သာသနာ့ အန္တရာယ် နှင့် သာသနာ့ မိစာ္ဆဆိုတာ
ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် နိုင်ငံရေးစခဲ့ရပုံ
ဗုဒ္ဓဘာသာဝင်များ ကြားဖူးနားဝရှိတဲ့ မြစ်ရေခွဲဝေ သုံးစွဲရေး အငြင်းပွားမှုမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ် ဖြစ်ပွားခဲ့တယ်။ ကပ္ပိလ နဲ့ ကောလိယ နှစ်ပြည်ထောင်အကြား ဖြတ်သန်း စီးဆင်းသွားသော ရောဟဏီမြစ်ရေကို သူအရင်ယူထိုက်၊ ငါအရင်ယူထိုက် စကားနိုင်လုကြရာမှ နောက်ဆုံး နှစ်ပြည်ထောင် စစ်ဖြစ်မယ့် အခြေအနေသို့ ရောက်ခဲ့ကြတယ်။ ဗုဒ္ဓမြတ်စွာက ကောင်းကင်ယံ၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ နှစ်ပြည်ထောင် မင်းသားတို့အား ငြိမ်းချမ်းရေး တရား အဖြစ် မဟာသမယသုတ် တရားတော်ကို တိုက်ကျွေးခြင်းဖြင့် ပြေငြိမ်းစေခဲ့ပါတယ်။ မြစ်ရေခွဲဝေ သုံးစွဲရေး ပြဿနာကြောင့် စစ်ဖြစ်မည့် အခြေအနေမှ လွန်မြောက်ကာ နှစ်ဘက်သော မင်းညီမင်းသားတို့အား သာသနာ့ ဘောင်သို့ ဝင်စေခဲ့တယ်၊ မဟာသမယသုတ် တရားတော်ကို မဟာသက္ကရာဇ် ၁၄၈-ခု၊ နယုန်လပြည့်နေ့တွင် ရှင်တော်ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်၊ ဒီဃနိကယ် မဟာဝါပါဠိ စာမျက်နှာ၂၀၂၊ ၎င်း အဋ္ဌကထာ စာမျက်နှာ၂၆၄၊ ၎င်းဋီကာ၂၃ မှာ အထင်ရှား ရှိပါတယ်။
ကပ္ပိလ နဲ့ ကောလိယ နှစ်ဘက် တင်းမာနေခဲ့တာ ဘုရားရှင်က ကြားဝင်ပြီး ဖြေရှင်းပေးလိုက်တဲ့အခါမှာ တိုင်းပြည်မှာ ငြိမ်းချမ်းမူတွေ ရရှိသွားပါတယ်၊ တိုင်းပြည်တခုမှာ အတူနေကြတဲ့ လူတွေအားလုံးမှာ ကောင်းကျိုး ဆိုးကျိုး ဆိုတာ ဖြစ်လာရင် မျှဝေ ခံစားကြရတာ သဘာဝပါ၊ ”နိုင်ငံတစ်ခု မကောင်းဘဲနဲ့ သာသနာဆိုတာ ဘယ်လိုကောင်းမလဲ၊ နိုင်ငံဆိုတာ(ဋ္ဌာန) အိမ်လိုပဲ။ သာသနာဆိုတာ (ဋ္ဌာနူ) အဲဒီအိမ်ပေါ်မှာ တက်နေတဲ့ လူလိုပဲ၊ အိမ်ကြီးက ယိုယွင်းပျက်စီးနေရင် အိမ်ပေါ်မှာ နေတဲ့လူတွေ ဘယ်လိုလုပ်နေမလဲ၊ သာသနာရေးနဲ့ နိုင်ငံရေး ပူးတွဲ မလုပ်သင့်ဘူး ပြောနေတာ သာသနာရေးနဲ့ နိုင်ငံရေးကို ကွဲကွဲပြားပြား မသိသေးလို့ပဲ” လို့ သာသနာ့ဥသျှောင် အဖွဲ့ဥက္ကဋ္ဌ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီးက မိန့်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလ
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ နယ်ချဲ့ကို တော်လှန်ခဲ့ တာဟာ သမိုင်းမှာ အထင်ရှားပါ၊ အလားတူ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့က အသက်ကို ပဓာနမထား တိုင်းပြည် လွတ်လပ်ရေးကိုယ်သာ အလေးထားပြီး မတရားမှုကို တိုက်ခဲ့ကြတယ်၊ ဒီဆရာတော်တွေက ဘာဖြစ်လို့ တော်လှန်ရေးကို စခဲ့ကြတာလဲ ဆိုရင် ဘုရားသားတော် ဆိုတာ အမှန်တရားကို မြတ်နိုးတယ်၊ ကိုယ်တိုင်းပြည် ကိုယ်လူမျိုးတွေ အပေါ် မတရား ဗိုလ်ကျ အနိုင်ကျင့်တဲ့ နယ်ချဲ့ရဲ့ ရက်စက် ကြမ်းကြုတ်မူတွေကို လက်ပိုက်ပြီး ဘယ်လို ကြည့်နေနိုင်မလဲ၊ တိုင်းပြည်အတွင်းက မတရားမှုတွေကို သံဃာတွေက တွန်းလှန်ခဲ့တဲ့ သံဃသမိုင်း အထင်ရှားပါ၊ ကိုယ့်လူမျိုးတွေ အပေါ်မှာ မတရားသဖြင့် အုပ်ချုပ် စိုးမိုးနေတဲ့ နယ်ချဲ့စနစ် မတရားတာကို မတရား ပါဘူးလို့ လွတ်လပ်ရေး ခေတ်ဦးမှာ သံဃာတော်တွေရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါပြီ၊ အင်္ဂလိပ်အစိုးရလက်ချက်ကြောင့် ဆရာတော်ဦးဝိစာရ ပျံလွန်ခဲ့ရတာပါ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ သံဃာများရဲ့ အသက်သွေးနဲ့ ဘဝတွေကို စတေးပြီးမှ လွတ်လပ်ရေး ရယူခဲ့ရတယ် ဆိုတာ ဘယ်သူမှ သံဃတော်လှန်ရေး သမိုင်းကို ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး၊ မြန်မာနိုင်ငံ အတွင်းမှာ မတရားမှုတွေ ရှိနေသမျှ သံဃာတော်တွေက သမိုင်း အစဉ်အဆက် တော်လှန်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်း စစ်ဝါဒထဲက သာသနာ
၁၉၆၂-ခုနှစ်က စလို့ ဦးနေဝင်းက တိုင်းပြည်ကို စစ်ဝါဒနဲ့ အုပ်ချုပ်ခဲ့တာပါ၊ သူ့လက်ထက်မှာ မန္တလေး ရဟန်းပျိုအဖွဲ့ချုပ်က ဦးဆောင် ဆရာတော် ဦးဇောတိက၊ ဦးကုသလတို့ နှိပ်စက်မှု ခံခဲ့ရတယ်၊ ဆရာတော် ဦးကောဝိဒဆိုလဲ ပြည်တွင်းမှာ လုံခြုံမှု မရှိတော့ ကနေဒါနိုင်ငံမှာ သီတင်းသုံးရတယ်၊ ဒီ မန္တလေး ရဟန်းပျို ဆရာတော်တွေဟာ မဆလ အစိုးရကို လက်မခံ နိုင်ဘူးဆိုတာ ပြသခဲ့တယ်၊ တပါတီစနစ်ကို မလို၊ ဒီမိုကရေစီစနစ်သာ လိုလားလို့ ၈၈-ခုနှစ်မှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများက ဦးနေဝင်း အစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်။
၁၉၆၄ နဲ့ ၁၉၈၀၊ မှော်ဘီ သံဃညီလာခံကို ဦးနေဝင်း စီစဉ်ခဲ့တဲ့ ရည်ရွယ်ချက်က သံဃာတော်များကို တရားဝင် ချုပ်ကိုင်နိုင်ဖို့ ဖြစ်တယ်၊ ဦးနေဝင်းက သူဖြစ်ချင်တဲ့ အတိုင်း ဖြစ်စေဖို့ ကြိုတင် အကွက်ချပြီး ဆရာတော်တွေကို အသုံးချသွားခဲ့ပါတယ်၊ မှော်ဘီသံဃာ့ အစည်းဝေးအပြီးမှာ သံဃာတော်များအပေါ် မတရား ဖိနှိပ်တဲ့ ဥပဒေတွေ အစိုးရက ထုတ်ပြန်လာပါတယ်။
အမရပူရတောင်မြို့၊ မဟာဂန္ဓာဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာမှာ ဖြစ်လာမည့် ဆိုးကျိုးတွေကို ကာကွယ်ဖို့၊ ခေတ်နဲ့ အညီ သာသနာပြု နိုင်ရန် ရဟန်းသံဃာများရဲ့ ရှေးဟောင်း ပညာရေးမူဟောင်းကနေ စနစ်သစ် ပညာရေးမူများ ပြောင်းလဲဖို့ အဆိုပြုချက်ကို အစိုးရက လက်မခံခဲ့ပါဘူး။ အရှင်ဇနကာဘိဝံသ ဆိုတာ “ဗုဒ္ဓမြတ်စွာ သာသနာ အတွက်မို့ ငါပါ အသက်ဆုံးစေမည်၊ နောင်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်” ဆိုတဲ့ အဓိဋ္ဌာန်နဲ့ အညီ ပျံလွန်တော်မူခါနီး အချိန်အထိ သာသနာတော်အကျိုးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားသူပါ။ အစိုးရက သံဃာတော်များကို ဓမ္မစက်နဲ့ စီရင် ဆုံးဖြတ်တာ မဟုတ်ဘဲ အာဏာစက်နဲ့ပဲ ထောင်ချ နှိပ်စက်တာ ယနေ့တိုင်ပါ။
ဦးနေဝင်းအစိုးရ လက်ထက်မှာ သံဃာတွေကို သာသနာဝင် မှတ်တမ်း ထုတ်ပေးခဲ့တယ်၊ သာသနာဝင် မှတ်တမ်း ဆိုတာ ဘယ်နေ့၊ ဘယ်နေရာ၊ ဘယ်ဘုန်းတော်ကြီးကျောင်းမှာ ကိုရင်ဝတ်ခဲ့တယ်၊ သို့မဟုတ် ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်ဆရာတော်ကို ဥပဇ္ဈယ်ပြု၍ ရဟန်းဖြစ်လာတဲ့ နေ့ရက်ကို မှတ်တမ်းတင်ထားတဲ့ Ordination Certificate သာ ဖြစ်တယ်၊ မူလ ကိုယ်မွေးခဲ့တဲ့ မှတ်တမ်း အိမ်ထောင်စုစာရင်းကနေ သံဃာတွေကို ထုတ်ပစ်ခဲ့တယ်၊ သံဃာတွေမှာ Birth Certificate မရှိပါဘူး၊ ဘုန်းကြီးတပါး နိုင်ငံသား ဖြစ်ကြောင်း ပြစရာ စာရွက်စာတမ်း မရှိတာဟာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်။ နိုင်ငံသားဖြစ်ကြောင်း တရားဥပဒေအရ ပြသနိုင်ဖို့ တရားဝင် မွေးစာရင်း သံဃာများမှာ ရှိရမယ်၊ သာသနာ့ဘောင်သို့ ရောက်လာရင်လည်း ဘယ်နေ့ဘယ်ရက်က ရဟန်းဖြစ်ခဲ့တယ် ဆိုတာ ရဟန်းခံရက်ချုပ် ရှိရမယ်၊ သာသနာဝင်မှတ်တမ်း ထုတ်ပေးရာမှာလည်း သက်ဆိုင်ရာ ဆရာတော်များကသာ လုပ်ပေးပိုင်ခွင့် ရှိရမယ်၊ လက်ရှိ အနေအထားက သာသနာရေးဝန်ကြီးဋ္ဌာနက စစ်ဗိုလ် နဲ့ ‘လဝက’ က အရာရှိများက သူတို့သဘောအတိုင်း သာသနာဝင် မှတ်တမ်းတွေကို ထိန်းချုပ်နေတာပါ။
ဗိုလ်ချုပ်ကြီး စောမောင် လက်ထက်မှာ သံဃအဖွဲ့တွေ ဖျက်သိမ်းခံရ
ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက် ၁၉၉ဝ အောက်တိုဘာ မှာ သံဃသာမဂ္ဂီအဖွဲ့၊ ရဟန်းပျိုအဖွဲ့၊ ကျောင်းထိုင် ဆရာတော်များ သံဃသမဂ္ဂအဖွဲ့များကို တရားမဝင် အဖွဲ့များအဖြစ် ကြေညာတယ်၊ သံဃာတော်များကို ဖမ်းဆီး၊ နှိပ်စက် ထောင်ချခဲ့တယ်၊ မန္တလေး သံဃသာမဂ္ဂီ ဥက္ကဋ္ဌ၊ မန္တလေး လေးပြင်လေးရပ်နဲ့ အိမ်တော်ရာစစ်ကြောင်း ဦးဆောင်ခဲ့တဲ့ ဆရာတော် ဦးရေဝတဟာ စစ်အစိုးရ အကျဉ်းထောင်မှာ စစ်ထောက်လှမ်းရေးက နှိပ်စက်တာတွေ ခံခဲ့ရတယ်၊ ထောင်ထဲမှာ လူမဆန်စွာ ရိုက်နှက်တာ ခံလိုက်ရတဲ့ ဆရာတော်ဟာ ဆိုးဝါးတဲ့ ရောဂါတွေရခဲ့တယ်၊ ထောင်ထဲ ပျံလွန်တော်မူရင် အစိုးရ နာမည်ပျက်မယ် ဆိုတာ သိတဲ့အတွက် ဆရာတော်ကို လွှတ်ပေးခဲ့တယ်။ ထောင်ကထွက်လို့ မကြာခင်မှာပဲ ဆရာတော် ပျံလွန်တော်မူခဲ့ရပါတယ်။
ဆရာတော်ဟာ စစ်အစိုးရရဲ့ ချုပ်ကိုင်ချယ်လှယ်မှုကို ဆန့်ကျင်ရာမှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ပထမအကြိမ် ဂိုဏ်း ပေါင်းစုံ သံဃအစည်းအဝေးပွဲ တက်ဖို့ စစ်အစိုးရက တပြည်လုံးရဲ့ သံဃကိုယ်စားလှယ်တွေကို စိတ်တိုင်းကျ ရွေးခဲ့တယ်။ အစည်းဝေးရဲ့ ကောင်းကျိုး ဆိုးကျိုး ဘာမှ မသိဘဲ ကမ္ဘာအေးမှာ သာဓုသုံးကြိမ်ခေါ်ရုံသာ သွားလုပ်ရမှာဖြစ်လို့ မန္တလေးတိုင်း ကိုယ်စားလှယ်အဖြစ် စစ်အစိုးရ ရွေးထားတဲ့ သံဃာ ရန်ကုန် သွားရေးကို ဆရာတော် ဦးရေဝတက လက်မခံပါဘူး၊ သံဃာများရဲ့ ဆန္ဒနဲ့အညီ သံဃာတွေကပဲ ရွေးကောက် တင်မြှောက်တဲ့ သံဃကိုယ်စားလှယ်မျိုးသာ ဖြစ်သင့်ကြောင်း၊ သံဃကိုယ်စားလှယ် ရွေးချယ်ရာမှာ စစ်အာဏာရှင်များ စွက်ဖက်ခွင့် မရှိကြောင်း မဟာမုနိဘုရားကြီးမှာ လေးပြင်လေးရပ်က မန္တလေးသံဃာထုကြီးကို စုပြီး သံဃဆန္ဒ ထုတ်ဖော်ပြသခဲ့တယ်။
ဒါပေမယ့် ဆရာတော်ကို ထောင်ချထားခဲ့ပြီး “နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ကြီးကို” စစ်အစိုးရက အလိုကျ လုပ်ကြမယ့် သံဃာတချို့နဲ့ ဖွဲ့စည်းသွားခဲ့တာပါ။
၁၉၈၈၊ စက်တင်ဘာ(၁၈)နေ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ကြီး အနေနဲ့ သာသနာတော်နဲ့ သံဃာများရဲ့ အသက်သွေးများကို အလေးမထားဘဲ စစ်အစိုးရက အာဏာနဲ့ စေခိုင်းမှုကို တသွေမသိမ်း လုပ်ရတဲ့ အခြေအနေကို ရောက်ခဲ့ရတယ်။ သံဃမဟာနာယက ဆရာတော်ကြီးဟာ ပင်ကိုက ရိုးသားတယ်၊ ဒါပေမယ့် စစ်အစိုးရက ဆရာတော်ကြီးတွေကို လာဘ်ပေးလာဘ်ယူဖို့ သင်ပေးခဲ့တယ်၊ စစ်ကိုင်းတိုင်း ကောလင်းမြို့က ကျောင်းပိုင်ဆိုင်မှု ကိစ္စမှာ သံဃနာယက လာဘ်စားတာကို မင်းကွန်း တိပိဋက ဆရာတော်ကြီးက သိသွားတဲ့ အခါ ဆရာတော်ကြီးက ဒါလား သံဃနာယက၊ ဘုန်းကြီးလုပ်ပြီး လာဘ်စားကြသလား၊ သာသနာမှာ ကောင်းသေးလား လို့ ပြောလိုက်တဲ့ တိပိဋက ဆရာတော်ကြီး စကားဟာ သံဃာတွေကြားထဲ ချက်ချင်း ရောက်လာခဲ့တယ်၊ စစ်အစိုးရ အနေနဲ့ သီလ၊ သမာဓိ ပြည့်စုံတဲ့ ဆရာတော်များကို သီလတွေ ပျက်စီးအောင် လာဘ်လာဘပစ္စည်း ရုပ်ဝတ္ထု မျိုးစုံပြ၊ မက်လုံးတွေ ပေးပြီး စစ်အာဏာ မြဲရေးအတွက် သံဃာတွေ မညီညွတ်၊ ကွဲပြားကြအောင် (သံဃဘေဒက) လုပ်ခဲ့တယ်။
ဘုန်းကြီးလူထွက် အံ့မောင် သာသနာတော်နှင့် သံဃာအပေါ် သစ္စာဖောက်မှု
သာသနာတော်ကို သစ္စာဖောက်တဲ့ ဘုန်းကြီးလူထွက် အံ့မောင်က ဘုန်းကြီးတွေရဲ့ အားနည်းချက်ကို ဗိုလ်ချုပ်မှူးကြီး တင်ပြကာ သာသနာတော်ကို စနစ်တကျ ဖျက်ဆီးလာခဲ့တာပါ၊ လက်ရှိလည်း သာသနာရေး ဝန်ကြီးဌာနမှာ ဘုန်းကြီး လူထွက်က ၆၅% ရှိတယ်။
သူတို့ဟာ သာသနာနဲ့ သံဃာအပေါ် သစ္စာရှိလား ဆိုတာ သူတို့ သမိုင်း မကြာခင်တွေ့ရမှာပါ၊ ဘုန်းကြီး လူထွက်များ အနေနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနမှာ အခြေအနေအရ စစ်အစိုးရဝန်ထမ်း လုပ်ရင်း စစ်အာဏာရှင်က သံဃာများအပေါ် စော်ကားခဲ့တဲ့ စစ်အစိုးရ ရာဇဝတ်မှုများကို ကိုယ်တွေ့ဖြစ်ရပ်မှန် ဖော်ပြနိုင်တဲ့ အချိန်ဆိုတာ ရှိလာ မှာပါ၊
ဗိုလ်မှူး အောင်လင်းထွဋ်က စစ်တပ်က မတရားလုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နေသလို ဘုန်းကြီးလူထွက်များကလည်း သာသနာရေးဝန်ကြီး ဝန်ကြီးက သာသနာကို ဘယ်လို ဖျက်ဆီးခဲ့တယ် ဆိုတာ ရေးသား ဖော်ထုတ်ရန် လိုနေပါပြီ။
………………..
ရှင်ဥက္ကဌစသည့် ဦးဉာဏအယူဝါဒကား မြန်မာရဟန်းသံဃာထုနှင့် တိုက်ရိုက် မသတ်ဆိုင်ပေ၊ အတင်း အကြပ်ငါ့ဝါဒကို ယူစေလို့ မပြဌာန်းပေ။ လက်ခံလိုက လက်ခံ မယုံကြည်လည်းရပါသည်။ လက်ရှိ လုပ်ပိုင်ခွင့် လက်မှတ်ရ ဆရာတော်များရဲ့ ဝါဒကား သံဃာထုနှင့် လုံးဝတိုက်ရိုက်သက်ဆိုင်နေသည်။ မဖြစ်မနေလိုက်နာရပေသည်။ ထို့ကြောင့် အုပ်ချုပ်ခွင့် လက်မှတ်ရ ဘုန်းတော်ကြီးများ မှားပြီး လုပ်ချင်ရာလုပ်နေမယ်ဆိုရင် တကယ့် သာသနာ့ မိစာ္ဆများသာ ဖြစ်ပေသည်။ ခေါင်းမိုးကို စ၍ပြင်ဆင်သင့်လေသည်။
…………………………
မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မဝိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။
(အသောက အသောက အသောက၏ facebook စာမျက်နှာမှ ဖြစ်ပါသည်။)
2 comments
ဦးဦးပါလေရာ
February 5, 2012 at 11:13 pm
ပုထုဇဉ်ပီပီ လူမုန်းတော့မခံချင်ပါဘူး..။
ဒါပေမယ့်လဲ ဒီလိုအသံတွေကျယ်လာပြီး အပေါ်ကပိုစ့်အထိ ရောက်လာပြီဆိုတော့ နဲနဲတော့ ဝင်ပြောမှပါ။
အပေါ်ကပိုစ့်မှာပြောတဲ့ သာသနာဆိုတာ ဘယ်သာသနာကိုဆိုလိုတယ်ဆိုတာ မသိပါဘူး။
မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓဘုရားရှင်ဟောကြားတဲ့ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာသုံးပါးကို ဗုဒ္ဓဘုရားရှင်အဆုံးအမအတိုင်း ကျင့် ပွား စောင့်ရှောက် တာကို ဆိုလိုတာပါ။
မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ ရဟန်းဆိုတာ သိမ်ထဲမှာကတည်းက
“သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ တပြည့်တော်ကို ရှင်ရဟန်းပြုပေးတော်မူပါ ” …လို့
တောင်းပန်ပြီး ရဟန်းပြုလာရပါတယ်။
မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ ရဟန်းရယ်လို့ဖြစ်လာရင် ရဟန်းအနေနဲ့ပြုစရာ ပဓါနကိစ္စ လေးမျိုးသာရှိပါတယ်။
၁-စာသင် (ပဋိယတ္တိစာပေကျမ်းဂန်များသင်ယူလေ့လာ)
၂-စာချ (သူများကိုပြန်သင်ပေး)
၃-တရားဟော
၄-တရားကျင့် အဲဒီလေးမျိုးထဲပါ။
အဲဒီလေးမျိုးမှအပဆိုရင် ရဟန်းအတွက် ဘာမှအရေးမကြီးပါဘူး။
မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ သံသရာထဲကျင်လည်နေရတာကသာ အရေးအကြီးဆုံးဒုက္ခပါ။
ဒါကြောင့် မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ သံသရာထဲကကိုယ်တိုင်လဲလွတ်ဘို့၊ သူတပါးကိုလဲ တွဲခေါ် ထုတ်ဆောင် ကယ်တင်ဘို့သာ အရေးကြီးပါတယ်။ ရဟန်းအဖို့ အဲဒါကိုသာ အဓိကလုပ်စရာရှိပါတယ်။
ဥပမာ- ကောင်းတာလုပ်တာမှန်းငြင်းစရာလုံးလုံးမရှိတဲ့ကိစ္စတခုအနေနဲ့-
ရဟန်းချင်းမှတပါး အခြားသတ္တဝါကို – ကိုယ့်ရှေ့မှာသေမယ်ဆိုရင်တောင် ဆေးမကုကောင်းပါဘူး။ ဝိနည်းနဲ့တားမြစ်ထားပါတယ်။
အခြားကိစ္စဆိုတာကတော့ လုပ်သင့်လားမလုပ်သင့်လား ပြောမနေနဲ့တော့…..။
အဲဒါကတော့ ကျုပ်နားလည်တဲ့ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ သဘောတရားဖြစ်ပါတယ်။
မကြိုက်ရင် ဒီဘာသာကိုမယူရုံပါပဲ။
ကိုယ့်အတွေးအခေါ် ကိုယ်ဖြစ်စေချင်တာတွေပေါင်းထည့်ဘို့မဟုတ်ပါဘူး။
အဲဒါကို မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘယ်လောက်လိုက်နာကြတယ် ဆိုတာတော့ မသိပါဘူး။
မလိုက်နာသူများရင် မြန်မာပြည်ထေရဝါဒဗုဒ္ဓသာသနာပျက်မှာပေါ့…။
ထေရဝါဒအမည်ခံ သို့မဟုတ် ဗုဒ္ဓဝါဒအမည်ခံ အခြားသာသနာပဲဖြစ်သွားမှာပေါ့။
အခြားသာသနာတွေတော့ သူ့သဘောသူဆောင်မှပေါ့။
(ဘယ်ဘာသာသာသနာကိုဖြစ်စေ မကောင်းဘူးလို့တော့ ကျုပ်မစွပ်စွဲပါဘူးနော။ သူ့နည်းနဲ့သူ ၊ သူ့အတိုင်းအတာနဲ့သူ အကျိုးရှိတယ်လို့ ခံယူထားပါတယ်။)
kai
February 6, 2012 at 2:37 am
=
Ashin Pyinnyar Nanda – သာသနာ့သမိုင်းတရားခံများအကြောင်းစာတမ်းထွက်ပြီ
အရှင်ပညာနန္ဒ။ ဖေဖော်ဝါရီ ၅ ၊၂၀၁၂
မြန်မာနိုင်ငံ သာသနာရေးလောက၊ ဘာသာရေးရေးလောကမှာအကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ ့ဝင်ဆရာတော်များရဲ အမှားမှားအယွင်းယွင်း လုပ်ဆောင်နေမှုများအကြောင်းနဲ ့အဂတိလိုက်စားမှုများအကြောင်းကို ရှင်ရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေသားထားတဲ့ သမိုင်းတရားခံလို့အမည် ပေးထားတဲ့စာတမ်းတစောင်ကို အင်တာနက်ဝက်ဆိုင်တွေပေါ် တင်ထားတာကို ရှားရှားပါးပါးဖတ်ရပါတယ်။
ရေးသူကတော့ မကြာခင်ကမှ မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့မန္တလေး မစိုးရိမ်တိုက်သစ် ၊သဟာယကျောင်း ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူဖြစ်ပါတယ်။
ဆရာတော်ရဲ ့ရေးဟန်အတိုင်း လိုတိုရှင်း ထိထိမိမိရေးသားထားတာကိုတွေ ့ရပါတယ်။ ဒီစာတမ်းရဲ ့နိဒါန်းမှာ ဖော်ပြထားတာကတော့ မြန်မာနိုင်ငံအုပ်ချုပ်ရေးလောကမှာ သံဃာ့အဖွဲ့ အစည်းနဲ ့လူအဖွဲ့စည်းဆိုပြီး အဖွဲ့အစည်းနှစ်ရပ်ရှိကြောင်း ဖော်ပြထားပြီး သံဃမဟာနာယကအဖွဲ ့ကို သာသနာတော်သန့်ရှင်းတည်တံ့ရေးနဲ ့သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားကြောင်း၊ မဆလခေတ် ဦးနေဝင်းလက်ထက်တွင် ဓမ္မစက်နှင ့်မရရင် အာဏာစက်နဲ့ ဆုံးမရရန် အကူအညီးပေးကြောင်း၊ မဆလခေတ်နောက်ပိုင်းကနေ ယခုကာလ (၂၀၁၂) အထိ သံဃမဟာနာယကအဖွဲ ့ကြီးရဲ့ လုပ်ဆောင်နေမှုများကို ဝေဖန်သုံးသပ်ကြဘို ့တင်ပြထားတာကိုတွေ ့ရပါတယ်။
ဒီစာတမ်းကိုခေါင်းစီး (၁၉) ခုနဲ့ အမည်ပေးထားပြီး စာမျက်နှာ (၂၂) မျက်နှာရှိပါတယ်။ အကြောင်းအရာအလိုက် တင်ပြထားပြီး ပထမဆုံးခေါင်းစီးစာမျက်နှာကို သမီးနှင့်အုန်းသီးလို ့အမည်ပေးထားပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ ့ကို သာသနာတော်သန် ့ရှင်းတည်တံ့ပြန် ့ပွားရေးနဲ့ သာသနာတော်ထွန်းကားရေးတို ့အတွက်ဖွဲ ့စည်းထားတဲ့ သံဃာ့အစိုးရတရပ်ဖြစ်ကြောင်း၊ မဟနဆရာတော်များအတွင်းမှာ ရဟန်းသီလ လုံးဝပျက်စီးနေသော ထေရ်ကြီးဝါကြီးများ ပါဝင်နေကြောင်း။ သံဃာ့ကိုယ်စားလှယ်ရွေးချယ်ရမှာ
အကျင့်သီလသိက္ခာကို အလေးမထားဘဲ ဆိုင်ရာ ပက်သက်ရာကိုသာရွေးချယ်တဲ့အတွက် ပါရာဇိက(ဂျိုး) များပါဝင်နေကြောင်း၊ တချိုုဆရာတော်များဆိုရင် သာသနာတော်အတွက်
နှမ်းတစေ့မျှလောက်တောင် အလုပ်မလုပ်ဘဲ ထင်ရာစိုင်းနေတဲ့ဆရာတော်များ ပါဝင်နေကြောင်း၊ သမီးနဲ ့အုန်းသီး မထိရင်ပြီးတာဘဲ၊ ကျန်တာလုပ်ချင်လုပ်ဆိုတဲ့ လူမိုက်အားပေးဆရာတော်တွေကြောင့် ပျက်စီးနေသောရဟန်းငယ်တွေများစွာ ပေါ်ထွန်းလာကြောင်း၊ မဟနအဖွဲ ့ရဲ မမှန်မကန်လုပ်ဆောင်မှုများကြောင့် မကောင်းသတင်းများစွာထွက်ခဲ့ကြောင်း၊ အမြင်မတော်သဖြင့် မြက်နဲ့ဖုံးလွှမ်းထားပေမယ့် အနံ့မထွက်အောင်တော့ မတတ်နိုင်ကြောင်း၊ အောင်းကောင်ကြီးတွေ များစွာရှိကြောင်း စသည် ရေးသားထားတာကိုတွေ ့ရပါတယ်။
သာသနာတော်ကို တကယ်သန် ့ရှင်းစင်ကြယ်စေလိုရင် မဟနအဖွဲ ့ကို အရင်သန် ့ရှင်းအောင်လုပ်ဆောင်ဘို ့အကြံပြုထားတာကိုတွေ ့ရပါတယ်။
မဏ္ဍိုင်ဗဟိုလဲပြိုနေ ဆိုတဲ့ခေါင်းစည်းအောက်မှာတော ့မဟနအဖွဲ ့ရဲ ့ဝိနိစ္ဆယ ဆုံးဖြတ်ရေးဌာနတွေမှာ မမှန်မကန်ဘက်လိုက်ပြီး အနိုင်ကျင့်ဆုံးဖြတ်နေကြောင်းနဲ
့လာဘ်ပေးလာဘ်ယူမှုတွေရှိကြောင်း၊ လာဘ်ပေးမှ တရားနိုင်ကြောင်း စသည်ရေးသားထားတာကိုတွေ ့ရပါတယ်။
ဒေါ်လာစားမဟန ဆိုတဲ့ ခေါင်းစီးအောက်မှာ တန့်ကြည့်တောင်ဆရာတော်ရဲ ့ ငိုရယ် ကမ္မဌာန်းတရားနဲ ့ပက်သက်ပြီး ပိဋကတ်တော်နဲ ့ညီ မညီ သူကိုယ်တိုင်
စုံစမ်းလေ့လာတဲ့အကြောင်း၊ အဓမ္မတရားကြီးဖြစ်နေတာ တွေ ့ရတဲ့အတွက် တန်ကြည့်တောင်အမှားတော်ပုံ (ခ) တရားထိုင် ငိုရယ်ခြင်းအကြောင်း စာအုပ်ရေးသားပြီး
သာသနာရေးဌာနသို ့ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ ့စာအုပ်ထုတ်ဝေခွင့် ပယ်ချခံရကြောင်း၊ တန့်ကြည့်တောင်ဆရာတော်က မဟနဆရာတော်တွေကို ဒေါ်လာလှူဒါန်းထားတဲ့အတွက်
အရေးမယူကြောင်း၊ ဒုဥက္ကဌဆရာတော်တပါးက သူကိုယ်တိုင် တရားထိုင်ရင်း “စိန်ခြူးကြာညောင်”သီချင်းတပုဒ်ဆိုပြီး ထ, က တယ်လို ့မိန် ့ကြားဘူးကြောင်းနဲ ့စိန်ခြူးကြာညောင် သီချင်းတပုဒ်နဲ ့တန် ့ကြည့်တောင်ဇာတ်ထုတ်ကို စားပွဲခုံပေါ်မှ ရုပ်သိမ်းပေးခဲ့ကြောင်း ၊ အရည်အချင်းရှိပေမယ့် တရားမရှိ၍ အမှားသိခြင်းဖြစ်ကြောင်း ဟာသစွက်ပြီး
ရေးသားထားတာကို ဖတ်ရလို ့ပြုံးမိပါတယ်။
လက်နက်မပါသည့် အာဏာရှင်ဆိုတဲ့ ခေါင်စဉ်အောက်မှာ ကိုယ်တွေ ့မဟန တရားစီရင်ရေး အကြောင်းနဲ ့ထောင်ကျလောက်တဲ့အပြစ်မရှိဘဲ သံဃာတော်တွေ ထောင်ချခံနေရကြောင်း၊ ထောင်တွင်းမှာ သံဃာတော်တွေ မိလ္လာသန် ့ရှင်းရေးတွေ လုပ်ခိုင်းကြောင်း၊ သံဃာ့အဖွဲ ့အစည်း၏ မညှာမတာလုပ်ဆောင်မှုကြောင့် ထောင်ကျနေသူများဖြစ်ကြောင်း ရေးသားထားတာကို တွေ့ရသလို အာဏာအားကိုးနဲ ့မိုက်လုံးကြီးနေသော သံဃာ့အဖွဲ့အစည်း ၊ လက်နက်မရှိသော
အာဏာရှင်များဖြစ်ကြောင်း ပြစ်တင်ရေးသားထားပါတယ်။
ကျန်တဲ့အခန်းတွေမှာတော့ သံဃာကိုယ်စားလှယ်ရွေးချယ်တဲ့အခါ ဒီမိုကရေစီနဲ့ အညီရွေးချယ်ဘို ့၊သန် ့ရှင်း လွတ်လပ်တဲ့သံဃာ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ဘို ့တိုက်တွန်းထားသလို စစ်အစိုးရက နှစ်စဉ် ဆက်ကပ်ပေးတဲ့ (လာဘ်ထိုးမှရတဲ့) တံဆိပ်တော်တွေအကြောင်း၊ သာသနာသန့်ရှင်းရေးအကြောင်း၊ စစ်အစိုးလက်ကိုင်တုတ်ကြီးများ အကြောင်းစတဲ့ အကြောင်းအရာများနဲ့ ဆရာတော်ကိုယ်တိုင်ကြုံတွေ ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်များစွာကို စိတ်ဝင်စားဘွယ်ရာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
သံဃာ့နာယကအကြောင်း အတွင်းကျကျသိလိုသူများနဲ ့ပြုပြင်လိုသူများ ဖတ်သင့်တဲ့ စာတမ်းတခုဖြစ်ပါတယ်။ ဆရာတော်ရဲ ့ရေးသားတင်ပြချက်တွေဟာ ရဲဝန် ့ပြတ်သားလှပါတယ်။ ဟုတ်သည် မဟုတ်သည် မှန်သည် မှားသည်ကတော့ မိမိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ဘို ့အကြံပြုပါတယ်။
နောက်ဆုံးမှက်ချက်အနေနဲ ့ဆရာတော်က ဒီစာတမ်းရေးရခြင်းရဲ ့ရည်ရွယ်ချက်ကိုတင်ပြထားပါတယ်။
ကျွန်ုုပ်သည် ကျွန်ပ်၏ အနာဂတ်သာသနာအတွက် သည်စာတမ်းကိုု ပြုစုုပါသည်။ အတ္တကြီး၍ သဘောထားအမြင်ကျဉ်းလျင် စုုဖုုရားလတ်လိုု ပယ်ချနိုုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုုဋ်မြစ်ကိုု စနစ်တကျ ခိုုင်မာအောင် လုုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုုံဝင်ရောက်နေသည့် ဂီလာနသာသနာကိုု အချိန်မီ မကုုစားပါလျင် သမုိုင်း၏ တရားခံသည် စုုဖုုရားလတ်ပင် ဖြစ်ပေမည်။ သမုိုင်း၏ လက်ညှိူးထိုုး ကျိန်ဆဲမှုကိုု ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ သည်လိုု့ ဆိုုရင် သမိုုင်း၏တရားခံအစစ်သည် သင်ကိုုယ်တိုုင် ဖြစ်ပလိမ့်မည်။
ကျွန်ုုပ်သည် သည်စာတမ်းကိုု မော်စကိုုမြို့မှာ ရေးသားပါသည်။ သည်စာမူထွက်ရှိလာသည့်အခါ စနစ် မပြောင်းသေးလျင် တခေါက်ဂျောင်း ရပေဦးမည်။ ထိုုအခါ မော်စကိုသိုု့ ဒုုတိယမ္ဗိ ခြေဦးလှည့်ခွင့်ပေးတော်မူသော ဆရာကြီးများကိုု ကျေးဇူးတင်ရပေဦးမည်။
ဆရာတော်ဝီရသူ၏ စာတမ်းကိုု သည်နေရာကနေ ရယူ ဖတ်ယူနိုုင်ပါပြီ။
https://docs.google.com/open?id=1DyL6Sq_QascejnGZ7jttZpfScvCiWo0JjtAgy_iOsrmntE3rOQy_H-cejJPF