Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

HappyNewYear များနဲ့ သတိထားမိသောတိုက်ဆိုင်မှုများ

evolutionJanuary 11, 20121min3176

၂၀၁၁ ခုနှစ် မှ ၂၀၁၂ သို့ကူးပြောင်းခါနီးနာရီပိုင်းပဲအလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကြားလိုက်ရတဲ့သတင်းက လူသက်မှုတဲ့၊ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ။ သတင်းကြားလိုက်ရတော့ တစ်မြို့လုံးအုတ်အော်သောင်းနင်း၊ ဖြစ်ပွားသွားတာက မြို့လယ်ကောင်မှာ။ ထုတည်ကြီးမားတဲ့ ချစ်တီးလက်ထက်ကတည်းကတိုက်ကြီးထဲမှာနေတဲ့ အိမ်ရှင်အမျိုးသမီးကြီးနဲ့ အိမ်ဖော်မလေးကို သက်သွားတာတဲ့။
တစ်ခါမှ ဒီလောက်ကြီးမားတဲ့ အဖြစ်ကြီး မြို့လယ်ကောင်မှာမဖြစ်ပွားခဲ့ဘူးတော့ တစ်မြို့လုံး လှုပ်လှုပ်ရွရွပေါ့။ ကြောက်တဲ့လူကြောက် လန့်တဲ့သူကလန့် စပ်စုချင်တဲ့သူတွေကလဲစပ်စု အာဏာပိုင်တွေကလဲသူတို့လုပ်စရာရှိတာသူတို့လုပ်ကြတာပေ့ါ။ အဲဒိရက်ပိုင်း စာစောင်တွေမှာတောင် အဲဒိသတင်းပါလာသေးတာပဲ။ အခုချိန်မှာတော့ လူသက်သမားကိုမိပြီဆိုပဲ၊ အနှစ် ၂ဝ လောက်အတူနေခဲ့တဲ့ လူယုံကခေါင်းကိုတူနဲ့ထုသက်တာလို့ပြောကြတာပဲ။ တာဝန်ရှိသူတွေကလဲ နောက်ဆက်တွဲဆက်လက်စစ်ဆေးနေကြတယ်လို့ကြားတယ်။ ဒါကသတင်းတစ်ပုဒ်ပါ။ အဲဒိမှာ သွားသတိထားမိတာက ဆိုဒ်တစ်ခုမှာ ဖက်မိတဲ့ မနှစ်က ၂၀၁ဝ မှ ၂၀၁၁ သို့ကူးတဲ့ နှစ်သစ်ကူးရက်ပိုင်းမှာ မော်လမြိုင်ကျွန်းမြို့မှာပဲဖြစ်ပွားသွားတဲ့ကိစ္စ။
အောက်ကလင့်မှာရေးထားတာ
http://www.shwekyunthar.com/xn/detail/4573644:Topic:49917?xg_source=activity
(လင့်က မန်ဘာဝင်မှဖတ်လို့ရမှာဆိုတော့အောက်ဆုံးကြမှပဲ ကော်ပီတင်ပေးလိုက်တော့မယ် ဖတ်ကြည့်ပေါ့)
အကြောင်းကတော့ ငွေလိမ်ပြေးတာတဲ့၊ အဲဒိလိုပဲ တစ်မြို့လုံးကိုလိမ်ပြေးတော့ နှစ်သစ်ကူးတဲ့ရက်တွေမှာ တစ်မြို့လုံး အုံးအုံးကျွက်ကျွက်ဖြစ်သွား ကြတယ်ပေ့ါ။
အဲဒိတော့ စပ်ဆက်ပြီးစဉ်းစားကြည့်ရတာက အဲဒိရက်တွေမှာ လူတွေအာရုံပြောင်းတာ၊ ညဘက်အသံတွေဆူညံနေတာကိုအခွင့်ကောင်းယူပြီး မကောင်းတာကြံစည်မယ့်သူတွေက လုပ်ကြသလား။
ဒါမှမဟုတ် တိုက်ဆိုင်တာလား။
ဟိုးအရင်နှစ်တွေကကော အဲဒိလိုအဖြစ်မျိုးတွေဖြစ်ဘူးသလားပေါ့။ အချိန်ရလို့ ပြန်လေ့လာကြည့်ရင်တော့ နှစ်စဉ်ဖြစ်လာတာလား Randomlyလား ဆိုတာကို သိနိုင်မယ်ထင်တယ်။
တစ်ခြားမြို့တွေမှာကော အဲလိုအဖြစ်မျိုးတွေဖြစ်ဘူးသလား ကိုယ့်မြို့ကိုယ်ပြန်လေ့လာကြည့်ရင် နောင်နှစ် Happy New Year မှာ သတိထားနေသင့်တာ နေလို့ရမယ်ထင်တယ်။
သေချာတာကတော့ အဲဒိရက်မှာ လူငယ်တွေအရက်ကိုတစ်ရားဝင် ဝိုင်းဖွဲ့ကြတာပါပဲ။
နိုင်ငံခြားအရက်နဲ့ဆိုရင်တော့ ပြည်တွင်းငွေပြည်ပထွက်တာပေါ့နော်။
ဒီကြားတည်း မီးလုံးတွေ မီးတွဲတွေဝယ်လို့ အလှဆင်လိုက်ရင်တော့ သေချာတယ် ဘေးနားကနိုင်ငံကြီးတွေစီကို တို့ပိုက်ပိုက်တွေ အော်တိုဆီးမြော သွားမှာပဲ။
သတိထားမိတာလေးတွေကိုဝေမျှကြည့်တာပါ။
အပေါ်ကလင့်ကို ဖတ်ကြည့်ချင်မယ့်သူတွေအတွက် ကော်ပီကူးပေးထားပါတယ်၊ ဒီအောက်မှာဖတ်ပါ။

ရှိုက်သံများနဲ့ မော်ကျွန်းမြို့ရဲ့ (၃၁.၁၂.၂၀၁၀) ဟက်ပီးနယူးရီးယားအလွန်

Posted by kokkhaing on August 19, 2011 at 12:35pm in Close type
View Discussions

မြန်မာနိုင်ငံရဲ့ မြောက်ဖျားပိုင်းကစတင် စီးဆင်းလာတဲ့ အမိဧရာဝတီမြစ်ကြီးရဲ့ ဦးတည်ရာ အဆုံးသတ်ဖြစ်တဲ့ ပင်လယ်ထဲကိုစီးဝင်ရာ ဧရာဝတီတိုင်းရဲ့အောက်ဘက်ပိုင်းမှာဆိုရင် ဘိုကလေး၊ မော်ကျွန်း (မော်လမြိုင်ကျွန်း)၊ ဖျာပုံ၊ ကျုံမငေး မြို့တို့ဟာ နှစ်ပေါင်းများစွာအစဉ်လိုက်တည်ရှိ နေခဲ့ကြတာဟာ ကျတော်တို့လက်ထက်ထိတိုင်ခဲ့ပါပြီ။

အဲဒိမြို့လေးတွေထည်းကမှ အကျစ်လစ်ဆုံးနဲ့ မြို့ကွက်အလှဆုံးမြို့ကိုပြပါဆိုရင် မော်ကျွန်းမြို့ကိုအားလုံးက ရွေးမှာကိုရောက်ဖူးသူတိုင်းအသိပါ။ ဧရာတီဘောဆိတ်မှ ဂျုံးဂျုံးကျတံတားအထိ (အခုဆိုရင် ကုတင်တစ်ရာဆေးရုံကြီးအထိ) ခန့်ထည်စွာတည်ရှိနေတဲ့ လမ်းမကြီး၊ မြို့အဝမှာလှပစွာတပ်ဆင်ထားတဲ့ မီးတိုင်များ၊ လမ်းလည်ဘလောက်တုံးများနဲ့ နှစ်လမ်းသွားအဖြစ်နေရာယူထားတာကို ကြည့်မိတဲ့သူတိုင်းကျေနပ်မိမှာအမှန်ပါ။

ဘာသာရေးဘက်မှာဆိုရင်လည်း မြို့ကိုနာမည်ကြီးစေတဲ့ တာဝတိ´သာဘုရားကြီးက မြို့လည်မှာသပ်ပယ်စွာ အပူဇော်ခံလျှက်ပါ။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တိုင်းမှာ လာရောက်ဖူးမျှော်သူများနဲ့ စည်ကားချက်ကို ရောက်ဖူးသူတိုင်းအသိပါပဲ။ ခုနောက်ပိုင်းဆို အထင်ကရ ကုတင်(၁၀၀) ဆေးရုံ၊ မြစ်ကူးတံတားကြီးများနဲ့ ကားလမ်းများဟာ မြို့ရဲ့ကျက်သရေကိုထပ်ဖြည့်ပေးလိုက်သလိုပါပဲ။

(ဆက်ပြောမယ်ဆိုရင် ကစားကွင်းစသည်ဖြင့်အများကြီးပါ)

မြို့သူမြို့သားများဟာဆိုရင်လည်း မိမိစီးပွားရေးကို အာရုံစိုက်ပြီးအားကြိုးမန်တက် တစ်ခြားမြို့များနှင့်ဆက်သွယ်လုပ်

ကိုင်လျှက်နေ့များစွာကို ကျေနပ်ပျော်ရွှင်စွာဖြတ်သန်းနေကြတာမှာ တစ်ကယ့်အဆင့်မြင့်လူ့ဘောင်တစ်ခုကိုဖြတ်သန်းနေကြခြင်းပါပဲ။

၃၁.၁၂.၂၀၁ဝ ည။ ။

အဲဒီလိုပျော်ရွင်စရာများနဲ့ဖြတ်သန်းလာခဲ့တဲ့မြို့လေးဟာ ၂၀၁ဝ ခုနှစ်တစ်ခုလုံးကိုလဲကျေနပ်စွာဖြတ်သန်းလာခဲ့ကြပြီး လူငယ်များအားခဲစောင့်ဆိုင်းနေတဲ့ ၂၀၁ဝ ခုနှစ်ရဲ့နောက်ဆုံးရက် ဒီဇင်ဘာ၃၁ရက်နေ့ကိုရောက်ခဲ့တဲ့အခါ နှစ်စဉ်နှစ်တိုင်းလုပ်နေကြအတိုင်းလာမည့်နှစ်သစ်ကိုကြိုဆိုသောအားဖြင့် နှစ်သစ်ကူပွဲကို ပျော်ရွှင်စွာကျင်းပကြပါတယ်။စည်းလုံးတဲ့မြို့သူမြို့သားများပီပီ ဦးစီးသူများ၊ တာဝန်ခံသူများရဲ့အကူအညီများဖြင့် မျက်စိပဿဒ၊ နားပဿဒဖြစ်စရာပျော်ရွှင်စရာတီးဝိုင်းများဖြင့်စည်ကားစွာကျင်းပကြပါတယ်။

ညသန်းခေါင် ၁၂းဝဝ နာရီတည်းတဲ့အခါမှာတော့ လာမည့်နှစ်သစ်အား ပျော်ရွှင်စရာနှစ်သစ် တစ်နှစ်ဖြစ်ပါစေကြောင်း (ဘိုလ်လို) ဆုတောင်းကြသံဟာ တစ်မြို့လုံးညံခဲ့ ရပါတယ်။

၁.၁.၂၀၁၁ နံနက်။ ။

ညကတစ်ညလုံး ပျော်ရွှင်စွာနှစ်သစ်ကြိုဆိုပွဲ၊ ဆုတောင်းပွဲလုပ်ခဲ့ကြသောလူငယ်များ၊ တာဝန်ခံကျင်းပပေးသူမိဘများ ညဉ့်နက်မှ အိပ်ရာဝင်ရလို့ ဖန်တွတ်နေတဲ့မျက်လုံးများကို ပွတ်လို့ မိမိတို့ကြိုဆိုထားခဲ့သောနှစ်သစ်ရဲ့ နံနက်ခင်း

နေခြည်နုကို ကြိုဆိုတဲ့အခါမှာတော့ နွေးထွေးတဲ့နေခြည်နုနဲအတူ ရင်ပူစရာသတင်းဆိုးတစ်ခုက နှစ်သစ်ရဲ့နံနက်ခင်း ကိုအကြည်းတန်စွာဖွင့်လိုက်ပါတော့တယ်။

” ငြိမ်းစံ ပြေးပြီ။

ုငြိမ်းစံပြေးပြီတဲ့။ ဟဲ့ ဈေးထဲက ငြိမ်းစံဆိုင်လား။

ဟုတ်တယ် တစ်မြို့လုံးစုငွလိုက်ကောက်တဲ့ ငြိမ်းစံလေ။

၂၈ ရက်နေ့ကတည်းက ရန်ကုန်ဆေးသွားပြဦးမယ်ဆိုပြီးသွားတာ

အခုပြန်မလာတော့ဘူး ပြေးပြီ။ ဖုန်းလည်းအဆက်မခံတော့ဘူး ပိတ်ထားလိုက်ပြီ။ ”

နှစ်သစ်ရဲ့ နံနက်ခင်း အကြည်းတန်ခဲ့ရပြီ

ငိုတဲ့သူတွေငို၊ စုံစမ်းတဲ့သူတွေစုံစမ်း ယောက်ယက်ခက်ခဲ့ရပြီ။

အကြောင်းက ငြိမ်းစံမိသားစုဆိုတာ နယ်နယ်ရရမှမဟုတ်တာ။ တစ်မြို့လုံး၊ အတူးသဖြင့် တစ်ပင်ရွှေထီးလမ်းတစ်ဝိုက်နဲ့ ဗိုလ်ချုပ်လမ်းတစ်လျှောက်က ဈေးဆိုင်တွေ၊ အိမ်တွေကို တစ်အိမ်တက်တစ်ဆိုင်ဆင်း စုငွေလိုက်လံကောက်ခံပြီး ငွေလှည့်သုံး၊ နှစ်ကုန်ရင်အတိုးနဲ့ပြန်ထုတ်ပေးစသည်ဖြင့်လုပ်ကိုင်လာခဲ့တဲ့မိသားစု။ သုံးနှစ်ကျော်ခဲ့ပြီဆိုတော့ အများစုရဲ့ယုံကြည်မှုကိုရရှိထားသူ။

ဒိုင်ခံလုပ်သူက သမီးဖြစ်သူ မေသွယ်သွယ်မျိုး ( အဖ ဦးမျိုးညွန့်၊ အမိ ဒေါ်မြမြသိန်း၊ ညီမ ဖြူဖြူမျိုး၊ မောင်ဖြစ်သူ ပုသိမ်မှာကျောင်းတက်နေတဲ့ မျိုးမြင့်မြတ် ) နေတာက အမှတ် (၃၃) သဇင်လမ်းသွယ်၊ (၂) ရပ်ကွက် မော်ကျွန်းမြို့။

အခွံပဲရှိတဲ့ သူတို့မိသားစုဆိုရင်ဘယ်သူကမှ ယုံနိုင်မှာမဟုတ်လို့ ဦးလေးဖြစ်သူ ဆန်စက်ပိုင်ရှင်ကို ရှေ့တန်းတင် “ကျမဦးလေးက ဧကရာဇ် ဆန်စက်ပိုင်ရှင် ဦးဇော်နိုင်ထွေး (မောင်ဇော်) ပါ” လို့ကြော်ညာ။ ဦးလေးဖြစ်သူကလည်း “ဟုတ်ပါတယ် ကျတော့အမမိသားစုပါ ကျတော်တာဝန်ယူပါတယ် ” ဆိုပြီး လိုက်ဆက်သွယ်ပေးနဲ့ ရွှေဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ လဘက်ရည်ဆိုင်က စလို့ ပြောင်းဖူးပြုပ်သည်၊ အကြော်သည်၊ မယ်သီလရှင်အထိ နေ့စဉ် ၂၀ဝ ကစလို့ ၁၀,၀၀ဝ ကျပ်အထိပါဝင်စုဆောင်းခဲ့ကြတာပါ။ သိန်းဆယ်နဲ့ချီပြီးငွေလှည့်သုံးနေတဲ့သူတွေလည်း ပါတာပေါ့။

နေ့စဉ် ဖအေဖြစ်သူကတစ်မျိုး၊ ညီမဖြစ်သူနဲ့ကတစ်မျိုး မေသွယ်သွယ်မျိုးကိုမြို့တစ်ပတ်လိုက်ပို့ပြီး စုငွေလိုက်ကောက် နေကြတာပေါ့။

နှစ်ကုန်လို့ ုခြစ်ကုတ်စုဆောင်းထားခဲ့တဲ့ငွေလေးတွေ အတိုးနဲ့အတူပြန်ရတော့မယ်ဆိုပြီး ရည်ရွယ်ထားတဲ့ လုပ်ငန်းလေးတွေအတွက် စိတ်ကူယဉ်ကာ စောင့်ဆိုင်းနေရတဲ့သူတွေအတွက် ရင်ကျိုးတဲ့သတင်းတစ်ရပ်ပါပဲ။

မိသားစုလိုက်မရှိကြတော့ အာမခံထားခဲ့တဲ့ ဦးလေးဖြစ်သူကို ဆက်သွယ်ကြတော့ ကျတော်မသိပါဘူးတဲ့။ ဆက်သွယ် လို့လဲမရသေးပါဘူးတဲ့။ ခေါင်းရှောင်သွားပါတယ်။

အိမ်ဘေးချင်းကပ်နေသူချင်းက သူမသိပါဘူးဆိုတဲ့စကား မယုံနိုင်စရာ၊ မခံနိုင်စရာဖြစ်ပေမယ့် တစ်ကယ်တန်းဥပဒေ အရဆိုရင်လည်း လက်တစ်လုံးခြားလွတ်နေတဲ့အတွက် ဘာမှမတက်နိုင်ခဲ့ကြပါဘူး။

ခန့်မှန်းခြေ တစ်မြို့လုံး သိန်း ငါးရာမှ တစ်ထောင်နီးပါး ပါသွားတယ်လို့ပြောဆိုကြပါတယ်။

အခုဆိုရင် ခုနှစ်လကျော်လို့ ရှစ်လထဲရောက်လာခဲ့ပါပြီ။ မေသွယ်သွယ်မျိုးတို့မိသားစုကတော့ ရန်ကုန်မှာရှောင်ပုန်းနေ ကြတယ်လို့သတင်းကြားပါတယ်။

နေရာအတိအကျသတင်းရလို့ မြို့တဲမှာတစ်ယောက်နဲ့တစ်ယောက်သတင်းပေးရင်း လိုက်မယ်ဆိုရင် ဘယ်ကဘယ်လိုသတင်းပေါက်ကြားသည်မသိ သူတို့က ဦးအောင်ခြေရာဖျောက်သွားကြပါတယ်။

ဦးလေးဖြစ်သူ ဧကရာဇ်ဆန်စက်ပိုင်ရှင် မောင်ဇော် + ဒေါဌေးဌေး ကတော့ မြို့ထည်းခပ်တည်တည်သွားလာနေစဲပါ။

နောက်ပိုင်းသတင်းရတာကတော့ မေသွယ်သွယ်မျိုးရဲ့ ငွေတစ်ချို့ကို မောင်ဇော်ကလည်း သူ့လုပ်ငန်းမှာရင်းနှီးတယ် ဆိုတာပါပဲ။

အခုဆိုရင် မေသွယ်သွယ်မျိုးရဲ့ ညီမ ဖြူဖြူမျိုး ကိုသူ့ဆန်စက်မှာ ခေါ်ထားတယ်လို့လဲသိရပါတယ်။

မေသွယ်သွယ်မျိုးနဲ့ သူမိဘတွေကတော့ ပန်းပန်လှက်ပါဘဲ။

ခံခဲ့ရသူများ ပိုသိမှာပါ။ စာလဲစာနာမိပါတယ်။

အနာဟောင်းကို ပြန်ဆွပေးတာမဟုတ်ပါဘူး။

လက်ရှိအချိန်ထိလဲ အဆင့်မရှိတဲ့မျက်နှာနဲ့ မရှက်မကြောက် မျက်နှာပြောင်တိုက်သွားလာနေသူကလဲရှိဆဲပါ။

အဆင့်ရှိသူများက အဆင့်အတန်းရှိစွာမြိုသိပ်နိုင်ပေမယ့် အဆင့်ရှိရှိမြို့လေးတစ်မြို့မှာ အဆင့်မရှိတဲ့လုပ်ရပ်တစ်ခုဖြစ်ပွားခဲ့ရခြင်း သမိုင်းတစ်ရပ်ကို သင်ခန်းစာယူနိုင်ရန် ပြန်လည်ဖော်ပြရခြင်းသာဖြစ်ပါတယ်။

အောက်မှာ မေသွယ်သွယ်မျိုးရဲ့ပုံကိုပါ တင်ပေးလိုက်ပါတယ်။

ခွေးမြီးကောက်ကို ကျည်တောက်စွပ်လို့ဖြောင့်ရိုးထုံးစံမရှိသလို

အဆင်မသင့်ရင် စွပ်မိတဲ့ကျည်တောက်ပါ လိုက်ပြီးကောက်သွားတက်ပါတယ်။

တွေ့ရင် သတိထားနိုင်အောင်လို့ပါ။


မေသွယ်သွယ်မျိုး ၁၄/မမက (နိုင်) ၁၄၂၃၁၁

မျိုးညွန့် ၁၄/မမက (နိုင်) ဝ၉၈၆၆၇

ဖတ်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။

6 comments

  • ငပေါက်ဖော်

    January 11, 2012 at 12:36 pm

    မှတ်ထားဦးမှ..
    အဲလိုအဖြစ်ကတော့ နေရာတိုင်း ရှိတယ်ထင်တာပဲ..
    သများတို ့တော့ ဝါသနာမပါပေါင်
    ကိုယ့်ပိုက်ဆံ အရည်ဖျော်ပြီး ဗိုက်ထဲ ထည့်ထားလိုက်တယ်..ဘတူ ့မှပေးဘူး..
    လာလိမ်ချင်ရင်..အရည်ဖျော်ထားတာပဲရမယ်..
    စကားမစပ်..
    မှတ်ထားပါတယ်..

  • bluerose

    January 11, 2012 at 12:42 pm

    နှစ်တနှစ်ရဲ့အစကိုအကျည်းတန်မှုတွေနဲ့ဖုံးလွှမ်းလိုက်တာပေါ့နော်
    ဒီလိုအဖြစ်အပျက်မျိုးတွေကနေကင်းဝေးနိုင်ပါစေလို့ဆုတောင်းပါတယ်

  • Phaung Phaung

    January 11, 2012 at 2:18 pm

    အော်..ဒုက်ခ မြို့လေးသေးသေးလေးမှာတောင် ဒီလောက်မျက်နှာပြောင်တိုက်လိမ်တာ… သတိထားမှ

  • windtalker

    January 11, 2012 at 2:29 pm

    အေးဗျာ အခုလို ဓါတ်ပုံနဲ ့နာမည် နဲ ့မှတ်ပုံတင် နဲ ့ဖော်ပြပေးထားတော့
    တွေ ့ရင် သူ က ကိုယ့်အချဉ်မဖမ်းခင်
    ကိုယ် က အရင် ဦးအောင် ဆော်လွှတ်လို ့ရတာပေါ့ ဗျာ ။

  • etone

    January 11, 2012 at 3:59 pm

    ငါးစာပဲမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ လူမျိုးတွေ များတာကြောင့် လိမ်လည်သူတို့ လုပ်ကွက်ရသွားတာပါ … ။ ရက်တွေ ခုနှစ်တွေနဲ့ မဆိုင်ဘူးလို့ ထင်ပါကြောင်း …

  • KoNyeinChan

    January 11, 2012 at 8:20 pm

    အင်း… စဉ်းစားစရာဘဲ.. အဲ့ဒီဖြစ်စဉ်သာအမှန်ဆိုရင်တော့ အလိမ်ခံရတဲ့သူတွေ သနားစရာ…
    အကယ်၍ မဟုတ်ခဲ့ပြန်ရင်လည်း ဓါတ်ပုံရှင် အတွက် အရမ်းထိခိုက်မှာဘဲ..

Leave a Reply