လေသံလေးဝဲဝဲနဲ့စကားလေးတွေသင်ကြည့်ကြမယ်……အပိုင်း(၁)
ဦးကောလဟာလဆိုတဲ့လူကြီးမတင်သမျှကျွန်တော့်ဆီနောက်ဆုံးပုံပြီးတာဝန်တွေလာပေးနေတော့ဒီပို့စ်လေးကို
တင်ရပါတော့တယ်…….
ကျွန်တော့်ပို့စ်တစ်ခုမှာအဲလူကြီးကလျှာလျှာရှည်ရှည်နဲ့အတည်ပေါက်ကြီးရွာသူားတွေကို ရှမ်းစကားသင်ပေးမယ်လေး
ဘာလေးနဲ့ဝင်ပြီးဖောရှောလုပ်သွားလို့…ကျွန်တော်ကတင်ဖို့ပြောတော့ငါမအားသေးဘူးတဲ့…..မင်းလဲတတ်သင့်သလောက်
တတ်နေတာပဲသင်ပေးလိုက်ပေါ့လို့ဘုတောပါတယ်……တကယ့်တိုင်းရင်းသားစစ်ဖြစ်တဲ့ဦးကောကြီးတာဝန်မယူတော့လဲ..
ကျွန်တော်ကပဲတူတစ်ယောက်ရဲ့တာဝန်ထကျေရတော့မပေါ့….ဟင်းဟင်းဦးကောတူမပေးဖို့သာပြင်ပေတော့….
သင်ခန်းစာလေးမစခင်အားလုံးပဲကျွန်တော်ဟာရှမ်းဘာသာစကားကိုမတတ်တခေါက်သာတတ်သောဗမာလူမျိုးတစ်ဦးဖြစ်တဲ့
အတွက်အမှားအယွင်းလေးများပါနေခဲ့ရင်သိသူများကခွင့်လွှတ်ပေးကြပါလို့ဦးစွာတောင်းပန်တကပြုအပ်ပါတယ်…..
အရင်ဆုံးမိတ်ဆက်စကားလေးနဲ့သင်ခန်းစာလေးကိုဖွင့်လိုက်ကြရအောင်……..
၁။မိုင်ဆွန်ခ………..
မင်္ဂလာပါခင်ဗျာ….မင်္ဂလာပါရှင်….
၂။မိုင်ဆွန်ခ…..ယူလီဟ……
မင်္ဂလာပါခင်ဗျာ….နေကောင်းပါသလားဗျ…..
၁။ယူလီယူခဩော……..
ဟုတ်ကဲ့…နေကောင်းနေပါတယ်ခင်ဗျ…..
စိ ံဆူဝါဟီ ံခ………(အေ+အီ=-ိ ံ)တွဲ၍အသံထွက်ပါ……
ခင်များနာမည်ဘယ်လိုခေါ်ပါသလဲခင်ဗျ……
၂။စိ ံခါ့ပဲင် က+ဈိုင်းမောင်မြခဩော……(ကနဲ့စကိုတွဲ၍အသံထွက်ဖတ်ပါ)
ဟုတ်ကဲ့ကျွန်တော့်နာမည်စိုင်းမောင်မြဖြစ်ပါတယ်…..
၁။ဟောင်းပဲင် က+ဈိုင်းအောင်လျန်းခ
ကျွန်တော်ကတော့စိုင်းအောင်လှိုင်းဖြစ်ပါတယ်…..
ဆူယူကာလိုင်ခ…….
ခင်ဗျားကဘယ်မှာနေတာပါလဲ…….
၂။ခါ့ယူတီတောင်ကီးခဩော…..စဲဝ်ကောဝ်ကော့ယူတီလိုင်ခ….
ဟုတ်ကဲ့ကျွန်တော်ကတောင်ကြီးမှာနေပါတယ်….ခင်ဗျားကကောဘယ်မှာနေသလဲခင်ဗျ…….
၁။ဟောင်းယူတီရန်ကုန်ခ…….
ကျွန်တော်ကရန်ကုန်ကပါ…..
၂။ကိုင်နာနော်…….
အိုးတော်တော်ဝေးတာပဲ…..
၁။ဩောခ….ကိုင်နာခ….
ဟုတ်ကဲ့တော်တော်လေးဝေးပါတယ်ခင်ဗျ…….
ကဲအားလုံးပဲဒီနေ့တော့ဒီလောက်လေးနဲ့ရပ်ကြတာပေါ့နော်…….တိုင်းရင်းသားချင်းညီကိုရင်းပမာသွေးချင်းနီးအောင်စကားချင်း
အရင်နီးကြဖို့သိသလောက်နဲ့ပြန်ပြီးရှယ်ယာပေးလိုက်ပါတယ်နော့်……..
မဟုကမ်းတိုင်း…. (ရှမ်းစကားမသိဘူး)ဆိုတာမရှိတော့ဘူးပေါ့နော့်…….
ရှမ်းပြည်ကိုဒါ့ပုံတွေနဲ့အလည်ခေါ်ပြီးပြီးရှမ်းစကားသင်ပေးမယ်…နောက်ကျရင်ရှမ်းအစားသောက်ချက်ပြုတ်နည်းသင်ပေးမယ်…..
ရှမ်းတို့ရဲ့ဓလေ့စရိုက်တွေကိုတော့ဖြေးဖြေးချင်းမှပြောပြပါ့မယ်….
အားလုံးကိုခင်တဲ့……မောင်ခ……ရှမ်းပြည်သား(တောင်ပိုင်း)
13 comments
ဗိုက်ကလေး
April 19, 2012 at 12:22 pm
မိုင်ဆွန်ခ
ဟောင်းပဲင် က ဈိုင်းဗိုက်ကလေးခ
ဟောင်းယူတီ အီသီယိုးပီးသီးယားခ
နောင် အပိုင်းတွေ မျှော်နေတယ်ခ
😀
ဆူး
April 19, 2012 at 12:43 pm
ရှမ်းစကား တတ်ရင် ရှမ်းပြည် သွားပြီး ရှမ်းကြီးအိမ်ကို အလည်သွား ရှမ်းလေး သင်ပေးလို့ တတ်တဲ့ နည်းနဲ့ ထမင်း အလကား သွားစားမယ်။
မိုင်စွန်ခ .ယူလီဟ……
ဟောင်းယူတီရန်ကုန်ခ
မဟုကမ်းတိုင်း….
ထမင်းစား ဧည့်သည်လာတယ်။ 😀
sugar sugar
April 19, 2012 at 12:55 pm
ရှမ်းစကားကောင်းကောင်းသင်ချင်နေတာ နဲ့အတော်ပါပဲ
ကျေးဇူးပါဗျ
စာအုပ်ထွက်လား သိချင်ပါတယ်ခင်ဗျ၊
စော်ဘွားလေး မောင်မာန်ခ
April 19, 2012 at 5:47 pm
စာအုပ်တွေထွက်ထားပါတယ်……ရှမ်းစကားပြောစာအုပ်တွေကိုရှမ်းယဉ်ကျေးမှုစင်တာတွေမှာ
ရနိုင်ပါတယ်…..ဝယ်မယ်ဆိုရင်တော့အင်္ဂလိပ်fင်းလေးတွေပါတဲ့စာအုပ်မျိုးဝယ်ပါလို့အကြံပေးချင်
ပါတယ်……တကယ်လို့များပိုမိုတတ်ကြွမ်းချင်ရင်တော့အဲဒီစင်တာကသင်ကြားပေးခြင်းရှိမရှိစုံစမ်း
ပြီးတကယ်လို့သင်ကြားပေးတယ်ဆိုရင်သင်တန်းတက်စေချင်ပါတယ်……
တစ်ခါတည်းရှမ်းစာပါတတ်သွားတာပေါ့…….
ကျွန်တော်ကတော့စာအုပ်ထုတ်ဝေဖို့မရှိပါဘူး…ဟဲဟဲ……..
ခင်တဲ့မောင်ခ….ရှမ်းပြည်သား(တောင်ပိုင်း)….ကိုသကြားရေ….အားပေးတာကျေးဇူးပါနော့်……
Khaing Khaing
April 19, 2012 at 1:54 pm
မောင်လေးခရေ ကျေးဇူးပါနော် …. ဦးငယ်လေးကိုလည်းပြောလိုက်ပါ မအားပေးမယ့် အခိုင်သတိရနေပါ တယ်လို့ အမမှတ်ထားမယ်နော် နောက်ဆိုမောင်လေးခနဲ့အမတို့ ရှမ်းလိုပဲပြောကြမယ် …… ဆရာရှမ်းရေ ဆက်သင်ပေးပါနော် တပည့်မလေးစောင့်နေပါတယ် …….
ခင်မင်စွာဖြင့်
မမKhaing
manawphyulay
April 19, 2012 at 2:03 pm
ဟောင်းပဲင် က မနူဖျောခ
ဒီကတိလိုက်
မိုင်းစွန်ခ…
ဘာတွေလဲတော့မသိဘူး. ဟီး ထမင်းစားရေသောက်လေးတော့ သင်ပေးပါဦး..
Thel Nu Aye
April 19, 2012 at 4:59 pm
ရှမ်းလိပ်ရေ
မားလည်ကျင်ခေါက်။
အင်ဟုတ်လားတော့မသိဘူး။ မဟုတ်လဲ လောလိုက်တော့။
ဦးဦးကောလ ဟာလ
April 20, 2012 at 7:34 pm
အဲလဲလဲ…..ဟဲ့ငရှမ်း…မဟုတ်ဘူး…ငမာန်……နင်တင်တာကငါစိတ်ကူးထားတာထက်တောင်ကောင်းနေပါ
လား…..
ဘယ်တူမယူမလဲကြိုက်တဲ့တစ်ယောက်ပြော…….ငါ့ကိုတော့လူကြားထဲခဲနဲ့ထုခံရအောင်မပြောနဲ့…….
မယ်ထက်ထက်နင့်နားလာမယ်တဲ့လာမယ့်တနင်္ဂနွေနေ့……..ငါတူမကိုစောင့်ရှောက်လိုက်……..ပြီးရင်နင့်
မော်ဒယ်ဂဲလ်အမကိုငါလိုက်စောင့်ရှောက်ပေးမယ်……အသက်ကြီးပေမယ့်မပျက်စီးသေးဘူးနော်…….
နင်လို့ပျက်စီးပြီးအသက်မကြီးတဲ့လူမဟုတ်ဘူး……..
ညီလေးရေ…..မဆိုးဘူးကွ…..ကိုကြီးကိုယ်စားညီလေးပဲဆက်တာဝန်ယူလိုက်တော့ယူလက်စနဲ့…..
တာ့တာ…….ခုမန်းလေးရောက်နေတယ်ကိုယ့်လူ…….ဘာမှာမလဲ…….မိထက်နဲ့လူကြုံထည့်ပေးလိုက်မယ်…
water-melon
April 20, 2012 at 8:48 pm
အာလု ကုထိ ပုစိပုထ
နာပု ဂန်တိ ရှူးပေါက် ပြူစီ
အာလူးပူတီ ချပ်ပါတီ 😀
ဦးဦးကောလ ဟာလ
July 15, 2012 at 12:08 pm
ဟဲ့ငရှမ်းနင့်စကားပြောသင်တန်းကဆက်မဖွင့်တော့ဘူးလား…..
ငါကြည့်နေတာနင့်ပို့စ်တွေမှန်သမျှတစ်ဝက်တစ်ပျက်တွေပဲများနေတယ်…….
ဆက်တင်စောင့်နေမယ်…..ပုန်းပြီးစာချည်းဖတ်မနေနဲ့…..နင့်အကြောင်းငါမသိရင်ခက်မယ်……
water-melon
July 15, 2012 at 1:35 pm
ဦးဦးကောလဟာလရေ မောင်းရှမ်းက
အသည်းကွဲနေတာလေ
အဟီ
ဘာညာကွိကွ စလူးမတူး
ညလေး
July 15, 2012 at 5:05 pm
မိုင်သုင်ခပီ…..နောင့်ယိင်းပိန်တိုင်းခု.ကေုး…..
ငိန်းလီတေ့ခု.ကေုး….မီးဂုန်းစွန်ပန်ဂွမ်းတိုင်းရှဝ်းခု….
ချာလီဂဇက်ဒလဝမ်
July 15, 2012 at 5:39 pm
စိစမမ်း စံမထ
ကွိယေါနိခ
အာရောဂျံ ပရမန်လာဘံ
ရောတောယျှိ
( နောက်တာနော့ စိတ်မဆိုးကြေး )