Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးခင်ညွန့် အလုပ်ရပြီ

NoMoreJanuary 26, 20121min44412
Posted by Myanmar News Stream on 7:26 PM

ရ နှစ်ကြာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဦးခင်ညွန့် အလုပ်ရပါပြီ။ သူ့ကို အလုပ်ပေးမယ့်သူက ဇေကမ္ဘာဒေါက်တာဦးခင်ရွှေဖြစ်တယ်၊ ရမယ့် ရာထူးက မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယကဖြစ်တယ် လို့ RFA အသံလွှင့်ဌာန ဝက်ဆိုက်မှာ ဒီကနေ့ ရေးထားပါတယ်။
ဦးခင်ညွန့် လွတ်မြောက်တဲ့နေ့တုန်းက သူ့ဆီ အရင်ဦးဆုံး သွားရောက် တွေ့ဆုံ စကားပြောဆိုတဲ့သူတွေထဲမှာ ဒေါက်တာဦးခင်ရွှေလည်း ရှေ့ဆုံးက ပါဝင်သူပါ။ အဲဒီကတည်းက ဖောင်ဒေးရှင်းမှာ ဝင်လုပ်ပေးဖို့ ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်း ဘာလဲ?

မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလယ်မှာ စတင် ပေါ်ပေါက်လာတာပါ။ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ရန်ကုန်ထုတ်ဂျာနယ်အတော်များများမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၁ နိုဝင်ဘာမှာ ဦးခင်ရွှေရဲ့ ချွေးမ သရုပ်ဆောင် နန္ဒာလှိုင်ကလည်း True News ဂျာနယ်ကို ဒီလို ပြောပါတယ်။

“မြရိပ်ညို ဖောင်ဒေးရှင်းကို အစ်မရဲ့ ယောက္ခမ ဖြစ်တဲ့ ဦးခင်ရွှေက သိန်းတစ်သောင်း မတည်ပြီး စတင် တည်ထောင် ပေးခဲ့တယ်။ အဲဒီ ဖောင်ဒေးရှင်း ထူထောင်ပြီး နောက်ပိုင်း ပခုက္ကူ မြို့မှာ ရေကြီးမှု ဖြစ်ပွား ခဲ့တယ်။ ရေကြီးမှု ဖြစ်ပွား ခဲ့တဲ့ ပခုက္ကူ မြို့အပြင် ပခုက္ကူ မြို့က ရွာတချို့ကို လိုအပ် တာတွေ လှူဒါန်းမှု ပြုလုပ် ခဲ့တယ်”

၂၀၁၁ နိုဝင်ဘာလမှာ ဦးခင်ရွှေရဲ့သား ဦးဇေသီဟက ပေါ်ပြူလာသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မိဘမဲ့ ကလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေကို ကုမ္ပဏီက ဟိုတယ်၊ စားသောက်ဆိုင်တို့၊ ဘုရား၊ တိရစ္ဆာန်ရုံ၊ ဂေါက်ကွင်း၊ ရုပ်ရှင်ရုံ စတဲ့ နေရာတွေမှာ တစ်နေကုန် သူတို့ ပျော်အောင်ထားပြီး ပြန်ပို့ပေးမယ့် အစီအစဉ်မျိုး လုပ်မှာပါ” လို့

ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အကူအညီတွေပေးမယ့် အဖွဲ့ပါ။

ဦးခင်ညွန့်က လူတွေကို ဖမ်းပြီးနှိပ်စက်တဲ့နေရာမှာ စပယ်ရှယ်လစ်ဖြစ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ အကြီးအကဲဟောင်း ဆိုတော့ အင်း … ဒီဖောင်ဒေးရှင်းကိုသာ အမှန်တကယ် ဦးဆောင်ဖြစ်ခဲ့ရင် ဘာတွေ ဖြစ်လာမယ် မသိတော့ပါဘူးလေ။

ဧရာဝတီ

http://www.mmnewschannel.co.cc

မှကူးယူဖော်ပြသည်

12 comments

  • htoosan

    January 26, 2012 at 4:06 pm

    ဦးခင်ရွှေက သိန်းတစ်သောင်း မတည်ပြီး…..(ဒါတော့မယုံကြည်ပါ)လေနဲ့ ဘဲ မတည်တတ်လွန်းလို့။ သိန်းတစ်သောင်းသာ ချက်ခြင်းထုတ်ပေးနိုင်ရင် ပြည်လမ်းက ကွန်ဒိုကြီးလည်း ပြီးတာ ကြာလှပေါ့။

    “မိဘမဲ့ ကလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေကို ကုမ္ပဏီက ဟိုတယ်၊ စားသောက်ဆိုင်တို့၊ ဘုရား၊ တိရစ္ဆာန်ရုံ၊ ဂေါက်ကွင်း၊ ရုပ်ရှင်ရုံ စတဲ့ နေရာတွေမှာ တစ်နေကုန် သူတို့ ပျော်အောင်ထားပြီး ပြန်ပို့ပေးမယ့် အစီအစဉ်မျိုး လုပ်မှာပါ”
    ( ဒါတော့ဖြစ်နိုင်ပါတယ်၊ ဒါတောင် အကြို အပို့လောက်ဘဲ ယုံချင်တယ်၊ကျန်တာတော့ ကိုယ့်စားရိတ်ကိုယ်များဖြစ်လေမလား ။ ) 😀

    • naywoonni

      January 26, 2012 at 5:37 pm

      မင်းတို့ဟာလေ………ပြောလေကဲလေ မန်းလေပြဲလေ ဆိုတာမျိုးပဲ…။ သူ့အရှိန်နဲ့သူလွှတ်ပေးထားလိုက်စမ်းပါ…။ အရှိန်ကုန်ရင်ရပ်သွားလိမ့်မယ်……..။

  • ဦးဦးပါလေရာ

    January 27, 2012 at 12:24 am

    နာယက ရာထူးက လစာ ဒေါ်လာငါးထောင်ဆိုတော့ …
    အခြားရာထူးတွေကရော ဒေါ်လာဘယ်နှစ်ထောင်ပေးလဲမသိဘူးနော်….။
    လုပ်ပြစရာရှားလို့ …….။

  • sadabawa

    January 27, 2012 at 2:27 am

    ခင်ရွှေ …. လူလည်ပါ … အလကား US$5000 ခင်ညွန့် ကိုပေးပါ့မလား … မသိတဲ့သူတွေ ပဲလိမ်လို့ရမယ်… ဒီလို ရာဇဝင်ရှိပါတယ် …. ခင်ညွန့် ကောင်းစားစဉ် က မြရိပ်ညိုကို ၂ဦး အကျိုးတူလုပ်စား ဖို့ ဆိုပြီးပေးခဲ့တာပါ။ ခင်ရွှေ က ခင်ညွန့် ကို ရှယ်ယာ(အကျိုးအမြတ်) ပေးတဲ့ သဘောပါ၊အရင်က တိတ်တိတ် ပေးတာပါ၊ အခု လူသိရှင်ကြားပေးတာပါ၊ ခင်ညွန့် ဂျာနယ် အင်တာဗျူးမှာ ဘာပြောပြော မယုံကြပါနဲ့၊ ခင်ညွန် ဘာပြောလဲ ဆိုတော့ (ဘယ် စီးပွားရေး)မှာ မှ ရှယ်ယာ မပါဘူးပြောခဲ့ပါတယ်၊ ဘယ်စီးပွားရေး သမားတွေနဲ့မှ စီးပွားရေး မလုပ်ခဲ့ဘူးပြောခဲ့ပါတယ်၊ ခင်ညွန့် ဗြောင်လိမ် တာပါ၊ သူမလုပ်ခဲ့ ရင် လတ်စားမှု နဲ့ ထောင်ကြမလား၊ ခင်ညွန့် ဗြောင်လိမ် …. ခင်ညွန့် ဗြောင်လိမ် …. ခင်ညွန့် ဗြောင်လိမ်

  • sadabawa

    January 27, 2012 at 2:31 am

    ခင်ရွှေ ပိုက်ဆံမှ မရှိတာ၊ ဒါကြောင့် သူ့သားကို အနုပညာ သည်ကြီး နဲ့ပေးစားပြီး အပိုင်ကိုင်လိုက်တာပါ၊ သူ့သား မယူရင် ခင်ရွှေ ယူ မှာပါ၊ အဲဒီနောက်ပိုင်း စီးပွားရေး မှာ နဲနဲ ရင်းနှီးမြှုပ်နှံလာတာ တွေ့ရပါတယ်၊ လူလည် ခင်ရွှေ …လူလည် ခင်ရွှေ … လူလည် ခင်ရွှေ …

  • kokothandar

    January 27, 2012 at 9:47 am

    စက်မှုအထက်တန်းသာအောင်ပြီး စစ်တပ်မှာ တပ်ကြပ်ကြီးခင်ရွှေအဆင့် ဘဝကနေ ခင်ညွှန့် .မ.တင်
    ပေးလို့ ခေတ်ပျက်သူဌေးဖြစ်ခဲ့တာဆိုတော့ ကြားကောင်းအောင်ပြောတာပေါ့ ခင်ညွှန်ကလဲခုထိ ဟန်ဆောင်
    ကောင်းတုံးဘဲ သူတပည့်တွေ ငွေ သိန်းပေါင်းသောင်းချီ ချမ်းသာတာ ပြည်သူကသိ ပြီးသားဖြစ်မှန်းသိပါရဲ့နဲ့
    မသိချင်ယောင် ဆောင်တယ် နိူင်ငံရေးသမားတွေကို အလုံးအရင်းလိုက် ဘဝတွေပျက်အောင် လုပ်ခဲ့ပြီး
    သူကိုပြန် ပြ ဿနာ ရှာခံရမှာစိုးလို့ လူသနားအောင် အသံလွှင့်နေတဲ့ လူယုတ်မာကြီး
    ခေတ်ပျက်သူဌေး ခင်ရွှေနဲ့ ခင်ညွှန့်တို့ဟာ အော့နှစ်လုံးနာချင်စရာကောင်းတဲ့လူတွေပါ
    ခင်ရွှေဟာ ဇေ ဆိုတဲ့ ဘန်းစကားကို ယူပြီး coထောင်တာဘဲကြည့် ဇေ ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး
    အပေါစားမှန်းမသိတဲ့လူမိုက်ဘဲ

  • ahnyartamar

    January 27, 2012 at 2:51 pm

    Watch out.
    Wait & see, the foundation will be closed due to big corruption lead by Bo Khin Nyunt.

  • Thel Nu Aye

    January 27, 2012 at 5:15 pm

    ဦးခင်ရွှေကလူလိမ်ကြီးလေ။ လိမ်ထားတဲ့ပိုက်ဆံတွေနဲ့ဖောင်ဒေးရှင်းထောင်ထားတာ။ ခိုင်သင်းကြည်နဲ့မေသန်းနုဆီက သိန်း ၁၀ဝ ဆီလိမ်သွားတဲ့သူဆိုတာ ဦးခင်ရွှေတဲ့။

  • ဒါလေးကတော့
    သစ်လွင်ထူး ဆိုဒ်မှာတွေ့လို့ နည်းနည်းမျှဝေပေးတာပါဗျ … သိပြီးသားဆိုရင်လည်း အောင်လ သီချင်းလေးနဲ့ပေါ့ 😛

    ဦးခင်ရွှေကြီး ဆရာမွေးခြင်း၏နောက်ကွယ်

    မြန်မာ့နိုင်ငံရေးတွင် ဆရာမွေး တပည့်မွေးသည့် အလေ့အကျင့်မှာ အစဉ်အလာဟုပင် ဆိုရလောက်ပါသည်။ ယခုလည်း ထိုအစဉ်အလာကို လိုက်၍ ဇေကမာ္ဘဦးခင်ရွှေက ၎င်းတည်ထောင်ထားသော ဖောင်ဒေးရှင်း၏ နာယကရာထူးအတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တစ်လလျှင် ဒေါ်လာငါးထောင်ဖြင့် အလုပ်ပေးကမ်းလှမ်းလိုက်သည်။ ပြည်ထောင်စုဝန်ကြီးတစ်ဦးထက်များပြီး ဒုတိယသမ္မတများနှင့် တန်းတူ ဖြစ်ကာ နိုင်ငံတော်သမ္မတ အောက် အနည်းငယ်သာလျော့သည့် လစာမျိုးပင်ဖြစ်သည်။ ဦးခင်ရွှေအနေဖြင့် တရံရောအခါက မြန်မာ့နိုင်ငံရေးတွင် ဘုန်းမီးနေလ တောက်ပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းကို လစာအမြောက်အများပေးထားပြီး မည်သည့်နေရာတွင် အသုံးချမည်နည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးခင်ရွှေအနေဖြင့် နိုင်ငံရေးတွင် ပိုမိုလှုပ်ရှားနိုင်ရန်အတွက် ဝန်ကြီးချုပ်ဟောင်းကို အိမ်ဦးခန်းပင့်၍ နိုင်ငံရေး ကျူရှင်ယူခြင်းလော၊ သို့တည်းမဟုတ် ယခင်က ဦးခင်ညွန့် တရားမဝင်ထူထောင်ခဲ့သည့် လုပ်ငန်းများနှင့် ငွေကြေးများ ဦးခင်ရွှေထံတွင် ရှိနေ၍လော စသည်ဖြင့် အကြောင်းအရာများကို စဉ်းစားကြည့်လျှင်
    နိုင်ငံရေးမှာ ဦးခင်ရွှေက ချာတိတ်ပါ
    တစ်ချိန်က ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသော ထောက်လှမ်းရေးအကြီးအကဲကို အိမ်ဦးခန်းတွင်ထား၊ ၎င်းကို သစ္စာခံသော ထောက်လှမ်းရေးဟောင်းတွေကို တဖြည်းဖြည်း ပြန်လည်စုစည်း၍ ဦးခင်ရွှေ၏ မြရိပ်ညိုဖောင်ဒေးရှင်းကြီးကို ဂိုဏ်းကြီးတစ်ဂိုဏ်းအသွင် ဖန်တီးကာ အခါတော်ပေးသည့် တစ်နေ့ အာဏာသိမ်းမည်ဟူသည့် အကြံအစည်ကြီးမျိုးကို အတွေးတိမ်သည့် ဦးခင်ရွှေ ကြံစည်နိုင်လိမ့်မည်မဟုတ်ပေ။ ဦးခင်ညွန့် ပြန်လည်ကောင်းစားသည့်တစ်နေ့ ဦးခင်ရွှေလည်း ဒုတိယဦးတေဇ၊ ဒုတိယဦးထွန်းမြင့်နိုင်ဖြစ်ပြီဟု အိပ်မက်မက်မှုမျိုး ဦးခင်ရွှေထံတွင် မရှိနိုင်ပေ။ ထိုအတွေးမျိုးရှိလျှင် ၎င်းနှင့် ခမည်းခမက်တော်သူ သူရဦးရွှေမန်းကို အသုံးချရန် ကြိုးစားမည်ဖြစ်သည်။ သို့ရာတွင် သူရဦးရွှေမန်းမှာ လူမှန်ဖြစ်နေ သောကြောင့် အသုံးချရန် မလွယ်ကူသည့် အချက်ကြောင့် ဦးခင်ညွန့်ကို ပြန်လည်စင်တင်ရန် ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် နိုင်ငံရေးတွင် ချာတိတ်တစ်ဦးသာဖြစ်သူ ဦးခင်ရွှေမှာ ထိုမျှလောက် နိုင်ငံရေးအမြင် ရှိပုံလည်း မပေါ်ပေ။ ၂၀၁ဝ ရွေးကောက်ပွဲတွင် ခမည်းခမက် မျက်နှာကြောင့်ရော၊ ဓနအင်အားကြောင့်သာ နိုင်ငံရေးထဲ အုတ်ရောရော ကျောက်ရောရောပါလာသူ ဦးခင်ရွှေမှာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် အခွင့်အရေး တစုံတရာ ရမည်ဆိုသည့် အတွေးထက် ပိုခဲ့ပုံမရ။ ထိုအကြံအစည်ဖြင့်ပင် လယ်သမားတွေထံမှ လယ်တွေကို ခပ်တည်တည် သိမ်းဖို့ လုပ်ရင်း၊ နိုင်ငံပိုင် ပစ္စည်းတွေကို လက်ဝါးကြီး အုပ်ဖို့ကြံရင်း တစ်နေ့တစ်ခြား အပုပ်နံ့တွေ ထွက်လာသည်။ သူရဦးရွှေမန်းကလည်း ကယ်မည့်ပုံ မပုံ၊ သမ္မတကလည်း ပြည်သူကို အနိုင်ပေးသည့်အနေဖြင့် ဝန်ကြီးများရုံးကို ဦးခင်ရွှေလက်ထဲ မထည့်ခဲ့။ ၎င်းပိုင်ဆိုင်ထားသည့် ဓနအင်အားမှာလည်း ကော်မတီတစ်ခုနှစ်ခုလောက်ကို ဝယ်နိုင်ရုံမျှထက် မပိုပေ။ ထို့ကြောင့် နိုင်ငံရေးပါးမဝသူ ဦးခင်ရွှေနှင့် လက်ရှိအစိုးရက မျက်စေ့ဒေါက်ထောက် ကြည့်နေမည်ဖြစ်သည့် အစွယ်ကျိုးပြီး အဆိပ်မရှိတော့သော ဝန်ကြီးချုပ်ဟောင်းတို့၏ အကြောင်းဆက် ပေါင်းဖက်မှုမှာ မြန်မာ့နိုင်ငံရေးအတွက် စိုးရိမ်ဖွယ်ရာ မရှိပါဟု ဆိုနိုင်သည်။ အကယ်၍များ မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော်ဟူသည့် ကိစ္စရပ်မျိုးသာရှိခဲ့ပါမူ မြန်မာ့နိုင်ငံရေးတွင် ဒေဝဒတ်နှင့် အဇာတသတ် ပေါင်းမိကြ၍ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဟူ၍ ကံကိုပင် ယိုးမယ်ဖွဲ့ရတော့မည်ဖြစ်သည်။
    စီးပွားရေးတွင်လည်း အလယ်တန်းဆင့်မအောင်
    ဇေကမာ္ဘသူဌေးကြီးဆိုသည့် ဂုဏ်ပုဒ်မှာ လူကြားသူကြားထဲ အာကျယ်ကောင်းရုံ တောသူဌေးအဆင့်မျိုးထက် မပိုပေ။ ဦးခင်ရွှေမှာ စိန်နားကပ်ရောင်ဖြင့် ပါးပြောင်ခဲ့သော်လည်း သူ၏စီးပွားရေးအပေါ် ပါးနပ်မှုမျိုးမှာ ယုနဇဦးဌေးမြင့် တစ်ဝက်မျှပင်မရှိ၊ ဒုသမ္မတ အားကိုးသော ဦးထွန်းမြင့်နိုင်နှင့်ဆိုလျှင် ဟဲဗီး ဝိတ်နှင့် ဖလိုက်ဝိတ်၊ ဦးတေဇနှင့် ဆိုပါကလည်း ဆင်နှင့်ဆိတ်နီးပါး ကွာသည်။ ဦးခင်ရွှေမှာ သူရဦးရွှေမန်း ဗိုလ်ချုပ်ကြီး ဘဝက ဆွေမျိုးစပ်နိုင်ခဲ့၍သာ ယနေ့အခြေအနေမျိုး ရှိလာခဲ့ခြင်းဖြစ်သည်။ အထက်က စီးပွားရေးသမားများနှင့် အရည်အချင်း ကွာသည့်အချက်ကို ထင်သာမြင်သာအောင် ပြရလျှင် ဦးထွန်းမြင့်နိုင်မှာ ဂလိုဘယ်စီးပွားရေးနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မှုမျိုး ရှိသည်။ ၎င်း၏ ကုမ္ပဏီခွဲတွေမှာ ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်ပြည်တွင် ရှိနေသည်။ အထူးသဖြင့် တရုတ်အစိုးရ၏ နောက်ကွယ်မှ ထောက်ပံ့မှုကို ရနေသည်ဖြစ်ရာ ဦးခင်ရွှေကဲ့သို့ ဇနပုဒ်တွင် သူဌေးဘွဲ့ခံနေသည့် သူမျိုးကို ပြိုင်ဘက်ဟုပင် သဘောထားပုံမရပေ။ ထို့ကြောင့် ဦးခင်ရွှေအနေဖြင့် ထိုကဲ့သို့ စီးပွားရေးသမားများနှင့် တန်းချင်းယှဉ်နိုင်ရန် ဝန်ကြီးချုပ်ဟောင်း ကို ဆရာတင်လိုခြင်း (သို့မဟုတ်) စီးပွားရေး ကျူရှင်ယူခြင်းက ပို၍ ဖြစ်နိုင်ခြေရှိသည်။
    ဦးခင်ညွန့်၏ သားဖြစ်သူ ကိုရဲနိုင်ဝင်းမှာ အရည်အချင်းရှိပြီး စီးပွားရေးအမြင်လည်း ရှိသူဟု ဆိုရမည်ဖြစ်သည်။ ၎င်း၏ ဖခင်ဝန်ကြီးချုပ်ဖြစ်နေ၍ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုစေကာမူ ထိုကဲ့သို့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လူငယ်လေး တစ်ဦး၏ အရည်အချင်းကို အသိအမှတ် ပြုရပေလိမ့်မည်။ ယိုးဒယားမှ သက်ဆိုင်ပိုင်ဆိုင်သော CP ကုမ္ပဏီကဲ့သို့ ကုမ္ပဏီမျိုးကို မြန်မာနိုင်ငံသို့ ခေါ် ဆောင်လာသူမှာ ကိုရဲနိုင်ဝင်း ဖြစ်သည်။ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားမှုတွေ ရှိနေသည့်အတွက် မက်ဒေါ်နယ်ကဲ့သို့ ဆိုင်မျိုးမရှိခဲ့စေကာမူ ယနေ့တွေ့နေရသည့် Café Aroma ကဲ့သို့ ဆိုင်မျိုးများ ဖြစ်အောင်လုပ်နိုင်ခဲ့သည့် အိုင်ဒီယာလည်း ရှိပြန်သည်။ ထို့ကြောင့် ကိုရဲနိုင်ဝင်း၏ လှုပ်ရှားမှု၊ ဖခင်ဖြစ်သူ ဦးခင်ညွန့်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၏ ပုဂ္ဂိုလ်ရေးရင်းနှီးမှုများဖြင့် ဇေကမာ္ဘကုမ္ပဏီကို ကမာ္ဘ့ဈေးကွက်အတွင်း ထိုးဖောက်၍ မြန်မာပြည်မှ ဒိတ်ဒိတ်ကျဲ စီးပွားရေးသမားများနှင့် တန်းချင်းယှဉ်ရန် ကြိုးပမ်းခြင်းဆိုသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။ နှိုင်းယှဉ်ပြရလျှင် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာကို ပရိုတွန်ကားကုမ္ပဏီက စီအီးအိုခန့်သည့် သဘောမျိုးဖြစ်သည်။ ဘုန်းမီးနေလတောက်ပစဉ်က အတွင်းရေးမှူး(၁)ဟု လူသိများခဲ့သည့် ဦးခင်ညွန့်မှာ ဌာနပေါင်း၊ ကော်မတီပေါင်း မြောက်များစွာ၏ နာယက၊ ဥက္ကဋ္ဌ တာဝန်များကို ယူခဲ့သည်ဖြစ်ရာ စီမံခန့်ခွဲမှုတွင် အရည်အချင်း မညံ့လှသည်ကတော့ ဝန်ခံရမည်ပင် ဖြစ်သည်။ ဦးခင်ညွန့်တို့သားအဖ၏ အကူအညီ၊ တစ်ဖက်တွင်လည်း ကိုတိုးနိုင်မန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ အရည် အချင်းနှင့် အရှိန်အဝါလည်း ရှိနေသည်ဖြစ်ရာ စီးပွားရေးတွင် အလယ်တန်းမအောင်သူ တောသူဌေး ဦးခင်ရွှေမှာ မာစတာဘရိန်းတွေကို ငွေပေး၍ အလုပ်ခန့်သည့် သဘောမျိုးဖြစ်သည်။ ဦးခင်ညွန့် ကိုယ်တိုင်ကပင်လျှင် မိသားစုစားဝတ်နေရေးကိုသာ ကြိုးပမ်းတော့မည်ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှု ပြုတော့မည်မဟုတ်ဟု ဆိုထားခဲ့ရာ ဦးခင်ရွှေ ဦးခင်ညွန့်ကို ဆရာမွေးခြင်းမှာ စီးပွားရေး အတွက်သာ ဖြစ်နိုင်ပါသည်။
    ပြည်သူ့မေတ္တာ ခံယူဦးမည်
    တစ်ချိန်က မည်မျှပင် ကမ်းကုန်အောင် အာဏာပြခဲ့စေကာမူ ခွင့်လွှတ်လွယ်၊ သနားလွယ်သော မြန်မာပြည်သူတွေမှာ ဝန်ကြီးချုပ်ဟောင်း အကျယ်ချုပ်က လွတ်ပြီဆိုသည်နှင့် ဝမ်းသားအားရ ဖြစ်ခဲ့ကြပြီး ဦးခင်ညွန့်မှာ ယခင်က ကဲ့သို့ပင် ကျော့ကျော့မော့မော့ မရှိတော့ဘဲ ဇရာ၏ အထုထောင်းကို ခံနေရပြီဟု ဂရုဏာပင် ဖြစ်လိုက်ကြသေးသည်။ ထိုသသို့ ပြည်သူတွေ၏ ဝန်ကြီးချုပ်ဟောင်းအပေါ် သက်နေသည့် ဂရုဏာတွေမှာ ဟောင်ဖွာဟောင်ဖွာနှင့် ဓနဂုဏ်၊ ရာထူးဂုဏ်မောက်၍ ရမ်းကားမှုတွေကြောင့် နာမည်ပျက်နေရသူ ဦးခင်ရွှေကြောင့် မကြာမီပင် ပျောက်ကွယ်သွားနိုင်သည်။ ယခုပင်လျှင် ပြည်သူက စောင့်ကြည့်နေကြပြီဖြစ်သည်။ ဆိုရလျှင် ဦးခင်ရွှေ ဆရာမွေးခြင်းမှာ ရိုးရိုးသားသား အကြံအစည်ဖြင့် စီးပွားရေးအတွက် တရားမျှတစွာ ပညာသင်ယူဖို့ သက်သက်ဆိုပါက ထွန်းသစ်စ မြန်မာနိုင်ငံတွင် ကမာ္ဘ့ဈေးကွက်ကို ဝင်ရောက် ကစားနိုင်သော စီးပွားရေးသမား တစ်ဦးတိုးလာခြင်းအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်။ သို့သော် စီးပွားရေးတွင်လည်း ယခုထက် ပိုမိုရမ်းကားပြီး နိုင်ငံရေးအာဏာဘက်ပါ မျက်စောင်းထိုးလာခဲ့လျှင် ပြည်သူ့မေတ္တာ ရဦးမည်ဖြစ်သလို အစိုးရ၏ မေတ္တာကိုပါ ခံယူရင်း ဦးခင်ရွှေကိုယ်တိုင်ပင်လျှင် နိုင်ငံရေးအကျဉ်းသား ဟူသည့် ဂုဏ်ဒြပ်ကြီးကြီးကိုသာ ပိုင်ဆိုင်ရဖွယ် ရှိတော့မည် ဖြစ်သည်။
    အောင်မောင်း – yangonchronicle

  • ရွှေဘိုသား

    January 27, 2012 at 9:49 pm

    အင်း ဒီလူကြီးကျတော သူ့တပည့်ဟောင်းတွေက ကောင်းစားနေတော့ ပြန်ကြည့်ကြသေးတယ်နော်

  • Wai Phyoe

    January 29, 2012 at 10:00 am

    ခင်ရွေဆိုတဲ့ဘိုးတော်က လူလိမ်ဗျ လူတွေပေါ်မှာလဲမတရား ခေါင်းပုံဖြတ်နေကျ မသာကြီး
    လယ်သမားတွေဆိုသူ့ကြောင့်မျက်ရည်နဲ့မျက်ခွက် အလကားပာာကြီး အပြင်မှာတွေ့ရင်
    တံဆွေးနဲ့ ထွေးချင်တယ်………………ထွီး

  • zarlay

    January 30, 2012 at 11:15 am

    ဘာပဲပြောပြောကောင်းတာလုပ်တာပဲလေ

Leave a Reply