နာရေးကူညီမှု အသင်းသို့ သွားရောက်လှူဒါန်းမည့် အစီစဉ်တွင် ကိုယ်တိုင်ပါဝင် လိုက်ပါလှူဒါန်းနိုင်ရန်
သို့ ။ ။ မန္တလေးဂေဇက် အဖွဲ့ဝင်များ၊ စာဖတ်သူများနှင့် အလှူရှင်များ နေ့စွဲ – ၃-၂-၁၂
အကြောင်းအရာ ။ ။ နာရေးကူညီမှု အသင်းသို့ သွားရောက်လှူဒါန်းမည့် အစီစဉ်တွင် ကိုယ်တိုင်ပါဝင် လိုက်ပါလှူဒါန်းနိုင်ရန် ။
မန္တလေးဂေဇက်ဧ။် ပထမဆုံး အလှူကို နာရေး ကူညီမှု အသင်းသို့လှူဒါန်းမည်ဟု ရည်ရွယ်ထားသည့်အတိုင်း လူအများရုံးပိတ်ရက်ဖြစ်သော (၁၂-၂-၁၂)တွင် သွားရောက်လှူဒါန်းမည်ဖြစ်ရာ အတူလိုက်ပါလှူဒါန်းလို သူများ အနေဖြင့် 0973114322 ကျွန်တော်ရွှေတိုက်စိုး နှင့် 0973144421 etone ဆီသို့ ဖုန်းဖြင့်သော်လည်းကောင်း ၊ ယခုပို့စ်အောက်တွင် ကော့မန့် အနေဖြင့်လည်းကောင်း ၁၀-၂-၁၂ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြပါလို့ နှိုးဆော်လိုက်ပါတယ် ။ လိုက်ပါကုသိုလ်ယူကြမည့် လူဦးရေပေါ်မူတည်ပြီး ကားငှားသင့် မငှားသင့် စီစဉ်ရမည်ဖြစ်သဖြင့် သေချာစွာ စာရင်းပေးကြပါရန် နှိုးဆော်လိုက်ပါတယ် ။ အတူလိုက်ပါ ကုသိုလ်ယူလိုသည့် ယာဉ်ပိုင်ရှင် မန်ဘာ ၊ စာဖတ်သူများ အနေဖြင့်လည်း မိမိတို့ဧ။် ကားပေါ်တွင် မျှတင်သွားကြပါရန် ၊ နှိုးဆော် ဖိတ်ကြားလိုက်ရပါတယ် ။
နေ့ရက် ။ ။ 12-2-12 (တနင်္ဂနွေ)
အချိန် ။ ။ မနက် 10 နာရီ အရောက်
နေရာ။ ။ ( ယခင် RC3 )အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန ။ အောက်ကြည့်မြင်တိုင်လမ်း ၊ ကြည့်မြင်တိုင်မြို့နယ် ၊
လမ်းညွှန်။ ။ ရိုးရိုးကား ၃၃၊ ဒိုင်နာ ၉ရ ၊ ဟိုင်းလက် ၃ အဖြူ ၊ ဟိုင်းလက် ၃၈ ၊ အထူး (အဓိပတိ)အဝါ ၊ အထူး ၂၁၀၊ အထူး ၃၄ တို့ကို စီးပြီး ကျောင်းရှေ့မှတ်တိုင်တွင် ဆင်းပါ ။
အလှူရှင်အားလုံးအား လိုက်ပါစေချင်ပါတယ်ခင်ဗျာ….
48 comments
fatty
February 3, 2012 at 7:33 pm
စာရင်းသွင်းပါသည်ခင်ဗျား ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 3, 2012 at 7:48 pm
မလိုက်နိုင်သေးပေမယ့် အားပေး
သွားပါတယ်နော်။
ကုသိုလ်များများယူနိုင်ကြပါစေဗျား။
ထပ်တူထပ်မျှ ဝမ်းသာရပါကြောင်း။
စိန်ပေါက်ပေါက်
February 3, 2012 at 7:59 pm
ကိုရွှေကြီးရေ
အပြင်ထွက်ဖို ့မအားတာနဲ ့ ကျနော့် အလှူငွေပိစိလေး ခုထိ မပေးရသေးဘူးဂျာ
လှူမဲ့ ပမာဏနဲတာကြောင့်လဲ မဆက်သွယ်ဖြစ်တာလဲ ပါပါတယ်..
အဲတာကြောင့်
၈မိုင်ဘက် လူကြုံရှိရင် ဝင်ယူသွားနိုင်ပါတယ်..သို ့မဟုတ်
ကြုံတဲ့လူရှိရင် ထည့်ပေးလိုက်ပါ့မယ်ဗျား..
သွားမဲ့နေ ့ကျရင် လိုက်တော့ မလိုက်တော့ပါဘူး..
အားတက်သရော ဆောင်ရွက်နေကြတဲ့လူတွေကို ကျေးဇူးတင်တယ်ဗျာ..
နားလည်ပေးကြပါခင်ဗျား..
Shwe Tike Soe
February 5, 2012 at 8:07 pm
M လုလင် လမ်းကြုံလို.လာယူမယ်ပြောပါတယ်ခင်ဗျာ စိတ်ချပါ အလှူငွေနည်းနည်းများများ စိတ်က အဓိကပါဗျ.. 😀
ရွာစားကျော်
February 3, 2012 at 8:16 pm
အားလုံးပဲ ကိုယ်စားသွားပေးကြပါတော့
ကိုယ်တိုင်ဖြင့် မလိုက်နိုင်တော့လို့ပါ
windtalker
February 3, 2012 at 8:40 pm
ဟုတ်ကဲ့လိုက်ချင်ပါတယ်ခင်ဂျ
လေယာဉ်လက်မှတ်ဖိုးလေး ကို ဘဏ်နဲ ့ပို ့ပေးရင်ဖြစ်ဖြစ်
လေယာဉ်လက်မှတ် ကို ကားဂိတ် နဲ ့ပေးလာရင်ဘဲ ဖြစ်ဖြစ်
လူကိုယ်တိုင် ပေးရင်ဘဲ ဖြစ်ဖြစ်
ရခဲ့ရင်ပေါ့ခင်ဗျ
ဟီဟိ…ဖြစ်ချင်တာ ကို ပြောပါတယ်
Shwe Tike Soe
February 5, 2012 at 8:10 pm
ဒါမှန်သိ ကျွန်တော်ပြန်တုံးက suitcase ထဲခေါက်ထည့်ခေါ်လာပါတယ်ဗျာ 😛
ရွှေ မင်း သား
February 3, 2012 at 9:29 pm
သူရင်းက ဝလို့ လှလို့ပါလား
အေးအေးဆေးဆေးတောင် စကားမပြောလိုက်ရဘူး။
Shwe Tike Soe
February 5, 2012 at 8:11 pm
အေးကွာ သယ်ရင်းရန်ကုန်လာလဲ အကြောင်းကြားအုံးနော်…. အလုပ်က မအားလို.ဆောရီးပါကွာ….
နောက်တစ်ခါ သေသေချာချာအေးအေးဆေးဆေး တွေ.ကြတာပေါ့
MaMa
February 3, 2012 at 9:39 pm
်အမှန်တကယ် လိုက်ဖို့ ရည်ရွယ်ထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် မအားတာကြောင့် မလိုက်နိုင်တာ စိတ်မကောင်းပါ။ 🙁
နောက်အကြိမ်များကို စောင့်မျှော်လျှက်…..
TTNU
February 3, 2012 at 10:03 pm
ဦးဆောင်သူများသို့
တီချာတို့က အလှူငွေလေးလှမ်းထည့်ရုံရယ်။
မောင်ရင်တို့ မမိန်းကလေးတို့က လုပ်အားအလှူပါ ပါသမို့
ပိုကုသိုလ်ရသကွဲ့။
သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်နော်။
ကြီးသောအထောက်အပံ့ ဖြစ်ပါစေ။
Khin Latt
February 4, 2012 at 4:50 am
အဝေးမှ မုဒိတာ ထား မေတ္တာပွါး ကာ သာဓု၊ သာဓု၊ သာဓု ခေါ်လိုက်ပါတယ်။
ဒါထက်မက တိုးပြီး ကုသိုလ်ပြုနိုင်ရန်လဲ ဆုတောင်းပါတယ်။
kai
February 4, 2012 at 7:02 am
ကိုကျော်သူ ယူအက်စ်လာမယ်ကြားပါတယ်..။
မန္တလေးဂေဇက်မှ… နှုတ်ဆက်ပါတယ်ဆိုတာနဲ့.. အယ်လ်အေလည်း.. လာပါဦးလို့နော…။ 🙂
etone
February 4, 2012 at 8:16 am
ဗျို့ သဂျီးရေ .. သဂျီး .. နိမ်းကဒ်ပေးလိုက်မယ်လေ … ဟဲဟဲ …
kai
February 6, 2012 at 2:41 am
ကျုပ်ကဒ်က.. ကျုပ်လက်နဲ့သူ့ကို အယ်လ်အေရောက်တုံး ပေးဖူးပါတယ်..။
လှူလည်းလှူဖူးပါတယ်ခင်ဗျာ..။
အခုရက်ပိုင်းတင်… မန္တလေးဂေဇက်နာယက ဒေါက်တာဇော်ထွန်း ရန်ကုန်ရောက်တုန်း ၅၀ဝ လှူလိုက်သေးတယ်..။ 🙂
Novy
February 4, 2012 at 9:18 am
မနိုလိုက်ဖြစ်ပါတယ်
မနိုရဲ့ ကားမှာ လူငါးရောက် တင်သွားပေးလို့ ရပါတယ်
အရေးပေါ်ကစ်စရှိလို့ မလိုက်ဖြစ်ရင် 10ရက်မတိုင်ခင် ပြန်အကြောင်းကြားပါ့မယ်
Shwe Tike Soe
February 5, 2012 at 8:14 pm
မနို ဖုန်းပြောနေရင် လိုင်းအောက်သွားလို. ဆောရီးပါ…. နော်
Novy
February 6, 2012 at 9:56 am
၅ဝ ပေးပါတယ်ကွယ်
နွယ်ပင်
February 4, 2012 at 10:04 am
စာရင်းသွင်းသွားပါတယ် ရှင် ..
အကြောင်းတစ်ခုခုကြောင့် မလိုက်ဖြစ်လျှင် etone ကနေတစ်ဆင့်
အကြောင်းကြားထားပါ့မယ် …..
aungnng87
February 4, 2012 at 12:37 pm
အဲဒီလိပ်စာလေးက များတို့အိမ်နားလေးမှာပါလား။ ဒါပေမဲ့ များတော့မလိုက်နိုင်သေးဘူးကွယ်။ ဆောရီးပါနော်။ ဦးဆောင်သူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း….
ba gyi
February 4, 2012 at 2:03 pm
ကို ရွှေတိုက်စိုး၊မအီတုံး တို့ရေ၊ ကျနော်ကတော့ အားခဲထားပေမည့် ဒီတစ်ခေါက်လွဲပြန်ပါပြီဗျား။
(၆)ရက်နေ့မှာပဲ မားကက် ဆာဗေး နဲ့ နယ်ကို လားလီဘို့ ပါဗျား။(ရခိုင်ဘာသာဖြင့်)သွားရမယ်လို့ပြောတာ။
ကိုပေါက်(မန္တလေး)
February 5, 2012 at 10:27 pm
ဘော်ဘော်တို့ရေ
လေးပေါက်ကတော့ မလာနိုင်တာသေချာလို့ ရန်ကုန်မှာကတည်းက ခွင့်တောင်းထားခဲ့ပါတယ်။
အမှတ်စဉ် တစ်ကတော့ အောင်မြင်သွားပါပြီ။
အမှတ်စဉ်နှစ်ကို ဒီဇင်ဘာလောက် မှန်းထားလိုက်ကြရအောင်လို့ အကြံပေးချင်ပါတယ်။
ဦးဦးပါလေရာ
February 6, 2012 at 10:37 am
အမှတ်စဉ်နှစ်ကို
အစောဆုံး ဝါဆို
နောက်အကျဆုံး သီတင်းကျွတ်လောက် ဖြစ်စေချင်တယ်ဗျာ။
သူကြီးမြန်မာပြည်လာတုန်းလုပ်ရင်လဲကောင်းတာပဲ
သူကြီးကိုရဟန်းခံ
စိန်ပေါက်ပေါက်ကို ရှင်ပြု မယ်လေ။ 😀
etone
February 6, 2012 at 11:05 am
လူများများနဲ့ သွားကြမယ် တွေးထားပေမယ့် .. မင်္ဂလာဆောင်တွေ တိုက်နေတာကြောင့် .. လိုက်ပါမယ့်လူ .. နည်းနေသေးတာ တွေ့ရပါတယ် … ။ ကျွန်မကိုယ်တိုင်လည်း .. အဲ့ဒီနေ့ … မင်္ဂလာဆောင် သုံးခုသွားဖို့ ရှိပေမယ့် .. စထားတဲ့ အလုပ်တစ်ခုတော့ … အဆင်ပြေပြေ ပြီးဆုံးအောင် မင်္ဂလာဆောင်တွေ အကုန်လုံး cancle လုပ်ထားခဲ့ရမယ်ထင်တယ် … ။
ဆောင်ပဲ ဆောင်နိုင်လွန်းတဲ့ လူဒွေ .. ဟွန်း 🙁
Thel Nu Aye
February 8, 2012 at 11:45 am
ဆောင်ပဲ ဆောင်နိုင်လွန်းတဲ့ လူဒွေ .. ဟွန်း 🙁
အောင်မယ်အောင်မယ်။ မနာလိုဖြစ်နေပြီလာ့။ အဲဒါဆိုလဲကိုယ်တိုင်ပဲ————-။ ဟဲဟဲ
etone
February 8, 2012 at 2:44 pm
ဟွန်း … အစ်မနော် … အထင်စမောတယ်ပေါ့ … ။
လာမယ် … လာမယ် … လာပါဦးမယ် … ကုန်ဈေးနှုန်းတွေ ဒီထက်ပို တက်သွားမှ … ဟဲဟဲ … တွက်ချေကိုက်မယ့် အချိန်စောင့်နေတာ … ဟီး ဟီး … 😆
Thel Nu Aye
February 8, 2012 at 8:11 pm
အေးပါအေးပါ။ ဝီစီနဲ့နားကြပ်ရောင်းလိုက်ပါအုံး။ ဟဲဟဲ
Rose Minn
February 8, 2012 at 8:57 am
မင်္ဂလာဆောင်သွားဖို့ ရှိနေလို့ အတူတူတော့ ကားလိုက်မစီးနိုင်ပေမယ့် လှူမယ့်နေရာကို ရောက်အောင်တော့ လာခဲ့မယ်။ အားလုံးကိုတွေ့ချင်တယ်။ etone ရေ။
etone
February 8, 2012 at 9:52 am
ဟုတ်ကဲ့ပါ မရို့စ်ရေ …. ။ လှူမယ့်နေရာကို တိုက်ရိုက်လာစောင့်နေမယ့် ရွာသူ ရွာသားတွေလည်း ရှိပါတယ် … ကိုကြောင်ဝတုတ်၊ အမတ်မင်း ၊ ကို သူရဇော်တို့ပါ ရောက်နှင့်နေကြမှာပါ … ။
ဆူး
February 8, 2012 at 10:39 am
ဆူး ဒီတလော ခြေရှည်တာများလို့ အလုပ်တွေ လုပ်ရမှာ တန်းစီ စောင့်နေလို့ လုပ်ရမှာမို့.. မလိုက်နိုင်ကြောင်း ကြိုတင် အစီရင်ခံအပ်ပါသည်။
တခြား လိုအပ်တာများ ရှိရင်ကူညီနိုင်တာ ကူညီပေးပါ့မယ်။
thuyazaw21451
February 8, 2012 at 11:18 am
ကျွန်ုပ် သူရဇော် သည် အပေါက်ဝမှ စောင့်မည်ဖြစ်ပါကြောင်း………….
Shwe Tike Soe
February 8, 2012 at 11:30 am
ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ တစ်ခါမှမမြင်ဘူးတော့ ရွာသား ကိုသူရဇော်မှန်းသိအောင် ပန်းရောင်ဝမ်းဆက်လေး ဝတ်လာပေးနော်……..
အလကားစတာပါ… အပေါက်ဝရောက်ရင် တွေ.တဲ့သူအကုန် တင်ခေါ်မှာပါ…. 😀
Thel Nu Aye
February 8, 2012 at 2:36 pm
အပေါက်ဝရောက်ရင် တွေ.တဲ့သူအကုန် တင်ခေါ်မှာပါ…:D
ကြည့်လဲလုပ်အုံးနော့။ အပေါက်ဝမှာတွေ့တဲ့သူတွေကဘတ်စ်ကားစောင့်နေတာဖြစ်နေအုံးမယ်။ မတော်ကားချောင်တယ်ဆိုတက်လိုက်လာမှ။
Thel Nu Aye
February 8, 2012 at 11:47 am
ကျောင်းရှေ့မှာစောင့်ရမှာလား။ ဘယ်မှာလဲစောင့်ရမှာလဲ။
thuyazaw21451
February 8, 2012 at 2:50 pm
ကျွန်ုပ်သူရဇော် ကိုကျော်သူတို့ ရှေ့တည့်တည့်မှ ငူငူကြီး ထိုင်စောင့်မည်ဖြစ်ပါကြောင်း ခပ်ချောချော ခပ်ဖြောင့်ဖြောင့်ဆိုလျှင် ကျွန်ုပ်ဟု မှတ်ယူနိုင်ပေသည်……
FattyCat
February 8, 2012 at 4:03 pm
ကျွန်တော်လာနိုင်ဖို့ ကြိုးစားပါ့မယ်…
ကျွန်တော့် တစ်ယောက်စီးကားနဲ့လာမှမို့ မည်သူမှမခေါ်နိုင်တာခွင့်လွှတ်စေချင်ပါတယ်…
ကြောင်ဝတုတ်
စုံ စုံ
February 8, 2012 at 4:36 pm
ကိုယ်ကိုတိုင်လဲလှူထားတော့ လိုက်ချင်ပါတယ်
ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ လိုက်လို့မဖြစ်နိုင်လို့
မလိုက်တော့ဘူးနော် အောင်မြင်တဲ့အလှူတခုဖြစ်ပါစေ…..
etone
February 9, 2012 at 9:13 am
ယခုလက်ရှိထိ လှူဒါန်းရန်လျာထားငွေ ကိုးသိန်းကျော်ရှိပါသည် ။
ပြည်ပမှ ပေးပို့ လှူဒါန်းမည့်သူများလည်းရှိသေးပြီး အလှူငွေလက်ထဲမရောက်သေးပါသဖြင့် … စာရင်းထည့်မပေါင်းရသေးပါဘူး ။
အလှူငွေလက်ခံပိတ်ပြီး အလှူငွေစာရင်းချက်ချင်းထုတ်ပြန်ပေးရန် စဉ်းစားထားသော်လည်း အလှူငွေလက်ခံပိတ်သည့် (10-Feb) နောက်ပိုင်း 11ရက်နေ့ထိ ထည့်ဝင်ရန် ဆက်သွယ်ထားသူများရှိသေးသဖြင့် … အလှူငွေလှူဒါန်းသူအမည်နှင့် ကောက်ခံရရှိငွေ အသေးစိတ်ကို 13ရက်နေ့မှသာ အသေးစိတ်ဖော်ပြပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။
ကောက်ခံရရှိသမျှအလှူငွေအားလုံးကို လှူဒါန်းသွားမည်ဖြစ်သည် ။
Shwe Ei
February 10, 2012 at 10:34 am
ကျမလဲ အလှူကိုလိုက်ပါမယ်။ ကိုယ်ပိုင်အစီစဉ်နဲ့မှီအောင်လာခဲ့ပါမယ်။ အပြောင်းအလဲရှိရင် မ etone ကိုဖုန်းဆက်အကြောင်းကြားပါမယ်။
etone
February 10, 2012 at 11:19 am
ဟုတ်ကဲ့ မရွှေအိရေ … လာမယ်ဆိုလျှင်စောင့်ပါမယ် … ကျွန်မတို့ ချိန်းထားတဲ့နေရာကိုစောပြီးရောက်နေမှာပါ … ။ တစ်ခုခု အခက်ခဲရှိလျှင် ခုဏန SMS ပို့တဲ့ဖုန်းကို လှမ်းခေါ်လို့ ရပါတယ် ။
Uncle Lay
February 10, 2012 at 1:49 pm
လိုက်မယ် လှူပါမယ် ၁ဝ နာရီစထွက်မှာလား..။
etone
February 11, 2012 at 11:51 am
ဟုတ်ကဲ့ .. ဆယ်နာရီ စထွက်ပါမယ် .. လိုက်မယ်ဆိုသူတွေ ကျိန်းသေလာမယ်ဆိုလျှင်တော့ .. ခဏစောင့်ပေးပါမယ် .. ကျွန်မတို့ ဖုန်းတွေကို ခေါ်ပြီး … ဘယ်သူလိုက်မလဲဆိုတာ စာရင်းပေးထားပါ .. ။
Rose Minn
February 10, 2012 at 3:34 pm
လိုက်မယ့်သူနဲ့လှူမယ့်သူနဲ့ အားရစရာကြီးပါလား။ ဝမ်းသာစရာပဲ။တို့ ရွာသူရွာသားတွေ တကယ်သဒ္ဒါမချို့ဘူးပဲ။
Diamond Key
February 10, 2012 at 3:59 pm
လိုက်ချင်လိုက်တာဗျာ။ ရန်ကုန်ကို လာဖို့က မလွယ်ဘူး ဖြစ်နေပါတယ်။ ဒီအလှုဖြစ်မြောက်အောင် ဝိုင်းဝန်းခဲ့ကြသောသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အလှုရှင်တွေ အားလုံး အလှုကြီးတွေ ဆက်တိုက် လှုနိုင်ကြပါစေဗျာ။ 😀
Ma Ei
February 10, 2012 at 5:43 pm
လိုက်လဲလိုက်ချင်တယ်..ရွာရဲ့မင်းသမီး၊မင်းသားတွေနဲ့လဲမသိ..
(စာဖတ်ရင်းသိတာတော့ကြာပြီပေါ့နော်)..ET ကိုတော့အလှူ
ငွေလာယူလို့တွေဘူးတယ်..လာဘို့ကြိုးစားကြည့်ပါဦးမယ်..
unclegyi1974
February 10, 2012 at 9:36 pm
ကောင်းလေစွကောင်းလေစွ
ဘတို့ကအသက်ကလည်းထောက်ခရီးကလည်းပမ်းလို့မလာနိုင်ပါဖူးကွယ်
နောက်တကြိမ်ကလည်းဝေးလို်က်တာ
ဖြစ်စေချင်တာတလတကြီမ်လုပ်နိုင်ရင်ပိုကောင်းမလားလို့ကွယ်
ရွှေဘိုသား
February 11, 2012 at 9:10 am
မအိတုံ နှင့် ကိုရွှေတိုက်စိုးရေ ကျနော်ရွှေဘိုသား 11 ရက်နေ့ လာလှူမယ်မှန်းထားသောလည်း ဘယ်လိုမှ လာလို့ မရသောကြောင့် မလာဖြစ်တော့ပါ ဖုန်းဆက်ပါအုံးမည်
jujuma
February 11, 2012 at 12:35 pm
ဟုတ်ကဲ့ လိုက်ပါလှူဒါန်း ပါမယ် လို့
စာရင်းပေးသွင်းပါတယ်ရှင် …