ဖန်တီးခြင်း….ခံစားခြင်း…..မျှဝေခြင်း
နောက်လမှာပြိုင်မယ့်ချစ်စရာ့အရွယ်ဆိုတဲ့ဒါ့ပုံပြိုင်ပွဲမှာဝင်ပြိုင်ချင်ပေမယ့်နောက်ဆယ်ရက်လောက်နေရင်ရွာထဲကနေပင်စင်ယူရမယ့်အခြေအနေတစ်ခုရှိနေတာကြောင့်
ပြိုင်ပွဲမဝင်တော့ပဲ…….ကျွန်တော့်ရဲ့နှလုံးသားခံစားချက်များနဲ့ရိုက်ထားတဲ့ဒါ့ပုံတွေကိုတင်ပြပေးလိုက်ပါတယ်….
ကျွန်တော်ကဒါ့ပုံတစ်ပုံကိုပညာဆိုတာထက်……ကျွန်တော့်ရဲ့နှလုံးသားနဲ့ထပ်တူထပ်မျှဖြစ်နေတဲ့အချိန်မှာရိုက်ပါတယ်…..
ပညာကောင်းကောင်းမတတ်တာလည်းပါတာပေါ့…ဒါပေမယ့်ကျွန်တော့်ရဲ့နှလုံးသားနဲ့အမျှမြတ်နိုးရတဲ့ဒါ့ပုံတွေမို့……ဘယ်သောအခါမျှယုံကြည်ချက်လျော့ခြင်းမရှိပါဘူး…
အနုပညာဆိုတာဖန်တီးခြင်းသာဖြစ်ပါတယ်….ခံစားခြင်းသာဖြစ်ပါတယ်…..မျှဝေခြင်းသာဖြစ်ပါတယ်…အကျိုးအမြတ်ကိုမျှော်ကိုးပြီးလုပ်တဲ့အခါမှာ
အနုပညာတစ်ခုဟာဘယ်သောအခါမှရသမမြောက်တော့ဘူးလို့လည်းခံယူထားပါတယ်….
မှားတာရှိလျှင်ခွင့်လွှတ်ကျပါကုန်…..
အားလုံးသောစာဖတ်သူနဲ့…ရွာသူားအပေါင်းကိုခင်တဲ့လေးစားတဲ့….ရှမ်းပြည်သား(တောင်ပိုင်း)
17 comments
ရှမ်းပြည်သား (တောင်ပိုင်း)
May 31, 2012 at 10:12 pm
ဘယ်လိုခေါင်းစဉ်တပ်ရမလဲမစဉ်းစားတတ်တော့လို့…..
သူကြီးရေ…ထုံးစံအတိုင်းခေါင်းတပ်ပေးလိုက်ပါဗျာ…ကျေးဇူးပြုပြီး…..
သင်တော်မယ့်ခေါင်းစဉ်လေးတစ်ခုလောက်ရွာထဲမှာတောင်းလိုက်ပါရစေ…
မဟာရာဇာ အံစာတုံး
May 31, 2012 at 10:18 pm
ပုံတွေ အားလုံး ကြိုက်တယ်ဗျာ …
အောက်ဆုံးပုံလည်း ပါလို့ နှာဘူးလို့တော့ မပြောနဲ့ .. 😀
ကျုပ်အကြိုက်ဆုံးက နံပါတ် ၁ဝ ပုံလေးပဲ ..
အားပေးသွားဂျောင်းပါ ..
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:14 am
ပြောဘူးပြောဘူး……တူတူပဲ…တစ်ဆယ်ကတော့
အသက်ကြီးအရွယ်ရောက်ရင်..ကျွန်တေ်ာချိန်ထားတဲ့ကောင်မလေး….
ဒါ့ကြောင့်အားအားရှိသူ့ပဲဒါ့ပုံရိုက်နေတာ….၁ဝ နဲ့ ၁၃ က
ကျွန်တော်တစ်ခါကသွေးတစ်ဝက်တွေမစ်မြန်မာနဲ့ပါတ်သက်ပြီး
ဒိုင်ခံငြင်းဖူးတဲ့ရှမ်းပအို့ဝ်ဆိုသူလေးတွေပေါ့……
နှစ်ယောက်လုံးကမိတ်ကပ်မလိမ်းပဲအရိုက်ခံထားတာ…
အောက်ဆုံးပုံဆိုရင်သူ့ပါးကအော်တိုမက်တပ်ကိုနီရဲရဲလေးဖြစ်နေတာ…
kotun winlatt
May 31, 2012 at 10:46 pm
ပုံလေးတွေက ချစ်စရာကောင်းလိုက်တာ..
မှတ်ချက်။ အောက်ဆုံးပုံမပါ။
ဆိုလိုသည်မှာ ပိုင်ရှင်ရှိပီးသားဟု ကြေညာထားသောကြောင့်…။
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:18 am
အဲအဲလူလည်ကြီးဗျာ……ဒီလူကြီး
လာမယ်လာမယ်ပိုင်ရှင်မရှိသေးတဲ့ပုံလေးတွေ…..
လိုင်စင်ကြိုချိတ်ချင်ရင်ပြောနော်…
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 11:01 pm
ကိုရှမ်းပြည်သား တူလေးတွေလားဗျ။စည်းကမ်းကြီးပ ဗျာ. ပိုင်ရှင်ရှိသည်တဲ့ါ်လည်လွန်းပါ၏
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:20 am
ဇီးယိုစားနေကြတာကတော့…..အစ်ကို့ရဲ့သားကျွန်တော့်တူလေးဗျ…
ပိုင်ရှင်ရှိတာကတော့လည်တာမဟုတ်ပါဘူး…ကျွန်တော်မပိုင်ဘဲသူများပိုင်တဲ့အရာမို့ပါ..
မကြာခင်မှာယူမယ့်သူမို့အာပတ်လွတ်ကြိုကာလုပ်ထားရပါကြောင်း….
marblecommet
June 1, 2012 at 1:01 am
ကြည်ကြည်နူးနူးလေး အားပေးသွားပါတယ်
ကိုရှမ်း(တောင်)ရေ့….
အဲ ….အောက်ဆုံးပုံလေးကျမှ
ဘူ…..ဘူလေးလဲဟင်…….အာဟိ..
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:25 am
အောက်ဆုံးပုံကဘူလေးလဲဆိုတော့….
ကျွန်တော့်ရဲ့စီနီယာတစ်ယောက်ပါကျောင်းမှာQueenရောမယ်ရောလေးထပ်ကွမ်းရထား
တဲ့သူပါ…..မေဂျာQueen…ကျောင်းQueen…မေဂျာကအလှမယ်…
တစ်ကျောင်းလုံးအလှမယ်ပါ…..အရပ်ကငါးပေငါးရှိပါတယ်
နာမည်ကတော့ချွင်းချက်အနေနဲ့ပြောပြခွင့်မရှိပါ…..ကျေးကျေးပါကိုကမ်းရေ….
အားပေးတာကို
Ch@vez
June 1, 2012 at 9:50 am
အောင်မယ်လေးလေးလေ့လေ …
ရက်စက် ထှာ လက်သွက်ထှာ အေ….
ချဉ်သွားဘီ ….
အရီး Khin Latt
June 1, 2012 at 3:49 am
မောင်ရှမ်းရေ
ဓာတ်ပုံလေးတွေကြည့်ပြီး ရှေ့လ မှာ ပြိုင်ပွဲဝင်ဖို့တိုက်တွန်း မလို့ရှိသေး။
မင်းက ဒီလို ပြောတော့ စိတ်မကောင်းဖြစ်မိတယ်။
ကြိုက်တာလေးရွေးပြီး ထပ်ရိုက် နောက် ကြိုပို့ ထားလိုက်ပေါ့။
အောက်ဆုံးက မိန်းခလေး က ၂၀၀၉ မှာ ရိုက်ထားတာ ဆိုတော့ ၃နှစ် အတွင်း ဒီလို လေးဘဲ မပြောင်းသေးဘူး မဟုတ်လား။
ချောရုံ လှရုံတင်မက ကျက်သရေရှိရှိ ချစ်ဖို့ကောင်းတယ်။
ပိုင်ရှင်က ဘူသူလဲ။ 😛
စကားအတင်းစပ်- အမေ တော်တော်သက်သာ နေပြီလား။
ရောဂါလုံးဝကင်းစင်ပျောက်ကင်းပါစေ လို့ ဆုတောင်းပေးပါတယ်။
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:29 am
အရီးရေဆုတောင်းပေးတာကျေးဇူးပါ….
အမေလဲသက်သာသင့်သလောက်သက်သာပါတယ်….
အရီးပြောတဲ့အတိုင်းဒါ့ပုံပြိုင်ပွဲဝင်ဖို့ရှိပါတယ်….
အောက်ဆုံးကအမကလဲ၂၀၁၂မှာပိုပြီးလှလာပါတယ်…..
အရင်ကထက်ပိုပြီးကျစ်ကျစ်လျစ်လျစ်နဲ့ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာပါတယ်….
ပိုင်ရှင်ကတော့ဆရာဝန်တစ်ဦးနဲ့စေ့စပ်ထားပြီးမကြာခင်မှာလက်ထပ်တော့မယ်လို့လဲ
သိရပါတယ်….
Ch@vez
June 1, 2012 at 8:28 am
အင်း …
ပြောရဦးမယ် အရပ်ကတို့ရေ …
ပိုစ့်ပိုင်ရှင် မကောင်းပုံများ..
ကိုဂီ့ တဲ့ ..ကျနော် ပုံတင်မလို့တဲ့ …
အားပေးပါဦးတဲ့ ….
ကျနော်လည်း အင်းပေါ့ ….
အဲ …. ပိုင်ရှင် ရှိပြီးသားတဲ့ …
နောက်လ ဆိုလား ..ယူတော့မှာတဲ့ …
တိန်…
ဟာဂျာ ..ဘယ့်နှယ့် ….
ခုဖက်နမ်းလိုက် ခုပါးချလိုက်…
ကျုပ်မှာ သာဓု ခေါ်ရအခက်…
ဒေါမနုဿပွားရအခက်….
ထူးဘာဘူးလေ… အပေါ်က အူးလေးဂျီးလည်း တူတူဘဲ …
သမီးချောလေးနဲ့ မိတ်ဆက်ပေးတုန်း ထိပ်ဆုံး ဘာပြောတယ် အောက်မေ့သလဲခည…
သမီး တဲ့ … ဒီကလေး သတိထား တဲ့ ….
စက္ကန်း တိန် ….
လူတွေများ ခက်ပါရဲ့ ..အရပ်ကတို့ရယ်…
ကျုပ်များဆိုရင် ပရီကောရှင်း ယူပီးကို ဆက်ဆံနေကြတော့တာကလား ..
အင်း ..
ကျုပ်ကလည်း ..
ကျုပ်ကလည်း ကျုပ်ပါဘဲလေ..
ခင်တဲ့
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:11 am
လာမယ်လာမယ်…ဂီဂီအတွက်ပိုင်ရှင်မဲ့သီးသန့်ပို့စ်တစ်ခုလာဦးမယ်…
ဂီသာဂျပန်မလေးတွေမြန်မာပြည်ပါဆယ်ထုပ်ပို့လိုက်ဖို့မမေ့နဲ့….
ကြားထားတာရှိတယ်နော်….ဂငယ်တွေမြေကြီးရှားလာလို့…..
အရင်ကသူတို့ဘိုးဘွားတွေရောက်ဖူးခဲ့တဲ့မြန်မာပြည်က
အတော့်ကိုသယံဇာတပြည့်ဝပြီးမြေကြီးပေါတယ်ဆိုတော့….
ဂငယ်မလေးတွေကိုမြန်မာယောကျာ်းလေးတွေယူဖို့စီမံချက်နဲ့
လုပ်နေကြတယ်ပြောတယ်…..ခဏနေဂီတို့ရုံးကအပြန်….
ကောင်မလေးတွေပြန်ပေးဆွဲနေဦးမယ်…..
kyeemite
June 1, 2012 at 11:39 am
ကိုရင်လေးတွေပုံ တော်တော်ကြိုက်ပါဂျောင်း..
နောက်….ပိုင်ရှင်ရှိပြီးသူ…ဆိုပီး တင်ပြလာတော့လည်း
အလှအပကို သီးသန့် ခံစားသွားပါဂျောင်း…
pooch
June 1, 2012 at 1:41 pm
ပိုင်ရှင်ရှိပြီးသား ဆိုသူလေးက လှလိုက်တာ။ နံပါတ် ၃ ပုံလေးက ချစ်စရာလေး။
myanmarcitizen
June 1, 2012 at 4:07 pm
ပုံလေးတွေက ကောင်းတယ်ဗျာ။ ဘယ်သူမှပွားလို့မရအောင် ကြိုကာထားတာထင်တယ်။ (ပိုင်ရှင်ရှိပြီးသားဆိုပြီး)