မောင်ရှမ်းပျားတုပ်နေသည်
မန်းဂေဇက်ခေါ်တွင်ဤရွာအတွင်းရှိကြကုန်သော အိုင်တီအဖွဲ့ဝင်ပညာရှင်အပေါင်းတို့ခင်ဗျား……
ကျွန်တော်မျိုးကြီးမောင်ရှမ်း၏ ကုန်ပူတာသည်…. အက်ဘဒိုဘီဖလက်ရှစ်ပလေယာတင်လျှင်သော်လည်းကောင်း….
ဝေါလ်အော့ဝါးခရက်ဖ်တင်လျှင်သော်လည်းကောင်းအချို့အချိ့သောယခင်ကတင်ထားသည့်ဆော့ဖ်ဝဲလ်များကိုသော်လည်းကောင်း
ယခုဝင်းဒိုးအသစ်ပြန်လည်တင်ပြီးနောက်တွင်တင်၍မရပါသဖြင့် ရိုသေစွာဖြင့်အကြံဉာဏ်လေးများတောင်းခံအပ်ပါသည်…..
အရင်ကရတယ်အခုမရဘူးဆိုတော့…..ဟက်ဝဲလ်ပိုင်းတော့ချို့ယွင်းတာမတွေ့ရပါဘူး……
ဆော့ဖ်ဝဲပိုင်းကတော့ကျွန်တော်လုံးဝလုံးဝကိုမရတဲ့အပိုင်းဆိုတော့…..
ကိုဖက်ရေ…..ဂီဂီရေ…..ဆာ့ဆာကြီးတို့ရေ…..
ကျို့မီးငါးပါဗျို့…………….
ဒဂျီးရေ……..စိတ်မဆိုးကြေးနော်…..
ရွာထဲကကုန်ပူတာ ပညာရှင်တွေကိုမေးထားတာမို့လိုအပ်တဲ့အပိုင်းတွေကို…..
ကိုဖက်တို့လိုပညာရှင်တွေမှကျွန်တော်မသိသေးသောရွာထဲကပညာရှင်တို့က ကွန်ပျူတာထိန်းသိမ်းပြုပြင်မှုတွေကို
ဘယ်လိုလုပ်ရမလဲ…..အယ်ရာတက်တဲ့အခြေအနေတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာလေးလဲ….
အခန်းဆက်လေးတွေလုပ်ကြပါဦးလို့…..
ဘာရယ်မဟုတ်သဂျီးဘဏ္ဍာတိုက်ကိုဖောက်ကြည့်တာ….ရွာသူားအပေါင်းတို့ရေ….ရွာထဲလဲမရောက်တာကြာလို့ကလိတာ
21 comments
Azzurri
June 26, 2012 at 1:43 pm
ဝင်းဒိုးက ဘယ်လိုတင်တာတုန်းဗျ …
အဲ … အိပ်စ်ပီ တူ ဆဲဗင်း လား .ဗစ်စတာ တူ ဆဲဗင်းလား
ဆဲဗင်းတူ ဆဲဗင်းလား …
စစ်စေချင်ပါတယ်…
ပြီးတော့…
အရင် အဟောင်းက win 32 bit ဖြစ်ပြီး အခု အသစ်က win 64 bit ဖြစ်လား
နောက်ဆုံး တခုဖြေစေချင်တာက
ဖောမက်ရိုက် ဖျက်ချပြီး တင်တာလား ..ရှိပြီသား အပေါ်အုပ်တင်တာလား..
အဲ့ဒါသိရရင် ပြောလို့ ပိုအဆင်ပြေမယ်ဗျို့ ….
ကြောင်ဝတုတ်
June 26, 2012 at 1:52 pm
လောလောဆယ်တော့ သူပြောတဲ့အတိုင်းပဲ…
အင်ဖော်မေးရှင်းပြည့်စုံလို့ ကိုယ်သိတာနဲ့တိုက်ဆိုင်ရင် သဂျီးဆီက (၂)ကျပ်လဲပေးမယ်…
အဖြေလဲပေးမယ်…
အော်ဒါနဲ့…
ရန်ကုန်ဘယ်တော့လာဦးမလဲ… ဆုံကြမယ်လေ….
ကြောင်ဝတုတ်
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 2:01 pm
ကိုဖက်ရေအစကတော့ဒီတွမ်တီအိတ်လာမလို့ဗျ…..
ဂျူလိုင်တစ်ရက်ကနေစပြီးသင်တန်းသုံးလလာတက်မလို့ဟာ
ကျွန်တော့်အမေကျန်းမာရေးကိုစိတ်မချသေးလို့မလာဖြစ်တော့တာဗျို့….
ကျန်းမာရေးကတော့ကောင်းနေပါတယ်…
ဒါပေမယ့်လိုအပ်ရင်ကျွန်တော့်မိဘတွေနားမှာကျွန်တော်ရှိနေဖို့လိုတယ်ထင်လို့
မလာဖြစ်တော့ဘူးဗျ….
သူတို့ကတော့သင်တန်းသွားတက်ခိုင်းပါတယ်
ကျွန်တော်လဲတော်တော်ကိုစဉ်းစားရကြပ်နေတယ်ဗျာ….
လာဖြစ်ရင်တော့ဖုန်းဆက်ပါမယ်…..
ကျွန်တော့်ဖုန်းအသစ်ကိုလဲမှတ်ထားပေါ့……အဲအဲချက်တင်ထိုင်မှပေးတော့မယ်ဗျို့….
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 1:57 pm
ဂီရေဆဲဗင်းတူဆဲဗင်းတင်တာဗျ……
သာတီတူးဘစ်ပါပဲ…
ရှိပြီးသားအပေါ်အုပ်တင်တာဗျို့…..
Azzurri
June 26, 2012 at 2:03 pm
ဟုမ်းပရီမီယမ် တူ ပရော်ဖက်ရှင်နယ် လား
ပရော်ဖက်ရှင်နယ် တူ အာလ်တီမိတ် လားဗျ…
ဒါမှမဟုတ် ပြောင်းပြန်တွေလား …??
အကောင်းဆုံးကတော့ ဒေတာ ဘက်ကပ် ယူ
ဖောမက် ချ ပြီး အသစ် တင်တာကိုပဲ အားပေးပါတယ်ဗျာ..
ပြန်သွင်းဖို့ ဒရိုက်ဘာတွေ အပ္ပလီ တွေ အလွယ် ရှိတယ် ဆိုရင်ပေါ့..
(ကိုယ့်ပေါင် ကိုယ်ပြန်လှန်ထောင်းရတာ … နာသအေ…)
အဲ့လာကြောင့်….
ဂျော့ဘုစု က ဝင်းဒိုး အပ္ပဒိတ် လုပ်တာလောက် စိတ်ညစ်စရာကောင်းတဲ့အလုပ်
မရှိဘူး လို့ ရိဖူးတာ…
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 2:09 pm
အာတီမိတ်တူအာတီမိတ်ဗျို့…..
ဆော့ဝဲလ်တွေကိုကျွန်တော်ကဒီရယ်အီးရယ်ထဲထည့်ထားတော့
ဝင်းဒိုးကိုဖောမက်ချရင်ကျွန်တော့်ဆော့ဝဲလ်တစ်ချို့ကပြန်စုမရလို့ဗျို့……
တစ်ချို့တွေဆိုဒေါ်လှတွေနဲ့ဝယ်ရတဲ့လိုင်စင်ကီးတွေနဲ့ဆိုတော့အပ်ပဒိတ်မလုပ်နိုင်တောင်
ပြန်ချပြန်တင်လုပ်ပြီးသုံးနေတာဗျို့……
ပြန်ရမယ်ဆိုရင်တော့ခုကိုပဲအိမ်ပြန်ပြေးပြီးဖောမက်ချပြီးအသစ်တင်လိုက်တော့မယ်…..
amatmin
June 26, 2012 at 1:45 pm
မောင်ရှမ်းရေ..
သူတို့တွေမဖတ်.မမြင်. မသိသေးတာမို့
လက်သွားတို့ပေးပါ့မယ်ဆိုတာလေး..
အသိပေးပါတယ် နော့.. 🙂
water-melon
June 26, 2012 at 1:51 pm
ပြန်ချပြီးပြန်တင်လေ
ရပါတယ်ဟ
မရရင်အသစ်ဝယ်ပေါ့ လောပန်းကလည်း
ညည်းဘယ်ပျောက်နေတာတုန်း
နာက သနတ်မှန်ပြီး ဂန့်ပြီထင်နေတာ
အဟီ 😀
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 2:04 pm
နာလဲရန်ကုန်ကပြန်ရောက်ကတည်းကနားရတယ်ရှိဝူးတော့….
နေပြည်တော်ပြေးလိုက်မန်းလေးလာလိုက်ဖြစ်နေတယ်…..
အင်တာနက်နဲ့မိတ်မဆက်ရတာတောင်အတော်ကြာသွားတယ်အေ့……
သေနတ်မှန်ပြီးတစ်ခါတည်းကိစ္စချောသွားလဲကောင်းတာပဲအေ….
အဲလိုမဖြစ်တာခက်နေတယ်…စိတ်ညစ်စရာတွေများနေတယ်အေ့…..
လောပန်းဆိုတော့လဲလမ်းပေါနေရတယ်…
ဘတ်ဂျက်သိပ်မကောင်းသေးတော့အင်တာနက်တောင်အိမ်ကမဆွဲနိုင်ဘူးတော့
ဆိုင်လာလာပြီးတစ်နာရီသုံးရာနဲ့သုံးနေရတယ်
mocho
June 26, 2012 at 1:59 pm
ပျောက်နေတာ ကြာပေါ့ ။ အမကွန်ပျူတာ တုန်း က အချို့ ဆရာတွေ ပြော သလို ပြောရရင် အသစ် ဝယ် လိုက်။ ကိုယ် ပိုင် အကြံပေး ရ ရင် ဆိုင် ပို့လိုက်။
ကြောင်ဝတုတ်
June 26, 2012 at 4:45 pm
အသစ်ဝယ်လိုက်လို့ အကြံပေးတဲ့အထဲမှာ ကျွန်တော်မပါဘူးနော်… မမိုချို…
ကိုယ့်ဟာကိုယ် ပြင်ဖို့တောင် အားပေးခဲ့တဲ့သူ…
သေချာပြောလိုက်သေးတယ်… စိတ်တော့ခိုင်ခိုင်ထားလို့…ဟိ
စိတ်ခိုင်ခိုင်ထားကွန်ပျူတာပြင်စေချင်သူ-
ကြောင်ဝတုတ်
မဟာရာဇာ အံစာတုံး
June 26, 2012 at 2:05 pm
ဒါလေးများ …
လွယ်လွယ်လေးပါ မောင်ရှမ်းရာ ..
ဟိုဟာကို ဟိုလိုလုပ်လိုက် ..
ဒီဟာကို ဒီလိုလုပ်လိုက် ..
မရရင် ဆိုင်ပို့လိုက်ပေါ့ ..
(အဟီးးး နာလည်း သိမှမသိတာ …)
😀
မောင်ပေ
June 26, 2012 at 2:09 pm
အမြန်ဆုံး ပြန်ကောင်းဖို ့နည်းလမ်းကောင်း တစ်ခု ပြောပြချင်တယ်
ပိုက်ပိုက်ယူပြီး ဆိုင်သာအမြန်ဆုံးပြေးပြီး ချက်ချင်းလုပ်ပေးဖို ့ပူပေတော့ ကိုယ့်လူရေ
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 2:26 pm
အဟုတ်မှတ်လို့….
လူဇိုးကြီး………ကေတီဗွီကကောင်မလေးတွေအာဘွားပေးတာခံရပါစေဗျာ….
ဘတ်ဂျက်မရှိလို့စိတ်ညစ်ပါတယ်ဆိုနေမှ…….
mayjuly
June 26, 2012 at 3:24 pm
အဲ ပျားတုတ်နေပီတဲံ..ဝေးဝေးရှောင်မှ ..
တော်ကြာ စက်ကွင်းမလွတ်မှ ဒက်ခ . 😛
မမ အညာသူ
June 26, 2012 at 3:50 pm
ဆော့ဝဲအကြောင်းပြောပြမယ်လေ
အဟမ်းအဟမ်း
ညာလဲမသိဘူး ခစ်ခစ်
Wow
June 26, 2012 at 5:58 pm
မောင်ရှမ်းကွန်ပူတာအဲလိုဖစ်တာ အမှောင့်ပယောဂါရှိတယ် ရွာသူနှောင့်ယှက်နေတာ(မန်းဂေဇက်ရွာသူမဟုတ်ပါ)
အဲဒီတော့ တုတ်တဲ့ ပျားကို အသေအချာဖမ်း အရောင်နဲ့ အတိုင်းအထွာမှတ် … ချာမဂျီး ဓာတ်ဆင်ပေးမယ်။
ဉာဏ်ပူဇော်ခမလိုပါဘူး အချင်းချင်းဒွေပဲ။ ဖယောင်းတိုင်၊ အမွေးတိုင်ဖိုးလေးသာ လေး..ငါးသောင်း တစ်သိန်းလောက်… ဟဲဟဲ
😛
သားဦး၊မြေးဦး
June 26, 2012 at 8:04 pm
ကျနော်က တော့နလပိန်းတုန်းမို ့မကူနိုင်တာ စိတ်မရှိပါနဲ ့ဗျာ။
kyeemite
June 27, 2012 at 11:51 am
မောင်ရှမ်းရေ..ပျားတုတ်ရင် ကြက်သွန်ဖြူနဲ့ပွတ်ပေးရတယ်ဆိုလား..
ကွန်ပူတာအကြောင်းတော့ နကန်းတစ်လုံးမှမသိပါဂျောင်း။
TNA
June 27, 2012 at 11:56 am
ရှမ်းလိပ်ပျောက်လှချည်လား။ ညီးဖုန်းပြောင်းပြီလား။ ရန်ကုန်မှာဝယ်တဲ့ဖုန်းမဟုတ်တော့ဘူးလား။ ညီးပြောထားတာမမေ့နဲ့အေ။ ရန်ကုန်မလာလဲအီးမဲနဲ့ပို့ပေးလေ။
ရှမ်းပြည်သား (တောင်ပိုင်း)
June 27, 2012 at 6:22 pm
ပျောက်ဆိုတီသဲရေ….
ဘတ်ဂျက်နဲနေလို့အိမ်ကနက်ကိုဖြုတ်ထားတယ်…
ဆိုင်ကသုံးနေရတယ်ဗျို့…..
ရန်ကုန်ကိုအစကမနက်ဖြန်လာမလို့ဗျ……
အကြောင်းလေးတွေရှိသေးလို့မလာဖြစ်တာရယ်….