Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မြန်မာ့ရေအရင်းအမြစ်များထိန်းသိမ်းရန်လိုအပ်”

မြန်မာနိုင်ငံရှိရေအရင်းမြစ်များမှာ နေ့စဉ်သုံးသည်ထက်ပြုန်းတီးလျက်ရှိပါသည်။ မြန်မာနိုင်ငံသားတို့မှာ အစိုးရ၏ရေလှောင်တမံစီမံကိန်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆည်များပြုလုပ်ခြင်းကိုသာရေအရင်းမြစ်များပြုန်းတီးကြောင်းတရားများဟုမှတ်သားကြပြီး မိမိတို့နေစဉ်အသုံးပြုလျက်ရှိသော ရေအရင်းအမြစ်များနေ့စဉ်ပြုန်းတီးနေခြင်းများကိုမူ သတိမမူမိကြပေ။ ဥပမာအားဖြင့်ဆိုရသော် နေအိမ်တွင်ရေလှောင်ကန်များသို့ရေတင်ပြီး ရေများလျှံထွက်လာမှရေပိတ်ကြတဲ့အခါ ရေပိုက်ခေါင်းတွေမလုံတဲ့အခါ မှာဆိုရင် ရေတွေပြုန်းတီးတာကိုသတိမထားမိကြပါဘူး။ ဒါဟာတကယ်တွက်ကြည့်မယ်ဆိုရင် စီမံကိန်းတွေလောက်ရေအရင်းမြစ်ဆုံးရှုံးမှုမများပါဘူးလို့ဆင်ခြေပေးနိုင်ပေမယ့် မိုးစက်ကလေးတွေများလာရင် ကန်ပြည့်တတ်ပါတယ်။ အဲ့တော့နည်းနည်းဆုံးရှုံးမှုများတော့ အများကြီးဆုံးရှုံးမှုဖြစ်တော့တာပေါ့။နောက်ပြီး လူအများစုကစည်းကမ်းမရှိဘဲ ရေနှုတ်မြောင်းထဲအမှိုက်တွေစွန့်ပစ် စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေရေချောင်းတွေမြစ်တွေဆီကို စွန့်ထုတ်တဲ့အခါ ဒီချောင်းကိုမှီခိုပြီးနေကြရတဲ့ သတ္တဝါအများကိုဘေးဥပဒ်ဖြစ်စေပါတယ်။ အဓိကကတော့ သစ်တောတွေကိုခုတ်တဲ့ကိစ္စပါ။ သစ်တောတွေမရှိတော့ ရာသီဥတုကိုထိန်းသိမ်းပေးမယ့်အရာတွေမရှိတော့ဘူး မိုးတွေခေါင်တယ် ရေရှားလာတယ် ရာသီဥတုပူလာတော့ မြစ်တွေချောင်းတွေရေခန်းလာကြတယ်။ နိုင်ငံတစ်ဝန်းမှာလူဦးရေတိုးပွားလာတာနဲ့အမျှ နေထိုင်ဖို့အိမ်ရာတွေလိုအပ်လာတယ် အဲဒီတော့“ရွာစည်ယာဆုတ်”ဆိုတဲ့စကားအတိုင်း လယ်ယာတွေကိုမြေဖို့ အိမ်တွေဆောက်ကြတယ်။ လယ်ယာမြေအသစ်ဖော်ထုတ်ဖို့ သစ်တောတွေကိုခုတ်ထွင်ရှင်းလင်းရပြန်တယ်။ သစ်တောပြုန်းတော့ ရာသီဥတုဖောက်ပြန်တယ်။ ရာသီဥတုဖောက်ပြန်တော့ ရေတွေကြီးတဲ့နေရာကြီး ရှားတဲ့နေရာရှာဖြစ်ကုန်တာပေါ့။ အဲတော့ကျွန်တော်တို့ပြည်သူအများက ဝိုင်းဝန်းပြီးထိန်းသိမ်းရင် အစိုးရဘက်ကလည်း ပြည်သူတွေရဲ့စိတ်ဆန္ဒကိုလိုက်လျောပေးမှာပါ။ မြစ်ဆုံစီမံကိန်းကြီးတောင်ရပ်သွားတာပဲ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တတ်သူများ၊စက်ရုံပိုင်ရှင်များနှင့် မြေပွဲစားများပါ ပါဝင်ကူညီခြင်းအားဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေ။

 

ရှမ်းပြည်သား(တောင်ပိုင်း)

 

7 comments

  • ဟုတ်ပါတယ် ရှမ်းပြည်တောင်ပိုင်းက စာရေးသူရေ။
    တကယ်တော့ ကျနော်တို ့ဒေသမှာလဲ ခုလိုပွင့်လင်းရာသီရောက်လာရင်ရေရှားတဲ့
    ပြဿနာကလဲပေါ့သေးသေးတော့မဟုတ်ပါ။မြို ့ပေါ်၊ရွာတွေ(ကမ်းခြေကအပါ)အား
    လုံးရေဝေရတော့တာပါဘဲ။ရှိတဲ့အချိန်မှာ ပေါပေါသုံးတယ်၊မရှိတော့ရင် ဒုက္ခရောက်
    ရတာပေါ့။ရေ အရင်းအမြစ်တွေကို ထိန်းသိမ်းသင့်ပါပီ။မြေအောက်ရေထုတ်ယူ သုံး
    စွဲတာတွေလျှော့ချရမယ်၊ဆည်တမံတွေ ကိုမလိုအပ်ပါဘဲမတည်ဆောက်သင့်တော့
    ပါဘူး။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 18, 2012 at 10:19 pm

    အမှန်တရားတစ်ခုပါ ကိုသန်းထွဋ်ဦးရေ လွန်ခဲ့တဲ့နှစ်နှစ်က မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတော်တော်များများခံစား သွားရတဲ့ လာနီညိုရာသီဥတုမှာဆိုရင်လည်း ရေငတ်မွတ်ခြင်းရဲ့ဒဏ်နဲ့ရှားပါးခြင်းဒဏ်များကို သတ္တဝါအများခံစားခဲ့ရပြီးပါပြီ ၊ မြစ်ဆုံအရေးကိစ္စကြီးကိုပဲကြည့်ဦးမလား သူက နှူဓါတ်ပေါင်းဖိုနှစ်ဆယ်နဲ့ညီတယ်လို့တွက်ချက်သူတွေတွက်ချက်ကြပါတယ်။ဂျပန်မှာ နှူဓါတ်ပေါင်းဖိုကြီးပေါက်ကွဲသွားတော့ ဂျပန်ပြည်သူတွေဘယ်လောက်ဒုက္ခရောက်ကြလဲ။ မြစ်ဆုံကနှူဓါတ်ပေါင်းဖိုကြီးနှစ်ဆယ်ကိုတစ်ခုတည်းပေါင်းထားလိုက်တော့ သူသာပေါက်ကွဲသွားရင် မိုင်ပေါင်းထောင့်လေးရာကျော်မှာရှိကြတဲ့သတ္တဝါအများဒုက္ခရောက်ကြမှာသေချာတာပေါ့ဗျာ ကဲမိုးခေါင်သွားတဲ့အခါဆိုပါတော့ဗျာ ရေနည်းသွားပြီ မြစ်အထက်ကပိတ်ထားတော့ မြစ်အောက်ပိုင်းကသတ္တဝါတွေ ဘယ်လောက်ဒုက္ခရောက်ကြရမလဲ၊ ဆည်ရေသောက်ဧရိယာအတွက်တော့အဆင်ပြေနိုင်ပေမယ့် ဆည်ကြီးနဲ့ဝေးလံတဲ့ဒေသတွေမှာ ရေရှားပါးမှုဒဏ်ကို ဧကန်မုချခံစားကြရမှာပါ။ အခုတောင်သောင်တွေပေါ်ပြီးရေကနဲ မြစ်ကြောင်းပြောင်းလဲမှုတွေကြုံလာရပြီ ဒါတွေကိုထိန်းသိမ်းမယ်၊ဆယ်ဖို့မယ်ဆိုတာလဲ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းမဟုတ်ပါလားဗျာ မြစ်ကမ်းနံရံတွေကိုအခိုင်အမာထားရှိမယ်ဆိုရင် မြေပြိုလို့ကမ်းနဖူးကလူနေအိမ်ခြေေတွေပျက်စီးသွားတာတွေဘယ်ဖြစ်နိုင်ပါ့မလဲဗျာ။ ဆည်ကြီးတွေဆောက်ပြီးရေပိုရေလျှံတွေကိုစုဆောင်းထားမယ့်အစား မြန်မာနိုင်ငံအရပ်ရပ်က မြစ်ချောင်းအင်းအိုင်တွေကို နှုန်းတို့အမှိုက်သရိုက်တွေတို့ကိုဆယ်တင်ပြီး ရေနက်ဒေသတွေ ရေတိမ်ဒေသတွေမှာရှိတဲ့ ရေအရင်းအမြစ်များကိုထိန်းသိမ်းသင့်ပါတယ် နက်တဲ့နေရာတွေတိမ်လာပြီးတိမ်တဲ့နေရာတွေကောလာအောင် မထားရှိသင့်တော့ပါဘူး နိုင်ငံတော်ရဲ့ဘတ်ဂျက်အချို့ကို အဲဒီ့နေရာတွေအတွက်အသုံးပြုသင့်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မြစ်ကမ်းနားမှာ တည်ဆောက်စေခြင်းအားဖြင့် ထွက်ရှိလာမယ့်ဘေးထွက်ဆိုးကျိုးတွေ ရေဆိုးရေညစ်တွေထွက်ရှိခြင်းမဖြစ်အောင် ရွေ့ပြောင်းခိုင်းတာမျိုးတွေလုပ်သင့်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေထဲမှာ အဲဒီလိုစက်ရုံပိုင်ရှင်တွေလည်းပါတာဖြစ်လို့ ရေကိုစည်းကမ်းမဲ့အသုံးပြုတတ်တဲ့လူတွေလည်းပါကြတာဖြစ်လို့ အစိုးရနဲ့ပြည်သူတွေတက်ညီလက်ညီပူပေါင်းဆောင်ရွက်မှသာ သဘာဝပတ်ဝန်းကျင်ကိုတစ်ခန်းတစ်ကဏ္ဍထိန်းသိမ်းရာကြမှာဖြစ်တဲ့အတွက် ရေတိုမကြည့်ရေရှည်ကြည့်ကြပါလို့ပြောလိုက်ပါတယ်။
    ရှမ်းပြည်သား(တောင်ပိုင်း)

  • kotun winlatt

    February 19, 2012 at 12:08 am

    ကျနော်တို့ဘက်မှာတော့ ရွှေတွင်းတွေကြောင့်ချောင်းရေတွေ
    မကြည်လင်တော့ဘူးးးဗျို့ …
    ချင်းတွင်းမြစ်ကြီးကိုလည်း မကယ်တင်နိုင်သေးတာမို့
    ချောင်းကိစ္စလောက်တော့ စာရင်းမဝင်နိုင်သေးဘူးလို့
    သတင်းသဲ့သဲ့တော့ကြားမိတာပါပဲဗျာ….
    ရေအသက်တစ်မနက်ဆိုတဲ့ စကားကို မေ့နေကြတယ်ထင်ပါရဲ့ဗျာ…။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 9:34 am

    အမှန်တရားတွေပါ ကိုထွန်းဝင်းလတ်ရေ ရေအသက်တစ်မနက်ဆိုတဲ့စကားကိုမေ့နေကြတာ ကျွန်တော်တို့ပြည်သူပြည်သားတွေမေ့နေကြတာ နှစ်ပေါင်းနှစ်ဆယ်လောက်ရှိနေပါပြီဗျာ။ စီပွားရေးအဆင်ပြေဖို့လောက်သာတွေးနေကြတာကိုးဗျ ဒီချောင်းဒီမြစ်တွေက အကျိုးအမြတ်သာထုတ်ချင်နေကြပြီး ဒီချောင်းဒီမြစ်တွေကိုထိန်းသိမ်းဖို့ကြ အင်မတန်ဝန်လေးကြတာကိုဗျာ။
    ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓါတ်တွေတွေ့ရတယ်ဗျ။ သတ္တုတွင်းတွေက ထွက်တဲ့ဘေးထွက်ဆိုးကျိုးဆိုတာလဲ သာမာန်သာဟုတ်ရိုးလားဗျာ အဆိပ်တွေ အက်ဆစ်တွေပါပဲ။ ကုမ္ပဏီတွေကလဲ လေလံဈေးတွေကြီးမားစွာပေးရတော့ သူတို့ဘက်ကလည်းအမြတ်များများကျန်ချင်နေကြတယ်။ ကျွန်တော်တို့လူသားတွေက အသိုင်းအဝိုင်း၊အဖွဲ့အစည်းတွေနဲ့နေနေကြတဲ့သူတွေပါ။ တစ်ယောက်ကောင်း၊နှစ်ယောက်ကောင်းရုံနဲ့တော့ လူသားအဖွဲ့အစည်းကြီးမတိုးတက်နိုင်ပါဘူး ။ ကိုထွန်းဝင်းလတ်ပြောတဲ့ကိစ္စမှာဆိုရင် တစ်ဦး၊နှစ်ဦးစီးပွားဖြစ်ရုံနဲ့ အလုပ်လုပ်ကြတဲ့သဘောသက်ရောက်ပါတယ်။ တွက်ကြည့်ကြမယ်ဆိုရင် အဲဒီရွှေတွင်းတွေမှာလုပ်တဲ့အလုပ်သမားတွေ ကိုယ်တိုင်ဟာဆိုရင်လည်း အနီးအနားကမြစ်ချောင်းတွေရဲ့ရေကိုပဲသောက်သုံးနေကြတာပါ။ နောက်အလုပ်ချိန်တွေလည်းအများကြီးလုပ်ကြရတဲ့သူတို့အတွက် နိုင်ငံတကာမှာရှိတဲ့သတ္တုတွင်းလုပ်သားတွေလောက်ငွေကြေးလခမရရှိကြပါဘူး။ သူတို့ကိုယ်တိုင်ကတော့ဒါတွေသိမှာမဟုတ်ပါဘူး သိလည်းပြောရဲကြမှာမဟုတ်ပါဘူး ကိုယ့်ကိုထမင်းရှာကျွေးနေတဲ့အလုပ်သမားတွေကိုတောင် သေသေကြေကြေဂရုမစိုက်ဘူးဆိုတဲ့ ကုမ္ပဏီ အချို့ရှိနေနိုင်တာကြောင့် အများအကျိုးကိုကြည့်တဲ့ကိစ္စဆိုတာ ကျွန်တော်တို့ပြည်သူတွေဆီက ရင်ဖွင့်သံတွေကိုမီဒီယာအများနားထောင်လာအောင် ပြည်သူတွေကိုပတ်ဝန်းကျင်ထိန်းသိမ်းရေး၊အမိနိုင်ငံရဲ့တောတောင်ရေမြေသဘာဝထိန်းသိမ်းဖို့အသိရှိလာအောင် ကျွန်တော်တို့ဘက်ကနှိုးဆော်သင့်တယ်လို့ထင်ပါတယ်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ဆိုတဲ့စကားပုံလေးအတိုင် အားလုံးပူးပေါင်းဆောင်ရွက်မှ ကိုထွန်းဝင်းလတ်ပြောတဲ့ကိစ္စဟာ အစိုးရကအသိအမှတ်ပြုဖြေရှင်းသင့်တဲ့ကိစ္စကြီးတစ်ခုဖြစ်လာမှာမို့ ချင်းတွင်းမြစ်တစ်ကြောကသားချင်းများကို အသိပေးပြောကြားလိုက်ရပါတယ်။ မြစ်ဆုံစီမံကိန်းကြီးကို ရပ်တန့်နိုင်ဖို့ ကချင်ပြည်နယ်မြစ်ဆုံတစ်ဝိုက်ကသားချင်းတွေ အစပြိုးဆန္ဒပြုတောင်းဆိုကြလို့ မြန်မာနိုင်ငံသားတိုင်းထောက်ခံအားပေးကြသလို ချင်းတွင်းမြစ်ကြောတစ်လျှောက်မှီတင်းနေထိုင်ကြတဲ့ သားချင်းတွေဘက်ကစတင်အသိပေးကြပါလို့ထပ်လောင်းပြောကြားရင်း သဘာဝရေမြေတောတောင်ပတ်ဝန်းကျင်ဖျက်ဆီးခံရခြင်း
    ဒုက္ခမှကင်းဝေးကြပါစေလို့ ဆုတောင်းပဏ္ဏာပြုအပ်ပါတယ်။

    ဆွေးနွေးအကြံပြုဝေဖန်ပေးကြပါလို့ တောင်းဆိုဆန္ဒပြုလျက်

    ရှမ်းပြည်သား(တောင်ပိုင်း)

  • တကယ်တော့ ကျနော်တို ့သံတွဲချောင်းရေဟာ နှစ်စဉ်ကြီးလေ့ရှိပြီးတော့ အားလုံးနယ်တခွင်မြုပ်လေ့ရှိပါတယ်။
    ခုတော့ဒီချောင်းရဲ ့ရေဝေရေလွဲမှာ တရုတ်ကုမ္ပဏီတစ်ခုကနေ ဧကတစ်သိန်းကျော် ရာဘာစိုက်မယ်ဆိုပြီး
    တောကိုအပြောင်ရှင်းစနစ်နဲ ့ထုတ်နေလိုက်တဲ့ သစ်တွေမနည်းပါဘူး။တော်လဲပြောင်ပါတော့မယ်။ရခိုင်ရိုးမ
    ထဲကို (၅)ရက်ခရီးပြင်းပြင်းနှင်မှရောက်နိုင်မယ့် နေရာမှာလဲ သစ်စခန်းတွေနဲ ့အပီကို ဖဲ့နေကြလိုက်တာ။
    အနာဂတ်တော့ မတွေးရဲတော့ဘူးဗျာ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 10:53 am

    အဲဒီစကားကတကယ့်မိန်းပွိုင့်ပဲဗျို့ သူများနိုင်ငံတွေကတောင် ကိုယ့်နိုင်ငံမှာမြေငှားစိုက်ပြီး သူ့သဘာဝပတ်ဝန်းကျင်နဲ့ သူ့ရေမြေတောတောင်သဘာဝတွေကို ထိန်းသိမ်းထားတာ ကိုယ့်နိုင်ငံကမြေသူများဆီအပါခံဖို့ဝေးလာဝေးလုပ်ထားတာ။ ဒီမှာကတော့ဗျာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုပြီး
    မင်းတုန်းမင်းခေတ်က အနောက်နိုင်ငံသားတွေတောင်းတဲ့ကျွဲသရေတစ်ချပ်စာ ဆိုသလိုမျိုးဖြစ်နေပြီ
    မြန်မာ့သစ်တောများရဲ့အနာဂတ်က ကနာ္တရတွေဆီရွေ့လျားနေပြီဗျ။ ပြည်သူတွေလက်ပိုက်ကြည့်နေရင်တော့ ပေါက်ဖော်ကြီးကပြုံးဖြီးဖြီးနဲ့ ကောင်းလယ်ကောင်းလယ်လို့ မပီမသနဲ့ ပေါ်တင်ချခံရမယ့်သဘောဆိုက်နေပြီဖြစ်တဲ့အတွက် ငြိမ်ခံနေရင်ချိန်တန်တော့ ကွဲလိမ့်မယ်လို့သတိပေးပြောကြားလိုက်ရပါတယ်။

    ရှမ်းပြည်သား(တောင်ပိုင်း)

Leave a Reply