ကိုယ့်ကိုယ်ကို ဂေဇက်ရွာသားဆိုတာ အတိတ်မေ့သလိုလိုမေ့နေလို့ ဝင်ကာစကလို ဒါ့ပုံလေးတွေပြန်တင်ရင် အရင်ကစွတ်ကြောင်းလေးတွေပြန်ဖော်တာပါ….. အရင်ကလိုရွာထဲလဲခဏခဏပြန်မဝင်နိုင်တော့လဲ….ရွာသားတွေသာကြောင်းမာကြောင်းတောင်မေးခွင့်မရပါဘူး….. ဒီအတွက်စွတ်ကြောင်းလေးတွေအတိုင်းပြန်လိုက်ကြည့်တော့…..ဒါ့ပုံဆြာကြီးတွေဖြစ်တဲ့…ဂီတို့၊ကိုမင်းသားတို့၊ကိုလုင်တို့၊လေးပေါက်တို့ကိုသွားသ တိရမိလေရဲ့……. ချစ်လှစွာသော ယောက္ခမကြီးသူကြီးမင်းနဲ့ရွာသူားအပေါင်းကိုဒီနေရာလေးကနေလှမ်းပြီးသာကြောင်းမာကြောင်းမေးလိုက်ပါတယ်… ကျွန်တော်အခုလက်ရှိ တောပုန်းကြီးလုပ်ပြီဌာနီပြည်ကြီးကဝေးသနှင့်လုပ်နေရတဲ့အတွက် ပြန်စာကွန်မန်းလေးများမတက်လာခဲ့သည်ရှိသော်ခွင့်လွှတ်ကြပါကုန်….. ကော်နက်ရှင်စုတ်သမို့ တတ်နိုင်သလောက်သာစိတ်ဖြေပေးကြပါဟု မောင်ရှမ်းဤနေရာကနေ တောင်းပန်ခန်းဖွင့်လိုက်ပါတယ်…….. အကယ်၍ဆက်သွယ်ချင်တယ်ဆိုရင် hninhnin.akri@facebook.com ကိုသာမက်စေ့လေးများမစကြပါလို့ ရောင်းရင်းအပေါင်းမိတ်ဆွေဟောင်းတို့ရေ……


ဂေဇက်………. မြန်မာပြည်မှာပထမဆုံးသတင်းစာတိုက်….. သူ့ရဲ့ကိုယ်ပွားရွာလေးတစ်ရွာဖြစ်တဲ့မန်းလေးဂေဇက်ဆိုတဲ့ဆိုဒ်ကလေး… ရွာသူားအပေါင်းနဲ့စာဖတ်ပရိတ်သတ်အပေါင်းလဲသိကြမှာပါ ကျွန်တော်တို့ရွာကြီးဟာအခုဆိုရင်စည်ပင်သထက်စည်လာပါပြီ…..နိုင်ငံအရပ်ရပ်မြန်မာပြည်တွင်းကဒေသအရပ်ရပ်ကလူတွေစုဝေး ရောက်ရှိလာကြပါပြီ…….လူမျိုးစုံအသက်အရွယ်စုံဘဝအစုံလုပ်ငန်းအစုံနဲ့ဆိုင်ရာဆိုင်ရာအသိပညာအတတ်ပညာတွေနဲ့ ဗဟုသုတစုံလင်စွာအတွေ့အကြုံစုံလင်စွာနဲ့ရပ်တည်လာကြပါပြီ…… ဒါပေမယ့်လို့…တကယ့်ကိုဒါပေမယ့်လို့ပေါ့ဗျာ….. ကျွန်တော်တို့ရွာလေးဟာလက်ရှိအခြေအနေမှာမြန်မာပြည်ရဲ့အနေအထားလိုပဲ ဒီထက်ပိုပြီးတိုးတက်နိုင်ရဲ့သားနဲ့နောက်ကျကျန်နေခဲ့တာလေးတွေရှိနေပါသေးတယ်……. အဟင်းဒီနေရာမှာနဲနဲလောက်တော့နားထောင်ကြည့်ပါဟစ်ပ်ဟေ့ာပ်သီချင်း..အဲလေ….ဒီနေရာမှာနိုင်ငံရေးလေးနဲနဲထည့်မယ်ခွင့်ပြုပါ…. ကျွန်တော်တို့မြန်မာပြည်လိုတိုးတက်နိုင်ရဲ့နဲ့နောက်ကျကျန်နေတာတွေရှိတယ်ဆိုတဲ့ ဥပမာအလင်္ကာဆန်ဆန်သုံးထားတာဒီလိုရှိပါတယ်… လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေဟာကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အချိန်ကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ပါတီဝင်များမဲအများအပြားရရှိပြီးနိုင်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ နိုင်ငံရေးအကျဉ်းသားများ သမ္မတကြီးမှလွတ်ငြိမ်းချမ်းသာခွင့်ပေးနေတဲ့အထိနည်းနေသေးတဲ့ယုံကြည်မှုတွေဟာ စိတ်ချနိုင်လောက်တဲ့အခြေအနေကိုရောက်တော့မယ် ဆိုပြီးယုံကြည်မှုတွေပိုမိုတိုးတက်လာတဲ့အထိကိုဖြစ်လာပါတယ်…….. ဒီအခါမှာနိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုတွေ၊ကူညီထောက်ပံ့မှုတွေလုပ်ဖို့လက်တွေကမ်းလာပါတယ်…….. ဒီအခါမှာ(၁)နိုင်ငံရေးလွတ်လပ်စွာလှုပ်ရှားနိုင်မှုများယခင်ကထက်အခြေအနေပိုမိုကောင်းမွန်လာခြင်း…… (၂)နိုင်ငံတကာဆက်ဆံရေးတွင်ပိုမိုတွင်ကျယ်လာခြင်း…. (၃)ကမာ္ဘအသိအမှတ်ပြုမှုပိုမိုရရှိလာခြင်းတွေအပြင်…. (၄)ရင်းနှီးမြုပ်နှံလိုမှုများ.များပြားလာခြင်းကြောင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်း…. (၅)နိုင်ငံတကာအဆင့်အတန်းမှီရင်ဘောင်တန်းနိုင်အောင်နိုင်ငံနှင့်တစ်ဝန်းတွင်လမ်းပန်းဆက်သွယ်ရေး၊မြို့ပြစနစ်များပိုမိုပီပြင်လာမှု၊လူမှုအဆင့်အတန်းတွေ မြင့်မားရန်၊ကျန်းမာရေးအဆင့်အတန်းတွေမြင့်မားရန်၊ဥပဒေစိုးမိုးမှုနှင့်တရားစီရင်ရေးကဏ္ဍများတွင်တိကျမှန်ကန်လာစေရန်၊ဘက်စုံဖွင့်ဖြိုးတိုးတက်ရေးအစရှိတဲ့ ဖြစ်စဉ်တွေလုပ်ငန်းတွေပြုလုပ်လာရမယ့်အခြေအနေမှာ……… (က)နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်စိတ်ရှည်သည်းခံလာပြီးမှ….ဆက်ပြီးစောင့်ကြည့်မနေပဲစိတ်လောပြီး….. (ခ)အနိမ့်ဆုံးလုပ်ခလစာဟာ တစ်သိန်းလောက်မှပြေလည်နိုင်မယ်ဆိုပြီး ကုမ္ပဏီအလုပ်သမားတွေကဆန္ဒုပြ….. (ဂ)စွမ်းအင်အပြည့်အဝမပေးဝေနိုင်မှုတွေဖြစ်ပွား………. (ဃ)ကချင်ပြည်နယ်မှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်အခတ်တွေဖြစ်ပွား……. (င)ရခိုင်ပြည်နယ်အရေးကိစ္စတွေဖြစ်(ဒါကတော့လူမျိုးရေးဆိုတာထက်မြန်မာပြည်သားတိုင်းရင်းသားပေါင်းစုံကိုကျူးကျော်လာတဲ့နိုင်ငံရပ်ခြားတိုင်းတစ်ပါးသား များကအစပျိုးတဲ့နိုင်ငံရေး၊အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ချွင်းချက်တော့ရှိချင်ရှိနိုင်ပါတယ်) (စကားချပ်-ရခိုင်ပြည်နယ်အရေးမှာတကယ်ကိုတာဝန်ယူသင့်တာကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့လုံခြုံရေးတို့ကိုတာဝန်ယူထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးမှာတာဝန်ရှိတဲ့အတွက် ကိုယ့်လူမျိုးများကအဝင်ခံလို့ဖြစ်တဲ့ကိစ္စဖြစ်တာကြောင့် ကိုယ်မွှေးတဲ့မီးကိုကိုယ်တာဝန်မယူနိုင်ကြသူများသာအပြစ်တင်ကြပါလေ)(မှတ်ချက်-လူမျိုးရေးခွဲခြား ပြောဆိုနေခြင်းမဟုတ်ပါအကြောင်းအကျိုးစပ်ဆက်ပြလိုသောကြောင့်ဖော်ပြရခြင်းဖြစ်ပါသည်) အပေါ်ကစကားပြန်ဆက်ပါမယ်… ဒီလိုကိစ္စတွေဖြစ်တဲ့အခါမှာ…… နိုင်ငံတကာကလဲ အရှိန်အဟုန်နဲ့ရင်းနှီးမယ့်၊ကူညီပေးမယ့်ကိစ္စတွေဟာ အရှိန်လျော့ကျတုံ့ဆိုင်းခဲ့ရပါတယ် ဒီကိစ္စမျိုးတွေသာမဖြစ်ခဲ့ရင်မြန်မာနိုင်ငံဟာလက်ရှိအခြေအနေထက်ငါးရာခိုင်နှုန်းလောက်ပိုမိုတိုးတက်ရမယ့်အခြေအနေဖြစ်နေမှာပါ (ပြောရင်းနဲ့စကားလမ်းကြောင်းလွဲနေပြီလားတော့မသိ…သို့ပေသိဆက်ဟောပါမယ်ဒကာတို့အဆင်ပြေသလိုနာကြပါ..အဲလေသည်းခံပြီး ဖတ်ပေးကြပါ) တကယ်ဆိုရင်မြန်မာပြည်သူပြည်သားများအနေနဲ့တိုးတက်လာမယ့်အခြေအနေနဲ့ရရှိလာတဲ့အခွင့်အရေးတွေကိုစောင့်ဆိုင်းပြီး ကြိုးစားရမယ့်အနေအထားမျိုးပါ…ကြိုးစားမှုကိုအရင်မပြဘဲရရှိသင့်တဲ့အခွင့်အရေးကိုအရင်တောင်းတော့ ဖေးမကြည့်ရှုချင်တဲ့သူတွေတောင် လက်တွန့်သွားတော့တာပေါ့ အခုရေတွင်းတူးအခုရေကြည်သောက်ချင်တာတောင်မဟုတ်ပါဘူး […]


ဘာရယ်တော့ဟုတ်ဝူးရယ်…. ရန်ကုန်ရောက်တုန်းကရွာသူားတွေနဲ့တွေ့ခဲ့တဲ့ပုံလေးတွေသတိတရပြန်ကြည့်ရင်းတင်ချင်စိတ်ပေါက်လာလို့တင်လိုက်တာ…. ၅၊၇၊၈၊၉ပုံတွေက ကဆုန်လပြည့်နေ့မှာရွာသားတွေနဲ့အတူရွှေတိဂုံမှာညောင်ရေသွန်းတုန်းကပါ…. ကျန်ပုံတွေကတော့……မခိုင်ရဲ့ကောင်းမှုနဲ့ရွာသားတွေတွေ့ဆုံပွဲလေးလုပ်ပေးတုန်းကပါ…. အားလုံးကိုသတိရပါတယ်….နောက်လဲဆုံကြပါဦးမယ်…. ကိုလုလင်ကိုတော့မပစ်လာခဲ့ရဘူးဗျာ…. သူကြီးကရွာသားတွေမျက်နှာပြရင်ဒေါ်လာငါးဆယ်ပေးမယ်ဆိုလားပဲ…..အဟိသူကြီးဘဏ္ဍာတိုက်ဖောက်ချင်နေတာ….တကယ်တော့ ဦးကပ်စေးကပေးဘူးလို့ပြောပြီးသားတဲ့ဗျ…….


လူငယ် တစ်ဦး အန်ခြင်းနှင့် ဝမ်းသွား ခြင်းတို့မှ ရှစ်ရက် အတွင်း သံချောင်း ၁၂ဝ ခန့် ထွက်ကျ လာဟုဆို လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁ရ ရက်မှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်ပိုင်းအ ထိ အန်ထွက်ရာနှင့် မစင်စွန့်ရာမှ သံချောင်း ၁၂ဝ ချောင်းခန့် ထွက်လာကြောင်း သိရသည်။ “စပြီးသတိထားမိ တုန်းက ဇွန်လ ၁၆ ရက်လောက်ကပါ။ စပြီးအန်တာတော့ ၁ရ ရက်ကစပြီး အန်တာ ဆေးခန်းမှာသွားပြတော့ Ultrasond ရိုက်တာ အထဲမှာဘာမှမတွေ့ရဘဲနဲ့ […]


မန်းဂေဇက်ခေါ်တွင်ဤရွာအတွင်းရှိကြကုန်သော အိုင်တီအဖွဲ့ဝင်ပညာရှင်အပေါင်းတို့ခင်ဗျား…… ကျွန်တော်မျိုးကြီးမောင်ရှမ်း၏ ကုန်ပူတာသည်…. အက်ဘဒိုဘီဖလက်ရှစ်ပလေယာတင်လျှင်သော်လည်းကောင်း…. ဝေါလ်အော့ဝါးခရက်ဖ်တင်လျှင်သော်လည်းကောင်းအချို့အချိ့သောယခင်ကတင်ထားသည့်ဆော့ဖ်ဝဲလ်များကိုသော်လည်းကောင်း ယခုဝင်းဒိုးအသစ်ပြန်လည်တင်ပြီးနောက်တွင်တင်၍မရပါသဖြင့် ရိုသေစွာဖြင့်အကြံဉာဏ်လေးများတောင်းခံအပ်ပါသည်….. အရင်ကရတယ်အခုမရဘူးဆိုတော့…..ဟက်ဝဲလ်ပိုင်းတော့ချို့ယွင်းတာမတွေ့ရပါဘူး…… ဆော့ဖ်ဝဲပိုင်းကတော့ကျွန်တော်လုံးဝလုံးဝကိုမရတဲ့အပိုင်းဆိုတော့….. ကိုဖက်ရေ…..ဂီဂီရေ…..ဆာ့ဆာကြီးတို့ရေ….. ကျို့မီးငါးပါဗျို့……………. ဒဂျီးရေ……..စိတ်မဆိုးကြေးနော်….. ရွာထဲကကုန်ပူတာ ပညာရှင်တွေကိုမေးထားတာမို့လိုအပ်တဲ့အပိုင်းတွေကို….. ကိုဖက်တို့လိုပညာရှင်တွေမှကျွန်တော်မသိသေးသောရွာထဲကပညာရှင်တို့က ကွန်ပျူတာထိန်းသိမ်းပြုပြင်မှုတွေကို ဘယ်လိုလုပ်ရမလဲ…..အယ်ရာတက်တဲ့အခြေအနေတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာလေးလဲ…. အခန်းဆက်လေးတွေလုပ်ကြပါဦးလို့….. ဘာရယ်မဟုတ်သဂျီးဘဏ္ဍာတိုက်ကိုဖောက်ကြည့်တာ….ရွာသူားအပေါင်းတို့ရေ….ရွာထဲလဲမရောက်တာကြာလို့ကလိတာ


ရွာသူားအပေါင်းတို့ရေ…… ဒီနေ့မြစ်ကြီးနားမှာပြည်သူလူထုများစုဝေးပြီးအစိုးရစစ်တပ်နဲ့ကေအိုင်အေတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက်ဆန္ဒပြမယ်လို့ကြားသိရပါတယ်…..အစိုးရဋ္ဌာနဆိုင်ရာများနဲ့တပ်မတော်မှတပ်မတော်သားများကိုလဲ မြို့တွင်းသို့လှည့်ပတ်ပြီးလည်ခြင်းပတ်ခြင်းများမပြုလုပ်ရန်အမိန့်ပေးထားတယ်လို့ကြားပါတယ်…… သေချာမသေချောသိရအောင်ဆက်စုံစမ်းနေပါတယ်………ရွာထဲမှနီးစပ်သူများကလဲမြစ်ကြီးနားမှအသိမိတ်ဆွေဆွေမျိုးသားခြင်းများ ထံသို့သတင်းလေးမေးမြန်းကြည့်ပေးကြပါ………. ခင်တဲ့…..ရှမ်းပြည်သား(တောင်ပိုင်း)


                      ကျွန်တော့်ရဲ့ဒီပို့စ်ကိုတင်ရခြင်းရည်ရွယ်ချက်ကတော့ နုပျိုခြင်းဆိုတဲ့အရာနဲ့ဇရာဆိုတဲ့အရာကိုချိန်ထိုးကြည့်စေချင်တာဖြစ်ပါတယ်… လူတွေရဲ့ဘဝနဲ့ပုံသဏ္ဍာန်တွေဟာထာဝရပြောင်းလဲနေတယ်ဆိုတဲ့မတည်မြဲခြင်းရဲ့ထာဝရအမှန်တရားကိုတွေးတောကြည့်ရင် ပရိတ်သတ်ကြီးရေ……သင်ဘာတွေပြင်ဆင်ထားပြီးပြီလဲဗျ……. ဘာတွေကောဆောင်ရွက်ခဲ့ပြီးပြီလဲ……..ကောင်းတဲ့သစ်ပင်စိုက်ရင်အသီးအပွင့်ကောင်းတွေရမယ်… မကောင်းတာစိုက်ခဲ့ရင်မကောင်းတဲ့အသီးအပွင့်တွေရမယ်…. အချိန်ဆိုတာနီးလာပါပြီ…….လုပ်သင့်တာတွေလုပ်ကြရအောင်….ပြင်သင့်တာတွေပြင်ကြရအောင်….


                          နောက်လမှာပြိုင်မယ့်ချစ်စရာ့အရွယ်ဆိုတဲ့ဒါ့ပုံပြိုင်ပွဲမှာဝင်ပြိုင်ချင်ပေမယ့်နောက်ဆယ်ရက်လောက်နေရင်ရွာထဲကနေပင်စင်ယူရမယ့်အခြေအနေတစ်ခုရှိနေတာကြောင့် ပြိုင်ပွဲမဝင်တော့ပဲ…….ကျွန်တော့်ရဲ့နှလုံးသားခံစားချက်များနဲ့ရိုက်ထားတဲ့ဒါ့ပုံတွေကိုတင်ပြပေးလိုက်ပါတယ်…. ကျွန်တော်ကဒါ့ပုံတစ်ပုံကိုပညာဆိုတာထက်……ကျွန်တော့်ရဲ့နှလုံးသားနဲ့ထပ်တူထပ်မျှဖြစ်နေတဲ့အချိန်မှာရိုက်ပါတယ်….. ပညာကောင်းကောင်းမတတ်တာလည်းပါတာပေါ့…ဒါပေမယ့်ကျွန်တော့်ရဲ့နှလုံးသားနဲ့အမျှမြတ်နိုးရတဲ့ဒါ့ပုံတွေမို့……ဘယ်သောအခါမျှယုံကြည်ချက်လျော့ခြင်းမရှိပါဘူး… အနုပညာဆိုတာဖန်တီးခြင်းသာဖြစ်ပါတယ်….ခံစားခြင်းသာဖြစ်ပါတယ်…..မျှဝေခြင်းသာဖြစ်ပါတယ်…အကျိုးအမြတ်ကိုမျှော်ကိုးပြီးလုပ်တဲ့အခါမှာ အနုပညာတစ်ခုဟာဘယ်သောအခါမှရသမမြောက်တော့ဘူးလို့လည်းခံယူထားပါတယ်…. မှားတာရှိလျှင်ခွင့်လွှတ်ကျပါကုန်….. အားလုံးသောစာဖတ်သူနဲ့…ရွာသူားအပေါင်းကိုခင်တဲ့လေးစားတဲ့….ရှမ်းပြည်သား(တောင်ပိုင်း)


ဒီလိုနဲ့ပဲရန်ကုန်ရွှေမြို့တော်ကြီးမှာနေလာတာ (၃)ရက်မြောက်လာတဲ့အခါမှာတော့မောင်ရှမ်းတို့မူလ projectဖြစ်တဲ့မာတာမိခင်ကြီးကို ဆေးကုသဖို့စီစဉ်ရပါတော့တယ်…အမေဖြစ်သူကရွှေမိုးပွင့်အေးဆိုတဲ့ဆေးကုခ န်းကိုMRTV-4ကနေတစ်ဆင့်သိထားပြီးသုံးလပိုင်းလောက်က လာလို့စတင်ကုသခဲ့ပါတယ်…မိခင်ကြီးပြောသမျှကတော့ဒီဆေးကုခန်းလေးကနေပြီး ESG(Electro-Somoto Graphy) Scanနဲ့ဖတ်ကြည့်တဲ့အခါ မှာတော့ အစာအိမ်မှာကင်ဆာဆဲလ်တွေတွေ့နေရတယ်…အသည်းကလဲသိပ်မကောင်းဘူးကျောက်ကပ်ကလဲအလုပ်လုပ်နိုင်စွမ်းနဲနေတဲ့အတွက် ခြေထောက်တွေဒူးအောက်ပိုင်းကစလို့ခြေဖဝါးအထိကိုယောင်ကိုင်းနေပါတယ်..ခြေသလုံးအရှေ့ခြမ်းညိုသကျည်းဖက်ကကြွက်သားတွေဆို နဲနဲဖိပြီးနှိပ်ကြည့်လိုက်ရင်၄၅စက်ကန့်လောက်ကိုချိုင့်ဝင်နေတတ်ပါတယ်… အာရုံကြောတွေကလဲအားနည်းနေလို့တစ်ခါတစ်လေခြေဖျားလေးတွေ ကပ်လက်ဖျားလေးတွေကပ်တတ်သလိုအပူအအေးမညီမျှရင်ကွေးတတ်ကောက်တတ်ပါသေးတယ်… နောက်ပြီးမျက်လုံးတွေမှာသွေးကြောမျှင်လေးတွေ ပေါက်ပြီးသွေးခဲတွေပိတ်နေတတ်ပါသေးတယ်….အဲဒီလိုဖြစ်တဲ့အတွက်အမြင်အာရုံကိုမထိခိုက်ပေမယ့်…အများအမြင်မှာမျက်လုံးတစ်ခုလုံနီရဲပြီး ကြောက်စရာကြီးဖြစ်နေတတ်ပါသေးတယ်…ဒီခေတ်လူငယ်တွေပိုင်ဆိုင်လိုကြတဲ့မျက်ခုံးမျက်တောင်နက်နက်မျက်လုံးတစ်စုံလုံးနီရဲနေတာမျိုးပေါ့ Vampireတွေလိုဖြစ်နေတတ်ပါတယ်…နှလုံးလဲမကောင်းဘူး…အရိုးအဆစ်တွေလဲသိပ်ပြီးကြံ့ခိုင်မှုမရှိပါဘူး….. ဒါတွေကကျွန်တော့်ရဲ့မိခင်အရင်က နှစ်များစွာထဲကခံစားနေရတဲ့ဝေဒနာတွေပါ…..ဆေးမျိုးစုံစား၊ကုသနည်းမျိုးစုံနဲ့ကုသပြီးအသက်ခြောက်ဆယ်အရွယ်အထိကိုနေမကောင်းရင်း… လမ်းလျောက်နေတဲ့ရောဂါစုံဆေးရုံးကြီးတစ်ရုံလိုဖြစ်နေပါတယ်…..အခုတော့ကိုယ်ကဘာရောဂါတောင်ဖြစ်တယ်ဆိုတာကြိုမပြောရသေးဘဲ… Scanဖတ်လိုက်တာနဲ့တင်……ဒီရောဂါတွေရဲ့အခြေအနေကို…အတွင်းကလီစာတွေနဲ့လူခနဓာကိုယ်အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်မှုတွေကို စစ်ဆေးခြင်းအားဖြင့်သိရှိရတဲ့အတွက်…ကျွန်တော့်မိခင်ကြီးဟာဒီရွှေမိုးပွင့်အေးဆေးကုခန်းလေးမှာဆေးကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့ပါတ ယ်….. First  Package နဲ့ Second  Packageကို အမ်အိုင်အင်နာဂျီဆိုတဲ့စက်ကလေးနဲ့ လျှပ်စစ်ဓါတ်တွေကိုယ်တွင်းကိုစီးဆင်းစေပြီးကုသပြီးတဲ့အခါမှာတော့… ကျွန်တော့်မိဘတွေဟာကျွန်တော်တို့နေထိုင်ရာအိမ်ရှိတဲ့ရှမ်းပြည်တောင်ပိုင်းကိုပြန်လာခဲ့ပါတော့တယ်…. ဒီနေရာမှာကျွန်တော့်အနေနဲ့ရွာသူားတွေကိုတင်ပြချင်တာကတော့….ကျွန်တော့်အမေရဲ့Before  and  After  အခြေအနေကိုပါ…. ဒီဆေးခန်းလေးမှာကုသခြင်းမပြုခင်မှာတော့ကျွန်တော့်အမေဟာမကြာမကြာဗိုက်အောင့်တတ်ပါတယ်…. အသည်းဘက်ခြမ်းကအောင့်သလို အစာအိမ်ကလဲအောင့်ပါတယ်…. အဲဒီ့တုန်းကတော့ဆရာဝန်တွေအထူးကုတွေနဲ့ပြကြည့်တဲ့အခါမှာအသည်းမကောင်းလို့ဖြစ်တာဆိုပြီး… ကုထုံးတွေအမျိုးမျိုးနဲ့ကုသခဲ့ပါတယ်….ပျောက်ကင်းတယ်ဆိုတာတော့မရှိခဲ့ပါဘူး…..အသက်အရွယ်ရလာတာနဲ့အမျှ…… ရောဂါဟာပိုပိုပြီးပဲတိုးလာခဲ့ပါတယ်…..တရုတ်ပြည်ကလာတဲ့လင်ဇီးဆေးတွေလဲစားတယ်…..စားနေတုန်းပဲကောင်းတယ်….ဈေးကြီးတော့ ဆက်မစားဘဲနေရင်….ရောဂါကနှစ်ဆပိုတိုးလာသလိုခံစားရပါတယ်…..ကိုယ်တွေလက်တွေလဲကိုက်ခဲရင်…….အသည်းရောဂါနဲ့…. အကိုက်ခဲပျောက်ဆေးတွေနဲ့မတည့်ဘူးဆိုပြီး……ကိုက်တာခဲတာတွေကိုကြိတ်မှိတ်ပြီးခံစားခဲ့ရပါတယ်….. ဒီစက်ကလေးနဲ့runပြီးတဲ့အခါမှာတော့အသားအရည်ဟာလဲစိုစိုပြည်ပြည်ဖြစ်လာတယ်….အရင်ကလိုမွဲခြောက်ခြောက်နဲ့ညိုညစ်ညစ်မဖြစ်တော့ဘူး… ဗိုက်အောင့်တာတွေလဲသက်သာလာတယ်……ကိုက်တာခဲတာတွေလဲမရှိတော့ဘူး…..ကိုက်လို့ခဲလို့ဆေးသောက်ရင်လဲ…ဆေးမှာပါတဲ့…. side  affect  ဘေးထွက်ဆိုးကျိုးတွေကိုဒီ  MI  Energyစက်ကလေးကနေခြေဖျက်ပေးတဲ့အတွက်ကြောင့်အရင်ကလို….ကိုက်ခဲမှုဝေဒနာကို အံကြိတ်ပြီးခံစားနေစရာမလိုတော့ပါဘူး……ဈေးနှုန်းကလဲ  Packageတစ်ခုကိုမှ…သောင်းဂဏန်းသာဖြစ်တဲ့အတွက်လူလတ်တန်းစား…. ရောဂါဝေဒနာသည်များအတွက်တစ်မျိုးတစ်ဖုံထောက်ပံ့မှုတွေရရှိအောင်ကုသနိုင်တဲ့ဈေးနှုန်းမျိုးပါ…… […]


မဟာရွှေမြို့တော်ကြီးရန်ကုန်ဆီသို့……. ကျွန်ုပ်သည်ခြေချမိလိုက်သည်နှင့်တစ်ပြိုင်နက်ချွေးများတပြိုက်ပြိုက်ကျဆင်းလာလေတော့သည်……. အောင်မလေးပူလိုက်တဲ့ဖြစ်ခြင်း…… ရှမ်းပြည်ကကားစီးလာတာညောင်းပေမယ့်တက်ကစီတစ်စီးကဆင်းငှားရသေးသည်….ပါရမီကားကွင်းတွင်… အစ်ကိုအစ်ကိုမြောက်ဒဂုံကိုသွားချင်လို့.….အေးညီလေးနဲနဲသွားရင်မင်းရောက်နေပြီလေ……သွားချင်သပဆိုရင်တော့မြို့တစ်ပါတ်ပါတ်ပြီးဒီမှာ ပြန်ချပေးမယ်ဘယ်လိုတုန်း……တိန်တေဘီခြာပဲ…….နာကိုကမှားပါတယ်လေ….. ဟုတ်ဝူးကိုကြီးရဲ့…..မြောက်ဒဂုံသုံးဆယ့်နှစ်ကိုသွားချင်လို့ပါ……..အဲဒါဈေးဘယ်လောက်လဲ……. ကားဆရာမေးစေ့ကိုပွတ်ရင်းဖြင့်စဉ်းစားနေသည်….အင်းဒီငတိကသေချာတယ်တောကတက်လာတာပဲနေမှာ….. ဒီမှာတောသား..အဲလေညီလေးသုံးထောင်ပဲပေးပါ…... ဗျာာာာာာာာာ……တော်တော်လေးဗျာသွားသည်ထင်…….ကားဆရာတောင်လိပ်ပြာလွင့်သွားသည်…ဒီလိုတော့ဘယ်ရမလဲ…ပြန်လာ ခဲ့… ကလူကလူတောက်တောက်..အဲလေ……ဒီလိုတော့ဘယ်ရမလဲအစ်ကိုကျွန်တော်ရန်ကုန်ခဏခဏလာဖူးတယ်လာတိုင်းလဲဟိုနဲ့ဒီကို တစ်ထောင်ပဲ…..ဗျာာာာာာာာာာာာ….ဒီတစ်ခါဗျာတာကတော့ကားဆရာပင်ဖြစ်ပေတော့သည်…..အောင်မငီးတောသားရယ်အဲလေ…ငါ့ညီရယ် ငါ့မန်မန်းအိုးကိုတော့မခွဲပါနဲ့ကွာ……..ကဲကဲပြောကြာတယ်…..မင်းဘယ်လောက်စေတနာရှိတုန်းအချိန်ကလဲနံနက်သုံးနာရီဆိုတော့ကားခက်မယ်နော်… ခြိမ်းခြောက်သောလေသံပါလာပေပြီ….အင်း……မငှားပဲလမ်းလျောက်ရအောင်လဲမာမားကြီးကနေမကောင်းသကိုး…..လမ်းလျောက်လဲအိမ်က တစ်မိုင်လောက်လိုသေး……မိုးကလဲမှောင်ဒီကားသမား….နံပါတ်မှတ်ပြီးနောက်မှခြိမ်းခြောက်မှုနဲ့အမှုဖွင့်မယ်…..မောင်ရှမ်းဆင်ကြံကြံပေပြီ…. “ကဲကိုယ့်ဆာ…….နှစ်ထောင့်ငါးရာပေးမယ်လိုက်ချင်လိုက်မလိုက်ရင်မနက်မိုးလင်းတဲ့အထိဒီမှာထိုင်စောင့်ပြီးအိမ်ကကားလာခေါ်ခိုင်းမယ်….ပို့ချင်ပို့ မပို့ချင်နေ…”….ကားဆရာလဲရေကူးညှာတင်ပြောထားသဖြင့်လိုရင်းရောက်သည်ကတစ်ကြောင်း……ပြန်လည်ခြိမ်းခြောက်သည်ကတစ်ဖုံ… “အမှုဖွင့်နိုင်သည်ဆိုသည်ကိုတွက်ဆမိသည်ကတစ်မျိုးဖြင့်….လိုက်ပါ့မယ်ကွာတောသားတွေကိုသနားလို့နော်“………“ဘာာာာာာာာာာာာာာာာာ အဲလေမှားလို့ညီအစ်ကိုလိုခင်လို့နော်…..အင်းဒီလိုလုပ်ပါ………..နောက်ပြီးကျွန်တော်ကတောကတက်လာတာမဟုတ်ဘူးဗျ….တောင်ပေါ်ကဆင်းလာ တာလူကိုများအထင်သေးပြီးရာရာစစကားဆရာခင်ဗျားထက်မြင့်တယ်နော်ကျွန်တော်က..”...ဟင်းဟင်းဘယ်ရမလဲမောင်ရှမ်းတို့အဲလိုကိုကြွားပိုက်တာ… ကကလေးသည်ခခလိ်ုရာသို့ပို့ဆောင်ရန်တလိမ့်လိမ့်ဖြင့်ထွက်လေပြီ……… လမ်းတွင်ဘေလီတံတားအသစ်ကြီးတည်ဆောက်နေသည်ကိုမြင်သောအခါတွင်မူ………. “ဟေးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟာာာာာာာာာာာာာာာာာ” ကားသမားဘရိတ်ကိုတံတားဟိုဘက်လွန်မှဆောင့်အုပ်လိုက်သည်……ပြီးနောက်ဘေးမှထိုင်နေသောကျွန်တော့်ကိုကြည့်လေသည်……. ထို့နောက်မောင်ရှမ်းမာမားကြီးကိုတစ်လှည့်ကြည့်ရင်း………“အဒေါ်အဒေါ်စိတ်ရောဂါသည်ကုဖို့တောင်ပေါ်ကဆင်းလာတာလားဗျ“…… ကျွန်တော့်ရဲ့မာတာမိခင်သည်မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့်သားဖြစ်သူကျွန်တော့်အားကြည့်လေသည်……. ထိုအကြည့်မှာ…..ငါ့သားမြို့တက်ပြီးလူလည်လုပ်ချင်တာလောလောဆယ်တော့လူကိုလည်ထွက်ပြီးမူးရင်းဂေါက်လေပြီဆိုသော… အဒိတ်ပါယ်မျိုးပါလာသဖြင့်….“ဟာမာမားသားကိုဒီလိုမကြည့်ပါနဲ့….သားကအရင်လာတုန်းကဒီဘေလီတံတားကတစ်စင်းပဲရှိတာ ခုနှစ်ဆင်းဖြစ်တော့မယ်ကားတွေပိုသွားလို့ရတော့မယ်ဆိုပြီးဟေးးးးးးးးလို့ပျော်ပြီးအော်တာ………..နောက်တော့………..လောလောဆယ်မှာ ကားတွေဒီတံတားပေါ်ပိုကျပ်တော့မယ်ဆိုပြီးဟားးးးးးးးးးးးးးးးးးးးလို့စိတ်အိုက်ပြီးအော်တာ….ဟာာာာာာာာာာဆိုတာကတော့…… ဒီတံတားကြီးကိုမြန်မြန်ဆောက်ဖို့တိုင်းဒေသကြီးသက်ဆိုင်ရာတွေကခိုင်းမှာပဲ……မြန်မြန်ပြီးဖို့အရေးမကြီးဘူးမခိုင်ရင်ကျိုးမှာစိုးတာရယ်…. မြန်မြန်ပြီးများများခိုပြီးဆောက်တော့မယ်ဆိုတာရယ်ကိုစဉ်းစားမိပြီးဟာာာာာာာာလိုက်တာဗျ….အဲဒါကိုဒီတုံးတုံးအအကားဆရာကသာ းကို စိတ်ရောဂါသည်ပြောနေတယ်မာမားရေ……ဟေ့လူခင်ဗျားကျုပ်ကိုရွာသာကြီးမသိဘူးများမှတ်နေလို့လား….ဂေါက်နေရင်ခင်ဗျားကို ရွာသာကြီးလိုက်ပို့ခိုင်းမှာပေါ့ခုမဂေါက်လို့သုံးဆယ့်နှစ်ကိုလိုက်ပို့ခိုင်းတာပေါ့……နောက်တစ်ခါဂေါက်ခါနီးကြရင်ခင်ဗျားကိုအသင့်ခေါ်မယ်ကြားလား….” “အောင်မလေး…..ပညာတုံးလေးရယ်…..တစ်ခြားတော့မဟုတ်ဘူးပညာတွေတုံးတုံးကုန်လို့ပညာတုံးလေးခေါ်တာ………..ပညာတွေအတုံးလိုက်အခဲ လိုက်ရှိလွန်းလို့တော့မထင်နဲ့…ဒီခေတ်ကြီးကခင်ဗျားပြောသလိုကွယ်ဝှက်ပြီးခိုးမစားဘူးဗျ…..လမ်းတံတားကြေးဆိုပြီးတိုးဂိတ်တွေဆောက်….. ပေါ်တင်တောင်းစားတဲ့ခေတ်ရောက်နေပြီမသိရန်ကောဗျာ………..” ဆက်ရန်……….. ခင်ရပါသော…..မောင်ခ….ရှမ်းပြည်သား(တောင်ပိုင်း)


ဦးကောလဟာလဆိုတဲ့လူကြီးမတင်သမျှကျွန်တော့်ဆီနောက်ဆုံးပုံပြီးတာဝန်တွေလာပေးနေတော့ဒီပို့စ်လေးကို တင်ရပါတော့တယ်……. ကျွန်တော့်ပို့စ်တစ်ခုမှာအဲလူကြီးကလျှာလျှာရှည်ရှည်နဲ့အတည်ပေါက်ကြီးရွာသူားတွေကို ရှမ်းစကားသင်ပေးမယ်လေး ဘာလေးနဲ့ဝင်ပြီးဖောရှောလုပ်သွားလို့…ကျွန်တော်ကတင်ဖို့ပြောတော့ငါမအားသေးဘူးတဲ့…..မင်းလဲတတ်သင့်သလောက် တတ်နေတာပဲသင်ပေးလိုက်ပေါ့လို့ဘုတောပါတယ်……တကယ့်တိုင်းရင်းသားစစ်ဖြစ်တဲ့ဦးကောကြီးတာဝန်မယူတော့လဲ.. ကျွန်တော်ကပဲတူတစ်ယောက်ရဲ့တာဝန်ထကျေရတော့မပေါ့….ဟင်းဟင်းဦးကောတူမပေးဖို့သာပြင်ပေတော့…. သင်ခန်းစာလေးမစခင်အားလုံးပဲကျွန်တော်ဟာရှမ်းဘာသာစကားကိုမတတ်တခေါက်သာတတ်သောဗမာလူမျိုးတစ်ဦးဖြစ်တဲ့ အတွက်အမှားအယွင်းလေးများပါနေခဲ့ရင်သိသူများကခွင့်လွှတ်ပေးကြပါလို့ဦးစွာတောင်းပန်တကပြုအပ်ပါတယ်….. အရင်ဆုံးမိတ်ဆက်စကားလေးနဲ့သင်ခန်းစာလေးကိုဖွင့်လိုက်ကြရအောင်…….. ၁။မိုင်ဆွန်ခ……….. မင်္ဂလာပါခင်ဗျာ….မင်္ဂလာပါရှင်…. ၂။မိုင်ဆွန်ခ…..ယူလီဟ…… မင်္ဂလာပါခင်ဗျာ….နေကောင်းပါသလားဗျ….. ၁။ယူလီယူခဩော…….. ဟုတ်ကဲ့…နေကောင်းနေပါတယ်ခင်ဗျ….. စိ  ံဆူဝါဟီ  ံခ………(အေ+အီ=-ိ  ံ)တွဲ၍အသံထွက်ပါ…… ခင်များနာမည်ဘယ်လိုခေါ်ပါသလဲခင်ဗျ…… ၂။စိ  ံခါ့ပဲင် က+ဈိုင်းမောင်မြခဩော……(ကနဲ့စကိုတွဲ၍အသံထွက်ဖတ်ပါ) ဟုတ်ကဲ့ကျွန်တော့်နာမည်စိုင်းမောင်မြဖြစ်ပါတယ်….. ၁။ဟောင်းပဲင် က+ဈိုင်းအောင်လျန်းခ ကျွန်တော်ကတော့စိုင်းအောင်လှိုင်းဖြစ်ပါတယ်….. ဆူယူကာလိုင်ခ……. ခင်ဗျားကဘယ်မှာနေတာပါလဲ……. ၂။ခါ့ယူတီတောင်ကီးခဩော…..စဲဝ်ကောဝ်ကော့ယူတီလိုင်ခ…. ဟုတ်ကဲ့ကျွန်တော်ကတောင်ကြီးမှာနေပါတယ်….ခင်ဗျားကကောဘယ်မှာနေသလဲခင်ဗျ……. ၁။ဟောင်းယူတီရန်ကုန်ခ……. ကျွန်တော်ကရန်ကုန်ကပါ….. ၂။ကိုင်နာနော်……. အိုးတော်တော်ဝေးတာပဲ….. ၁။ဩောခ….ကိုင်နာခ…. ဟုတ်ကဲ့တော်တော်လေးဝေးပါတယ်ခင်ဗျ……. ကဲအားလုံးပဲဒီနေ့တော့ဒီလောက်လေးနဲ့ရပ်ကြတာပေါ့နော်…….တိုင်းရင်းသားချင်းညီကိုရင်းပမာသွေးချင်းနီးအောင်စကားချင်း အရင်နီးကြဖို့သိသလောက်နဲ့ပြန်ပြီးရှယ်ယာပေးလိုက်ပါတယ်နော့်…….. မဟုကမ်းတိုင်း…. (ရှမ်းစကားမသိဘူး)ဆိုတာမရှိတော့ဘူးပေါ့နော့်……. ရှမ်းပြည်ကိုဒါ့ပုံတွေနဲ့အလည်ခေါ်ပြီးပြီးရှမ်းစကားသင်ပေးမယ်…နောက်ကျရင်ရှမ်းအစားသောက်ချက်ပြုတ်နည်းသင်ပေးမယ်….. ရှမ်းတို့ရဲ့ဓလေ့စရိုက်တွေကိုတော့ဖြေးဖြေးချင်းမှပြောပြပါ့မယ်…. အားလုံးကိုခင်တဲ့……မောင်ခ……ရှမ်းပြည်သား(တောင်ပိုင်း)


“သင်္ကြန်အကြိုနေ့တွင် လိပ်ဂိုဏ်းဟုခေါ်တွင်ကြသော….လေးယောက်တစ်ပါတီသည်….. စကားစပ်ရင်းပြောရင်းဖြင့်…..လှပျိုဖြူမချောတို့သည်ဘယ်နယ်ကတော့အချောဆုံးသဖြင့်ငြင်းကြခုံကြလေသည်……  ထိုအထဲတွင်……ဝါးတားမဲလုံးခေါ်မန်းလိပ်…….  ကျွန်ုပ်စော်ဘွားလေးမောင်မာန်ခခေါ်ရှမ်းလိပ်……တီသဲလို့ကျွန်တော်ခေါ်လေ့ရှိသောသဲနုအေးခေါ်ရန်လိပ်ကြီး…..မခိုင်ဟုခေါ်သောရန်လိပ်ငယ်တို့ပါဝင်လေသည်…. ထိုသူတို့သည်…မည်သည့်နယ်မှမိန်းမပျိုလေးများမှာအချောဆုံးစသည်ဖြင့်ငြင်းကြခုန်ကြရင်းမှ…..ကိုယ့်ဘက်ကိုယ်အပြိုင်အဆိုင်ယက်ကြလေတော့သည်…… သို့သော်ထိုဂိုဏ်းသည်….ရဲရဲတောက်ခပ်စွာစွာနှုတ်သီးကောင်းလျှာပါးလူသားများဖြစ်ကြသော…….အခြော်တကောက်အဖွဲ့ဦးစီး….ဝါးတားမဲလုံး…. ရန်ကုန်သူစွာတေးမမကြီးများဖြစ်ကြသော…..မသဲနုအေးနှင့်မခိုင်……လျှာနှစ်ခွရှိသော…..ဝတ်လုံတော်ရစော်ဘွားတစ်ဦးပါလေသည်….. ထိုသူတို့သည်…..အပြိုင်အဆိုင်ငြင်းခုံ၍အစည်းဝေးပြုလုပ်ကြပြီးနောက်….ဂေဇက်ဟုခေါ်အပ်သောရွာတွင်…..ရွေးကောက်ပွဲဝင်ခွင့်ရရန်ပါတီတစ်ခုဖွဲ့စည်းသင့်သည် ဟုဆုံးဖြတ်ကြလေသည်…..၎င်းတို့၏အဓိကပြိုင်ဖက်ပါတီများကိုလည်း…..ကြောင်ဂိုဏ်း(ကြောင်ဝတုတ်ဂိုဏ်းအပါအဝင်)၊နှူးဘာဂိုဏ်း….၊နယ်စည်းမခြားအရက် သမားသမဂ္ဂတို့အဖြစ်သတ်မှတ်ကြလေသည်…….လက်ရှိအာဏာရှင်ဖြစ်သောသူကြီးထံမှလည်းဖြတ်စားလတ်စားလုပ်၍…..တရက်လျှင်ဆယ်ခါမန့်၍ တရာစီညာယူပြီးတစ်ရက်လေးရာနှုန်းဖြင့်သူကြီးဥကိုင်ထံမှ….ပါတီရန်ပုံငွေရှာရန်ဆုံးဖြတ်ကြလေသည်……” ထို့ကြောင့်ဇက်ရွာသားများအားလုံးကိုအသိပေးသောအားဖြင့်ဂိုဏ်းသူဂိုဏ်သားပါတီဝင်များကိုဓါတ်ပုံနှင့်တကွဖော်ပြလိုက်ရပေသည်…… ပါတီဝင်လိုသူများသည်….ကိုယ့်ဘက်ကိုယ်ယက်တတ်သူမှန်လျှင်မိမိ၏လိပ်ပုံပန်းသဏ္ဍာန်နှင့်တကွဖော်ပြရန်လည်းအကြံပြုဖိတ်ခေါ်လိုက်ရပေသည်…..     ဟဲဟဲသူကြီးဆီကပွိုင့်ကိုညာယူကြည့်တာလေး…… ဟဲဟဲ…မဲထည့်ကြပါဦးလည်းဆွယ်ပြောလေးပြောရင်း…. ခင်တဲ့မောင်ခ…..ရှမ်းပြည်သား(တောင်ပိုင်း)