ရွေးကောက်ပွဲဝင်မည်……တရားဝင်ပါတီအဖြစ်ဖွဲ့စည်းသည်….
“သင်္ကြန်အကြိုနေ့တွင် လိပ်ဂိုဏ်းဟုခေါ်တွင်ကြသော….လေးယောက်တစ်ပါတီသည်…..
စကားစပ်ရင်းပြောရင်းဖြင့်…..လှပျိုဖြူမချောတို့သည်ဘယ်နယ်ကတော့အချောဆုံးသဖြင့်ငြင်းကြခုံကြလေသည်…… ထိုအထဲတွင်……ဝါးတားမဲလုံးခေါ်မန်းလိပ်…….
ကျွန်ုပ်စော်ဘွားလေးမောင်မာန်ခခေါ်ရှမ်းလိပ်……တီသဲလို့ကျွန်တော်ခေါ်လေ့ရှိသောသဲနုအေးခေါ်ရန်လိပ်ကြီး…..မခိုင်ဟုခေါ်သောရန်လိပ်ငယ်တို့ပါဝင်လေသည်….
ထိုသူတို့သည်…မည်သည့်နယ်မှမိန်းမပျိုလေးများမှာအချောဆုံးစသည်ဖြင့်ငြင်းကြခုန်ကြရင်းမှ…..ကိုယ့်ဘက်ကိုယ်အပြိုင်အဆိုင်ယက်ကြလေတော့သည်……
သို့သော်ထိုဂိုဏ်းသည်….ရဲရဲတောက်ခပ်စွာစွာနှုတ်သီးကောင်းလျှာပါးလူသားများဖြစ်ကြသော…….အခြော်တကောက်အဖွဲ့ဦးစီး….ဝါးတားမဲလုံး….
ရန်ကုန်သူစွာတေးမမကြီးများဖြစ်ကြသော…..မသဲနုအေးနှင့်မခိုင်……လျှာနှစ်ခွရှိသော…..ဝတ်လုံတော်ရစော်ဘွားတစ်ဦးပါလေသည်…..
ထိုသူတို့သည်…..အပြိုင်အဆိုင်ငြင်းခုံ၍အစည်းဝေးပြုလုပ်ကြပြီးနောက်….ဂေဇက်ဟုခေါ်အပ်သောရွာတွင်…..ရွေးကောက်ပွဲဝင်ခွင့်ရရန်ပါတီတစ်ခုဖွဲ့စည်းသင့်သည်
ဟုဆုံးဖြတ်ကြလေသည်…..၎င်းတို့၏အဓိကပြိုင်ဖက်ပါတီများကိုလည်း…..ကြောင်ဂိုဏ်း(ကြောင်ဝတုတ်ဂိုဏ်းအပါအဝင်)၊နှူးဘာဂိုဏ်း….၊နယ်စည်းမခြားအရက်
သမားသမဂ္ဂတို့အဖြစ်သတ်မှတ်ကြလေသည်…….လက်ရှိအာဏာရှင်ဖြစ်သောသူကြီးထံမှလည်းဖြတ်စားလတ်စားလုပ်၍…..တရက်လျှင်ဆယ်ခါမန့်၍
တရာစီညာယူပြီးတစ်ရက်လေးရာနှုန်းဖြင့်သူကြီးဥကိုင်ထံမှ….ပါတီရန်ပုံငွေရှာရန်ဆုံးဖြတ်ကြလေသည်……”
ထို့ကြောင့်ဇက်ရွာသားများအားလုံးကိုအသိပေးသောအားဖြင့်ဂိုဏ်းသူဂိုဏ်သားပါတီဝင်များကိုဓါတ်ပုံနှင့်တကွဖော်ပြလိုက်ရပေသည်……
ပါတီဝင်လိုသူများသည်….ကိုယ့်ဘက်ကိုယ်ယက်တတ်သူမှန်လျှင်မိမိ၏လိပ်ပုံပန်းသဏ္ဍာန်နှင့်တကွဖော်ပြရန်လည်းအကြံပြုဖိတ်ခေါ်လိုက်ရပေသည်…..
ဟဲဟဲသူကြီးဆီကပွိုင့်ကိုညာယူကြည့်တာလေး……
ဟဲဟဲ…မဲထည့်ကြပါဦးလည်းဆွယ်ပြောလေးပြောရင်း….
ခင်တဲ့မောင်ခ…..ရှမ်းပြည်သား(တောင်ပိုင်း)
12 comments
စော်ဘွားလေး မောင်မာန်ခ
April 17, 2012 at 9:54 pm
စိတ်မရှည်လို့ပုံတွေကိုသေးသေးလေးတင်လိုက်မိပြီရွာသားတို့ရေ..
ကွန်နက်ရှင်ကောင်းသောသူများ…ဖွင့်ဝင်ပြီးသာကြည့်ကြပါဗျို့…..
Thel Nu Aye
April 17, 2012 at 10:04 pm
အောင်မယ်လေးရှမ်းလိပ်ရေ။ ဒို့လိပ်ဂိုဏ်းကတယ်သားနားပါလား။ တခြားဂိုဏ်းတွေဆိုစာတွေပဲပါတယ်။ ဒို့ဂိုဏ်းကပုံလေးတွေပါဝေဝေစည်။ ဟီဟိ
ငါ့ပုံလဲတော်တော်လှတာပဲကျေးဇူးပါ။ ဟဲဟဲ
ဒိတ်ဒိတ်ကြဲ
April 17, 2012 at 11:02 pm
နာလဲပါမယ်
လွှတ်တော်ထဲ မှာပါရရင်မဆိုး မဆိုး
နဲနဲတော့နံမယ်
ဘဲဥပြုတ်နဲ့ အမုန်းဆွဲထားလို့
Khaing Khaing
April 17, 2012 at 11:14 pm
မောင်လေးခရေ …….. `ဒါကရန်ကုန်သူလိပ်တစ်ဥိး…ဘယ်သူလို့ထင်ကြလဲ……´ အဲဒါ ဘယ်သူ့ပုံလဲမသိ ဘူးနော် …… အင်းတော်တော်ချောမှာပဲ အဲလိပ်မလေးသာ လူယောင်ဖန်ဆင်းလိုက်ရင် ဟိုငခြောက်လိပ်က ကာလာအရောင်တွေနဲ့ အွန်းချဉ်ပအေ ……… လိပ် (၄) ကောင်ထဲမှာ ရန်ကုန်က လိပ်လေးတွေက ချောလည်းချော ထောလည်းထော သဘောလည်းကောင်း ပညာလည်းတော် ပြောစရာကိုမလိုအောင် ပြည့်စုံတဲ့ ရန်ကုန်သူလိပ်ချောလေးတွေဖြစ်မှာအသေအချာပဲ …….. မန်းလိပ်ခြောက်သည် မဲ၏….. ရှမ်းလိပ် ခြောက်သည် `၀´၏ ရန်ကုန်လိပ်တွေသည် `ချော´၏ ဟီးးးးးးးးးးးးး လိပ်ဂိုဏ်းသားပီသအောင် ထိုကဲ့သို့ ချီးကျူးသွားပါကြောင်း ……….. လိပ်စော်ဘွားလေးရေ ……….
water-melon
April 19, 2012 at 8:50 am
ဟဲ့တောင်မ မန်းလိပ် မဲလား ဖွေးလားသိချင်ရင်
ရန်ကုန်လာမှပြမယ်
စွတ်မပြောနဲ့ နာရှက်တယ် 😀
FattyCat
April 18, 2012 at 6:25 am
ခိုင်ခိုင်က ကွန်ဖူး ငါးဖော်ကနေ လိပ်နင်ဂျာဖြစ်သွားပြီလား
Khaing Khaing
April 18, 2012 at 2:26 pm
ကိုဖတ်ရေ……. လိပ်ဂိုဏ်းက လွှတ်တော်ထဲဝင်ဖို့လေ လွှတ်တော်ထဲကသတင်းတွေကို စုံစမ်းပြီးမှ ကွန်ဖူး (၅) ဖော်နဲ့ ဖိုက်မှာလေ …….. အဟိ သိဒယ်မှတ်လား ခေတ်အလိုက် အရောင် ပြောင်းရတယ် ဒါမှလည်း စားပေါက်ချောင်မှာလေ ……….. ကိုဖက်ကလည်း မြန်မာနိုင်ငံမှ နေပြီး ဒါတောင်မသိဘူး ခက်ပါရောလား ………..
ကြောင်ကြီး
April 18, 2012 at 8:20 am
ဟိတ်ဆို
တိတ်စမ်း
နှိပ်ပစ်လို်က်မယ်..
စိတ်မရှိနဲ့
သိပ်ကလိရင်
ကြိတ်အဖိ
ဝိတ်ပိ
အိပ်မသိ
လိပ်တပည့်
မြိတ်ငပိဖြစ်သွားမယ်..။
နေဝန်းနီ
April 18, 2012 at 10:25 am
နီ တို့ လိပ်မလေးတွေချောတယ်ရှိုရင် နာလည်းပါမယ်ရေ….။
သမိန်ဂီ့
April 18, 2012 at 10:31 am
နှူးဘာဂိုဏ်းနဲ့ နယ်စည်းမခြား အဖွဲ့ချုပ်တို့က
ပုလင်းတူဗူးစို့တွေ …. နှူးဘာဂျုပ်ဆို ၂ဖက်ခွနင်းထားတာ..
(ဗိုလ်ကြည့် စကားငှားပြောရရင် သူရာ ဆိုလည်း ရ တဏှာဆိုလည်းထ …)
ကိုရင်ရေ..
ရွာထဲ ခုတလော ခြေငြိမ်နေတဲ့ … အော်မေ့ဂိုဏ်းကို မမေ့ထားသင့်ပါဘူးဗျို့…
နောက် ..ပေါင်မုန့်ခ ကိုကင်းတို့ရဲ့ ..သတ်ပုံအဖွဲ့လည်း ရှိသေးရဲ့ဗျာ..
အဲ့ဒါလေး
😀
ဆူး
April 18, 2012 at 10:43 am
ပြောလိုက်စမ်းပါအေ.. အော်မေ့ ဂိုဏ်းဆိုတာ ရှိသေးတယ်လို့။
အော်မိတော်ဖော် လုပ်ပြီး အလှူခံ ထွက်နေတယ်လို့။
ဆူး
April 18, 2012 at 10:50 am
အော်မေ့ ဂိုဏ်းဖြစ်လာပုံ ကို ရာဇဝင်တွင် စံထားရလောက်အောင်ပါပဲ။
ဒီဂိုဏ်းကို ဝင်မှန်း မသိ ဝင်မိနေတဲ့ ဂိုဏ်းသားတွေကတော့ အလွန်များပါတယ်။
ကိစ္စတခုခု ဆို ခဏလေးနဲ့ မေ့မေ့သွားတတ်တယ်။
တယောက်ယောက်က သတိပေးလိုက်တဲ့ အခါ အော်… မေ့ သွားလို့ ဆိုပြီး အသံကို အစွဲ ပြုပြီး အော်မေ့ဂိုဏ်း ဖြစ်လာတာပါ။
တခြားတော့ မဟုတ်ပါဘူး။ အဘိုးက သတိကောင်းလွန်းလို့ ဘယ်တုန်းက ဘယ်လို စသဖြင့် ပြောတတ်လွန်းလို့ သတိကောင်းလွန်းတဲ့ အဖိုးရဲ့ မြေးဖြစ်ပြီး အမျိုးဂုဏ်ကို မထိန်းရကောင်းလားလို့ အဆူခံရတတ်ပါတယ်။
အမျိုးဂုဏ်ကို ထိန်းပြီး သူလုပ်တာ လိုက်လုပ်ရင် သူနောက်လိုက်ဖြစ်မယ်။ ဒါကြောင့် နောက်လိုက်တော့ မလုပ်ချင်ဘူး ရှေ့က ဦးဆောင်သူပဲ ဖြစ်ချင်တယ် ဆိုပြီး မေ့လျော့တာကို အကြောင်းပြုပြီး အော်မေ့ ဂိုဏ်းဆိုတာကို စတင်တည်ထောင်ခဲ့တာပါ။
သတိပေးမှ သတိရပြီး အော်.. မေ့လို့ ဆိုတဲ့ လူတွေ အားလုံး ကတော့ ဂိုဏ်းဝင် ဂိုဏ်းသား ဖြစ်ကြောင်း ကြေညာ ပေးထားလိုက်ပါတယ်နော်။
အော်မေ့ ဂိုဏ်းသားတွေ အဓိကတော့ ဂိုဏ်းအပေါ် သစ္စာမဖောက်ပဲ အမြဲ မေ့လျော့တတ်ကြဖို့ပါပဲ။
အခုပြောလိုတာကတော့ ဒါပါပဲ။
ပုံ
ဂိုဏ်းချုပ်/ ဂိုဏ်းတည်ထောင်သူ/ ရွာတော်ရှင်