N+ 300112 ရေတက်ရေကျ (ရေစုန်ရေဆန်) တွက်နည်း

natureJanuary 30, 20121min96411

ကျွန်တော်တို့ ငယ်စဉ်တုန်းက ကားလမ်းများ ကောင်းစွာမပေါက်ရောက်သေးတာကြောင့် ခရီးသွားရင် ရေလမ်းကိုသာ အဓိက အသုံးပြုပြီး သွားလာကြရပါတယ်။

အဲဒီတုန်းက လူကြီးတွေက မြစ်ဝကျွန်းပေါ်ဟာ ချောင်းငယ်လေးတွေများတာကြောင့် ကားလမ်းမပေါက်နိုင်ဘူးလို့ ပြောသံကြားခဲ့ရဘူးပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ နေရာတော်တော်များများကို ကားတွေနဲ့ သွားလာနိုင်ပြီ ဖြစ်လို့  ရေလမ်းသွား တဲ့သဘောင်္ခေတ်ကုန်သလိုဖြစ်နေပါတယ်။ ကားနဲ့သွားရင်အချိန်ကုန်သက်သာပြီးမြန်မြန်ရောက်ပါတယ်။ နေ့ခြင်းပြန်သွားလို့လာလို့ရပါတယ်။

သင်္ဘောနဲ့သွားရင်တော့ တမေ့တမောစီးရပါတယ်။ ဒါပေမဲ့သဘောင်္ရဲ့ အားသာချက်ကတော့ ကုန်များစွာကိုတင်နိုင်တဲ့အတွက်စရိပ်သက်သာလို့ ကုန်တင်ဖို့အတွက် ကတော့ သဘောင်္ခေတ်က မကုန်သေးဘူးလို့ပြောလို့ရပါတယ်။

ရေလမ်းခရီးသွားမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ဆီ (လောင်စာဆီ) ကုန်သက်သာဖို့အတွက် ရေစုန်ရေဆန်ကို တွက်တတ်ဖို့ အရေးကြီးပါတယ်။

ရေစုန်ရေဆန် (ရေတက်ရေကျ) ကို တွက်ဖို့အတွက် မြန်မာ ပြက္ခဒိန် ရက် ကိုသိဖို့လိုပါတယ်။ လဆန်းရက်ဆို လရဲ့ဆွဲအားကြောင့်ရေတက်တယ်လို့ကြားဖူးပါတယ်။

လဆန်းဆို ရေတက်ရက် မို့  မြစ်ချောင်းထဲမှာ ရေများမယ် လို့ ဆိုလိုပါတယ်။

လဆုတ်ဆို ရေကျရက်ဖြစ်လို့ မြစ်ထဲ ချောင်းထဲမှာ ရေနည်းမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

အဲဒါကြောင့်မို့ ကျဉ်းမြောင်းတဲ့ ချောင်းတွေ၊ မြစ်လက်တက်တွေမှာ သောင်ထွန်းတတ်ပါတယ်။

ရေကြောင်းလမ်းခရီးမှာ ခရီးတွင်အောင်နဲ့ လောင်စာဆီအကုန်အကျသက်သာအောင် ရေစုန်ဖြစ်မယ့်အချိန်ကို ရေယာဉ်တွေက တတ်နိုင်သလောက်ရွေးြ့ပီးသွားကြပါတယ်။

ရေကြောင်းသွားလာသူတွေ အသုံးပြုတဲ့ လင်္ကာကတော့ ရေတက်ချိန်ကို တစ်ကျပ် တစ်မတ်နှုတ် ဖြစ်ပါတယ်။

ဥပမာအားဖြင့်

လဆန်း / လဆုတ် ၁ရက်နေ့ဆို  ၁ကျပ်မှာ တစ်မတ်နှုတ် – ->  ၁ – ၁/၄ = ၃/၄  ဆိုတော့

နံနက် /ည ၁၂း၄၅ မှာ ရေတက်ပါတယ် ။ ရေတက်ချိန်ဆိုရင် ပင်လယ်ထဲကရေတွေ မြစ်ချောင်းထဲကို စီးဝင်တာမို့ ပင်လယ်ပိုင်းက မြစ်ချောင်းပိုင်းကို သွားရင် ရေစုန်ပါ။

မြစ်ချောင်းတွေဖက်က ပင်လယ်ဖက်ကို သွားရင်ရေဆန်ပါ။

အဲဒါကို ၆နာရီပေါင်းရင် ရေအကျဆုံးအချိန်ကို ရပါတယ်။

ရေကျချိန်ဆိုရင် မြစ်ချောင်းထဲကနေ ပင်လယ်ထဲ ရေပြန်စီးတာမို ပင်လယ်ဖက်ကမြစ်ချောင်းတွေဖက်ကို သွားရင် ရေဆန်ဖြစ်ပါတယ်။

မြစ်ချောင်းတွေဖက်က ပင်လယ်ဖက်ကို သွားရင် ရေစုန်ဖြစ်ပါတယ်။

 

ရက်           လကာင်္                               တွက်နည်း               sea–>river (စစုန်ချိန်)      sea—> river (စဆန်ချိန်)

၁            ၁ကျပ်တစ်မတ်နှုတ်             1  –  1/4  =  0 :3/4                12:45                             6:45

၂           ၂ကျပ် ၂မတ်နှုတ်                  2 – 2/4   = 1 :  1/2              01:30                            07:30

၃            ၃ကျပ် ၃မတ် နှုတ်                 3  –  3/4   =  2 : 1/4           2:15                                8:15

၄           ၄ကျပ် ၄မတ်နှုတ်                    4   -4/4   = 3 : 00              3:00                              9:00

..                        ……                                ……..                        ……..                        …………

..                       ……                                …………                      ……..                         ……….

၁၅       ၁၅ကျပ် ၁၅မတ်နှုတ်                 15 – 15/4 = 11 : 1/4        11:15                            5:15

 

 

https://myanmargazette.net/90448/creative-writing

11 comments

  • ကြက်ဖင် ( အကယ်ဒမီ )

    January 30, 2012 at 11:33 pm

    ဒီအကြောင်းကိုပြောခြင်ရင် တစ်လောက
    ရွာထဲက အဒေါ်ကြီးတစ်ယောက်ရဲ့ ငပိအိုးထဲကငံပြာရည်တွေ ရေတက်ရေကျမှာ
    လျှံကျလာတာကိုပါထည့်သွင်းပြောကြားရမယ်လို့ထင်ပါတယ်

    • MaMa

      January 31, 2012 at 9:39 am

      ငံပြာရည်အိုး လျှံတယ်ဆိုတာလည်း ရေတက်ရေကျဖြစ်တဲ့ လ ဆွဲအားရဲ့ သက်ရောက်မှုပါပဲ။ ထူးတော့ ထူးဆန်းတယ်။ ရေကန်တွေ ရေအိုးတွေတော့ မလျှံပဲ ငံပြာရည်အိုးဆိုရင် လျှံတယ် ဆိုတော့။
      ပင်လယ်ပြင်ထဲ သွားလာနေကြတဲ့ အဘဖောတို့လို သဘောင်္ကပ္ပတိန်တွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေကိုလည်း သိခွင့်ရရင် သိချင်သား။ 🙂

      • မိုက်ကယ်ဂျော်နီအောင်ပု

        January 31, 2012 at 11:02 am

        ဪ……………………… သမီးလေးရယ်
        အဘက ပင်လယ်သမုဒ္ဒရာတွေကိုဖြတ်ပြီးကူးတဲ့
        ပင်္လယ်ကူးသင်းဘောကြီးတွေကိုမောင်းတာကွဲ့
        သူ့ဘာသာတက်ခြင်တက်ကျခြင်ကျအဘတို့ကသိပ်ဂေါင်းမစားဘူး
        ဂေါင်းစားတာက မုတ္တမချောင်းထဲမြောင်းထဲမှာသဗ္ဗာန်ခတ်စားတဲ့
        မိုက်ကယ်ဂျော်နီအောင်ပု တို့လိုသဗ္ဗာန်ကက်ပတိန်တွေဘဲ
        ပုံ
        အဘ

  • Thel Nu Aye

    January 31, 2012 at 8:36 am

    ကျေးဇူးပါ။ ဗဟုသုတရပါတယ်။ မှတ်သားထားလိုက်ပါတယ်။

  • koyinmaung

    January 31, 2012 at 10:11 am

    ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်…..

  • minnannawar

    January 31, 2012 at 10:35 am

    ဒီအကြောင်းနဲ့ပတ်သက်လို့ နဲနဲလွဲနေတာလေး ဖြည့်ချင်ပါတယ်။
    လဆန်းမှာရေတက်ပြီး၊ လဆုတ်မှာရေကျတယ်ဆိုတာ မမှန်ပါ။ ဒီရေဟာ တစ်နေ့မှာ နှစ်ကြိမ်တက်ပြီး၊ နှစ်ကြိမ်ကျပါတယ်။ ၆နာရီတက်- ၆နာရီကျလို့ အကြမ်းအားဖြင့်တွက်လို့ရပါတယ်။ လဆန်းနဲ့ လဆုတ်ရက်တွေကို ရေထရက်လို့သတ်မှတ်ပြီး၊ ကြား ၈ရက်နေ့များကိုတော့ ရေသေရက်လို့သတ်မှတ်ပါတယ်။ လပြည့်ရက်တွေမှာ နေနဲ့လဟာ
    ကမာ္ဘကိုတစ်ဖက်တစ်ချက်ဆီကနေဆွဲပြီး၊ လကွယ်ရက်တွေမှာတစ်ဖက်ထဲကဆွဲပါတယ်။ ဆွဲအားများတဲ့အတွက်ရေတွေဟာပိုကြွလာပြီး ရေပိုတက်ပါတယ်။ ဒီရက်တွေကိုရေထရက်လို့ခေါ်ပါတယ်။ ၈ရက်နေ့တွေမှာတော့ ဆွဲအားက ထောင့်မှန်ကျသွားတဲ့အတွက် ဆွဲအားလျှော့သွားပြီး ရေသိပ်မတက်နိုင်ပါ။ ဒီရက်တွေကိုရေသေရက်လို့ခေါ်ပါတယ်။ ကမာ္ဘ-နေ-လအကွာအဝေးအရ လဆန်း-လဆုတ် ၃ရက်နေ့များဟာ ရေအတက် ဆုံး-အကျဆုံးဖြစ်ပြီး၊ လဆုတ်-လဆန်း ၈ရက်နေ့များဟာ ရေအသေဆုံးရက်မျာဖြစ်ပါတယ်။ ဒါကြောင့်ရေထရက်တွေမှာရေအများဆုံးတက်ပြီး သောင်အထွန်းဆုံးဖြစ်ပါတယ်။
    တစ်ကျပ်-တစ်မတ်လျှော့ ကတော့အတူတူပါပဲ။ အမှတ်လွဲမှာစိုးလို့ပါ။

  • လင်းဝေ

    January 31, 2012 at 10:52 am

    ကိုနေးချားရေ မှတ်ဖွယ်ပဲ။ ငယ်ငယ်တုန်းက ကြားဖူးပြီး သေချာ မမှတ်မိလို့ ဘယ်သူ့ကို ပြန်မေးရကောင်းနိုး စဉ်းစားနေတာ အတော်ပဲဗျာ။

  • weiwei

    January 31, 2012 at 11:43 am

    ဒီတွက်နည်းလေးက အရမ်းမှတ်လို့ကောင်းတယ် …. ကျွန်မတို့က သန်လျင်ဘက်မှာနေခဲ့တော့ သင်္ဘောစီးဖြစ်တဲ့ ကလေးဘဝတုန်းက အဖေက ရေတက်ရေကျနဲ့ ရေစုန်ရေဆန်ကို ကိုနေချားပြောပြသလိုမျိုး ခဏခဏရှင်းပြခဲ့ဖူးလို့ တစ်သက်လုံးကို မှတ်မိနေတော့တာပဲ ….

  • Harumoto

    January 31, 2012 at 12:35 pm

    တရက် တကျပ် တမတ် လျှော့
    ၆-၈-၁ဝ ရေသေတယ်
    ပြည့်ကွယ် ၃ရက် ခေါင်ရေတွက်…။
    ငယ်ငယ်က ဆိုမှတ်ခဲ့တာပါ။

  • Foreign Resident

    January 31, 2012 at 2:27 pm

    ကို Nature ရေးထားတဲ့
    တကျပ် တမတ် နှုတ် ဆိုတဲ့ လင်္ကာလေးက
    ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ရေစတက်တဲ့ အချိန်ကိုတွက်တဲ့
    မြန်မာ လင်္ကာလေးပါ ။
    အကြမ်းဖျင်းတော့ မှန်ပါတယ် ။

    minnannawar ရေးထားသလိုပဲ
    ရေဟာ တနေ့ နှစ်ကြိမ် ရေတက်ပြီး တနေ့ နှစ်ကြိမ် ရေကျပါတယ် ။
    တခု နှင့် တခု ကြားမှာ ၆ နာရီစီ ခြားပါတယ် ။

    ဥပမာ – လဆန်း ၂ ရက်နေ့ဆိုရင်
    လင်္ကာအရဆိုရင် ၂ ကျပ် ထဲက ၂မတ် နှုတ်ရမှာပါ
    ၂ – ( ၂ x ဝ.၂၅ ) = ၁.၅ နာရီ = ၁ နာရီ ၃ဝ မိနစ် ပါ ။

    ဒါကြောင့် လဆန်း ၂ ရက်နေ့ရဲ့
    ရေအနည်းဆုံး ရေအတိမ်ဆုံး အချိန်ဟာ နံနက် ၁ နာရီ ၃ဝ မိနစ် ပါ ။

    အဲဒီ နံနက် ၁ နာရီ ၃ဝ မိနစ် ကနေစပြီး ရေ စတက်ပါမယ် ။
    နောက် ၆ နာရီ အကြာ နံနက် ရ နာရီ ၃ဝ မိနစ် မှာ ရေတက်တာ ရပ်သွားပါမယ် ။

    အဲဒီ နံနက် ရ နာရီ ၃ဝ မိနစ် ဟာ ၊ အဲဒီ လဆန်း ၂ ရက်နေ့ အတွက် ၊
    ရေအများဆုံး ရေအနက်ဆုံး အချိန်ပါ ။

    အဲဒီ နံနက် ရ နာရီ ၃ဝ မိနစ် ကနေစပြီး ရေ ပြန်ကျပါမယ် ။
    နောက် ၆ နာရီ အကြာ နေ့လည် ၁၃ နာရီ ၃ဝ မိနစ် အထိပါ ။

    ဒါပေမယ့် အဲဒါဟာ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ဖြစ်နေမယ့် အချိန်ပါ ။
    ရန်ကုန် ဆိပ်ကမ်းမှာ ဖြစ်မယ့် အချိန် မဟုတ်ပါဘူး ။
    ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ရေစတက်ပြီး နောက် ၃ နာရီလောက်ကြာမှ
    အဲဒီတက်ရေက ရန်ကုန် ဆိပ်ကမ်း နားကိုရောက်တာပါ ။

    အဘတို့ ပင်လယ်ကူး သင်္ဘောတွေအတွက်တော့
    အဲဒီ လင်္ကာကို သုံးလို့ မရပါဘူး ။

    ရေတက် ရေကျ မယ့် အချိန်တွေ မတိကျ တဲ့အပြင် ၊
    အဘ တို့က ရေတက်မယ့် အမြင့်ကိုပါ သိချင်တာပါ ။

    နောက်ပြီး အဲဒီ ပင်လယ်က တက်လာတဲ့ရေဟာ
    မြစ်ထဲကို ဘယ်နှုန်းနှင့်စီးဝင်လာပြီး
    အဘတို့ သိချင်တဲ့ ရေအတိမ်ဆုံးနေရာတွေမှာ
    ဘယ်အချိန်မှာ ရေစတက်ပြီး
    ဘယ်အချိန်မှာ ရေအနက်ဆုံး ဖြစ်မယ်ဆိုတာကိုပါ သိချင်တာပါ ။

    ရေတက် ရေကျ ဟာ Simple Harmonic Motion ဖြစ်တဲ့အတွက်
    ( Sine Wave ) အတိုင်း တွက်ထုတ် ယူလို့ရပါတယ် ။

    လွယ်လွယ်လိုချင်ရင်တော့ ၊
    ဆိပ်ကမ်းတွေကလည်း သူတို့ ဒီရေဇယားကို တွက်ထုတ်ပြီး ရောင်းပါတယ် ။
    တကမာ္ဘလုံးက အဓိက ဆိပ်ကမ်းတွေရဲ့ Tide Table ကိုလည်း ဝယ်ထားရပါတယ် ။

    နောက်ထပ် ပြင်ပေးချင်တာ တစ်ခုကတော့
    လဆန်း လဆုတ် ၃ ရက်နေ့တွေဟာ
    ရေတက်ကြမ်း ရေကျကြမ်း ရေအပြင်းထန်ဆုံး နေ့တွေ ဖြစ်တဲ့အတွက် ၊
    ရေ အနက်ဆုံးနေ့တွေဟာ အဲဒီနေ့တွေပါ ။
    အဲလိုပဲ ရေအတိမ်ဆုံး သောင်အပေါ်ဆုံးနေ့တွေဟာလဲ အဲဒီနေ့တွေပါပဲ ။

  • nature

    January 31, 2012 at 5:41 pm

    ကျွန်တော်ကတော့ ငယ်စဉ်ကကြားဖူးခဲ့တာလေးကို ပြန်ပြီးမျှဝေလိုက်တာပါ။ ပြည့်စုံအောင်ဖြည့်စွက်ပြောကြားပေးတဲ့ FR နဲ့ minnannawar တို့ကို အထူးကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီပိုစ့်ကိုရေးကတည်းက FR နဲ့ သဘောင်္သီးတွေ ရဲ့ကွန်မန့်ကို မျှော်နေမိတာအမှန်ပါ။
    ….ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ရေစတက်တဲ့ အချိန်ကိုတွက်တဲ့
    မြန်မာ လင်္ကာလေးပါ ။…..
    ဒါလေးကလည်းဗဟုသုတတိုးပါတယ်။

Leave a Reply