ကျွန်မမှာ စိတ္တဇ တခုရှိတယ်။ သားယောက်ပဲမွေးထားတဲ့မိခင်တယောက်အနေနဲ့ အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်မှာ ဘယ်လိုအိုရမလဲ၊ ဘယ်လိုနာရမလဲ၊ ဘယ်နေရာမှာနေရမလဲ ဆိုတဲ့အတွေးပါ။ အဲ့အတွက်လဲ ကျွန်မက အသက်ကြီးကြီးအမှီခိုကင်းနေတဲ့ ဂီလာနအဘိုးအဘွားတွေတွေ့ ရင်အရမ်းစိတ်မကောင်းခဲ့မိပါဘူး။ အဲ့ဒါကြောင့်လဲ ကျွန်မအရင်က တလကို အဘိုး၊ အဘွားခြောက်ယောက် ကို တယောက်ငါးထောင်နှုန်းနဲ့လမ်းမှာလှုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတလော တကယ်အိုမင်းမစွမ်း ခိုကိုးရာမဲ့တာတွေမဟုတ်ပဲ သားတွေသမီးတွေရှိပါလျှက် တမင်တောင်းရမ်းနေတာတွေတွေ့တော့ မလှုချင်မိ တော့ပြန်ဘူး။ နောက် ဆရာမ ဒေါ်သန်းမြင့်အောင်ဖွင့်ထားတဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုလဲ ခက်ခက်ခဲခဲရှာဖွေလှုဒါန်းခဲ့ပါတယ်။ အဲ့တုန်းကဆို တရားလဲမဝင် နေရာထိုင်ခင်းလဲခက်ခဲတော့ အဘိုး ( ၁ဝ ) ဦး၊ အဘွား ( ၁၈ ) ဦးနဲ့တုန်းက စတင်လှုခဲ့တာပါ။ အခုတော့ တရားဝင်ဖြစ်သွားပြီမို့ပြည့်စုံနေလောက်ပြီမို့ အသွားကျဲနေမိတယ်။ ဒါပေမဲ့ အမှီခိုကင်းနေတဲ့ ဂီလာနအဘိုးအဘွားတွေအပေါ်စာနာစိတ်ကတော့ […]