ပန်းပြပွဲက နှစ်သက်ခဲ့တဲ့ပုံလေးတွေထပ်တင်ပေးလိုက်ပါတယ်။ ခုတလော စာရေးဖို့ အချိန်မရလို့ ပန်းအိုးနာမည်တွေတောင်ရေးမပေးလိုက်နိုင်လို့ ပုံထဲကပန်းအိုးနာမည်လေးတွေပဲဖတ်ကြည့် လိုက်ပါနော်။ ကွန်နက်ရှင်ကောင်းတဲ့နေရာရောက်နေလို့ ပုံတွေကို အလုအယက်တင်လိုက်ရပါတယ်။
Post Views: 534
21 comments
မမချွိ
March 6, 2014 at 6:00 am
I love all..
:chit:
My favorite is 80. White and simple.
😀
TNA
March 6, 2014 at 2:35 pm
ချွိချွိလေးလဲ ငြိမ်းချမ်းပါစေသား ပေါ့ကွယ်
Ma Ma
March 6, 2014 at 8:18 am
RIT တက်တုန်းက ကျောင်းမှာလာဖွင့်တဲ့ ပန်းအလှပြင်သင်တန်း တက်ဖူးတယ်။
ဆရာက သစ်ရွက်တစ်ရွက်နဲ့ ပန်းတစ်ပွင့်ပဲရှိလည်း ပန်းအိုးထိုးလို့ဖြစ်တယ်ဆိုတာပြောပြီး ထိုးပြသွားတယ်။
သူ့အန်ဂယ်နဲ့သူဆိုတော့ လှနေတာပဲ။
ပန်းနာမည်ကိုတော့ လကုန်ရက် တဲ့
TNA
March 6, 2014 at 2:36 pm
လဆန်းဆယ်ရက်လောက်ဆို လကုန်ကိုမျှော်နေပုံပေါ့ အဟိအဟိ
ဦးကျောက်ခဲ
March 6, 2014 at 8:50 am
ကျောက်စ် နဲ့ ပန်း အလှမ်းဝေးလွန်းပါတယ် …
ရနံ့မွှေးတဲ့ပန်းက လွဲရင် စိတ်မဝင်စားသလို ချစ်သူကိုလည်း ပန်းမပေးဖူးဘူး…
အိမ်က အမေနဲ့ နှမတွေ ပန်းအိုးထိုးရင် အမြင်ကပ်၏ … ဟီ ဟိ
😀
TNA
March 6, 2014 at 2:37 pm
နာမည်နဲ့လိုက်အောင် နှလုံးသားမာသူဂျီး။ မီးမရိုက်ပါဇီတော်
kyeemite
March 6, 2014 at 11:40 am
*•♫✿*•♫ပန်းတကာ့ပန်း…ဘယ်ပန်းကြိုက်သလဲကွယ်.*•♫✿*•♫.အော်ရွေးချယ်ပေးခဲ့ပြန်ပါတယ်.. *•♫✿*•♫(တွံတေးတောက်တဲ့အသံဖြင့်ဆို) 😀
TNA
March 6, 2014 at 2:38 pm
သီချင်းဆိုသွားပါတယ် အုတ်ကထကြီးချင့် 😀
kai
March 6, 2014 at 3:20 pm
ဂျပန်မှာတုံးက အသိတယောက် အီကဲဘန သင်တန်းတက်တော့.. စာအုပ်တွေပုံတွေယူယူကြည့်ပြီး.. သဘောကျတာ..။
ဂျပန်မတွေက.. အိမ်မှာပန်းထိုးရင်.. ပန်းထိုးပုံကြည့်ပြီး သူတို့စိတ်သဘောမှန်းလို့ရတယ်ဆိုတာပဲ..။
ပန်းထိုးတာမှာလည်း.. ဂီတအနုပညာလို.. အကြောစိမ်းလေးတွေနဲ့.
TNA
March 6, 2014 at 6:08 pm
ဒဂျီး အကြောစိမ်းလေးဒွေဆိုဒါဘာပြောဒါဒုန်း
Courage
March 6, 2014 at 7:04 pm
ပန်းတွေရော နာမည်တွေရော လှပါတယ်
TNA
March 7, 2014 at 2:33 pm
ဟုတ်တယ် ပန်းထိုးပုံကော နာမည်ပေးပုံကောလှတယ်
alinsett (gazette)
March 6, 2014 at 9:15 pm
နာမည်ပေးပုံလေးတွေနဲ ့..ပန်းအနေအထား..ပြဟန်လေးတွေက.. စိတ်ဝင်စာစရာ…ပါပဲ… ။
သေသေချာချာ ကြည့်..တွေ း…ငေး..သွားတယ်..တီသဲရေ…
TNA
March 7, 2014 at 2:35 pm
ဟုတ်တယ် ပန်းအိုးထိုးပုံနဲ့ နာမည်ပေးပုံလိုက်ဖက်ညီလွန်းလို့ တင်လိုက်တာပါ။ ပန်းအိုးထိုးပုံကတော့ သိပ်အဆန်းကြီးမဟုတ်လှပေမဲ့ နာမည်လေးနဲ့တွဲလိုက်တော့ တွေးစရာလေးတွေရသွားတယ်။ အဲဒါကြောင့်လဲ နာမည်လေးတွေပါ ပါအောင်ရိုက်လာတာရယ်။ ရိုက်ခ ၂၀၀ဝ တောင်ပေးခဲ့ရတာ တန်ပါတယ်အေရယ်
မဟာရာဇာ အံစာတုံး
March 7, 2014 at 3:21 pm
နံပါတ် ၆၉ ..
သပြေပန်းနဲ့ စပ်ထိုးထားတာလေးကို သဘောကျမိသဗျာ …
တစ်မျိုးလေးပဲ ..
TNA
March 7, 2014 at 4:52 pm
ဟုတ်တယ် အတော်ထူးဆန်းတယ်။ တခါမှပန်းကိုအဲလိုထိုးလို့ရတယ်ဆိုတာ မသိခဲ့ဘူး။ ခုမှသိသတော့
Crystalline
March 8, 2014 at 2:13 pm
အဲလာသပြေပန်းလား… စိတ်ထင် ဘာအရွက်နုတွေလဲလို့ :))
မမလေး
March 8, 2014 at 2:06 pm
ပန်းနာမည်လေးတွေက အစ ကဗျာဆန်ဆန်လေးနဲ့ . . . ကြိုက်တယ် . . .
TNA
March 8, 2014 at 4:52 pm
ဟုတ်တယ် ပန်းထိုးပုံနဲ့ နာမည်ပေးပုံကြိုက်တယ်
moonpoem
March 9, 2014 at 10:30 am
အောင်မြင်စေကြောင်း ပျို ့ဆုတောင်းဆိုတဲ့ ပန်းအိုးက အဓိပ္ပါယ်ပေါ်လွင်သယောင် ခံစားမိတယ်။
TNA
March 9, 2014 at 5:40 pm
ဟုတ်တယ် အဲပန်းအိုးလေးကို နာမည်ကော ထိုးပုံကော အကြိုက်ဆုံးပဲ