Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်သား ဂျင်းကြော်

Ma MaJanuary 22, 20121min59626

အခုလို ချမ်းအေးတဲ့ ဆောင်းရာသီမှာ ကိုယ်တွင်းဓာတ်ခံအားကောင်းစေတဲ့ ဂျင်းများများနဲ့ ကြက်သားကြော်ဟင်းလေး တင်ဆက်ပေးလိုက်တယ်နော်။
ကြက်သား ဂျင်းကြော်ဟာ ချက်ရတာလွယ်ကူပြီး စားလို့လည်း ကောင်းတဲ့အပြင် အေးတဲ့ရာသီဥတုနဲ့လည်း ကိုက်ညီပါတယ်။
ပထမဦးဆုံး ကြက်သားကို ရေဆေးခုတ်ထစ်ပြီး ဆား၊ ဆနွင်းနယ်ထားပါ။
ဂျင်းကို အချောင်းလေးတွေ လှီးထားပါ။
ဒယ်အိုးထဲကို ဆီထည့်တည်ပြီး ပူလာရင် လှီးထားတဲ့ ဂျင်းကိုထည့်ကြော်ပါ။
ဂျင်းကြွပ်ရင် ဆယ်ထားပြီး အဲဒီဆီပူအိုးထဲကို ကြက်သားထည့်ကြော်ပါ။
ကြက်သားကျက်လို့ အိုးချခါနီးရင် ကြော်ထားတဲ့ ဂျင်းကိုထည့်မွှေပါ။
ကြွပ်တာကြိုက်ရင်တော့ ဟင်းပန်ကန်ပြင်တော့မှ ဂျင်းကို အပေါ်ကဖြူးထည့်ပါ။


ကိုယ်တွင်းအပူဓာတ်အားကောင်းစေလို့ ဆောင်းတွင်းနဲ့ လိုက်ဖက်ပါတယ်။
အဲဒီဟင်းကို မီးနေသည်တွေကိုလည်း ချက်ကျွေးလေ့ရှိပါတယ်။

Three in One ဟင်းချက်နည်းကို ဖြန့်ဖြူးရမယ်ဆိုရင်ဖြင့်-
တစ်ယောက်တည်း သမားတွေအတွက် တခါတည်း များများချက်ထားပြီး နောက်တနေ့မှာ ပိုနေတဲ့ကြက်ဂျင်းကြော်ကို ရေနွေးဆူဆူထဲထည့်တည်ပြီး မြူစွမ်များများလေး ခပ်လိုက်ရင်
ခေါက်ဆွဲပြုတ်လို ထမင်းအစား စားနိုင်ပါတယ်။
ကြိုက်တတ်ရင် တရုတ်နံနံခပ်ပြီးစားလို့လည်း ရပါတယ်။
ထမင်းဟင်းနဲ့ စားချင်ရင်တော့ အဲဒီပြုတ်ထားတဲ့အရည်ထဲကို မြူစွမ်နည်းနည်းပဲခပ်ပြီး ဟင်းရည်လို အရည်သောက်လည်း လုပ်စားနိုင်ပါတယ်။
မြူစွမ်အစား ခေါက်ဆွဲ၊ ကြာဇံတွေနဲ့လည်း ချက်စားနိုင်ပါတယ်။

26 comments

  • စိန်ပေါက်ပေါက်

    January 22, 2012 at 2:10 pm

    ဆီတွေ နဲနဲအိနေတယ်ဗျာ
    ဆီစစ်ပြီးမှစား.. 😆

    ကန်တော့ပါရဲ့
    ဘီဘီနဲ ့ဆို 😕 ညှင်း.ညှင်း..

    • MaMa

      January 22, 2012 at 2:44 pm

      ကန်တော့ပါသေးရဲ့ ဆိုပြီးတော့နော် ဟင်းးးးးးးးးး
      ဘီဘီနဲ့ဆိုလည်း ကောင်းမှာပါ။
      မြည်းတော့ မမြည်းဖူးဘူး ဗိုလ်ပေါက်ရေ။ 😆

  • blackchaw

    January 22, 2012 at 2:18 pm

    စားလို့တော့ ကောင်းပါတယ်။
    စာမေးပွဲ အမှတ်စာရင်းကြီးက ဘာတုန်းဗျ။

    • MaMa

      January 22, 2012 at 2:40 pm

      အဲဒီ စာမေးပွဲအမှတ်စာရင်းဆိုတဲ့ tag ကြီးက အော်တိုမက်တစ် ပါသွားလို့ ဖိုရမ်မှာတောင် သဂျီးကို ရေးပေးထားသေးတယ်။ ဘယ်လိုဖြစ်တာလဲ မသိဘူး။ 🙁

  • ဆူး

    January 22, 2012 at 2:26 pm

    ဆူး ကတော့ ကြက်ကြော်ဆို ကြိုက်တယ်.. ဂျင်းနံ မွေးနေတော့လည်း တမျိုးကောင်းမယ် ထင်တယ်။
    ဂျင်းဖတ်တော့ မကြိုက်ဘူး။
    ကြက်ကြော် ကြွတ်ကြွတ် ဆို ပိုတောင် ကြိုက်သေးတယ်။
    ကြက်ကြော်လေးနဲ့ မြူရွက်သုတ်ကလေးနဲ့ ရေနွေးကြမ်းလေး တခွက်ဘေးချပြီး ဒီနေ့ အဖို့ တော်တော် ပြည့်စုံသွားပြီ။
    ဒုတ်ထောက်ပြီး ခုန်ပေါက်ပြီး ကြွခဲ့မှနဲ့ တူတယ်။

    • MaMa

      January 22, 2012 at 2:49 pm

      ဂျင်းကိုကြွပ်အောင်ကြော်ထားလို့ စပ်တဲ့အရသာ မပေါ်ဘဲ အနံ့မွှေးပြီး ကြွပ်ကြွပ်လေးနဲ့ စားကောင်းတယ် ဆူးရဲ့။

  • Thel Nu Aye

    January 22, 2012 at 4:18 pm

    သူများကမီးနေသည်တော့ဟုတ်ဘူး။ ဒါပေသိ ကြက်သား ဂျင်းကြော် နဲ့ မြူရွက်သုတ်တော့အားပေးလိုက်အုံးမယ်။ ကြိုက်လို့။

    • MaMa

      January 22, 2012 at 9:55 pm

      မီးနေသည်တွေကိုတောင် ကိုယ်တွင်းအပူဓာတ်အားကောင်းအောင် ကျွေးတာကို ပြောတာပါ သဲနုအေးရယ်။ ဆောင်းတွင်းနဲ့လည်း လိုက်ဖက်လို့ ဘယ်သူမဆို စားလို့ ရပါတယ်။ အားပေးတာ ကျေးဇူးနော်။

  • padonmar

    January 22, 2012 at 5:25 pm

    နှစ်ကူးကြွေးတယ်လို့ သဘောထားပြီး စားရမယ်လား 😀

    • ဆူး

      January 22, 2012 at 5:43 pm

      အန်တီ ပြောမှ သတိရတယ်..
      အန်တီ တို့ ကုန်းရှိဟားချိုင်.. ( နာလိုင် ဟုန်ပေါင်း)
      ဟိဟိ.. 😀 :p

    • MaMa

      January 22, 2012 at 6:44 pm

      အွန်လိုင်းကနေ ကျွေးလိုက်ပြီနော်။ အဝသာ စားပေတော့ 😛
      ကျွေးကားကျွေး၏ မဝ လို့တော့ မပြောနဲ့နော်။

      • windtalker

        January 22, 2012 at 7:17 pm

        ပေါ်လာဘာဘီ
        ကျိနားလောပန်ညန်း နဲ ့ကျိနားလောပန်ကျဲ တို ့
        နှစ်ယောက်ဘောင်းဘီ ၊ အန်ဘောင်းဒွေ
        မန်းဒလေး ကို ပို ့စေဗျား

        • MaMa

          January 22, 2012 at 9:46 pm

          မောင်ပေရေ-အညန်းဆိုတာတော့ သိသွားပြီ အခုရေးထာတွေ ထပ်ရှင်းဦး 🙁

        • windtalker

          January 22, 2012 at 9:58 pm

          အန်တီမမ အညန်ကတော့
          လေးဖြူ ရဲ ့“ ရူးချင်ယောင်ဆောင်မနေနဲ ့” ဆိုတဲ့
          သီချင်းကို နားမထောင်ဖူးဘူးလား မသိဘူး
          ပို ့ပေးရမလားဟင်

        • ဆူး

          January 23, 2012 at 8:58 am

          မောင်ပေ မောင်ပေ.. ဝေးတယ် ဝေးတယ်.. ဆူး နဲ့ က အရမ်းနီးတယ်။
          မယုံရင် မေးကြည့်.. ဇော်ဂျီ ဒုတ်တထောက်စာပဲ.. အခုချက်ချင်း ရောက်သွားမယ်။
          ဆူး ပဲ လက်ဦးမှု ရယူလိုက်တော့မယ်။ အဟမ်…

      • Moe Z

        January 24, 2012 at 12:33 pm

        မမရေ ဒါဆိုရင်တော့ အမျိုးတော်လို့ရပြီ (၇ရကြီးမမြင်ပါစေနဲ့)
        အန်ပေါင်းတောင်းတဲ့သူတွေကို မိုးစက်ကတော့ ပေးတဲ့တရုတ်မဟုတ်ဘူး
        ယူတဲ့တရုတ်လို့ပြန်ပြောတယ် သူတို့ပေးတဲ့ လက်ဆောင်တွေတော့အကုန်ယူတယ် 😀 😀

  • pooch

    January 22, 2012 at 5:31 pm

    မမရေ အမေတော့ ကြိုက်မယ်ထင်တယ် နည်းပေးလိုက်မယ် ပြီးမှ အမေ ချက်မှ အသင့် နှိုက်စားမယ် 😛

    • MaMa

      January 22, 2012 at 6:36 pm

      pooch ရေ- ဒါမှ အမေနဲ့ သမီး ပီသတော့မှာပေ့ါ။ 😉

  • မမရေ………………… စိတ်ဆိုးတယ်။
    ရန်ကုန်ရောက်လာတုန်းက ကျနော်နဲ့ မဒမ်ပေါက်ကို ဒီဟင်းချက်နည်းတွေလုပ်ပြီးဖိတ်ကျွေး
    ပြီးရင်
    “မန်းလေးပြန်ရောက် ရင်ကိုပေါက် ကို ချက်ကျွေးနော်”လို့ပြောပြီး မဒမ်ပေါက်ကို သင်ပေးလိုက်ရမှာ။
    အခုတော့ ဖတ်မိသူကျနော့်မှာသွားရည်တမျှားမျှားကျရုံက လွဲ၍………………………………………….

  • Khin Latt

    January 23, 2012 at 5:23 am

    ဒါကို တော့ လုပ်စားလို့ ရတယ်။
    ကြက်လဲရှိ ဂျင်းလဲရှိ။ ဆီတော့ လျှော့ထည့်ပြီး ကြော်မယ်။
    သင်းခရု။ 🙂

  • ဖားသက်ပြင်း

    January 23, 2012 at 8:21 am

    မာမားရေ

    ဂီဂီ
    တယောက်ထဲသမား မီဟုတ်လော့ဘာ….
    (သူများအိမ်မှာ ထမင်းကပ်စားနေလို့ …):P

    နောက်တပါတ် ပိတ်ရက်မှာ စမ်းချက်ကြည့်မှာ ဖြစ်ပါကြောင်း…
    ကျေးကျေး ဖော်ယွာ ဖရိုက် ဂျင်ဂျာချစ်ကင်း…

    😀

    ခင်တဲ့
    ဖားသက်ပြင်း…

  • weiwei

    January 23, 2012 at 8:57 am

    တရုတ်တွေကတော့ ဂျင်းနုနုအကြီးကြီးတွေကို ဂျစ်နဲ့ခြစ်ပြီး မျှစ်ကြော် ကြော်သလိုမျိုး ကြက်သားအတုံးသေးလေးတွေနဲ့ ကြော်လေ့ရှိပါတယ် …. ရုတ်တရက်ကြည့်လိုက်ရင် မျှစ်ကြော်နဲ့တူတယ် … အကြွပ်ကြော်တာမဟုတ်လို့ ဆီလဲသိပ်မလိုဘူး …. အာနိသင်လဲ မပျက်ဘူးပေါ့ …

    • ဆူး

      January 24, 2012 at 11:00 am

      အဲလို ချက်ထားတဲ့ ကြက်ဂျင်းချက်ကို မသိပဲ ဘန်ကောက်မှာ ဝယ်စားမိတာ.. မြှစ်ထင်လို့ စားမိတာ ပူထူ နေတာပဲ.. ကြောက်ပါပြီ လန့်ပါပြီ.. ဖြစ်သွားတယ်။

  • ဦးဦးပါလေရာ

    January 24, 2012 at 12:25 am

    ဒီနေ့ အအေးမိနေတာ
    ဒီပိုစ့်နဲ့ အတော်ပဲ မမ ရေ-
    မနက်ဖန်မှ တယောက်ယောက်ကို ကြော်ပေးဘို့ ပြောရမယ်။
    မီးနေသည်အတွက်ကောင်းတယ်ဆိုရင်
    တုတ်ကွေး အတွက်လဲကောင်းမယ့်သဘောပဲ…

  • etone

    January 24, 2012 at 10:19 am

    အန်တီမမရေ့ … ကြက်သားကြော်ကို ဂျင်းနဲ့ တခါမှ မစားဖူးဘူး … အရသာက ကြွတ်ကြွတ်ရွရွနဲ့ စပ်ဖျင်းဖျင်းလေးရှိမယ် ထင်တယ် … ရှလွတ် .. ရှလွတ် … 🙂

  • နွယ်ပင်

    January 24, 2012 at 11:07 am

    ကြက်သားကြော်ဆို နွယ်ပင်တို့က အသေအလဲကြိုက်ပဲ
    အန်တီမမ ပြောထားသလို ဂျင်းနဲ့ကြော်ထားတာတော့ မစားဖူးဘူး
    အရသာလေး မြည်းစမ်းချင်လို့ နောက်တစ်ခါ ချက်စားဖြစ်ရင် ခေါ်လိုက်နော် …. 😀

Leave a Reply