လွမ်းနေပါ့မယ် မန်းဂေးဇက်ရယ်
ကျွန်တော် မနက်ဖြန်ဆိုရင် ဒီမြိုလေးကနေ အလုပ်ခွင်ဆီကို ပြန်သွားရပါတော့မယ် အင်တာနက်လိုင်းများနဲ့ ဝေးရာ ၊ မန်းဂေးဇက်နဲ့ ဝေးရာကို ကျွန်တော် ရောက်ရပေဦးတော့မယ်
ဒါပေမယ့် သိပ်မကြာခင်တော့ ကျွန်တော့် အလုပ်ခွင်ထဲမှာပဲ အင်တာနက် သုံးနိုင်ပါတော့မယ် ကျွန်တော်တို့ company အနေနဲ့ Sky Net တပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါသည်
အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်ချစ်တဲ့ မန်းဂေဇက်နဲ့ ကြာရှည်စွာ မခွဲရနိုင်ဟု ထင်မြင်မိပါသည်
သို့သော်လဲ ခွဲခွာရမယ့် ခဏတာ အချိန်လေးမှာ အမြဲတမ်း သတိရနေမိပါလိမ့်မယ်
ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အလွမ်းကဗျာလေးနဲ့ပဲ မန်းဂေဇက်ကို နှုတ်ဆက်လိုက်ပါရစေ
ကျွန်တော်ငယ်စဉ်က ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်ခဲ့မိစဉ် ကောင်မလေးက ကျွန်တော့်ကို မကြိုက်ပဲ ကျွန်တော့်ရဲ့ သူငယ်ချင်းကိုမှ ပြန်ကြိုက်တဲ့အတွက်
ကျွန်တော်ခံစား ကြေကွဲခဲ့ရတာလေးကို ကဗျာအဖြစ်နဲ့ သီဖွဲ့ထားတာလေးကို မန်းဂေဇက်မှာ တင်ပေးလိုက်ပါတယ်
အားလုံးပဲ ခံစားကြည့်ပေးကြပါဦး
ကဗျာလေးရဲ့ ခေါင်းစဉ်က ပျောက်ဆုံးသွားသော မျှော်လင့်ချက်တဲ့
ချစ်သူ မင်းပျော်ရွှင်မယ်ဆို ငါ့အတွက်ကြေကွဲမှု တစ်ပွေ့တစ်ပိုက်ဟာ
မပြောပလောက်ပါဘူး…….
ငါ့အဖြစ်က ချစ်သူကို တစ်ပါးသူထံ ကိုယ်တိုင်ကိုယ်ကျ ဝကွက်အပ်ခဲ့ရတဲ့
ကျန်စစ်မင်းနဲ့လဲ မနှိုင်းယှဉ်သာပါဘူး…….
တကယ်ပါပဲ မင်းတို့ အတွက်ဆို ငါ့ရဲ့ ပလ္လင်ကိုတောင်
ဖယ်ရှားပေးခဲ့သူပါ……
ငါဟာ မင်းတို့အတွက်ဆို ပေါင်းကူးတံတားလေး
တစ်စင်းဖြစ်နေတာကို ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး…..
ဒါဟာ ငါ့ရဲ့ အားနည်းချက်ကြောင့်ပဲလား…..
ကဗျာတွေ စာတွေမှာတော့ အချစ်ဟာပေးဆပ်ခြင်းတဲ့…….
ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ကြတဲ့ စကားလုံးတွေ
ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုတော့ ဘယ်သူမှ ရေးကြီးခွင်ကျယ်
ထည့်မတွက်ကြဘူး……
ငါ့အဖြစ်က ကိုယ့်ရဲ့ မျှော်လင့်ချက်ကြယ်ပွင့်လေး တစ်ပါးသူခူးဆွတ်နိုင်အောင်
လှေကားဆင်ပေးရတဲ့ အဖြစ်မျိုးပါပဲ….
ရပါတယ်လေ အကောင်းဆုံးဖြစ်အောင် ငါစီစဉ်ပေးပါ့မယ်….
နောက်ထပ်ကော ဘာလိုသေးလဲ…….?
အနားမှာ မင်းရှိနေစဉ် တလျှောက်လုံး မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးသွားမှာပါ…..
ငါ့ရင်တွေကွဲထွက်သွားပါစေ….
အဆုံးသတ်တစ်နေ့ကျရင် အဆိုးဆုံးတွေကိုပဲ ပိုင်ဆိုင်ရမယ်ဆိုတာ
ကြိုသိနေပေမယ့် ဆက်ပြီး ဖြည့်ဆီးပေးနေချင်တဲ့ ငါ့ရဲ့ စိတ်တွေကို
ဘာ့ကြောင့်များချိုးနှိမ်လို့ မရပဲ ဖြစ်နေရတာလဲ…..?
မင်းဘဝအတွက် တို့မလိုတော့ဘူးဆိုရင်တော့
ခင်ဘုဏ်းရဲ့ သီချင်းထဲကလို လှည့်မကြည့်ပဲ ထားခဲ့လိုက်ပါ ချစ်သူလို့
ဟစ်ကြွေးလိုက်ချင်တော့တယ်…..
အားလုံးကို လေးစားလျက်
အရှုံးတွေနဲ့ ကျွန်တော်
3 comments
Gipsy
April 18, 2012 at 12:33 am
ရပါတယ်ကွာ..
မင်းပစ်လို ့ထားခဲ ့မှတော့ …
အလွမ်းတွေကိုအဖော်ပြုရင်း …
နှလုံးသားကို ယပ်တောင်ခပ်ကာ
နှစ်သိမ် ့လို ့ ………..
တစ်ကိုယ်တည်းလည်း ..
ဆွေးတတ်ပါတယ် …….။
By: Nyolinn Htun
ဒီလိုလေး ဖြေသိမ့်ပေးပါ …။
alinsett
April 18, 2012 at 10:05 am
ကဗျာလေးကို တော်တော်သဘောကျမိတယ် ။
ကျွန်တော်တို ့လည်း..လွမ်းနေပါ့မယ်..ဗျာ။
Khaing Khaing
April 18, 2012 at 10:20 pm
ကိုရှုံးရေ ………. မျှော်နေမယ်နော် အလုပ်ခွင်ထဲရောက်လဲလာခဲ့ပါ ………