ္မတရုံးခွင့်ပြ ုဘို ့တော့လိုတယ်။2သိန်းခွဲတန်စီမံကိန်းကြီးကလဲရှိနေတယ်လေ။
    ရွှေပြည်တံခွန် ကုမ္ပဏီကဆက်သွယ်ရေးနဲ ့လုပ်တာမဟုတ်ဘူးလို ့လဲဆိုထားတယ်၊
    အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်
    လဲဆိုထားတယ်။2သိန်းခွဲတန်PHONEသန်း30(5)နှစ်စီမံကိန်းကြီးတောင်မစရသေးဘူး။အစိုးရက ၄ဝ%က
    ဖြစ်လာပါ့မလား။
    ရွှေပြည်တံခွန် ကုမ္ပဏီ ကလဲသူ ့ပါမစ် မကျမှာစိုးလို ့နိုင်ငံတော် သမ္မတရုံးနဲ ့ပြည်သူကိုတေ့ပေး
    လိုက်ပြီထင်တယ်။
    ဘာဘဲပြောပြောဖေဖေါ်ဝါရီထွက်မဲ့2သိန်းခွဲတန်SIM CARDကိုစောင့်ရင်းမတ်လနောက်ပိုင်းမှာထွက်မဲ့
    5000တန်SIM CARDကိုဆက်မျှော်လိုက်တော့မယ်။

  • goldjohnywalker

    January 8, 2012 at 10:06 pm

    လူနည်းစုသာ လုပ်ခွင့်ရနေသောလုပ်ငန်းများ အားလုံးနီးပါး အမြတ်ကြီးစားနေတော့ သုံးစွဲသူပြည်သူတွေဘဲနစ်နာတာပေါ့

  • etone

    January 9, 2012 at 2:00 pm

    တကယ်ဟုတ်မဟုတ်တော့ မသိသေးပေမယ့် … ပြည်တွင်းထုတ် ဂျာနယ်အတော်များများမှာ ဒီသတင်းကို ခေါင်းကြီးပိုင်းနေရာ ၊ မျက်နှာဖုံးနေရာတွေမှာပါ ဖော်ပြလာတာ တွေ့ရပါတယ် … တကယ်သာမှန်လျှင် ဝမ်းသာစရာသတင်းပါပဲ … ။ ဒါပေမယ့် ရေးသားထားချက်မှာတော့ …. အကျယ်တဝင့် မဖော်ပြထားတာ တစ်ခုရှိပါတယ် … ။

    ဘယ်လို ဟမ်းဆက်မျိုးမှာ သုံးရမယ်လို့ အတိကျရေးမထားတာပါပဲ ..
    GSM မို့ … GSM ဟမ်းဆက်တိုင်း အသုံးပြုလို့ရလျှင်တော့ ကောင်းပါရဲ့ … အဲ့လို မဟုတ်ပဲ သူတို့ ကုမ္ပဏီက ထုတ်မယ့် ဟမ်းဆက်မှ သုံးရမယ် … ဟမ်းဆက်က ဘယ်လောက်ကျမယ် စသည်ဖြင့်ဖြစ်နေမှာ စိုးတယ် … ။
    တန်ဖိုးနည်း ဖုန်းတွေပေါ်လာတာတော့ ကောင်းပါတယ် … ဒါပေမယ့် လိုင်းရော ကောင်းကောင်းမိပါ့မလားဆိုတဲ့ အတွေးတော့ ဝင်နေတုန်းပဲ … ။ 🙂

Leave a Reply