Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဓမ္မစက္ကပ္ပဝတ္တသုတ်

သားငယ္January 4, 20123min2092
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သစ္စာလေးပါးကို ပြတော်မှုတတ်သော လူတို ့၏ကိုးကွယ်ရာ ဖြစ်တော်မှုသော မြတ်စွာဘုရားသည် သဟမ္ပတိ အမည်ရှိသော မဟာဗြဟ္မာမင်း ကတောင်းပန်အပ်သည် ဖြစ်၍ ဘုရား,ပစ္စေကဗုဒ္ဓါ, အရိယာတို ့ ကောင်းကင်မှ သက်ဆင်းရာ ကောင်းကင်သို ့တတ်ရောက်ရာဖြစ်၍ ” က္ကသိပတန”အမည်ရှိသော သားမျိုးစုံ တို ့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော`၌ ငါးယောက်အစု ရှိခြင်းကြောင့်ပဉ္စဝဂီ္ဂ အမည်ရှိသော  ကောဏ္ဍည, ဝပ္ပ, ဘဒိ္ဒယ, မဟာနာမ်, အဿဇိ ရဟန်းတို ့အား နိဗ္ဗာန်သို ့ရောက်စေတတ်သော မြတ်သော တရားဖြစ်သော အကြင်စမ္မစကြာဒေဿနာတော်ကို
ဟောတော်မှုပြီ။

 

          ခပ်သိမ်းကုန်သော သမ္မုတိနတ်, ဥပပတ္တိနတ်, ဝိသုဒိ္ဓနတ် တို ့သည် နှစ်သက်အပ်သော လောကီ လောကုတ္တရာ ပစ္စုပ္ပန်သံသရာ စည်းစိမ်အားလုံးကို ပြီးစေတတ်သော
ထိုဓမ္မစကြာဒေသနာတော်ကို ခပ်သိမ်းသောလောကီ၏ အစီးအပွားအကျိုးငှာ အိုသူတော်ကောင်းတို ့ ကျွန်ုပ်တို ့ရွတ်ဖတ်ကြပါကုန်စို ့။
         အရှင်မဟာကဿပ,ဤဓမ္မစက္ကပ္ပဝတ္တနသုတ်ကို အကျွနုပ်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို ့ကြားလိုက်ရပါ၏။အခါတစ်ပါး မြတ်စွာဘုရားသည်
ဗာရာဏသီပြည် က္ကသိပတနအမည်ရှိသော မိဂဒါဝုန်တော`၌ နေတော်မှု၏ ။ထိုအခါ မြတ်စွာဘုရားသခင်က ပဉ္စဝဂ္ဂီရဟန်းတို ့ကို မိန် ့တော်မှု၏။

ပဉ္စဝဂ္ဂီရဟန်း တို ့ရဟန်းဖြစ်သော သူသည် ဤအယုတ်တရား (အစွန်း)နှစ်ပါးတို ့ကို မမှီဝဲအပ်ကုန်။

(၁)     ယုတ်ညံ့သော၊ ရွာသူတို ့၏ ဥစ္စာဖြစ်သော ၊ ပုထုဇဉ် တို ့၏ အလေ့အကျင့်ဖြစ်သော ၊အရိယာတို ့၏ ဥစ္စာမဟုတ်သော စီးပွားချမ်းသာဖြစ်ကြောင်းနှင့် မစပ်သော၊တေဘူမက

တရားတည်းဟူသော ဝတ္တုကာမတို ့`၌ ဆန္ဒ ရာဂတည်းဟူသော ကိလေသာကာမနှင့်စပ် ယှဉ်သော၊ ချမ်းသာကိုအဖန်တလဲလဲ ခံစားခြင်းဟု ဆိုအပ်သော အယုတ်တရားအစွန်းတစ်ပါး။

(၂)    ဆူးငြောင့်ကိုမှီ၍ အိပ်ခြင်း စသည်ဖြင့်ဆင်းရဲကို ဆောင်တတ်သော ၊အရိယာတို ့၏ ဥစ္စာမဟုတ်သော ၊တတ္ထိတို ့၏ ဥစ္စာဖြစ်သော၊ စီးပွားချမ်းသာဖြစ်ကြောင့်နှင့် မစပ်သော၊

မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲဖြစ်စေတတ်သော အယုတ်တရား အစွန်းတစ်ပါး။

ဤနှစ်ပါးတို ့ပေးတည်း။

ပဉ္စဝဂ္ဂီရဟန်းတို ့၊ ထိုအယုတ်တရားအစွန်းနှစ်ပါးတို ့ကို မကပ်ရောက်မှု  ၍ငါဘုရားသည် ထိုးထွင်း၍သိတော်မှုအပ်သော၊ သစ္စာလေးပါးကိုမြင်တော်မှုတတ်သော၊ ပညာမျက်စိကို ပြုတတ်

သောသစ္စာလေးပါးကိုသိခြင်းကိုပြုတတ်သော (ကာမသုခလ္လိကုနု-ယောဂ သဿတဒိဋ္ဌိဟူသော တစ်ခုသောအစွန်း၏ )အလယ်`၌ဖြစ်သော၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို အလိုရှိသောသူတို ့သည် ကျင့်အပ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်း ဟူသော သဥပါဒိသေသ နိဗ္ဗာန် အကျိုးငှာ၊ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါးကိုကောင်းစွာ သိခြင်းငှာ၊

အနုပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။

ပဉ္စဝဂ္ဂီရဟန်းတို ့၊ ငါဘုရားသည် ထိုးထွင်း၍ သိတော်မှုအပ်သော သစ္စာလေးပါးကို မြင်တတ်သော ပညာမျက်စိကို ပြုတတ်သော သစ္စာလေးပါးကို သိခြင်းကိုပြုတတ်သော အကြင်

အလယ်အလတ် ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းခြင်း တည်းဟူသော သဥပါဒိသေသ နိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကိုထူးသောဉာဏ်ဖြင့် သိခြင်းငှာ သစ္စာလေးပါးကိုကောင်းစွာ သိခြင်းငှာ

အနုပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ်ဖြစ်သော အကျင့်သည် အဘယ်နည်း?

 မြတ်သော အင်္ဂါ ရှစ်ပါးနှင့်ပြည့်စုံသော ဤမဂ်ပင်တည်း။

ဤမဂ္ဂင်ဟူသည်မှာ

 ၁။ သမ္မာဒိဋ္ဌိ               =     ကောင်းစွာ မြင်ခြင်း။

    ၂။ သမ္မာသင်္ကပ္ပ         =    ကောင်းစွာ ကြံခြင်း။

    ၃။ သမ္မာဝါစာ             =    ကောင်းစွာ ဆိုခြင်း။

    ၄။ သမ္မာကမ္မန ္တ          =    ကောင်စွာ  ပြုခြင်း။

    ၅။ သမ္မာအာဇီဝ         =    ကောင်းစွာ အသက်မွေးခြင်း။

    ၆။ သမ္မာဝါယာမ        =    ကောင်းစွာ အားထုတ်ခြင်း။

    ၇။ သမ္မသတိ             =    ကောင်းစွာ အောက်မေ့ခြင်း။

    ၈။ သမ္မသမာဓိ          =    ကောင်းစွာ တည်ကြည်ခြင်း။

ဤရှစ်ပါးသော သဘောတရားသည် မဂ္ဂင်မည်၏။

ပဉ္စဝဂ္ဂီရဟန်းတို ့၊ ငါဘုရားသည် ထိုးထွင်း၍သိအပ်သော၊ သစ္စာလေးပါးကို မြင်တတ်သော ပညာမျက်စိကို ပြုတတ်သော သစ္စာလေးပါး သိခြင်းကို ပြုတတ်သော ဤမဂ္ဂင်ရှစ်ပါး တည်းဟူ

သောအလယ်အလတ် ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသ နိဗ္ဗာန်အကျိုးငှာ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ သစ္စာလေးပါးကိုကောင်းစွာ

သိခြင်းငှာ အနုပါဒိသေသ နီဗ္ဗာန်အကျိုးငှာ ဖြစ်၏။

   ဒုက္ခသစ္စာ

ပဉ္စဝဂ္ဂီရဟန်းတို ့

ပဋိသန္ဓေ နေရခြင်းသည်လည်း ဆင်းရဲ၏ အကြောင်းဖြစ်၏။

ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

ဖျားနာရခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

သေရခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို ့နှင့် အတူ တကွပါင်းယှဉ်ရခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

ချစ်နှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို ့နှင့် ကွေကွင်းကင်းကွာ ရှဲခွာဖဲကျဉ်မပေါင်းရခြင်း သည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

ပဋိသန္ဓေ နေရခြင်း စသော သဘောတရား ငါ့အား မဖြစ်ပါမှုကောင်းလေစွ စသည်ဖြင့် တောင့်တတိုင်းမရခြင်းသည်လည်း ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

အကျဉ်းအားဖြင့် ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာ ငါးပါးတို ့သည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။

ဤဇာတိ စသောတရားသည် ဒုက္ခဖြစ်သော အရိယာတို ့သည် သိအပ်သော သစ္စာမည်၏။

သမုဒယသစ္စာ

ပဉ္စဝဂ္ဂီရဟန်းတို ့ တဏှာလောဘသည် တစ်ဖန်ဘဝသစ် ကိုဖြစ်စေတတ်၏ နှစ်သက်ခြင်း တပ်မက်ခြင်း နှင့်တကွဖြစ်၏ ။ ထိုထို ဘဝ အာရုံ`၌အလွန်နှစ်သက်တက်၏ ။တဏှာဟူသည်မှာ

အဘယ်နည်း ?

 ၁။ ကာမတဏှာ         =    ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ ။

    ၂။ ဘဝတဏှာ           =    သဿတဒိဋ္ဌိနှင့် တကွဖြစ်သောတဏှာ ။

    ၃။ ဝိဘဝတဏှာ        =    ဥစ္ဆေဒ ဒိ ဋ္ဌိနှင့်တကွဖြစ်သော တဏှာ။

ဤတဏှာ တည်းဟူသော သဘောတရားသည် ဒုက္ခ၏ အကြောင်း ဖြစ်သော အရိယာ တို ့သည် သိအပ်သော သစ္စာမည်၏ ။

 နိရောဓသစ္စာ

ပဉ္စဝဂ္ဂီရဟန်းတို ့ တဏှာ လောဘ၏အကြွင်းမဲ ့တပ်ခြင်း ကင်းရာ ဖြစ်သောနိဗ္ဗာန်သည် ရှိ၏။ စွန် ့ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏ ။ဝေးစွာ စွန် ့ရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏ ။

လွတ်ရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏ ။ ကပ်ငြိခြင်းကင်းရာ ဖြစ်သော နိဗ္ဗာန် သည်ရှိ၏ ။ဤနိဗ္ဗာန် ဟူသောသဘောတရားသည် ဒုက္ခ ၏ ချုပ်ရာဖြစ်သော အရိယာတို ့သည်သိအပ်သော သစ္စာမည်၏ ။

 မဂ္ဂသစ္စာ

ပဉ္စဝဂ္ဂီရဟန်းတို ့မြတ်သောဤမဂ်သည်ပင်လျှင် အင်္ဂါရှစ်ပါး နှင့်ပြည့်စုံ၏ ဤမဂ္ဂင်သည်လျှင် ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို ့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို ့သည် သိအပ်သောသစ္စာမည်၏ ။

 ဒုက္ခသစ္စာ `၌ သစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ တဏှာကြဉ်သော ဤတေဘူမက တရားသည်ဒုက္ခဖြစ်သောအရိယသစ္စာမည်၏။

ဤသို ့ငါသည် ဘုရားမဖြစ်မှီရှေးက မကြားဖူးကုန်သော သစ္စာတရားတို ့`၌ ဒုက္ခသစ္စာ

ကိုမြင်တတ်သော ပညာမျက်စိသည် ထင်ရှားဖြစ်၏ ။ဒုက္ခသစ္စာ ကိုသိခြင်းသည် ထင်ရှားဖြစ်၏ ။ဒုက္ခသစ္စာကို ထိုးထွင်း၍ သိခြင်းသည် ထင်ရှားဖြစ်၏ ။ ဒုက္ခသစ္စာကို ဖုံးလွမ်းတတ်သောမောဟတည်းဟူသော

အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်အလင်းသည် ထင်ရှားဖြစ်၏ ။

   ဒုက္ခသစ္စာ`၌ကိစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဒုက္ခဖြစ်သော အရိယသစ္စာကို (ဤတရားကား ဒုက္ခတည်း ဤဒုက္ခကား ဤမျှသာတည်း ဤထက်ပိုအလွန် ဤမှအောက်အယုတ် မရှိဟု ) ထက်ဝန်းကျင်မှ ပိုင်းခြား၍

သိအပ်၏။ ဤသို ့ငါသည် ဘုရားမဖြစ်မှီ ရှေးက……….

`            ဒုက္ခသစ္စာ`၌ ကတဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဒုက္ခဖြစ်သော အရိယသစ္စကို (ဤတရားကား ဒုက္ခတည်း ဤဒုက္ခကား ဤမျှသာတည်း ဤထက်အလွန် ဤမှအောက်အယုတ်မရှိဟု )  ထက်ဝန်းကျင်မှ ပိုင်းခြား၍

သိအပ်၏။ ဤသို ့ငါသည် ဘုရားမဖြစ်မှီ ရှေးက……….

သမုဒယသစ္စာ`၌သစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့  ဤတဏှာဟူသော လောဘသည် ဒုက္ခ၏ အကြောင်းဖြစ်သော အရိယသစ္စာမည်၏ ။ ဤသို ့ငါသည်ဘုရားမဖြစ်မှီ ရှေးက မကြားဖူးကုန်သော သစ္စာတရားတို ့`၌

သမုဒယသစ္စာကို မြင်တတ်သော ပညာမျက်စိသည် ထင်ရှား ဖြစ်၏ ။ သမုဒယသစ္စာကို သိခြင်းသည် ထင်ရှားဖြစ်၏ ။( တရားကိုယ်အားဖြင့် တစ်ပါး အခြင်းအရာအားဖြင့် ကာမတဏှာ, ဘဝတဏှာ,

ဝိဘဝတဏှာ ဟူ၍ သုံးပါး ရူပတဏှာ ,သဒ္ဒတဏှာ ,ဂန္ဓတဏှာ ,ရသတဏှာ ,ဖောဋ္ဌဗ္ဗတဏှာ ,ဓမ္မတဏှာ ဟူ၍ အာရုံအားဖြင့် တစ်ဆယ့်ရှစ်ပါး အဇ္ဇုတ္တ , ဗဟိဒ္ဓ သန္တာန် အားဖြင့် သုံးဆယ့်ခြောက်ပါး

၊အတိတ် , အနာဂါတ် ,ပစ္စုပ္ပန်ကာလ အားဖြင့် တစ်ရာ ့ရှစ်ပါးရှိ၏ဟု) အပြားအားဖြင့် သိခြင်းသည် ထင်ရှားဖြစ်၏။ သမုဒယသစ္စာ ကို ထိုးထွင်း၍ သိခြင်းသည် ထင်ရှားဖြစ်၏ ။ သမုဒယသစ္စာကို

ဖုံးလွမ်းတတ်သော မောဟ တည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်အလင်းသည် ထင်ရှားဖြစ်၏ ။

သမုဒယသစ္စာ`၌ ကိစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဒုက္ခ၏ အကြောင်းဖြစ်သော အရိယ သစ္စာကိုပယ်အပ်၏ (ဒိဋ္ဌိဝိစိကိစ္ဆာ ကိုသောတာပတ္တိမဂ် ဖြင့်ပယ် အပ်၏။ ကာမရာဂ ကိုအနာဂါမိမဂ်ဖြင့် ပယ်အပ်၏ ။ ရူပရာဂ

အရူပရာဂ ကို အရဟတ္တမဂ်ဖြင့်ပယ်အပ်၏ ။) ဤသို ့ငါသည်ဘုရားမဖြစ်မီရှေးက…………………

  သမုဒယသစ္စာ`၌ ကတဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဒုက္ခ၏အကြောင်း ဖြစ်သော အရိယ သစ္စာကို မဂ်လေးပါးဖြင့် အကြွင်းမဲ့ ပယ်အပ်ပြီး ဤသို ့ငါသည် ဘုရားမဖြစ်မီရှေးက………

နိရောဓသစ္စာ`၌ သစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ဤနိဗ္ဗာန် သည် ဒုက္ခ ၏ချုပ်ရာဖြစ်သော အရိယသစ္စာမည်၏ ။ ဤသို ့ငါသည် ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သစ္စာတရားတို ့`၌ နိရောဓသစ္စာကို မြင်တတ်

သော ပညာမျက်စိသည် ထင်ရှားဖြစ်၏။ (တရားကိုယ်အားဖြင့် တစ်ပါး ၊ သဥပါဒိသေသ အနုပါဒိသေသ အားဖြင့်နှစ်ပါး၊ သုညတ , အနိမိတ္တ, အပ္ပဏီဟိတ အားဖြင့် သုံးပါးရှီ၏ ဟု) အပြားအားဖြင့်

သိခြင်းသည်ထင်ရှားဖြစ်၏ ။ နိရောဓသစ္စာကို ထိုးထွင်း ၍ သိခြင်းသည် ထင်ရှားဖြစ်၏ ။ နိရောဓသစ္စာကို ဖုန်းလွမ်းတတ်သော မောဟတည်းဟူသောအမိုက် တိုက်ကို ဖျက်ဆီးတတ်သော ပညာ

အရောင်အလင်းသည် ထင်ရှားဖြစ်၏ ။

နိရောဓသစ္စာ`၌ကတဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာကို မဂ်ဥဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာ ဉာဏ် တို ့ဖြင့် မျက်မှောက်ပြုအပ်ပြီ ။ ဤသို ့ငါသည်ဘုရားမဖြစ်မီရှေ းက……..

  မဂ္ဂသစ္စာ`၌ သစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို  ့  ဤမဂ္ဂင်ရှစ်ပါးသည် ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို ့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာမည်၏ ။ ဤသို ့ငါသည် ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သစ္စာ

တရားတို ့`၌ မဂ္ဂသစ္စာကို မြင်တတ်သော ပညာမျက်စိသည် ထင်ရှားဖြစ်၏ ။ မဂ္ဂသစ္စာကို သိတတ်သော ဉာဏ်သည်ထင်ရှားဖြစ်၏ ။ သမ္မာဒိဋ္ဌိ စသည်ကို အပြားအားဖြင့် သိခြင်းသည်ထင်ရှားဖြစ်၏။

မဂ္ဂသစ္စာ ကိုဖုံးလွမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအလင်းရောင်သည် ထင်ရှားဖြစ်၏ ။

မဂ္ဂသစ္စာ `၌ ကိစ္စဉာဏ်

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဒုက္ခ ၏ ချုပ်ရာနိဗ္ဗာန်သို ့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာကို ပွားစေအပ်ပြီ ။ ဤသို ့ငါသည် ဘုရားမဖြစ်မီရှေးက……

ရှေးကဘုရားဖြစ်ကြောင်း ဝန်မခံခဲ ့ပုံ

ပဉ္စဝဂ္ဂီရဟန်းတို ့ အကြင်မျှလောက်သော ကာလပတ်လုံး ဤသစ္စာလေးပါးတို ့`၌ ဤသို ့ကိစ္စဉာဏ် ကတဉာဏ် အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါး

သောအခြင်းအရာရှိသော ဟုတ်တိုင်းမှန်စွာဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန် ့ရှင်းစင်ကြယ်မှု ့မဖြစ်သေး။

ပဉ္စဝဂ္ဂီရဟန်းတို ့ ထို ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် ကာမာဝစရ နတ်ပြည်ငါးထပ်နှင့် တကွ မာရ်မင်း၏ တည်ရာ ဝသဝတ္တီနတ်ပြည်နှင့်တကွ ဗြဟ္မာ့ပြည် နှင့်တကွသော ဩကာသ လောကအတွင်း ရဟန်း ပုဏ္ဏားနှင့်တကွ သမုတိနတ် တည်းဟူသော မင်းကြွင်းသော လူနှင့်တကွသော သတ္တလောက`၌အတုမရှိသော အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ် ကိုထိုးထွင်း၍ သိပြီဟု ဝန်ခံတော်မမှုသေး ။

ယခုမှဘုရားဖြစ်ကြောင်းဝန်ခံပုံ

ပဉ္စဝဂ္ဂီရဟန်းတို ့ အကြင်အခါ`၌ကားဤသစ္စာလေးပါးတို ့`၌ဤသို ့သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသောအခြင်းအရာရှိသော  ဟုတ်တိုင်းမှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန် ့ရှင်းစင်ကြယ်၏ ။

ပဉ္စဝဂ္ဂီရဟန်းတို ့ ထိုဉာဏ်အမြင် စင်ကြယ်စွာဖြစ်သော အခါ`၌ငါဘုရားသည် ကာမာဝစရ နတ်ပြည်ငါးထပ်နှင့် တကွ မာရ်မင်း၏ တည်ရာ ဝသဝတ္တီနတ်ပြည်နှင့်တကွ ဗြဟ္မာ ့ပြည် နှင့်တကွသော ဩကာသ လောကအတွင်း ရဟန်း ပုဏ္ဏားနှင့်တကွ သမုတိနတ် တည်းဟူသော မင်းကြွင်းသော လူနှင့်တကွသော သတ္တလောက`၌အတုမရှိသော အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ် ကိုထိုးထွင်း၍ သိပြီဟုဝန်ခံတော်မှုပြီ ။

ပစ္စဝေက္ခဏဉာဏ်ဖြင့် သိမြင်ပုံ

ငါ့အားပစ္စဝေက္ခဏာဉာဏ် အမြင်သည် ထင်ရှားဖြစ်လေပြီ ။ငါ၏ အရဟတ္တဖိုလ်ဉာဏ်ကို ဆန် ့ကျင်ဘက်လားရာတို ့က မဖျက်ဆီးနိုင်ပြီ ။ ဤဘဝသည် အဆုံးစွန်သော ဘဝတည်း။ ဤယခု ပစ္စဝေက္ခဏာဉာဏ် အမြင်သည်ထင်ရှားဖြစ်ပြီ ။

ပဉ္စဝဂ္ဂီရဟန်းတို  ့ တရားကိုနှစ်သက်ကြပုံ

ပဉ္စဝဂ္ဂီရဟန်းတို ့က နှစ်လိုဝမ်းမြောက်ကုန်သည်ဖြစ်၍ မြတ်စွာဘုရားဟောကြားသော တရားတော်ကိုရိုသေစွာဦးဖြင့် ခံယူကုန်၏ ။

အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ

ဂါထာမဖတ် စုဏ္ဏိယ သက်သက်ဖြစ်သော ဤတရားတော်ကို ဟောကြားတော်မှုသည်ရှိသော် အရှင်ကောဏ္ဍညထေရ်အား အပ္ပါယ်သို ့လားစေတတ်သော ရာဂအစရှိသောမြုမှကင်းသော

အကြွင်းမရှိ ဒိဋ္ဌိဝိစိကိစ္ဆာ ကိုပယ်သဖြင့်အညစ်အကြေးကင်းသော သစ္စာလေးပါးတရားတော်ကို

မြင်တတ်သော  သောတာပတ္တိမဂ်ဉာဏ် တည်းဟူသော မျက်စိသည် ထင်ရှားဖြစ်၏ ။  အလုံးစုံသော

တေဘူမကတရားသည် ဖြစ်ခြင်းသဘောရှိ၏ ။ ထိုဖြစ်ခြင်းသဘောရှိသော တရားဟူသမျှ ချုပ်ခြင်းသဘောရှိ၏ ဤသို ့ထင်ရှားဖြစ်၏ ။

နတ်ဗြဟ္မာတို ့ကောင်းချီးပေးပုံ

မြတ်စွာဘုရားသည် စမ္မစကြာတရားတော် ကိုဟောတော်မှုအပ်သည်ရှိသော် ဘုမ္မစိုးနတ်တို ့သည် ကောင်းချီးပေးသောအသံကို တပြိုင်နက်ကြွေးကြော်ကြကုန်၏ ။

မြတ်စွာဘုရားသည် ဗာရာဏသီပြည် က္ကသိပတန မိဂဒါဝုန်တော်ဝယ် ရဟန်းလောက,ဗြဟ္မာလောက တစ်စုံတစ်ယောက်မျှမတားဖြစ်နိုင် မဟောနိုင်သော အတုမရှိသော ဓမ္မစကြာတရားတော်ကို

ဟောတာ်မှုအပ်ပြီ ။ဤသို ့ကြွေးကြော်ကြကုန်၏ ။

    ဘုမ္မစိုးနတ်တို ့၏ ကောင်းချီးပေးသံကိုကြားကုန် ၍စတုမဟာရာဇ် နတ်တို ့ကလည်း ကောင်းချီးပေးသော အသံကိုအဆင့်ဆင့်ကြွေးကြော်ကြကုန် ၏ ။

စတုမဟာရာဇ်နတ် တို ့၏ကောင်းချီးပေးသံကိုကြားကုန်၍တာဝတိ ံသာ နတ်တို ့ကလည်း ကောင်းချီးပေးသော အသံကို အဆင့်ဆင့် ကြွေးကြော်ကြကုန်၏ ။

တာဝတိ ံသာနတ်တို ့၏ကောင်းချီးပေးသံကို ကြားကုန်၍ ယာမာနတ်တို ့ကလည်း ကောင်းချီးပေးသောအသံကို အဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။

ယာမာနတ်တို ့၏ ကောင်းချီးပေးသံကိုကြားကုန်၍ တုသိတာနတ်တို ့ကလည်း ကောင်းချီးပေးသောအသံကိုအဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။

တုသိတာနတ်တို ့၏ ကောင်းချီးပေးသံကိုကြားကုန်၍ နိမ္မာနရတိနတ်တို ့ကလည်း ကောင်းချီးပေးသောအသံကိုအဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။

နိမ္မာနရတိ နတ်တို ့၏ကောင်းချီးပေးသံကိုကြားကုန်၍ပရနိမ္မိတဝသဝတ္တီနတ်တို ့ကလည်း ကောင်းချီးပေးသောအသံကိုအဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။

ပရနိမ္မိတဝသဝတ္တီ နတ်တို ့၏ကောင်းချီးပေးသံကိုကြားကုန်၍ ဗြဟ္မာအပေါင်းတို ့ကလည်း ကောင်းချီးပေးသောအသံကိုအဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။

ထိုခဏထိုလယ ထိုမဟုတ်ဖြင့် အထက်ကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ကျော်စောသောအသံသည်ပျံနှံ၍တက်၏ ။

  တစ်သောင်းသောလောကဓာတ်တုန်လှုပ်ပုံ

ဤတစ်သောင်းသော စကြဝဋ္ဌာလောကဓာတ်သည်လည်းသက်၍လှုပ်၏ ။တက်၍ လှုပ်၏ ။ထိုမှ ဤမှဧယာဉ်ကဲ့သို ့လှုပ်၏ ။

အရောင်အလင်းဖြစ်ပေါ်လာပုံ၏

အတိုင်းအရှည်မရှိသော ပြန် ့ပြောသော ဒေသနာဉာဏ် ကြောင့်ဖြစ်သော အရောင်အလင်းသည်လည်း လောက`၌နတ်ဗြဟ္မာတို ့၏ အာနုဘော်ကိုသာလွန်၍ ထင်ရှားဖြစ်၏ ။

  မြတ်စွာဘုရားဥဒါန်းကျုးပုံ

ထိုအခါ`၌မြတ်စွာဘုရားက ဝမ်းမြောက်သော စကားကိုတစ်သောင်းတိုက်သား ကြားသိအောင် မြွတ်ဆိုတော်မှု၏ ။  အို ရဟန်းတို ့ ကောဏ္ဍည သည်စင်စစ် သစ္စာလေးပါးကိုသိလေပြီ ။

ကောဏ္ဍညသည် စင်စစ် သစ္စာလေးပါးကိုသိလေပြီ ဤသို ့မြွတ်ဆိုတော်မှု၏ ။

ဤသို ့ဥဒါန်းကျုးတော်မှုသော ကြောင့်သာလျှင် အရှင် ကောဏ္ဍညအား အညာသိကောဏ္ဍည ဟူ၍သာလျှင်အမည်တွင်လေ၏ ။

အညာသိကောဏ္ဍညရှင်ရဟန်းအဖြစ်တောင်းပုံ

ထိုသောတာပန်ဖြစ်ပြီးသောအခါ`၌ အရှင်ညာသိကောဏ္ဍညသည် မြင်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍ ရောက်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍ သိအပ်ပြိးသောသစ္စာတရား

ရှိသည်ဖြစ်၍ ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍ ကူးမြောက်ပြီးသော တစ်ဆယ့်ခြောက်ပါးသော ယုံမှားခြင်း ရှစ်ပါးသော ယုံမှားခြင်း ကင်းသည်ဖြစ်၍ကိုယ်တိုင်မျက်မှောက်

သိမြင်အပ်သောကြောင့်သူတစ်ပါးတို ့အား ယုံကြည်ခြင်းမဖြစ်မှု၍ မြတ်စွာဘုရားကိုဤသို ့သောစကားကိုလျှောက်၏ ။

မြတ်စွာဘုရား အကျွနှု်ပ်သည် မြတ်စွာဘုရား၏ အထံ`၌ ရှင်အဖြစ်ကိုရချင်ပါ၏ ရဟန်းအဖြစ်ကိုရချင်ပါ၏ ဤသို ့လျှောက်၏ ။

ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ

ရဟန်းလာလော့ တရားတော်ကို ကောင်းစွာငါဟောအပ်ပြီ..ဝဋ်ဆင်းရဲ၏အဆုံးကိုပြုခြင်းငှာ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကိုကောင်းစွာကျင့်သုံးလော့ ဤသို ့

မြတ်စွာဘုရားက မိန် ့တော်မူ၏ ။ အရှင်အညာသိကောဏ္ဍညအား ထိုဧဟိဘိက္ခု ပဉ္စင်း အဖြစ်သည်သာလျှင် ရဟန်းခံခြင်း ရဟန်းပြုခြင်းကိစ္စ ပြီးမြောက်လေ၏ ။

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ
ကျနော်ကိုယ်တိုင်ရိုက်ပြီးတင်ထားတာပါ..စာလုံးပေါင်းမှာတာများပါရင်.ခွင့်လွတ်ပေးပါ

2 comments

  • whowho

    January 4, 2012 at 9:41 pm

    ဖတ်ရတာ အားကျဖို့ ကောင်းလိုက်တာ။ ဘုရားရဲ့ တရားဦးကို နာကြားရသလို ပီတိဖြစ်မိပါတယ်။ ခုလိုတင်ပေးလို့လည်း ကျေးဇူးတင်မိပါတယ်။ ဘုရားဟာ အနတ္တလက္ခဏသုတ်ကိုကျ ပဉ္စဝဂီ္ဂငါးဦးလုံး သောတာပန်ဖြစ်ပြီးမှ ဟောတယ်နော်။ အဲဒါဘာလို့လဲသိချင်ပါသေးတယ်။ အနတ္တလက္ခဏသုတ်လာ သဘောတွေကို သောတာပန်ဖြစ်ပြီးမှသာ သဘောပေါက်နိုင်တာမို့လို့များလားလို့ အဖြေထုတ်ကြည့် နေမိလို့။ အကယ်လို့များ အဆင်သင့်ရင် အဲဒါလေးပါ တင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ခုလို တန်ဖိုးရှိတဲ့စာ တွေဖတ်ရလို့ ကျေးဇူးတင်ရှိပါကြောင်း။

  • uzin

    January 5, 2012 at 8:06 am

    သားငယ်ကို ပြောလိုပါတယ်။ သစ္စာလေးပါးမှာ ဒုက္ခသစ္စာလား၊ ဒုက္ခအရိယသစ္စာလား သေချာ ရေးသားလိုပါတယ်။ copy, paste လုပ်ရင်လည်း မူရင်း ပါဠိမြန်မာပြန်ကို သေချာလေ့လာသင့်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝကျော်က ဟောကြားခဲ့သော တရားတော်တွေထဲမှာလည်း ဖြတ်ညှပ်ကပ်တွေလုပ်ပြီး ထပ်တိုး ပါဠိတော်တွေ ဝင်ရောက်နေတယ်လို့ ဆရာတော်တစ်ပါး မိန့်ကြားဖူးပါတယ်။

Leave a Reply