Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မြို့ကြီးသို့ခြေကြွသောအခါ…….(၁)

မဟာရွှေမြို့တော်ကြီးရန်ကုန်ဆီသို့…….

ကျွန်ုပ်သည်ခြေချမိလိုက်သည်နှင့်တစ်ပြိုင်နက်ချွေးများတပြိုက်ပြိုက်ကျဆင်းလာလေတော့သည်…….

အောင်မလေးပူလိုက်တဲ့ဖြစ်ခြင်း……

ရှမ်းပြည်ကကားစီးလာတာညောင်းပေမယ့်တက်ကစီတစ်စီးကဆင်းငှားရသေးသည်….ပါရမီကားကွင်းတွင်…

အစ်ကိုအစ်ကိုမြောက်ဒဂုံကိုသွားချင်လို့.….အေးညီလေးနဲနဲသွားရင်မင်းရောက်နေပြီလေ……သွားချင်သပဆိုရင်တော့မြို့တစ်ပါတ်ပါတ်ပြီးဒီမှာ

ပြန်ချပေးမယ်ဘယ်လိုတုန်း……တိန်တေဘီခြာပဲ…….နာကိုကမှားပါတယ်လေ…..

ဟုတ်ဝူးကိုကြီးရဲ့…..မြောက်ဒဂုံသုံးဆယ့်နှစ်ကိုသွားချင်လို့ပါ……..အဲဒါဈေးဘယ်လောက်လဲ…….

ကားဆရာမေးစေ့ကိုပွတ်ရင်းဖြင့်စဉ်းစားနေသည်….အင်းဒီငတိကသေချာတယ်တောကတက်လာတာပဲနေမှာ…..

ဒီမှာတောသား..အဲလေညီလေးသုံးထောင်ပဲပေးပါ…...

ဗျာာာာာာာာာ……တော်တော်လေးဗျာသွားသည်ထင်…….ကားဆရာတောင်လိပ်ပြာလွင့်သွားသည်…ဒီလိုတော့ဘယ်ရမလဲ…ပြန်လာ ခဲ့…

ကလူကလူတောက်တောက်..အဲလေ……ဒီလိုတော့ဘယ်ရမလဲအစ်ကိုကျွန်တော်ရန်ကုန်ခဏခဏလာဖူးတယ်လာတိုင်းလဲဟိုနဲ့ဒီကို

တစ်ထောင်ပဲ…..ဗျာာာာာာာာာာာာ….ဒီတစ်ခါဗျာတာကတော့ကားဆရာပင်ဖြစ်ပေတော့သည်…..အောင်မငီးတောသားရယ်အဲလေ…ငါ့ညီရယ်

ငါ့မန်မန်းအိုးကိုတော့မခွဲပါနဲ့ကွာ……..ကဲကဲပြောကြာတယ်…..မင်းဘယ်လောက်စေတနာရှိတုန်းအချိန်ကလဲနံနက်သုံးနာရီဆိုတော့ကားခက်မယ်နော်…

ခြိမ်းခြောက်သောလေသံပါလာပေပြီ….အင်း……မငှားပဲလမ်းလျောက်ရအောင်လဲမာမားကြီးကနေမကောင်းသကိုး…..လမ်းလျောက်လဲအိမ်က

တစ်မိုင်လောက်လိုသေး……မိုးကလဲမှောင်ဒီကားသမား….နံပါတ်မှတ်ပြီးနောက်မှခြိမ်းခြောက်မှုနဲ့အမှုဖွင့်မယ်…..မောင်ရှမ်းဆင်ကြံကြံပေပြီ….

“ကဲကိုယ့်ဆာ…….နှစ်ထောင့်ငါးရာပေးမယ်လိုက်ချင်လိုက်မလိုက်ရင်မနက်မိုးလင်းတဲ့အထိဒီမှာထိုင်စောင့်ပြီးအိမ်ကကားလာခေါ်ခိုင်းမယ်….ပို့ချင်ပို့

မပို့ချင်နေ…”….ကားဆရာလဲရေကူးညှာတင်ပြောထားသဖြင့်လိုရင်းရောက်သည်ကတစ်ကြောင်း……ပြန်လည်ခြိမ်းခြောက်သည်ကတစ်ဖုံ…

“အမှုဖွင့်နိုင်သည်ဆိုသည်ကိုတွက်ဆမိသည်ကတစ်မျိုးဖြင့်….လိုက်ပါ့မယ်ကွာတောသားတွေကိုသနားလို့နော်“………“ဘာာာာာာာာာာာာာာာာာ

အဲလေမှားလို့ညီအစ်ကိုလိုခင်လို့နော်…..အင်းဒီလိုလုပ်ပါ………..နောက်ပြီးကျွန်တော်ကတောကတက်လာတာမဟုတ်ဘူးဗျ….တောင်ပေါ်ကဆင်းလာ

တာလူကိုများအထင်သေးပြီးရာရာစစကားဆရာခင်ဗျားထက်မြင့်တယ်နော်ကျွန်တော်က..”...ဟင်းဟင်းဘယ်ရမလဲမောင်ရှမ်းတို့အဲလိုကိုကြွားပိုက်တာ…

ကကလေးသည်ခခလိ်ုရာသို့ပို့ဆောင်ရန်တလိမ့်လိမ့်ဖြင့်ထွက်လေပြီ………

လမ်းတွင်ဘေလီတံတားအသစ်ကြီးတည်ဆောက်နေသည်ကိုမြင်သောအခါတွင်မူ……….

ဟေးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟာာာာာာာာာာာာာာာာာ

ကားသမားဘရိတ်ကိုတံတားဟိုဘက်လွန်မှဆောင့်အုပ်လိုက်သည်……ပြီးနောက်ဘေးမှထိုင်နေသောကျွန်တော့်ကိုကြည့်လေသည်…….

ထို့နောက်မောင်ရှမ်းမာမားကြီးကိုတစ်လှည့်ကြည့်ရင်း………“အဒေါ်အဒေါ်စိတ်ရောဂါသည်ကုဖို့တောင်ပေါ်ကဆင်းလာတာလားဗျ“……

ကျွန်တော့်ရဲ့မာတာမိခင်သည်မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့်သားဖြစ်သူကျွန်တော့်အားကြည့်လေသည်…….

ထိုအကြည့်မှာ…..ငါ့သားမြို့တက်ပြီးလူလည်လုပ်ချင်တာလောလောဆယ်တော့လူကိုလည်ထွက်ပြီးမူးရင်းဂေါက်လေပြီဆိုသော…

အဒိတ်ပါယ်မျိုးပါလာသဖြင့်….“ဟာမာမားသားကိုဒီလိုမကြည့်ပါနဲ့….သားကအရင်လာတုန်းကဒီဘေလီတံတားကတစ်စင်းပဲရှိတာ

ခုနှစ်ဆင်းဖြစ်တော့မယ်ကားတွေပိုသွားလို့ရတော့မယ်ဆိုပြီးဟေးးးးးးးးလို့ပျော်ပြီးအော်တာ………..နောက်တော့………..လောလောဆယ်မှာ

ကားတွေဒီတံတားပေါ်ပိုကျပ်တော့မယ်ဆိုပြီးဟားးးးးးးးးးးးးးးးးးးးလို့စိတ်အိုက်ပြီးအော်တာ….ဟာာာာာာာာာာဆိုတာကတော့……

ဒီတံတားကြီးကိုမြန်မြန်ဆောက်ဖို့တိုင်းဒေသကြီးသက်ဆိုင်ရာတွေကခိုင်းမှာပဲ……မြန်မြန်ပြီးဖို့အရေးမကြီးဘူးမခိုင်ရင်ကျိုးမှာစိုးတာရယ်….

မြန်မြန်ပြီးများများခိုပြီးဆောက်တော့မယ်ဆိုတာရယ်ကိုစဉ်းစားမိပြီးဟာာာာာာာာလိုက်တာဗျ….အဲဒါကိုဒီတုံးတုံးအအကားဆရာကသာ းကို

စိတ်ရောဂါသည်ပြောနေတယ်မာမားရေ……ဟေ့လူခင်ဗျားကျုပ်ကိုရွာသာကြီးမသိဘူးများမှတ်နေလို့လား….ဂေါက်နေရင်ခင်ဗျားကို

ရွာသာကြီးလိုက်ပို့ခိုင်းမှာပေါ့ခုမဂေါက်လို့သုံးဆယ့်နှစ်ကိုလိုက်ပို့ခိုင်းတာပေါ့……နောက်တစ်ခါဂေါက်ခါနီးကြရင်ခင်ဗျားကိုအသင့်ခေါ်မယ်ကြားလား….”

“အောင်မလေး…..ပညာတုံးလေးရယ်…..တစ်ခြားတော့မဟုတ်ဘူးပညာတွေတုံးတုံးကုန်လို့ပညာတုံးလေးခေါ်တာ………..ပညာတွေအတုံးလိုက်အခဲ

လိုက်ရှိလွန်းလို့တော့မထင်နဲ့…ဒီခေတ်ကြီးကခင်ဗျားပြောသလိုကွယ်ဝှက်ပြီးခိုးမစားဘူးဗျ…..လမ်းတံတားကြေးဆိုပြီးတိုးဂိတ်တွေဆောက်…..

ပေါ်တင်တောင်းစားတဲ့ခေတ်ရောက်နေပြီမသိရန်ကောဗျာ………..”

ဆက်ရန်………..

ခင်ရပါသော…..မောင်ခ….ရှမ်းပြည်သား(တောင်ပိုင်း)

15 comments

  • မဟာရာဇာ အံစာတုံး

    April 29, 2012 at 9:33 pm

    မောင်ရှမ်းရဲ့ စာ
    ဂေါက်တမ်း စာရင်းဝင်တဲ့ နာ
    ရီမောရင်း ဖတ်သွားတယ်ကွာ …
    😀

  • Thel Nu Aye

    April 29, 2012 at 9:51 pm

    အောင်မယ်လေးရှမ်းလိပ်ရယ်။ ဖြစ်မှဖြစ်ရလေတယ်။ တော်တော်မှပူရဲ့လား။

  • Swal Taw Ywet

    April 29, 2012 at 11:07 pm

    Dear brother, စော်ဘွားလေး,
    Thanks for your info.
    PaRaMi to North Dagon ( 32 ) Taxi charge = 2500 Ks at early in the morning 3:00 am.
    By the way, why didn’t you ask how much?
    From PaRa Mi to Ywar Thar Gyee ????? 🙂 ( Institute of Economics )?
    Be a Happy donation trip…….

    With respect,
    Swal Taw Ywet.

  • Khaing Khaing

    April 30, 2012 at 9:23 am

    မောင်လေးခရေ … ရန်ကုန်မြို့မှာကဒီလိုပဲ တက်ကစီသမားတွေက ရရင်ရသလိုဘတ်ချင်တာကွဲ …… အမတို့ရန်ကုန်သူတွေတောင် တစ်ခါတစ်ခါ မသွားဘူးတဲ့နေရာဆို ဈေးကသိပ်မစစ်ရဲ့ဘူး ….. မောင်လေးခ နောက်ပိုင်းရန်ကုန်ခရီးစဉ်တွေမှာ အဆင်ပြေပါစေကွယ် ……

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • Onyx

    April 30, 2012 at 9:24 am

    ပေးရဘူးပေးရဘူး အဲလောက် 32 ကိုဆို တော်ပေါ့ လွန်ရော ဆို 1500 လိုချင်လိုက်ကြတာ အဲလိုပဲ ရန်ကုန်ဆိုတာကြီး က နယ်က တက်လာခါစတုန်းကလဲ အဲလိုပဲ (မန်းလေး) ကားသမားတွေက စော်တယ်ဗျို့
    ကားခပြောပါတယ် ။ မီတာ ချိုးခိုင်းကြည့်ပါလား အဲလောက်တောင်မကျဘူး ။ အကျင့်ပျက်တွေပေါ့ဗျာ တန်ရာတန်ရာတောင်းပေါ့ ခုဟာက နှစ်ဆ အင်း အမြင်မတော်တာလေးတွေပေါ့နော်

  • Ma Ei

    April 30, 2012 at 9:49 am

    မာန်ခရေ…
    ရေးထားတာတော့ ပါရမီ မီတာ တက်စီ…
    ဒါပေမဲ့ မီတာက မီတာ ပါဘဲ…
    စီးချင်ရင် တောင်းသလောက်ပေးရတော့တာပါဘဲ…
    မီတာနဲ့တွက်ယူတဲ့ ကားကတော့ မရှိသလောက်ကို ရှားပါတယ်…

    • kaung kin pyar

      April 30, 2012 at 5:00 pm

      မီတာ Taxi ကိစ္စက သေချာစီစစ်သင့်တာပါ..။ ခုတော့ ပြောတဲ့သူတွေသာ ငပေါတွေ ဖြစ်သွားတယ်…။ သနားပါဒယ်…။

    • kaung kin pyar

      April 30, 2012 at 5:01 pm

      မီတာ Taxi ကိစ္စက သေချာစီစစ်သင့်တာပါ..။ ခုတော့ ပြောတဲ့သူတွေသာ ငပေါတွေ ဖြစ်သွားတယ်…။ နောက်လိုက်က တစ်ယောက်မှ ရှိဝူး။ ကားငှားတိုင်း မမြင်ဖူးလို့ မီတာများ ချိုးမလားကြည့်တယ်…..။ တစ်စီးလဲ မထူး..။ နောက်တစ်စီးလဲ ထူးပါဝူး….။

  • kyeemite

    April 30, 2012 at 10:30 am

    မရှိသလောက်ကို ရှားပါတယ်…မဟုတ်ဘူး မအိရေ..
    ရှိကိုမရှိတာပါ…တစ်ခါမှမတွေ့ဖူးဘူး..
    မောင်မာန်ခ ကိုရန်ကုန်မှကြိုဆိုပါတယ်..
    အလှူမလိုက်ဖြစ်လို့ အခွင့်သင့်ရင် ပြန်မှတွေ့တာပေါ့..

  • mocho

    April 30, 2012 at 11:05 am

    ရှမ်းပြည်သား ခခ က ဒဂုံ တံတားအတွက် စိတ်ပူ ပေးဖေါ်ရလို့ ဒဂုံ သူ မိုချိုက ကျေးဇူးတင်ပါ၏ ။

  • FattyCat

    April 30, 2012 at 3:23 pm

    Welcome to Hell City…. ညီလေးရေ-
    မနက်မိုးလင်းကတည်းက အော်ဟတ်ဆူညံပြီး ဘဝအတွက်ရုန်းကန်နေရတဲ့ ငရဲမြို့တော်မှကြိုဆိုပါတယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ba gyi

    April 30, 2012 at 3:50 pm

    နင်ဂ ခြေကြွချင်ဒေါ့— ခြေကြွခ ပေးရသပေါ့၊
    ခြေမကြွပဲ—– မြေဂျီးနဲ့မကွာအောင်လာရင်ဘယ်ကုန်ဘာ့မလည်း။
    အတွေ့အကြုံလို့သဘောထား၊သင်ယူတယ်လို့မှတ်၊ဒို့ဂဒေါ့ ခံရပါများလို့ အရည်လည်နေပြီ (မျက်ရည်) ။
    အဲသဟာ မြို့ပြ –မြို့ပြ ၊ မန့်တာလေ (ရှမ်းလိုမန္တလေးကိုပြောဒါ) လည်းသည်လိုပါပဲ၊ ခုဆိုနေပြည်ဒေါ်ပါ၊ပါလာဘီ။
    မကြာခဏဆိုသလို နေ့မြင်၊ည ပျောက် ညဆောက်နေ့ပြီးတဲ့၊စည်ပင်မျက်လှည့်အကွက် ဒွေ လည်း လာအုန်းမှာ။

  • ကိုခ. ရေ——

    ဒီခေတ်ကြီးကခင်ဗျားပြောသလိုကွယ်ဝှက်ပြီးခိုးမစားဘူးဗျ…..လမ်းတံတားကြေးဆိုပြီးတိုးဂိတ်တွေဆောက်…..
    ပေါ်တင်တောင်းစားတဲ့ခေတ်ရောက်နေပြီမသိရန်ကောဗျာ………..”
    မှန်လိုက်တာဗျ။

  • marblecommet

    April 30, 2012 at 6:43 pm

    အော် ….
    မောင်ရှမ်းက အောက်ပြည်အောက်ရွာကိုလာသွားတာ
    မလိုက်ဘူး….
    နင်က နည်စားမခြား အဖွဲ့ကျတော့ တွေ့သွားတယ်ပေါ့ လေ..

  • နေဝန်းနီ

    April 30, 2012 at 10:21 pm

    စော်ဘွားလေးရေ…။ ခြေကြွခက ကိုယ်ကမရပဲ.. ပေးလိုက်ရတယ်ပေါ့ ကောင်းပါလေ့……..

Leave a Reply