ဇာတ်

ကူမားရ္April 29, 20121min29233

ကျွန်တော်ကတဲ့ဇာတ်
မနိုင်လည်း ရေးရတဲ့ဇာတ်
ဖတ်ကောင်းမလား အထပ်ထပ်လှန်
ပေါင်းခန်း ကိုရှာမိ
ခုထိလည်း…..တစ်ခန်းမရပ်သေးဘူး

“၀” လုံးကနေစမယ်
ဂျနက်တစ် က အလယ်
ပရီရောဒစ် တေဘယ် မှာဆုံး
အဲဒီမှာလည်း…..အရှုံးပဲပြတယ်

အမေ မှာတဲ့ ဆန်တစ်ခွဲ
သားဘယ် “အ” မလဲ အမေရယ်
သုံးစိတ်နဲ့ လဲဖို့ကြိုးစားတော့
သူတို့ ကတ္တားတွေ က…..ပျက်နေတယ်

တရားသော ကိုယ်ကျင့်
မြင့်အောင်သာထား
ကျန်တာဖြစ်သွားလိမ့်မည်
ရိုးသားမှု သာကိုယ့် အရင်း
အင်း…..ဒါလည်းတစ်ပြားမှမရှိဘူး

ကြိုးစားရှာ ချွေတာ သုံး
ဥစ္စာကို မဖြုန်းတီး
ကပ်စီးပါကုပ်တော့
လူလုံးမလှတာပဲ… အဖတ်တင်တယ်

အကြံနက်တော့ ဆားပြောင်းချက်
သွက်သွက်ခါ ဖတ်ဖတ်မော
အတောလေး တစ်ပိုဒ်အပြီး
သမီးတို့ဒိုင်က……မဝယ်တာကြာပြီ ဦးတဲ့

ချောင်းကိုပြစ် မြစ်ဆီ သွား
ရေလည်းများ ငါးလည်းပေါပြီပေါ့
ကသော ကမြောနဲ့
စောစော ထတာတောင်……အောက်ကြေးပဲရတယ်

ဒီတော့….
မိုးခါးရေသောက်မယ်လုပ်
အဟုတ်ကို ခွက်နဲ့ခံတော့
တံတွေးတောင် ပြန်မထွက်တဲ့
လက်ဦးနှင့်သူတွေနဲ့ပဲ…..ဆုံတယ်

ရှုပ်တယ်ကွာ..
သဲလည်းမရော မန်ကျည်းမနှောတဲ့
သစ္စာ ဒိုင်းနမိုက်နဲ့
မေတ္တာသိုက်ပဲ ဖောက်မယ်ကြံတော့…
လားလား…မိသိန်းကြွယ်တွေ ကွင်းလည် နောက်တန်းမှာ ကစားနေတယ်

ဇရာအတွေးကြောင်
ရေးရေးမြင်မိတဲ့ အနိစ္စသဘောကို ဆောင်ပြီး
သာသနာ့ဘောင် ဝင်မယ်
ဟယ်..ဖြစ်သေးပါဘူး
သီလမှမပေးတတ်..ဆွမ်းငတ်မှာပေါ့

မတတ်သာတော့လေ
တို့နဲ့နေပေါ့
ပေါင်ရှည်မတွေက
ဖေဘာပေးပြန်တော့လည်း
သားလေ..အမေနဲ့ရွာကိုပဲလွမ်းတယ်

ဘဆွေ။

33 comments

  • surmi

    April 29, 2012 at 10:46 pm

    အဘဆွေ ….
    မရေးတာအတော်ကြာပေါ. ၊ ကျွန်တော်တို.ကိုမသိလောက်ပေမဲ. ကျွန်တော်တို.ကသိနေတော.
    ဝမ်းသာအားရ အားပေးသွားတယ် ။
    ဒီလိုပါဘဲ …. ဘာလုပ်လုပ် အဆင်မပြေတဲ.အချိန်မှာ
    ဘာမှမလုပ်လဲအဆင်မပြေပြန်ဘူး ။ ကိုယ်တွေ. ပါ ။

  • akswe

    April 29, 2012 at 11:49 pm

    ကိုဆာမိ ရယ် ..မသိရှိပါ့မလား
    ရွှေစက်တော် ခရီးတွေ၊ ရေသည်ဖြစ်ရတာတွေ ၊ရွှေအကြောင်း ဗဟုသုတ ရစရာတွေနဲ့ အခြား ရေးတဲ့ပိုစ့်တွေအများကြီး ဖတ်
    ထားပြီး သဘောကျ ရတဲ့ MG က ဘဝသရုပ်ဖော် လက်ဟောင်းကြီးတစ်ယောက်ပဲဟာကို။
    ကျွန်တော့်ရဲ့ညံ့ဖျင်းမှုကြောင့် ကော်မန့်ရေးတာ အားနည်းတာရော ပိုစ့်တင်မဖြစ်တာရော နဲ့ မတွေ့ကြတာပါ။
    ကဗျာမရေးတတ်ပေမယ့် ဘဝရဲ့ အကွေ့အကောက်တွေ ကို ထိုင်ရင်းစဉ်းစားမိပြီး ပေါက်ထွက်သွားရတဲ့ဘဝ အမောတွေပါ။
    အားပေးတတ်တဲ့ မေတ္တာကို ခံယူပါတယ်။
    ကိုဆာမိလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေရန် မေတ္တာပို့ပါတယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2012 at 12:21 am

    ဪဪ..အော်အော်
    လက်စသတ်တော့
    အဘဆွေဂ ဇာတ်နာနေဒါဂိုးးးးးးး
    ဝင်ပြီးဇာတ်နာအုန်းမှ 😀
    ……………………………..
    ………………………………
    ဇရာအတွေးကြောင်
    ရေးရေးမြင်မိတဲ့ အနိစ္စသဘောကို ဆောင်ပြီး
    သာသနာ့ဘောင် ဝင်မယ်
    ဟယ်..ဖြစ်သေးပါဘူး
    ခုတစ်လော အရက်တွေမကြုံစဘူးလောက်အောင်ဒစ်ကောင့်ချနေလေတော့
    နိဗ္ဗာန်ဒဂါးမှာသာစောင့်နေတော့ အချစ်ရေ့
    အေ့

    • akswe

      April 30, 2012 at 7:12 pm

      ဘုရားဘုရား..
      ကိုအောင်ပု လာပြီး ဒီပိုစ့်ကို ကွန်မန့်ပေးသတဲ့မကြုံစဖူးထူးကဲဘိခြင်း..
      ကံကောင်းလို့.. အဆဲခံရပြီမှတ်တာ……
      ဝင်ကူပြီးဇာတ်နာပေးတဲ့ အတွက် ဝီစကီ အာကြီးတစ်လုံး စာ ကျေးဇူးတင် သွားပါကြောင်း း)
      ဒစ်ကောင့် ချတာတွေ လည်း ရွာထဲက အမေနုဆုံးမလို့ ဝယ်မသောက်တော့ပဲ ဆိုင်ကဟာတွေ သာလူလစ်လျှင်ခိုးသောက်နေပါကြောင်း…

  • kai

    April 30, 2012 at 1:17 am

    အမေနဲ့ရွာရယ်
    ဒေါ်ဘုမ ဂျင်းသုတ်ရယ်
    အတင်းတုတ်ရင်း ဖျင်းဖျင်းကုတ်ရတဲ့ဝဲရယ်
    လွမ်းနေပေမယ့်မနေသာ
    ပေါင်ရှည်မက တိုးတိုးလာတော့
    သားလေ..
    ရာဇဝင်ကြွေးဆပ်မိပါတယ်..

    ဆပ်တဲ့ရာဇဝင်ကြွေး
    အထာမပေးခင်ငွေနဲ့ရှင်းရတော့
    ဇရာလေးရရင်သုံးမယ်ထားတဲ့ပေါင်စတာလင်
    သိန်းကြွယ်မ အဖြူရှင်
    ယူငင်သွားပါပေါ့..

    ထားလိုက်ထားလိုက်
    အတောမသတ်တဲ့ ဆန္ဒတွေ
    ဟန်ပြမနေပဲ လက်တွေ့ကျကျ
    ဇတ်ပေါင်းခန်းဖြစ်အောင်ကမယ်

    ကျွန်တော်ကတဲ့ဇာတ်
    မနိုင်လည်း ရေးရတဲ့ဇာတ်
    ဖတ်ကောင်းမလား အထပ်ထပ်လှန်
    တော်ပြီဟာ..
    ခဏနေကြာ..တစ်ခန်းရပ်လိုက်တော့မယ်။

    ရပ်ရင်းနဲ့ပြန်ဆွဲဆန့်
    ငေါက်ကနဲ့ပြန်လှန်ကြည့်
    ရှေ့ကိုကြည့်နောက်ကိုယူ
    အတူတူဖြစ်အောင်ရေးပါတယ်
    ခွင့်လွတ်ပ အဘဆွေ
    ပျော်ရင်သာကြေနပ်ပါ့သေး..။

    • akswe

      April 30, 2012 at 7:30 pm

      ဟေ့ဟေ့ သူလာနေပြီ…. ဟေ ဟေ ဟေ ဟေ့ သူလာနေပြီ…
      သကြီးရေ .. လာတော့မယ်ထင် နေတာ ထင်တဲ့ အတိုင်း ရောက်လာတာပါပဲ…
      ကဗျာနဲ့ခြီးမြှင့်တဲ့ အတွက် ကျေးဇူးပါ..
      ဖတ်ပြီး တော့…ပျော်လည်းပျော် ရယ်လည်းရယ် ကြောက်လည်းကြောက် ပေါ့
      သကြီးဆက်သာရေးရင် ကိုယ့် အကြောင်းတွေ ပေါ်တော့မယ် ဆိုပြီး…အာဟိ ..ရှက်လည်းရှက်..
      ရာဇဝင်ကြွေးလည်း မဆပ် ရပါဘူး သကြီးရယ် အာဃာတတွေ မရှိ ပါဘူး
      နောင်အတင့်မရဲယုံ လေး မှတ်လောက်သားလောက်အောင် သာ ဆုံးမ မိတာပါ..: )

  • Khin Latt

    April 30, 2012 at 3:23 am

    (မောင်လေး) အဘဆွေ တို့ ကတော့ စကားပြောတင်ကောင်းတာ မဟုတ် ကဗျာ စပ်လဲ တော်သကိုး။
    သီလမှမပေးတတ် လို့ ဆွမ်းငတ်မှာ ကိုတော့ တွေးမကြောက်ပါနဲ့လေ။
    ရဟန်း အစ်မ လုပ်ပါ့မယ်ရှင့်။
    ဘယ်လ်ဂျီယံ မှာ ကျောင်းထိုင်ဘုန်းကြီး လစ်လပ်နေရာ ရှိ ဟု သတင်းရ။
    အပေါ်က ဝင်အားပေးထားကြသော ကို ဆာမိ၊ ဦးရီးပု နဲ့ သူကြီး တို့ ရော အဲဒီ လစ်လပ် နေရာကို စိတ်ဝင်စားရင် ပြော။
    အားလုံး ကို အခမဲ့ စီစဉ်ပေးမယ်။ 😀

    • akswe

      April 30, 2012 at 8:12 pm

      အရီးလတ်ရေ…
      ခရီးထွက်ရာက ပြန်ခဲ့ပြီပေါ့
      မပြီးပြတ်သေးတာတွေ ဆက်လုပ်ဖို့နဲ့
      သဂျီး နှုတ်ဆက်တာလည်း တွေ့မိသလားလို့ပါ
      အရီးသွားကတည်းက
      ပျင်းအားကြီးတော့
      အတင်းဖျားပြီး
      ဖရီး တစ်ပါတ် ရိုက်ထားတယ်
      ကျောင်းထိုင်တဲ့ ဘုန်းကြီး
      ခနတော့ စောင့်ပါဦး ဒဂါမကြီးရယ်
      အထီးတည်း ကျန်ခဲ့မယ့်
      ဆွီးတီး မာတုဂါ မလေးတွေ သနားစရာ
      ဪ..ဒါနဲ့ အရီးရေ
      အင်းကြီးက သတင်းကြီးတဲ့ ငါးရံခြောက် လက်ဆောင်
      ကွစ်ကလီး အောင် သာပို့ပါတော့
      ရင်းနှီးသူ ချင်းမို့ လိပ်စာကို ကြိတ်ခါပြောမယ်
      မင်းသမီးတွေ မသိစေချင့်
      အီးမေးသာ ဖွင့်။
      (ကဗျာလည်းမရေးတတ် စကားလည်းမပြောတတ်ပါဘူး စတာပါနော ပျော်ပါစေအရီးလတ်ရေ ဖုန်းဆက်မယ်နော်)

  • ကြောင်ကြီး

    April 30, 2012 at 3:49 am

    အမေနဲ့ရွာကိုလွမ်း
    ဖွေကွဲ့ရှာပေစမ်း
    နေဒဲ့ကမာ္ဘမြေအလွှမ်း
    ငွေသဲ့တဏှာရေမခမ်း..။

    • akswe

      April 30, 2012 at 8:25 pm

      ကိုကြောင်ကြီး..

      အမေနဲ့ရွာကိုလွမ်း
      ဖွေကွဲ့ရှာပေစမ်း
      နေဒဲ့ကမာ္ဘမြေအလွှမ်း
      ငွေသဲ့တဏှာရေမခမ်း..။

      ပေမယ့် …
      အိုကွဲ့သဟာလေ မစွမ်း
      နွေရွက်ပမာလေ ကြွမ်း
      မြေ မြက်ပမာ ပေ လှမ်း
      အနေခက် တာလေ နွမ်း။

      အားဖြည့်မှု အတွက် ကျေးကျေးပါနော

  • blackchaw

    April 30, 2012 at 8:43 am

    အဘဆွေရေ။
    ကဗျာရေးချက်လေးကိုတော့
    အကြိုက်တွေ့မိကြောင်းရယ်ပါ။

    သဲလည်းမရော မန်ကျည်းမနှောတဲ့
    သစ္စာ ဒိုင်းနမိုက်နဲ့
    မေတ္တာသိုက်ပဲ ဖောက်မယ်ကြံတော့…
    လားလား…မိသိန်းကြွယ်တွေ ကွင်းလယ် နောက်တန်းမှာ ကစားနေတယ်

    ဆိုတဲ့ ရေးချက်ကလေးကိုတော့
    ငြိသွားပါတယ်ဆိုတဲ့ အကြောင်း…။
    သဲလည်းမရော မန်ကျည်းမနှောတဲ့
    သစ္စာ ဒိုင်းနမိုက်နဲ့
    မေတ္တာသိုက်ပဲ ဖောက်မယ်ကြံတော့…

    • akswe

      April 30, 2012 at 8:37 pm

      ကို နက်ချောရေ…
      သဘောချင်းတော့ တိုက်နေပြီ..
      ကျွန်တော် လည်း ရမ်းတုတ်လိုက်ပေမယ့် အဲဒီ အပိုဒ်လေးကို ကြိုက်မိနေတာ..
      ဒါမျိုးက ခံရဘူးမှသိတာလေ..(ခဏ ခဏ လည်းခံရပါတယ်)
      ကိုချော တို့လို စာရေးကောင်းသူတွေက ဒီလိုလေး ပင့်ပေးလိုက်တော့လူ့ကိုမြောက် ကနဲနေတာပဲ..ဟီဟိ.
      ကျေးဇူးတင်လွန်းလို့ဘာပြောရမှန်းတောင်မသိ တော့ဘူး…

  • Onyx

    April 30, 2012 at 9:33 am

    အဘဆွ ခိုက်တယ်ဗျာ
    “ဇရာအတွေးကြောင်
    ရေးရေးမြင်မိတဲ့ အနိစ္စသဘောကို ဆောင်ပြီး
    သာသနာ့ဘောင် ဝင်မယ်
    ဟယ်..ဖြစ်သေးပါဘူး
    သီလမှမပေးတတ်..ဆွမ်းငတ်မှာပေါ့”
    စိတ်မပူပါနဲ့ မအလတ်ပြောသလို ဆွမ်းတော့ လောင်းနိုင်ပါသေးဗျ
    ဝတ်မယ်ဆိုကြိုပြောနော်
    ကိုအောင်ပုလဲ BE အဝသောက်ပြီး လိုက်ဝတ်မယ်တဲ့
    သူကြီးမင်းကတော့ ပစ္စည်း ဒယကာ လုပ်ပါ့မယ်တဲ့

    • akswe

      April 30, 2012 at 8:51 pm

      onyx ရေ..
      အဘ မဆွ လည်း မဆွ မခိုက်လည်း မခိုက်ပါဘူးကွယ်..
      ပေါင်းမိတဲ့သူတွေ အတွက် လာဘ်ကောင်းတဲ့ charm လေးပါ…
      ကော်မန့်ဖတ်ပြီး ရွာထဲက ကဇော်တွေ နဲ့ စုပေါင်း ရဟန်းခံ လုပ်ရရင် သိပ်ကောင်းမှာ လို့ စိတ်ကူး ဖဲရိုက်မိသွားတယ်…ရွာသူတွေ က ရဟန်းတကာမလုပ်ပေါ့
      ဘန်းကြီးကျောင်းတော့ ဗြောင်းဆန်သွားမှာပဲ ခွိခွိ..

  • ဗိုက်ကလေး

    April 30, 2012 at 1:20 pm

    ကျနော်သောက်တဲ့ အရက်
    မသောက်ချင်သော်လဲ
    တစ်ရဆက်..
    တစ်ခွက်ပြီးတစ်ခွက်
    မနက်ကျတော့
    ရေတွေငတ်

    • akswe

      April 30, 2012 at 9:03 pm

      ပေါက်ဖော်ကြီး..

      ရေတွေ ငတ်တော့အခက်ပွေ
      မရှိပါသလေ
      တံခါးကြားက ပုလင်းပြား
      အစားထိုးသဗျား
      ခေါင်းကိုက်ပြေရုံ တစ်ငုံ ငုံ
      ရက်ဆက် တာနဲ့ကြုံ
      မူးပါတယ်ကွဲ့ ယုံလိုက်စမ်း
      ချာလပတ် ကိုရမ်း..

      ဒီလောက်ကြိုက်တာ ပြန်လာရင် တစ်ပွဲလောက် နွဲရအောင် ကပေါက်ဖော်ရေ..

  • kyeemite

    April 30, 2012 at 1:43 pm

    ဘဝအမောပြေမလားလို့
    အလှအချောတွေနဲ့နေကြည့်တော့
    ခဏသဘောကိုသာတွေ့ရပီး
    မရဏသဘောကပိုပေါ်လာပြန်တော့
    အဘဆွေ ရေ..ခဏတွေကိုချန်ပီး
    ဘဝရေဆန်ခရီးကို မမောပန်းစတမ်း
    လမ်းဆက်လျှောက်နေမိပါရဲ့…
    ကိုအောင်ဆွေရေ…မတတ်တတ်ကဗျာစပ်လို့
    ကဗျာတတ်ကို ဂုဏ်ပြုသွားပါကြောင်း..
    ခင်တဲ့..

    • akswe

      April 30, 2012 at 9:19 pm

      ကိုကြီးမိုက်ရေ…
      ဂုဏ်ပြုမှုကို ဝမ်းသာစွာ နှိမ်ချစွာနဲ့ ခံယူပါတယ်နော..
      ကိုကြီးမိုက်တို့လို စာရေးမကောင်းတဲ့ အတွက် ( ကဗျာလည်း အဖြစ်မရှိပါ..ဟီးဟီး ) မရေးရဲပဲ သူများတွေကို အားကျလေးစားနေရတာပါ။ရန်ကုန်မှာ ဆုံကြပြီး ပျော်ကြတာတွေလည်း သွားရေကျမိပါတယ်..
      ကျွန်တော်သာ ပါလို့ ကတော့ အိမ်ထမ်းပို့ရမှာ…
      အေးဗျာ…အသိတရားကတစ်ဖက် တာဝန်ကတစ်ဖက် ဘဝကို သရုပ်ဖော်နေရတာ ကတစ်ဖက်..ဝှီးးးး
      ကိုကြီးမိုက် ပြောချင်တာတွေ ကို ရင်ထဲက အလိုလို နားလည် နေတယ်ဆို တာ ….

  • pooch

    April 30, 2012 at 1:55 pm

    ချန်ပီယံ ဖြစ်ချင်သပဆို နောက်တချီ ထပ်ချပလိုက်အုန်းတဲ့
    ကြိုးစားရာက လက်မြှောက်မသွားသမျှ တကယ် မရှုံးသေးပါဘူး အဘဆွေ

    ကျမလည်း ခုတလော တိုက်ပွဲကြမ်းတွေ နွှဲနေခဲ့တာပါ။ ရွာတောင် သိပ် မဝင်နိုင်ပါဘူး။
    ရှုံးတဲ့အချီတွေ ရော နိုင်တဲ့အချီတွေရော ပွဲတွေကတော့ မရပ်သေးပါဘူး။ နွှဲနေဆဲပါ။
    ဒါသည်လည်းပဲ ဘဝရဲ့ တစိတ်တပိုင်းဖြစ်နေပြန်ပါတယ်
    ခုတော့ နေပျော်အောင်နေပါတယ်

    • akswe

      April 30, 2012 at 9:28 pm

      သမီးပုချ် ရေ…
      မတွေ့တာ ကြာပေါ့
      လူငယ်ပေမယ့် ရှိထားတဲ့ အသိတရားက ကြီးမားတော့ လေးစားမိတယ်ဆိုတာ ပြောပါရစေ..
      လူကြီးမိဘရိုသေတဲ့ သမီး တိုက်ပွဲတိုင်းမှာ နိုင်ပါစေလို့ …
      မေတ္တာအရင်းခံနဲ့ ဆန္ဒပြုပါတယ် သမီးကိုယ်စိတ်နှစ်ဖြာ အေးချမ်းပါစေ..

  • ဆူး

    April 30, 2012 at 3:34 pm

    အလို ဘယ်သူများလဲလို့.. အဘဆွေ ပျောက်ရာက ပေါ်လာပြီ။
    နောက်ထပ် ပိုစ်တွေလည်း များများ ရေးနိုင်ပါစေ။
    အမေ နဲ့ ရွာကို လွမ်းတာ စာဥ မပါဘူးလား။
    စာဥ ဆိုလို့.. တခြား မဟုတ်ဘူးနော်..
    အိမ်ရှေ့သစ်ပင် ဂွကြားမှာ နေတဲ့ စာသိုက်ထဲက စာဥ ကိုမေးတာ..

    သတင်းတွေ ကြားတယ်.. အဲဒီ စာဥ စာမကြီးတောင် ဖြစ်နေပြီ ဆိုလား.. အဘဆွေ ပြန်လာပြီး ဆန်ကွဲ မကျွေးလို့ နေရာပြောင်းပြီး အခုဆို စာကလေးတွေ နဲ့ ပျော်နေပြီဆိုလား..

    • akswe

      April 30, 2012 at 9:44 pm

      ရွာတော့်ရှင်ရေ…

      ခွင့်တစ်ပါတ်ရထားလို့ ဖြစ်ညှစ် ရေးမိတာပါတော်..
      အဲလို ကြီး သူများ လွမ်းအောင် အစမဆွဲရဘူး ကလေးရဲ့…
      အင်း.. အဘလဲ ကြားပါတယ် သားတစ်ရာ မြေးတစ်ဖြာနဲ့ သူပျော်နေပြီပေါ့..
      အတိတ်ဆိုတာ ထားခဲ့လို့ရပေမယ့် အရိပ်လို လိုက်နေတာကိုတော့ တားမရဘူးလေ..ဟွင့်ဟွင့်..ရွှတ်…
      ဒွတ်ခပါဘဲ .. ဒီကလေး ဘာတွေလာ တူးဆွနေတာလဲ…ခက်တာပဲ.. စိတ်မခိုင်ပါဘူးဆိုမှ….

  • weiwei

    April 30, 2012 at 3:44 pm

    အဘဆွေက မရေး မရေး နဲ့ ရေးမယ့်ရေးတော့လဲ တကယ့်ကဗျာကောင်းပဲ …
    အဘဆွေရဲ့ အသက်ကို သိထားပြီးသားဖြစ်နေလို့ အဘဆွေလို့မခေါ်ပဲ ဘယ်လိုပြောင်းခေါ်ရင်ကောင်းမလဲ 😛

    • akswe

      April 30, 2012 at 10:11 pm

      ဝေကုလျံ…
      ချီးကျူးတာအတွက်ကျေးဇူးပါနော်…အဲဒါအမှန်တော့ရမ်းတုတ်ထားတာ..ခင်တဲ့သူတွေမြေုာက်ပေးကြလို့..
      အသက်က ဘယ်လိုသတင်းပေါက်ကြားပြီး သိသွားရတာ တုန်း…
      တန်တော့…. ဘီဘီလတ် သတင်းဌာနကလား..ဗွီအိုဆူး ဌာန ကလား…..စီအိုင်ခိုင် ဆီကလား…
      အဘိုးခိုင်လို့သာခေါ်ပါတော့ သိသွားမှတော့ ကိုယ်အသက်ကြီးတာလည်း ရှက်မနေတော့ပါဘူး..ဟီးဟီး 🙂

  • Moe Z

    April 30, 2012 at 4:52 pm

    အဘဆွေရေ ကျန်းကျန်းမာမာနဲ့ ပြန်ပေါ်လာလို့ဝမ်းသာပါတယ် :mrgreen:
    မမဆူးကတော့ ဖားအောက်တောရမှာ ဘဆွေအတွက် စာရင်းပေးထားပါတယ်တဲ့
    နောက်ထပ် ၂ ယောက်စာ ထပ်တိုးပေးရမလားဟင် …

    • akswe

      April 30, 2012 at 10:22 pm

      မိုးစက်ကလေး..
      ရက်စက်တော့မှာလား …အဘဆွေရေ ကျန်းကျန်းမာမာနဲ့ ပြန်ပေါ်လာလို့ဝမ်းသာပါတယ်လဲပြောသေး…
      ရီးဂျားတောင် မထားဘူးတေးဒဲ့ ဒူကို ရိပ်တာ တွားဖို့ လာကြောနေတယ် ..
      ဟောဒီမှာ အရပ်တို့..ကယ်တော်မူကြပါ…
      ခိုင်နှင်းဝေ ကယ်ပါ..
      စိုးစန္ဒာထွန်း ကယ်ပါ….
      တင့်တင့်ထွန်းကယ်ပါ……

  • မဟာရာဇာ အံစာတုံး

    April 30, 2012 at 7:24 pm

    ဟော … ဟို …
    အဘဆွေကို ကြည့်လိုက်စမ်း ..
    အမေနဲ့ ရွာကို လွမ်း ..
    ငါ့မှာလည်း ဒီစခန်း .. ဒီအလွမ်း ..
    ဘဝ ကလည်း ကြမ်း …
    ဂွမ်း .. ဂွမ်း .. ဂွမ်း ..
    (လက်ထဲက ဖန်ခွက် လွတ်ကျသွားသံ)
    😀 😀
    _____________________________
    အဘဆွေရေ ..
    ကျနော်က မန်ဘာသက် ကြာသေးတာ မဟုတ်တော့ အဘဆွေကို သိပ်မသိပါဘူး …
    သိသိ မသိသိ ဘာဖစ်လဲ .. နော့ .. 😀
    တစ်ရွာတည်းနေ တစ်ရေတည်းသောက်တွေပဲ ..
    ဤသို့ ဟိုရောက် ဒီရောက်ဖြင့် မန့်မိမန့်ရာသာ မန့်သွားပါဂျောင်း … 😀

    ခင်တဲ့ .. အံစာတုံး

    • akswe

      April 30, 2012 at 10:34 pm

      ကို ဒိုက်စ်…
      MG ရဲ့ ပေါ်ပြူလာ သငယ်မ တစ်ယောက်ကို အဘသိတာပေါ့ကွယ်…
      မန့်တာပဲကျေးဇူးတင်ရသေးတယ်…
      မန့် မိ မန့်ရာသာမန်း ရင်ထဲမှာပီတိတွေ လျမ်းပြီးသား…
      ကတုတ် …ခွမ်း… ဟာ…နာ့ပုလင်းကြီးကွဲတွားပြီ…အထဲမှာအများကြီးကျန်သေးတယ်..လျှော်ပေးလျှော်ပေး..

  • နေဝန်းနီ

    April 30, 2012 at 9:26 pm

    အဘဆွေ ဇာတ်က လွမ်းဇာတ်ကြီးကိုးဗျ…။ ကျုပ် နိုင်ငံဂျားမှာ ပျော်နေတယ်မှတ်တာ….။ ပျော်ရာမှာ မနေရတော့လည်း တော်ရာမှာပဲပျော်အောင်နေပါဗျာ …။ လွမ်းတယ်ဆိုပြီး ပြန်မလာနဲ့ဦး ….။ မလာစေ့ချငလို့မဟုတ်..။ တိုင်းကြီးပြည်ကြီးမှာနေလာပြီး ပြန်လာတဲ့သူတွေများ ဘာနဲ့တူသလဲဆိုတော့ ဘုန်းကြီးများလူဝတ်လဲလိုက်သလိုပဲဗျ…။ အစစ အရာရာ တန်းတူမဖြစ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောင်ချာချာ ဖြစ်နေဦးမယ်ဗျ…။ ကျုပ်တို့ ဒီမှာ 109/110 နဲ့ ယောင်ချာချာဖြစ်နေတာက အကျင့်ဖြစ်နေပြီ…။ မပျင်းဘူး..။ ဟိုလူ့အတင်းတုတ်လိုက် ဒီလူ့ ဆဲလိုက်နဲ့…။ မအားရဘူး…။ ခင်ဗျားတို့ပြန်လာရင် ကျုပ်တို့လိုအတင်းလည်းပြောတတ်မှာမဟုတ်ဘူး ဆဲတတ်မှာလည်းမဟုတ်ဘူး…။ နော့

    • akswe

      April 30, 2012 at 10:53 pm

      ကိုနေရေ…
      တော်ရာမှာ လည်းမပျော်သာပါဘူးဗျာ…
      ဓလေ့ ထုံးစံ အကျင့် အယူ ဘာမှ မတူ
      ပီဇာ ဘာဂါ ပါစတာနိုင်ငံခြား စာ (ဝီစကီမပါ) မကြိုက်တဲ့ ကျွန်တော့ အတွက်
      နာဂလူမျိုးကို ဝင်ဒါမီယာမှာ တိုက်နဲ့ထားသလိုပဲ…
      အမှန်က ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အပြီးပြန်တော့မလို့ ဆက်နေဘို့ အကြောင်းဖန်လာလို့ မပြန်ဖြစ်တော့တာ..
      တစ်နေ့တော့ အချိန်တန် အိမ်ပြန်ရမှာ ပါ ဒီမှာခေါင်းမချခြင်ပါဘူး…ပြန်လာရင်သာ ခင်မင်ဖို့မမေ့ပါနဲ့.
      အတင်းတုတ်တာနဲ့ဆဲတာကတော့ စက်ဘီးများစီးသလိုပေါ့ နဲနဲပြန်ကျင့် ရင်ရမှာပါ စိမ်းမှ မစိမ်းတာ ဟာကြီး:)

      • Foreign Resident

        May 1, 2012 at 5:24 am

        ကဗျာလေးက ကောင်းပါတယ် ။
        အတွေးအခေါ်လေးတွေ ၊ ခံစားချက်လေးတွေလည်းပါတယ် ။

        ” အမှန်က ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အပြီးပြန်တော့မလို့ ”
        အဘဆွေ အင်္ဂလန်မှာ နေတာဘယ်လောက် ကြာပြီတုန်း ။
        တကယ့်ကို ရွာပြန်ဖို့ စဉ်းစားနေတာပေါ့ ။
        အရမ်းလွမ်းလို့လား ???

  • windtalker

    April 30, 2012 at 9:54 pm

    အဘဆွေ…..
    ပေါင်ရှည်မတွေ ဖေဘာပေးရင်ဖြင့်
    သွားရည်တစ်ခါထွေးပါလို ့
    ရွာမပြန်ချင်လောက်အောင် ထပ်ကြည့်ဖြစ်တယ်
    အောက်ပလီနှောက်သရမ်း။
    (နောက်ဆုံးအကြောင်းမှာ စာလုံးရှာမရလို ့၊စပ်မိငြားကောက်ရေးထားခြင်း ဖြစ်ကြောင်း ရယ်ပါလေ)

  • akswe

    April 30, 2012 at 11:15 pm

    မောင်ပေရယ်….
    ပေါင်ရှည်တယ် ကြားတာနဲ့
    သွားရည်တောင် ဒေါင်လိုက်ထွက်တယ်
    မောင်အတည် အောက်မပလီ မနှောက် မသရမ်းပါဘု
    လျှမ်းလျှမ်းတောက် မောင်ပေ
    ရယ်လိုစေ သူဖြီး
    ခပ်တည်တည်ကြီးနေမရတော့
    အဘလေ..ခွီးကနဲ ရယ်မိတာပေါ့

Leave a Reply