“သင်္ကြန်အကြိုနေ့တွင် လိပ်ဂိုဏ်းဟုခေါ်တွင်ကြသော….လေးယောက်တစ်ပါတီသည်….. စကားစပ်ရင်းပြောရင်းဖြင့်…..လှပျိုဖြူမချောတို့သည်ဘယ်နယ်ကတော့အချောဆုံးသဖြင့်ငြင်းကြခုံကြလေသည်…… ထိုအထဲတွင်……ဝါးတားမဲလုံးခေါ်မန်းလိပ်……. ကျွန်ုပ်စော်ဘွားလေးမောင်မာန်ခခေါ်ရှမ်းလိပ်……တီသဲလို့ကျွန်တော်ခေါ်လေ့ရှိသောသဲနုအေးခေါ်ရန်လိပ်ကြီး…..မခိုင်ဟုခေါ်သောရန်လိပ်ငယ်တို့ပါဝင်လေသည်…. ထိုသူတို့သည်…မည်သည့်နယ်မှမိန်းမပျိုလေးများမှာအချောဆုံးစသည်ဖြင့်ငြင်းကြခုန်ကြရင်းမှ…..ကိုယ့်ဘက်ကိုယ်အပြိုင်အဆိုင်ယက်ကြလေတော့သည်…… သို့သော်ထိုဂိုဏ်းသည်….ရဲရဲတောက်ခပ်စွာစွာနှုတ်သီးကောင်းလျှာပါးလူသားများဖြစ်ကြသော…….အခြော်တကောက်အဖွဲ့ဦးစီး….ဝါးတားမဲလုံး…. ရန်ကုန်သူစွာတေးမမကြီးများဖြစ်ကြသော…..မသဲနုအေးနှင့်မခိုင်……လျှာနှစ်ခွရှိသော…..ဝတ်လုံတော်ရစော်ဘွားတစ်ဦးပါလေသည်….. ထိုသူတို့သည်…..အပြိုင်အဆိုင်ငြင်းခုံ၍အစည်းဝေးပြုလုပ်ကြပြီးနောက်….ဂေဇက်ဟုခေါ်အပ်သောရွာတွင်…..ရွေးကောက်ပွဲဝင်ခွင့်ရရန်ပါတီတစ်ခုဖွဲ့စည်းသင့်သည် ဟုဆုံးဖြတ်ကြလေသည်…..၎င်းတို့၏အဓိကပြိုင်ဖက်ပါတီများကိုလည်း…..ကြောင်ဂိုဏ်း(ကြောင်ဝတုတ်ဂိုဏ်းအပါအဝင်)၊နှူးဘာဂိုဏ်း….၊နယ်စည်းမခြားအရက် သမားသမဂ္ဂတို့အဖြစ်သတ်မှတ်ကြလေသည်…….လက်ရှိအာဏာရှင်ဖြစ်သောသူကြီးထံမှလည်းဖြတ်စားလတ်စားလုပ်၍…..တရက်လျှင်ဆယ်ခါမန့်၍ တရာစီညာယူပြီးတစ်ရက်လေးရာနှုန်းဖြင့်သူကြီးဥကိုင်ထံမှ….ပါတီရန်ပုံငွေရှာရန်ဆုံးဖြတ်ကြလေသည်……” ထို့ကြောင့်ဇက်ရွာသားများအားလုံးကိုအသိပေးသောအားဖြင့်ဂိုဏ်းသူဂိုဏ်သားပါတီဝင်များကိုဓါတ်ပုံနှင့်တကွဖော်ပြလိုက်ရပေသည်…… ပါတီဝင်လိုသူများသည်….ကိုယ့်ဘက်ကိုယ်ယက်တတ်သူမှန်လျှင်မိမိ၏လိပ်ပုံပန်းသဏ္ဍာန်နှင့်တကွဖော်ပြရန်လည်းအကြံပြုဖိတ်ခေါ်လိုက်ရပေသည်….. ဟဲဟဲသူကြီးဆီကပွိုင့်ကိုညာယူကြည့်တာလေး…… ဟဲဟဲ…မဲထည့်ကြပါဦးလည်းဆွယ်ပြောလေးပြောရင်း…. ခင်တဲ့မောင်ခ…..ရှမ်းပြည်သား(တောင်ပိုင်း)