Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောင်ဘဝကူးခြင်း reincarnation

ကြောင်ကြီးအတိတ်ဘဝ ကြောင်ဂျစ်ခန်ဘုရင်ကြီးဖြစ်ခဲ့စဉ် (မဟာအလက်ဇင်းဒါး မလုပ်တော့ဘူး)

ဘားမိစ်ကလပ်စစ် ဓမ္မအမေးအဖြ ကဏ္ဍမှာ အခုလို မေးတာတွေ့တယ်။ ဗုဒ္ဓဝါဒမှာ ငါအတ္တ၊ ဝိညာဉ်၊ ရုပ်ခန္ဓာ မရှိဘူးဆိုရင် ဘဇာကြောင့် ဘဝအသစ်ပြန်ဖြစ်ခြင်းကို လက်ခံသလဲလို့ ဖီလော်ဆိုဖီအတန်း ဆရာမရဲ့ ဝေဖန်ချက်ကို အမေရိကန် ဘာသာရေးတက္ကသိုလ် တခုမှာ ကျောင်းတက်နေသူ ဗုဒ္ဓဘာသာဝင် မြန်မာတဦးက သက်ဆိုင်ရာ ဆရာတော်များကို ဇန်နဝါရီ ၃၁ရက်နေ့စွဲနဲ့ အင်္ဂလိပ်လို မေးထားတာပါ။ အကျင့်စရဏ မပါရင် နားလည်ဖို့ အတော်ခက်တဲ့ မေးခွန်းဖြစ်ပြီး အပေါ်ယံကြောသိသူ များပါမယ်။ ဒီကြားထဲ အင်္ဂလိပ်လို ရှင်းပြရင် နားလည်မှု ပိုလွဲနိုင်တယ်။
ငါအတ္တ ဝိညာဉ်ကောင် အယူဟာ ဟိန္ဒူဝါဒဖြစ်ကြောင်း ဖြေရှင်းချက်များရှိပေမဲ့ ပြောတုန်းခဏ အသိတရားရပြီး မျက်ကွယ်ရောက်တာနဲ့ ဝိညာဉ်ကောင် ရှိနိုးနိုးအယူ ပြန်ဖြစ်တတ်ကြတယ်။ ဗုဒ္ဓဝါဒအယူမှာ ဘဝဖြစ်စဉ်ကို ပိုးကောင် သွားသလို (စာအတိအကျ မေ့နေတယ်) ရှေ့ခြေအတွယ်ရပြီးမှ နောက်ခြေလိုက်ခြင်း ဥပမာပေးထားတာရှိတယ်။ အဘိဓမ္မာလိုပြောရင်တော့ ပုထုဇဉ်ရဲ့ နာမ်သိမှုတရားသည် အစဉ်မပြတ် ရုပ်တခုခုကို အာရုံညွှတ်နေတယ်။ မသိမှုအဝိဇ္ဇာ ဦးစီးထားလို့ မရှိတာကို ညွှတ်နေစိတ်ဇောကျ နေပါတယ်။ ဝိပဿနာရှုတယ်ဆိုတာ မသိမှု အဝိဇ္ဇာ စေတသိက်များကို ဝိဇ္ဇာသိမှု ပညာအမြင်သို့ အဆင့်ဆင့် ကူးပြောင်းပြီး အဆုံးမှာ ရုပ်နာမ်နှစ်ပါး စုံချုပ်ခြင်းကို ခေါ်ပါတယ်။ အခုလို ပညတ်ပြောတာ မှန်သလားဆိုတော့ မမှန်ဘူး၊ အနီးစပ်ဆုံး ပြောတာပါ။ မေးခွန်းရှင် မေးသလို ငါကို လက်မခံဘဲနဲ့ သံသရာစက်ဝန်း ဖြတ်တောက် နေခြင်းဟာ အမှန်စစ်စစ်မှာ ငါဆိုတဲ့ အစွဲကို ဖြုတ်ခိုင်းနေခြင်း ဖြစ်ပါတယ်။
ပညာကြီးသူများ ဝါ ပါရမီရှင်များကတော့ သဘော ညွှန်းဆိုရုံမျှနဲ့ ဒက်ခနဲ သဘောပေါက်လို့ ငါအစွဲ တန်းပြုတ် သံသရာပြတ်တယ်။ သို့သော် သာမာန် အများအတွက်ကတော့ အဲသလို လမ်းတို မပေါက်နိုင်ဘူး။ ငါဆိုတာ မရှိဘူးနော်၊ မရှိတာကို အရှိ ထင်နေလို့ ရှိနေတယ်၊ အယင်က ရှိတယ်ထင်လို့ အခုရှိနေတယ်၊ အဲသလိုထင်ရင် နောင်လည်းရှိနေအုံးမယ် စသဖြင့် ရှုသူစရိုက်လိုက်လို့ အမျိုးမျိုး လှည့်ပတ် ပြောဆိုရတယ်။ ပြောဆိုဆုံးမသူကိုယ်၌က ဝေဝေဝါးဝါးဆိုရင်တော့ နဂိုထဲကမှ ပညတ်တင်ပြောလို့ မမှန်ရတဲ့ ကြားထဲ အမှား ထပ်ဆင့်လို့ လမ်းလွဲပါတော့တယ်။ ဒါနဲ့ပဲ သမထနဲ့ ဝိပဿနာ မကွဲကြ၊ အစစ်နဲ့အတု ရောကြ ဖြစ်ရတာပါ။ အရေးကြီးတာ ဆရာမှန်ရမယ်၊ ကာယကံရှင်များကိုယ်၌က အကျင့်ပါရမယ်။ ဒါမှ ဆိုလိုရင်းကို သိနိုင်ပါတယ်။ တချို့ကြတော့ အခု စိတ်ဆိုးနေလား၊ အဲဒီ ပူလောင်မှု ဒေါသသည် ငရဲ၊ စိတ်ချမ်းသာ စိတ်ကောင်းဖြစ်နေရင် နတ်ပြည်လို့ မြင်သာတဲ့ လက်တွေ့ ဥပမာပေးတာကို ရေလိုက်လွဲပြီး ရှေးဘဝနောက်ဘဝ ငရဲနတ်ပြည် မရှိ ရုပ်ဝါဒ လက်ဝဲစွန်းရောက်တယ်။ အများစုကြတော့ ပြောတဲ့ ငရဲနတ်ပြည်ကို စိတ်စွဲပြီး တဏှာလက်ယာအစွန်း ရောက်တယ်။ ဒါကြောင့်ဘုရားက မဇ္ဈိမပဋိပ္ပဒါ အလယ်အလတ်လမ်းကြောင်း သတ်မှတ်ခဲ့တာပေါ့နော်။
အယင်က ပိုးကောင်ဥပမာ နောင်ဘဝကူးပုံ စာဖတ်ရရင် စာလိုပဲသိတယ်။ ဆိုလိုချက်ကို နှလုံးသားနဲ့ မခံစားတတ်ဘူး။ ပြန်လှန်ငြင်းဖို့ ငါ့အယူအစွဲ အဖြစ်သာ တိုးခဲ့တယ်။ ဝိပဿနာနဲ့ ရင်းနှီးတော့မှ မြတ်စွာဘုရားပြောတဲ့ ရုပ်နာမ်ဓမ္မ ဖြစ်ပုံပျက်ပုံ သစ္စာထိုက်ပုံများကို ရေးတေးတေး မြင်လာပြီး နာမ်ညွှတ်ရာ ရုပ်ဇာတိဖြစ်ခြင်း သံသရာစက်ဝန်းလည်ပုံကို သိခွင့်ရတယ်။ ကိုယ့်စိတ်ကို သတိပြုကြည့်ပါ၊ အာရုံတခုခုကို မတိမ်းညွှတ်ဘဲ ရှိနေတဲ့ အချိန်လေးများ တွေ့လေမလားလို့။ ကိလေသာ အာသဝေါကုန်ခမ်းတဲ့ ရဟနာ္တှ မဖြစ်သ၍ ပညတ်အာရုံ တခုခုကို တိမ်းညွှတ် အယူမှားနေအုံးမှာပါ။ ဗျုန်းဆိုအသက် ဇီဝိန်ချုပ်သွားတဲ့အခါ နောက်ရုပ်တခုသို့ နာမ်ကလေးက ဆက်ကူးတယ် သို့မဟုတ် မိမိပြုခဲ့ရာ အကုသိုလ်၊ ကုသိုလ်များရဲ့ ခေါ်ဆောင်ရာကို လိုက်တယ်။ အကုသိုလ် ကုသိုလ်ဆိုတာလည်း သေခါနီး စိတ်ကျဖို့ အကြောင်းဖန်လာရာ အလွန်အားကြီး သိပ်မြန်တဲ့ စေတသိက်များလို့ နားလည်ကြည့်ပါ။
အထက်မှာပြောခဲ့တာ ပြုခဲ့တဲ့ ကံအလျောက် ဖြစ်တည်နေတဲ့ ရုပ်နာမ်နှစ်ပါး အပြန်အလှန် မှီတွယ် ကိုင်းညွှတ် ဘဝစဉ်ဆက် သွားနေပုံ ဖြစ်ပါတယ်။ လက်ရှိဘဝ ကံကုန်တဲ့အခါ နောက်ကံတခု ဆက်ခြင်းဖြင့် ရုပ်နာမ်နှစ်ခု အစဉ်မပြတ် ပေါင်းစပ်မှုကို ဓမ္မသဘောအရ မမြဲခြင်း သင်္ခါရလို့ သမုတ်ပါတယ်။ မရှိတာကို အရှိ ထင်မှတ်စိတ်စွဲ ကြတဲ့အခါ သင်္ခါရသဘော အဆုံးမရှိ သံသရာ တဖန်ဖန် တလဲလဲလည်ရင်း reincarnation, reborn နောင်ဘဝကူးခြင်း ဖြစ်ရပါတယ်။
အရင်ဘဝ Alexander the Great ဝင်စား Bigcat the Great

16 comments

  • စိန်ပေါက်ပေါက်

    February 4, 2012 at 1:12 pm

    မှန်လပါ အူးဘဇင်းကြောင်ကြီး ဖလာ့ 😀
    အရင်က ငါမရှိခဲ့ဘူး..အခုငါလဲမဟုတ်ပါဘူး..နောင်ငါလဲ ရှိလာမှာမဟုတ်ဘူး.
    ဉာဏ်မျက်စိ၊ပါရမီဓာတ်ခံပါမှ ကိုယ့်ကိုယ်ကို သုံးသပ်မြင်နိုင်မှာဖြစ်ပါတယ်
    ဒီလို ဉာဏ်လဲမရှိ၊ပါရမီလဲမရှိလျင် မရှိကို အရှိထင်၊မမြဲတာကိုမြဲတယ်ထင်ပြီး ငါစွဲစွဲရာကနေ သံသယာက မလွတ်နိုင်ကြတာ ဖြစ်ပါတယ်

    ပုံ၊
    ငါရေးတာမဟုတ်
    စိန်ပေါက်ပေါက်ရေးသွားတာဖြစ်၏

  • kai

    February 4, 2012 at 1:35 pm

    “လောက်လန်း”ကို ပြောတာတဲ့..
    အဲဒီခေတ်အဘိဓမ္မာရေးသူတွေက.. (ပိုးလောက်.. အဲ.. ကျွတ်မျှော့လည်းရပါတယ်..)ပဲ နှိုင်းစရာတွေ့တော့/သိတော့.. အဲဒီအကောင်နဲ့ သိလွယ်အောင်နှိုင်းပြခဲ့တာ..။

    အဲဒီအကောင်က.. တဖက်ကထိရင်.. တဖက်ကလွှတ်တယ်..။
    အဲဒီလို ခရီးသွားသပေါ့..။ သံသရာခရိးဆိုပါစို့..
    ပြဿနာတချို့တော့ရှိတယ်..။
    .. ဖြစ်တဲ့နေရာပျက်နေတဲ့ရုပ်-နာမ်က.. ဘယ်လိုနေရာရွေ့သလည်း..။
    ကံတွေဘယ်လိုသယ်သွားသလည်း..
    သယ်တဲ့အခါမယ်.. မီမိုရီဘယ်လောက်ရှိသလည်း..

    ထားပါတော့…
    တိုတိုပြောရရင်.. သတ္တဝါက.. ဒီဖက်က(မရဏဇောကျ)သေတာနဲ့..ဟိုဖက်က..ပဋိသန္ဓေဖြစ်ရောတဲ့..။
    လေထဲဝိဉာဉ်ကြီး လွင့်မနေဘူး..။

    ဆိုတော့…
    လိင်တူချစ်သူကြီး.. အလက်ဇန္ဒားသေတာ.. လွန်ခဲ့တဲ့..အနှစ် ၂၃၀ဝကျော်ကျော်က…
    အခုမှ.. လူပြန်ဖြစ်တယ်ဆိုတော့ကာ….
    ကြားထဲ.. အနှစ် ၂၂၀ဝကျော်.. အဘိဓမ္မာနဲ့ညှိရတဲ့… ဘယ်ဂျောင်ရောက်နေခဲ့သလည်း.. သိချင်သား..။ 😆

    • True Answer

      February 4, 2012 at 2:36 pm

      သဂျီးမင်း ခင်ဗျား

      ဦးကြောင် အနှစ် ၂၂၀ဝ ကျော် ဘယ်ဂျောင် ရောက်နေသလဲ သေသေချာချာ အမှန်အကန် သိလိုပါက-

      အောက်ပါ လင့် စာအုပ်လေးကို ဒေါင်းပြီး စာမျက်မှာ 138 မှ 160 ထိ ဖတ်ပေးပါကုန်။

      ကျွန်တော်မျိုး နားလည်သလောက်ရေးထားတာပါ။

      http://www.mediafire.com/?dgmyziydvmz

    • စိန်ပေါက်ပေါက်

      February 4, 2012 at 3:46 pm

      နှစ် ၂၂၀ဝ ဆိုတော့
      လူဖြစ်ရင် ဘဝသုံးဆယ်လောက် ရှိနေခဲ့မယ်.
      ငရဲဘဝ..နတ်ဘဝဆိုတော့ မဖြစ်နိုင်ဘူးထင်တာပဲ
      လူ ့သက်တမ်းထက်တစ်နှစ်ထက် သူရို ့တစ်နှစ်က ဘယ်လောက်ပိုရှည်သလဲ မေ ့တွားဘီ

    • ကြောင်ကြီး

      February 4, 2012 at 11:56 pm

      ပြောချင်တာ အဲဒါပဲဗျ..။ သဂျီးတို့လို လူကပ်တွေနဲ့တွေ့ရင် ပညတ်တင်ပြောရတာ အတော်ခက်တယ်။ အရှင်းဆုံးက ရုပ်နာမ်တရား ဖြစ်ခြင်းပျက်ခြင်းကို ဆင်ခြင်ကြည့်မှရတယ်။ ဥမပါဗျာ (သဂျီ လေးနေမှာစိုးလို့ 😆 ) ကိုယ်ကိုယ်ကို ပြန်ကြည့်.. ကိုယ် လက် ပေါင် စသဖြင့် တဆက်ထဲမြင်တယ် ထင်ရပေမယ့် အဘိဓမ္မာ သဘောအရ တခုပြီးမှတခု မြင်တယ်၊ ရုပ်ကုဋေငါးထောင် နာမ်ကုဋေ တသိန်း ချုပ်ပျောက်ဖြစ်ပျက်မှု သိပ်မြန်လွန်းလို့ တချီထဲ အကုန်တန်းမြင်တာ ငြင်းမလား (ရတယ်..အဂ္ဂမဟာ အဝီစိငရဲ ဟိုးအောက်ခြေ ကြမ်းခင်းအထိ ရောက်မယ်) ဆိုချင်တာ အမြန်နှုန်း သိပ်မြင့်တော့ အခုနဲ့ နောက်ဖြစ်တဲ့အရာ မကွဲဘူး။ ကိုယ်က လိုက်လုပ်နေတယ် မထင်နဲ့။ ရရင် ကိုယ်ဆန္ဒရှိရာ သိမြင်ကြားတွေ့ရအောင် လုပ်ကြည့်လေ။ ဘယ်လောက် တန်ခိုးကြီးကြီး မအို မနာ မသေ မြဲအောင် ဖန်ဆင်းကြည့်.. ရမလားလို့၊ အပြောပဲ ရလိမ့်မယ်။ မယုံရင် လက်တွေ့ ပြမယ်။ အသက်ရှုနေတာကို ငါရှုတယ် ထင်သလား.. လွဲသမှ ဟိုးဖက် ဆယ်ဘူတာ..။ ကံပေးတဲ့ ရုပ်တရားနဲ့ နာမ်တရားပေါင်း သူ့အလုပ် သူလုပ်တာ…ဒါကို အထင်မှားပြီး ငါရှုတယ် မှတ်တယ်။ မရှုဘဲ နေကြည့်စမ်းပါ…မရဘူးဗျို့…သူ့ဖာသာသူ လေအဝင်အထွက် ဖြစ်တယ်။ မရှုဘူးကွာ အသက်ရှု အောင့်ကြည့် ခဏပဲရမယ်…ဘာလို့လည်း သိလား.. ငါနဲ့ အသက်ရှုတာကို အတင်းပိတ်ထားတာကိုး..ရမလား။ ရတယ်ကွာ ဘာဖြစ်သလဲ…ဘာမှမဖြစ်ဘူး သေမယ်။ ရုပ်က သူ့သဘော သူဆောင်သွားပြီလေ..။ 😮
      ကံနဲ့ဆိုင်လို့တော့ ဘုရားရွှေညဏ်တော်ရယ်၊ ကံအကျိုးပေးပုံရယ်၊ စတြာဝဠာအဆုံးအစရယ် မစဉ်းစားနဲ့..။ နင်တို့ညဏ်နဲ့ မဖြစ်နိုင်လို့ ဘုရားဟောရှိကြောင်း မှတ်သားဖူးတယ်။ သာမာန်အားဖြင့် ဖြစ်ဆဲရုပ်နာမ်နဲ့ ပတ်ဝန်းကျင်သည် ကံအလျောက် ဖြစ်ရတယ်။ ဩကာသဘုရားရှိခိုးထဲက လောကသုံးပါးနဲ့ ဆက်စပ်တွေးလို့ ရမယ်။ မိမိရုပ်နာမ်၊ ပတ်ဝန်းကျင်၊ ကိုယ့်ပြုမူရရှိတဲ့ ခံစားလုပ်ဆောင်ချက် ရလဒ်တွေရယ်သည် ကံတွေပဲ။ ကံသုံးသူနဲ့ ကံဖြုန်းသူဆိုတာ ရထားတဲ့ဘဝကို ဘယ်လိုအသုံးချသလဲကို ရည်ညွှန်းတယ်။
      ထွက်လေ ဝင်လေ အဆုံးကို မြင်အောင်ကြည့်…အဆုံးမှာ တုံ့ကနဲဖြစ်ပြီး အဝင်ပြောင်းသွားတယ်။ မိမိက လိုက်လုပ်တာ မဟုတ်ဘူး၊ မြန်မြန်နှေးနှေဆိုပြီး စိတ်ဇောနဲ့တွန်းတင် လို့လည်းမရဘူး။ အဲဒီတခဏကိုမြင်ရင် သူ့သဘော သူဆောင် အနတ္တ လက္ခဏာကို မြင်တယ်။ ဥပါဒ် ထီ ဘင် သဘောကိုလည်း မြင်ရမယ်။ နောင်ဘဝကူးခြင်းနဲ့ ပတ်သက်လို့လည်း ရုပ်နာမ်သဘာဝ ဖြစ်စဉ်အတိုင်း နာမ်က ရုပ်အာရုံတခုခုကို လှမ်းချိတ်ပြီး ရုပ်အဟောင်းကို ချန်သွားခဲ့တာ ဆင်ခြင်နိုင်တယ်။ ရုပ်နာမ် အသစ်နဲ့ အဟောင်း မဆိုင်တော့ဘူး။ ဘဝသစ်နဲ့ ဘဝဟောင်း မပတ်သက်တော့ဘူး။ အစွဲကြီးလွန်းမှသာ ဘဝဟောင်းကို ပြန်တမ်းတ မှတ်မိတတ်ကြတယ်။ သေသူက အစွဲနဲ့ သရဲတစ္ဆေ ပြိတ္တာဖြစ်တဲ့အခါ လူတွေက ဝိညာဉ်လိပ်ပြာ အယူနဲ့တွဲပြီး သေသူမကျွတ်ဘူး ပြောတယ်။ အမှန်က အဲဒါ ဘဝအသစ် သို့ပေမယ့် စွဲလွန်းလို့ ကျန်ခဲ့တဲ့ သက်ရှိသက်မဲ့ကို ငါအပိုင် ဆက်စောင့်တာ။ ဒါနဲ့ပဲ သေရင်ခုနှစ်ရက် လိပ်ပြာလွင့်တယ်၊ အစိမ်းသေရင် ခြောက်တယ် ယုံကြတယ်။ ပြောသာပြောတာဗျ… ကျနော်လည်း အစိမ်းသေရင် ကြောက်တယ်။ အစောက ပြောသလို နာနာဘာဝဆိုတာလည်း ပယ်မရဘူးလေ။ တကယ် သိရှိခံစားဖို့ကတော့ အထက်အရိယာ အဆင့်ရောက်မှ ဖြစ်နိုင်တယ်။ ရုပ်နာမ် နှစ်ပါးစုံချုပ်မှ နိဗ္ဗာန် ရောက်တယ်လို့ ဆိုတာကိုး။ ရွာထဲက အရိယာရှင်အစစ်ဆိုသူများကို သူတို့နဲ့ ပေးတွေ့ချင်တယ်။ ဘယ်လို အော်ပြေးကြမလဲလို့…။

      • ကိုရင်စည်သူ

        February 5, 2012 at 10:14 pm

        ကောင်းလေစွ… ငါးမရှာဘဲ ငါရှာနေတဲ့ ကကြောင်ကြီးရေ…
        ဘဲရီးဂွတ်.. ဘရာဗို ဗျာ..
        ကျနော် အမြင်တော့ အာနပါနဟာ လွယ်မယောင်နဲ့ ခက်
        တိမ်မယောင်နဲ့ နက်တယ်ဗျာ..။ တကယ်ကတ်သက်ပြောကြကြေးဆို
        သဂျီးတို့လို ပစုတ်ပန်ဝါဒီသမားတွေကို ကျနော် ပြန်မပြောနိုင်လို့
        ဘာသာတရားအကြောင်းကျနော် မရေးခဲ့ပါဘူး.. ခုလိုရေးနိုင်တဲ့
        လူရှိတာ ဂွတ်ဂျော့ခ် ဖြစ်တယ်ဗျာ…။
        အပြောထဲ လက်တွေ့က ခက်ပါတယ်…
        သရဏဂုံသုံးပါး နှလုံးသားထက်နဲ့ စေတီဆောက် ပူဇော်နိုင်ကြပါစေ..

        မဂ္ဂင်ဖောင်ကြီးတို့များအတူတူစီးချင်နေတဲ့
        ကိုရင်စည်သူ

  • ba gyi

    February 4, 2012 at 4:07 pm

    သာဓု သာဓု သာဓုပါ ကိုကြောင်ကြီးဗျား။
    အေး အဲသည်လို စေတသိတ်- စိတ်မှ စွဲပြီးအဖန်ဖန်တစ်လဲလဲ နဲ့ ဖြစ်တတ်သောသဘောသည်လည်း
    အဖန်ဖန် တစ်လဲ လဲ ဆိုသဟာကြောင့် ပြုင် စီရင်ပြေင်းလဲတတ်သော သဘောတွင်တည်ပါသတဲ့၊
    ဒါ့ကြောင့်သင်္ခါရ လို့ဆိုပါသကွဲ့ကွယ်တု့ိ၊ သည်သင်္ခါရ ဆိုတာကြီး ရှိနေသရွှေ့ ဘဝကိုမချုပ်နိုင်ဘူးဗျ၊
    ဒါ့ကြောင့် အဲဒီသင်္ခါရကြီးမဖြစ်ရအောင် စွဲလမ်းမှုတွေ ဖြုတ်၊ စွဲလမ်းမှုတွေပြုတ်အောင်- တပ်မက်မှုတွေ ကင်း ရမယ်တဲ့။
    အဲသည်တပ်မက်မှုတွေကင်းမှ နိဗ္ဗာန် ဆိုတာကိုရမယ်။ ဗျ ရမယ်။
    နိဗ္ဗာန်= နိ + ဗ္ဗာန
    နိ = ကင်းသော
    ဗ္ဗာန= တပ်မက်ခြင်း။
    ဘကြီးပြောခြင်းမဟုတ် ကိုကြောင်ကြီးစာကိုဖတ်မိသော အစွဲမှပြောသည်။

  • alinsett

    February 4, 2012 at 7:14 pm

    ဦးကြောင်..က အရင် ဘဝ က အဲသလိုကြီးလား..။

    ဦးကြောင်ရဲ ့ အယူအဆ က ငြင်းစရာ မရှိ..လက်ခံ လိုက်ရပါကြောင်း..

  • Khin Latt

    February 5, 2012 at 4:26 am

    kai says:
    ~~~ ကံတွေဘယ်လိုသယ်သွားသလည်း.. သယ်တဲ့အခါမယ်.. မီမိုရီဘယ်လောက်ရှိသလည်း.. ~~~~

    သူကြီးမင်းရှင့် – 4GB RAM နဲ့ နောင်ဘဝထိ ကူးသယ်ဖို့ ကတော့ အလုပ်ကောင်းကောင်း ဖြစ်မယ် မထင်ဘူး။ 😉 jk

    • kai

      February 6, 2012 at 10:37 am

      အဲဒီကိစ္စ.. သေသေချာချာကို.. လေ့လာဆန်းစစ်ဖူးပါတယ်..။
      ရုပ်နာမ်က.. ဥပါဒ်ဌီဘင်ဆိုတော့.၃မျိုးလေ…. ကွန်ပျုတာရဲ့.. two-binary digits 0 and 1ထက်တော့ ပိုမှတ်နိုင်သယ်နိုင်မှာပဲဆိုပြီးတော့ပေါ့…
      ဒါပေမဲ့.. ဘဝအဆက်ဆက်.. လုပ်ထားသမျှကံတွေ.. သယ်လို့ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလည်း..
      ဒေတာစတိုးရိတ်အရမ်းကြီးနေမှာပေါ့…

      အခုခေတ်ကျတော့.. အဖြေတခုထုတ်လို့ ရသွားတယ်..။
      ကြည့်ရတာ..ရုပ်နာမ်တွေက.. ဒေတာသိမ်းဖို့.. cloud computing သုံးတယ်နဲ့တူတယ်..အရီးလတ်ရေ.. 😆

      • ကြောင်ကြီး

        February 6, 2012 at 12:21 pm

        ဘူးဒီကို မုန်လာဥ မလုပ်ပါနဲ့ သဂျီးရယ်။ ဥပါဒ်ဌီဘင်က ပရမတ် အရှိတရား။ ကွန်ပြူတာ language ဘဲဥနဲ့တုတ်ချောင်း ဆိုတာ ပညတ်တပ်ထားတာ။ အဲဒီပညတ်မရှိတရား သုညနဲ့ကပ်လျက် အသေးငယ်ဆုံး ဝ.၀၀၀၀၀ဝဘီလျံ ထရီလျံ ဇီလျံ အနန္တ ၁ ဂဏန်းနှစ်ခုအကြားမှာတောင် ကြားခံဂဏန်းတခုရှိနေတာပဲ။ ဘယ်အရာမဆို အစ အလယ် အဆုံး ရှိမှဖြစ်တယ်။ အဲဒီသုံးမျိုး ပေါင်းစပ်ပြီးမှ ဘာသညသာတကာဆိုတဲ့ ပညတ်အမည် အချင်းအရာတွေ ဖြစ်တာ။ ဗုဒ္ဓဘာသာရဲ့ အဓိကရည်ရွယ်ချက်က တသံသရာလုံး သယ်လာသိမ်းလာတဲ့ ကံတွေကို format ချရှင်းပစ်လိုက်တာ…။ မသိသူများကသာ cloud computing ဆန်တဲ့ သမထနည်းနဲ့ ဖြေရှင်းတယ်။ ကုမ္မဏီက bill တောင်းလို့ ပေးနိုင်သ၍တော့ အထုပ်မပိသေးဘူး၊ ကိုယ်က အဆင်မပြေလို့ မပေးနိုင်မှ ရဲအဖမ်းခံရမယ်…။ လူ့ပြည်က နည်းလမ်းနဲ့ လာဘ်ထိုးရင် လွတ်မယ်လည်း မထင်နဲ့..။ ငရဲထိန်းဆိုတာ နတ်အမျိုးနွယ်ဝင်တွေ.. သဂျီးစားနေတဲ့ ကိုဘေးနွားကင်လောက်တော့ သနားဒယ်…။

  • aye.kk

    February 5, 2012 at 5:45 am

    နောင်ဘဝကူးကောင်းဘို့…
    လောဘ၊ဒေါသ၊မောဟ၊များကိုသိမ်းဆည်း၍ဒါနရေကိုချိုးသီလထည့်ကာဝတ်ဆင်
    ဘာဝနာအမွှေးနံ့သာတင်ရန်၊မိမိဘက်ကပြည့်စုံအောင်ပြင်ဆင်ထားပြီးပါကသေမင်း
    ကိုကြောက်ရန်မလိုဟုထင်မြင်မိပါကြောင်းအမြင်လေးကိုပြောပြလိုက်ပါရစေ…။

  • fatty

    February 5, 2012 at 9:18 am

    လက်တွေ့မပါအပြောချီ ဆွေးနွေးနေလို့ ပြီးမည်မဟုတ်

  • aye.kk

    February 6, 2012 at 12:42 am

    fatty,စိတ်အလိုလိုက်ကာမိုက်နေသူလို့ပြောထားပါတယ်…
    တရားကဘယ်လောက်ကောင်းကောင်းလူကဖြင့်မလိုက်နိုင်ပါလေ..
    သိတာကိုမျှဝေခြင်းသာဖြစ်ပါသည်။

  • weiwei

    February 6, 2012 at 10:29 am

    ဦးကြောင်ကြီးလို မရေးနိုင်ပေမယ့် ထောက်ခံအားပေးသွားပါကြောင်း …
    good job!

  • kthwinzayarmyo

    April 5, 2012 at 6:14 pm

    “ဗုဒ္ဓဝါဒအယူမှာ ဘဝဖြစ်စဉ်ကို ပိုးကောင် သွားသလို (စာအတိအကျ မေ့နေတယ်) ရှေ့ခြေအတွယ်ရပြီးမှ နောက်ခြေလိုက်ခြင်း ဥပမာပေးထားတာရှိတယ်။ “အဌကထာ.ဋီကာ တွေက ပြောတာလို့ထင်ပါတယ်.
    ရှေ့ခြေအတွယ်ရပြီးမှ နောက်ခြေလိုက်ခြင်း ဆိုရင် ဖြစ်.တည်.ပျက် ဘောင်နဲ့ လွတ်နေမယ်ထင်တယ်
    ဒီဘဝ မပျက်သေးခင် နောင်ဘဝအတွက် အခြေချနေသလိုဘဲ.
    “တချို့ကြတော့ အခု စိတ်ဆိုးနေလား၊ အဲဒီ ပူလောင်မှု ဒေါသသည် ငရဲ၊ စိတ်ချမ်းသာ စိတ်ကောင်းဖြစ်နေရင် နတ်ပြည်လို့ မြင်သာတဲ့ လက်တွေ့ ဥပမာပေးတာကို ရေလိုက်လွဲပြီး ရှေးဘဝနောက်ဘဝ ငရဲနတ်ပြည် မရှိ ရုပ်ဝါဒ လက်ဝဲစွန်းရောက်တယ်။”
    မြင်သာတဲ့ လက်တွေ့ ဥပမာ ပေးနိုင်တဲ့ သူတွေကို ကိုးကွယ်ကြရင် ကောင်းမယ်လို့ ကျွန်တော်ထင်တယ်
    သူမြင်လို့သာ ပေါ့. မြင်သာတဲ့ဥပမာပေးနိုင်တာ
    ဘဝ အသစ် ပြန်ဖြစ်. မဖြစ်ဆိုတာ စာတွေထဲ့မှာ ဘုရားမဟောဘူးလို့ပဲဖတ်ဖူးတယ်.အဲဒီလို ယူဆတဲ့သူတွေကိုလည်း ဘုရားက တန်ဖိုးဖြတ်ခဲ့တယ်တဲ့ သက်ကာယ နဲ့ ဥစ်ဆေဒ မိစ်ဆာ လို့

Leave a Reply