ကူမားရ္April 14, 20141min57433
နတ်သမီးကဝေ အရှင်… မတောင့်တအပ်သော အရှင်ဧ။် လေးညှို့မှပစ်ခွင်းသည့်….. ဆုံဆည်းမှုမြားတစ်စင်း ပြုစားခံရခြင်းပေလား… အလွမ်းဆိပ်တို့ ဆွတ်ဖြန်း ထားသော အရှင်ဧ။်..မြား.. အကျွုပ်..နှလုံးသားမှာစူးနစ် ပါပြီ… မူးယစ် သံဇာဉ် ဖြင့် တေးဖွဲ့သော အရှင်၏….လေးညှို့သည်လည်း အကျွန့်..နှလုံးးသားကို သွေးစို့စေခဲ့ ပါပြီ… အချစ်ဟု..ဆိုအပ်သော အရှင်..တင်စားသည့်အရာမှာ.. ခွဲခွာရခြင်း ဝေးကွာခြင်း နှင့် သစ္စာမဲ့ခြင်း ထိုအားပြင်းသော ရာသီသုံးခု ဥတု ရောက်လျှင်… တွင်တွင်လောင်မြိုက် နှလုံးသား နှင့် အနီးတစ်ဝိုက်တွင် အမှောင့်တိုက် တတ် သော.. တောင့်တရခြင်း.. လွမ်းရခြင်းနှင့် ကြေကွဲရခြင်း ကဝေမင်းဧ။် အလျှံညီးညီး ရှားမီးအပူ အတူတူ ဟု ကျွုပ်၏ အယူကို… အရှင်မ..မသိလေရော့သလား… ထိုမှတစ်ပါး… ကြင်နာ ထောက်ထား သနားမဲ့သည်၌ အရှင်ဧ။် ပညာ […]


ကူမားရ္June 13, 20131min36628
မြစ်ကျိုးအင်း တို့တွေ အတူတစ်ကွ စီးဆင်းခဲ့ကြတယ်….. ရွက်ညစ်နဲ့ ပန်းပွင့်တွေပါတယ် အမှိုက်နဲ့ ဒိုက်လည်းပါတယ် တောင်ကိုကွေ့ပြီး တောကို ဆက်တယ် လယ်ကွင်းတွေကို လည်းဖြတ်တယ် ကမ်းပါးတွေကိုလည်း အနားသတ်တယ် မြေပြန့်မှာဆို ငြိမ့်ငြိမ့် မြေနိမ့်တော့ သွက်သွက် တရစပ်… တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။ နေထွက်မှာအားတင်း နေပြင်းတော့နွမ်း နေချိုတော့အသာလျှို မိုးပြိုတော့လည်း ခပ်ရမ်းရမ်း ပေါ့ ကြမ်းချင်းကြမ်း နုချင်နု တစ်ခုဆိုတာ ဘာတစ်ခု မှုစရာမရှိ သတိလည်းမပြု ဂရုလည်းမထား နှလုံးသားအသိမှာ သူရှိတယ်လေ ချစ်ခြင်းတွေနဲ့.. တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။ နွေမှာ ခိုး မိုးမှာ ပေါင်း ဆောင်းတွင် ရင်ချင်းအပ် သုံးထပ်သောရာသီတွေ ပြောင်းချင်ပြောင်း လဲချင်လဲ ဒီတစ်သက် မခွဲဘူး မေတ္တာစူးပါစေ မင်းပြောဘူးတဲ့ စကား ကမ်းပါးကြီးတွေတောင်ပြိုလဲသွားမယ် […]


ကူမားရ္February 16, 20132min49335
ပြီးခဲ့တဲ့နှစ်က….. သူတို့ပြောတဲ့ အင်္ဂလိပ်စကား ဆိုပြီး … ပိုစ့်တစ်ပုဒ် တင်ထားဘူးပါတယ်… မအားတာ၊ပျင်းတာ၊ စာရေးမသွက်တာ…. စတဲ့ အကြောင်းအမျိုးမျိုးတွေ ကြောင့်… ခေါင်းထဲမှာ ရေးဖို့စိတ်ကူးရှိပေမယ့် ….ချမရေးဖြစ်တဲ့ … အဲဒါရဲ့ အဆက် အင်္ဂလိပ်တွေပြောတဲ့ အိမ်သုံး အင်္ဂလိပ် စကား လို့ပဲမှတ်ကြပါစို့နော… အင်္ဂလန် တစ်ခွင် နေရာစုံအောင် သွားပြီး အလုပ် လုပ်ဘူးတဲ့အတွက် ဒေသစုံက ပြောဆိုကြတဲ့ အင်္ဂလိပ်စကားပြော လေသံအမျိုးမျိုး ကို ကြားနာ မှတ်သားဘူးခဲ့ရပါတယ်။ တောင်ပိုင်းယောက့်ရှိုင်းယား South Yorkshire ….မှာ အနေများတဲ့ အတွက် အဲဒီဘက်ကပြောတဲ့လေသံ က အကျင့်ပါနေ တော့ ဝက်စ်မစ်ဒ်လန်းဒ် West Midland (ဘာမင်ဂမ်)birmingham ဘက်ရောက်တဲ့အခါ လေယူလေသိမ်း လွဲတဲ့အတွက် နားလည်မှု လွဲ […]


ကူမားရ္January 31, 20131min54027
ဂျန်နဝါရီလကုန်ပြီ ဖြစ်သောကြောင့်ဟောလီးဒေးများ စပေးသဖြင့် ဘဆွေ နှစ်ပတ်အနားရပါသည်။ တစ်နှစ်တာအတွင်း တင်ရှိနေသော စာကြွေး ၊ ဘုရားတရားကြွေး ၊မိတ်ဆွေအပေါင်းအသင်းကြွေး၊ လူမှုရေးကြွေး၊ အိမ်တွင်းမှုကြွေး အစရှိသော ကြွေးပေါင်းမြောက်မြားစွာ ကိုပြန်လည်ပေးဆပ်ရန် ရရှိသော တိုရေရှားရေ အချိန်ကောင်းလည်းဖြစ်ပါသည်။ စားသောက်ဆိုင် သုံးဆိုင် အား မနက်မိုးလင်း ညမိုးချုပ် ပါတ်ချာလည် လှည့်ကာအလုပ် လုပ်နေရသဖြင့် စားချိန် အိပ်ချိန် မှလွဲလျှင် အချိန်ပိုမရှိသလောက် ရှားပါးခဲ့သောကြောင့် မိဘ၊ မိတ်ဆွေအပေါင်းအသင်း အဖွဲ့အစည်း၊အိမ်နီးနားခြင်း အစရှိသော သူများ အပေါ် လူမှုရေး ပျက်ကွက် ကာ တာဝန်မဲ့မှုကြွေး တင်နေခဲ့ သည်မှာ ကြာပြီဖြစ်သည်။ ထိုအကြွေးများထဲမှ အဓိက ပေးဆပ်ရန် ရှိနေသည်မှာ Mandalay Gazette အပေါ်တင်ရှိနေသော ပေါင်းစည်းပါဝင်မှုကင်းမဲ့ခြင်း အကြွေး ပင်ဖြစ်ပါသည်။ […]


ကူမားရ္April 29, 20121min29033
ကျွန်တော်ကတဲ့ဇာတ် မနိုင်လည်း ရေးရတဲ့ဇာတ် ဖတ်ကောင်းမလား အထပ်ထပ်လှန် ပေါင်းခန်း ကိုရှာမိ ခုထိလည်း…..တစ်ခန်းမရပ်သေးဘူး “၀” လုံးကနေစမယ် ဂျနက်တစ် က အလယ် ပရီရောဒစ် တေဘယ် မှာဆုံး အဲဒီမှာလည်း…..အရှုံးပဲပြတယ် အမေ မှာတဲ့ ဆန်တစ်ခွဲ သားဘယ် “အ” မလဲ အမေရယ် သုံးစိတ်နဲ့ လဲဖို့ကြိုးစားတော့ သူတို့ ကတ္တားတွေ က…..ပျက်နေတယ် တရားသော ကိုယ်ကျင့် မြင့်အောင်သာထား ကျန်တာဖြစ်သွားလိမ့်မည် ရိုးသားမှု သာကိုယ့် အရင်း အင်း…..ဒါလည်းတစ်ပြားမှမရှိဘူး ကြိုးစားရှာ ချွေတာ သုံး ဥစ္စာကို မဖြုန်းတီး ကပ်စီးပါကုပ်တော့ လူလုံးမလှတာပဲ… အဖတ်တင်တယ် အကြံနက်တော့ ဆားပြောင်းချက် သွက်သွက်ခါ ဖတ်ဖတ်မော အတောလေး တစ်ပိုဒ်အပြီး သမီးတို့ဒိုင်က……မဝယ်တာကြာပြီ ဦးတဲ့ ချောင်းကိုပြစ် မြစ်ဆီ […]


ကူမားရ္October 11, 20111min69242
အင်္ဂလိပ်စာကားးပြောတဲ့ အကြောင်း ပိုစ့်ဖတ် ရတော့ ကိုယ့်ထက်တော်ကြ တတ်ကြတဲ့ ရွာထဲကလူတွေကို အားကျမိတယ် သူတို့လိုတတ်ချင်ပေမယ့် ဦးနှောက်က မသွားတော့ဘူး မစုပ်ယူနိုင်တော့ဘူး။ ဝင်ဆွေးနွေးရလောက်အောင် လည်းမတတ်တော့ ကိုယ်လက်ရှိ နေ့ တဓူဝ ကြုံတွေ့နေရတဲ့ England ကလူတွေ ပြောနေကြတဲ့ အသုံး အနှုန်း လေသံလေးတွေ ကိုသာ မှတ်မိ သလောက် ပြန်ပြီးဖောက်သည် ချပါရစေ England, Wales, Scotland နဲ့ Northern Iraland လေးခုပေါင်းမှ United Kingdom( UK)ဖြစ်တာ ဆိုတော့ အားလုံးက အင်္ဂလိပ် စကားပြောကြပေမယ့် လေသံမတူကြ ပါဘူး။ Scottish, Welsh, Irish and English ဘာသာတွေ သပ်သပ်စီ ရှိပါတယ်။ နေရာဒေ သ […]


ကူမားရ္February 19, 20111min1113
ဖော်ကွဲဆောင်း   ဆောင်းအမိုက် မောင်တို.နယ်တစ်ဝိုက်မှာ အမှောင်.တိုက်ကာ ရမ်းတာဖြင်. ကြမ်းချက်ကကုန်။ ဆောင်းငမူးနဲ.ဖူးစာကြုံ ဒူးနှစ်စုံရယ်က ရန်စောင်ကာ တစ်ဒုံဒုံ ခုတ်တယ် ခြေဖျားကခုန်။ အအေးရယ်ပို ဂွေးတိုအောင်ချမ်းလိုက်ပါဘိ ရှိသမျှ အလုံးစုံ ကိလေသာကုန်။ ပိုင်သရွေ. စောင်စုတ်ပုံ အကုန်ထုတ်ခြုံတောင် မနွေးနိုင်ဘူး ပုဆိုးပါ မကျန်ထွေးရတယ် ကွေးကောက်လို.တုန်။ အေးလှပါသဗျာ မေးနှစ်လွာ ဆတ်ခါရိုက် တစ်ဂိုက် ဂိုက် အသံမည် သရမ်းလိုက်ပါသည်. သည်ဆောင်း။ အကြောင်းမညီညွတ်ပါလို. ဘောင်းဘီတွေ အထပ်ထပ်ဝတ်ခါ မအေးအောင်ခံသော်လည်း သေးပေါက်ရင် အတောင်.လိုက်လျှံ အေးတဲ.ဟေမာန်။ ဖော်ကွဲတဲ.ကျည်းတန် အထီးကျန် တစ်ကိုယ် နွေးစရာဝေးသူမို. ရင်ခုန်အောင်တွေးကာလွမ်းရတယ် မောင်လေ…………. ဪ… ဖင်တုန်အောင်ချမ်း။ ပြီးခဲ.တဲ. ဒီဇင်ဘာ နှင်းတွေ အရမ်းကျပြီး တအား အေးတုန်းက လက်ဆော.ထားတာ […]


ကူမားရ္February 18, 20111min34923
နိုဝင်ဘာ လ ကတည်း က အလုပ် များနေလို. ရွာထဲ ကို ပြေးဝင် ပြေးထွက်နဲ. ကော်လည်း မမန်းနိုင် ဘယ်သူ.မှလည်း နုတ် မဆက် နိုင် နဲ. ဖြစ်နေတာ အခုမှ သူကြီး ရဲ. အသစ် ပြင် ထားတဲ.စည်းကမ်းတွေ ပြန် ဖတ်မိပြီး ၆လ အတွင်း ဘာ မလုပ်ရင် ညာမလုပ်ရင် ရွာ ထဲက အထုတ်ခံရမှာ စိုး လို. အတင်း ဖြစ် ညှစ်ပြီး ရေး လိုက်ရတယ်။ ကိုယ်တိုင် က ရေးစရာ ဘာမှ မရှိ တော. သူများရေးတဲ. သတင်းတွေ ဖတ်၊ဓါတ်ပုံ တွေ ကြည်.နဲ. ဘာသတင်းမှ မသိရတော. လောက်အောင် […]


ကူမားရ္November 3, 20101min18615
ဒီနေ. … အိမ်မှာတစ်ယောက်တည်း အတိတ်ကို တွေးရင်းလွမ်းနေမိတယ်….. သက်သာလို သက်သာငြား ချရေးကြည်. လ်ိုက်တာ ပါ၊ ပူအိုက်တဲ.နွေရာသီ အချိန် ၊ သက်တမ်းရင်.လို. ပင်စည် အခေါက်မှာ ကျည်ပေါင်းတွေ အပွေးတွေတက၊် ပင်ယံထက်မှာတော. စိမ်းစိုပြီး ရွက်နုတွေ ဝေနေတဲ. မန်ကျည်း ပင်ကြီးအောက်မှာ ဖျာကြမ်းခင်း၊ တစ်ချက်တစ်လေမှသာ တိုက်ခတ် တတ်တဲ. လေပြေရူး ကိုစောင်.ရင်း နိုးတစ်ဝက် အိပ်တစ်ဝက် အိပ်စက်ရတဲ. အရသာကို လွမ်းတယ်။ ဇောင်းလျားသီးနဲ.ဂျင်း၊ရောထောင်း ထားတဲ. လ္ဘက်နုနု ကို ပဲကြမ်းကြော် ၊နှမ်း၊မြေပဲ နိုင်းချင်းနဲ. ငြုပ်သီးစိမ်း သေးသေးလေးတွေ ကိုက်ကိုက် ပြီးစား၊စပ် တော. ရေနွေးပူပူ မှုတ်သောက်ရတဲ. ရှုးရှုးရှဲရှဲ အရသာကိုလွမ်းတယ်။ ရိတ်သိမ်းပြီးခါစ ပက်ကြားအက်လယ်ကွင်းထဲက ရိုးပြတ်တွေကို ဖြတ်ပြီး […]