ကျွန်တော် မနက်ဖြန်ဆိုရင် ဒီမြိုလေးကနေ အလုပ်ခွင်ဆီကို ပြန်သွားရပါတော့မယ် အင်တာနက်လိုင်းများနဲ့ ဝေးရာ ၊ မန်းဂေးဇက်နဲ့ ဝေးရာကို ကျွန်တော် ရောက်ရပေဦးတော့မယ် ဒါပေမယ့် သိပ်မကြာခင်တော့ ကျွန်တော့် အလုပ်ခွင်ထဲမှာပဲ အင်တာနက် သုံးနိုင်ပါတော့မယ် ကျွန်တော်တို့ company အနေနဲ့ Sky Net တပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါသည် အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်ချစ်တဲ့ မန်းဂေဇက်နဲ့ ကြာရှည်စွာ မခွဲရနိုင်ဟု ထင်မြင်မိပါသည် သို့သော်လဲ ခွဲခွာရမယ့် ခဏတာ အချိန်လေးမှာ အမြဲတမ်း သတိရနေမိပါလိမ့်မယ် ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အလွမ်းကဗျာလေးနဲ့ပဲ မန်းဂေဇက်ကို နှုတ်ဆက်လိုက်ပါရစေ ကျွန်တော်ငယ်စဉ်က ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်ခဲ့မိစဉ် ကောင်မလေးက ကျွန်တော့်ကို မကြိုက်ပဲ ကျွန်တော့်ရဲ့ သူငယ်ချင်းကိုမှ ပြန်ကြိုက်တဲ့အတွက် ကျွန်တော်ခံစား ကြေကွဲခဲ့ရတာလေးကို […]


မြသဲ ( 17082011 )February 7, 20121min38214
၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။ လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ် ရုပ်ရှင်ပိုးထသော […]


fattyJuly 28, 20101min1674
“မိန်းမရေ ..ထမင်းပြင်ရအောင်ကွာ ” …မောမောနဲ့အိမ်ပေါ်တက်ရင်းလှမ်းအော်ပြောလိုက်သည်။ မိန်းမကတော့ထုံးစံအတိုင်းနောက်ဖေးဘက်ကညစ်ထပ်ထပ်စားပွဲအဝိုင်းကို ဆောင့်ကြီးအောင့်ကြီးနှင့်လှိမ့်ယူလာရင်း ….”ရှင့်အမေလဲမစားရသေးဘူးတော်ရေ့” …ပြောပြောဆိုဆို ထမင်းစားပွဲကိုအိမ်ရှေ့ဦးခန်းတွင်ပြင်ရင်း ….” အမေ့ကိုရော “…  အော် အမေနဲ့ပတ်သက်လို့မနေ့ကပင်တိုင်ပင်ထားကြသည်။ အမေအသက်ကြီးပါပြီ။ ရှစ်ဆယ်ကျော်ပြီဆိုတော့ ကိုယ့်ကိုယ့်ကိုပင်မနိုင်ချင်တော့ပါ။ ထမင်းစားချိန်ဆိုရင် ခါတိုင်း ကျနော်ရယ်မိန်းမရယ်ကလေးနှစ်ယောက်ရယ်အမေရယ် တဝိုင်းထဲစားဖြစ်ကြသည်။ အမေလက်တွေကတုန်ရင်နေပြီမို့စားပွဲဝိုင်းကဟင်းခွက်တွေကိုကောင်းကောင်းမမြင်တော့… အမေနဲ့ထမင်းစားပြီဆိုရင်ထမင်းဝိုင်းမှာညစ်ပတ်ပေရေနေသည်။ ဟင်းပုဂံများကိုလည်း မမြင်မစမ်းနှင့် နှိုက်ရသည်မို့ဟိုဖိတ်ဒီဖိတ်နှင့်ပေပွနေသည်။…..” အိမ်မှာက ကျဉ်းကျဉ်းဆိုတော့ …ကိုဘမောင်ရေ ဘယ်လိုမှမအောင့်မေ့နဲ့ ကျုပ်တို့ထမင်းစားနေတုံးများဧည့်သည်သောင်သည်လာရင်အားနာစရာကြီးတော် …” ကလေးတွေကလည်းရှင့်ကိုကြောက်လို့သာ ..ရွံတယ်တဲ့တော်ရေ့ ” အမေကအသက်ကြီးပေမဲ့ စိတ်ကတော့မကျသေးပါ။ ထမင်းစားပြီးကိုယ့်ပုဂံကိုယ်ဆေးချင်တုန်း …. ပြောလို့လဲမရပါ၊ အမေ့ကြောင့်ကျကျကွဲသည့်ထမင်းစားပုဂံ ။ ဟင်းချိုပုဂံတွေကနေ့တိုင်းနေ့တိုင်း။ ” ကိုဘမောင် …ဒီလိုလေ အမေ့ကိုနောက်ဖေးမီးဖိုချောင်ထဲမှာထမင်းပွဲပြင်ပေးရင်ကောင်းမလားလို့ …တော် ဘယ်လိုမှမထင်နဲ့နော် ..အမေလဲလွတ်လွတ်လပ်လပ် အားမနာတမ်းစားရတာပေါ့တော် ..” သက်ပြင်းချယုံကလွဲပြီး ….” ကောင်းသလိုကြည့်လုပ်တာပေါ့ကွာ […]