Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟင်းရွက်ဆယ်မျိုးတန်ခိုး

မြသဲ ( 17082011 )August 1, 20141min96039

အန်တီဒုံကျေးဇူးနဲ့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆေးနည်းတွေ သိရှိခွင့်ရခဲ့ပါတယ်။ ပထမဆုံးနှစ်သစ်လက်ဆောင်အဖြစ်အန်တီဒုံတင်တုန်းက ဟင်းရွက်ဆယ်မျိုး ကို စိတ်အလွန်ဝင်စားခဲ့ပါတယ်။ ပိုစ့်ကိုလဲ ကော်ပီကူးသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ လိုက်လုပ်ဖို့ပျင်းနေတာနဲ့မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းနောက် ဆက်တွဲပိုစ့်နှစ်ခုလုံးကိုလဲသိမ်းထားဖတ်ရှု့ပြီး လုပ်မယ်လုပ်မယ်နဲ့မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်တခုက Blender နဲ့မရပဲ Fruit Juicer နဲ့မှရမယ်လို့လဲထင်ခဲ့မိပါတယ်။ အဲ့ဒါနဲ့ Fruit Juicer ဈေးသွားမေးတော့ တသိန်းရှစ်သောင်းကနေ နှစ်သိန်းငါးသောင်းအထိရှိ တာမို့ နောက်မှ ဝယ်တော့မယ်ဆိုပြီး မလုပ်ဖြစ်ပြန်ဘူး။ နောက်မှ လွန်ခဲ့တဲ့ တလခွဲ၊ နှစ်လလောက်ကမှ အခွေကြည့်ဖြစ်တော့မှ အတော်လေးကိုစိတ်ဝင်စားသွားပြီး Blender နဲ့ပဲရတယ် ဆိုတာနဲ့ နောက်နေ့ချက်ချင်းအကောင်အထည်ဖော်သောက်ဖြစ် ခဲ့ပါတယ်။ ပထမတော့ အတိုင်းအတာတွေ မမှန်းတတ်တော့ ပျစ်ခဲကြီးဖြစ်လိုက် များသွားလိုက်နဲ့။ အိုးနင်းခွက်နင်းဖြစ်ခဲ့ပါသေးတယ်။ နောက်အန်တီဒုံ ကိုသောက် ဖြစ် ကြောင်းပြောပြတော့ အန်တီဒုံက မှတ်တမ်းယူထားဖို့ပြောတာနဲ့ ထူးခြားချက်တွေကိုမှတ်သားထားခဲ့ပါတယ်။ စသောက်တဲ့နေ့ကိုတော့ မမှတ်သားထားမိလို့ ခန့်မှန်းခြေ ခုဆိုရင်တော့ တလခွဲကနေနှစ်လလောက်ရှိပြီလို့ထင်ပါတယ်။ တလလောက်မှာတော့ စတင်ထူးခြားတာတွေတွေ့ခဲ့ရသမို့ ဒီပိုစ့်ကလေးကို တင်ဖြစ်ခဲ့ပါတယ်။

ကျွန်မအမျိုးသားကတော့ ဆရာမကြီးပြောတဲ့အတိုင်း နနွင်းကိုသံလွင်ဆီနဲ့လုံးသောက်တယ်။ သစ်ကြံပိုးခေါက်သောက်တယ်။ နောက်ညနေတိုင်းဟင်းရွယ် ဆယ်မျိုးသောက်ပါတယ်။ ကျွန်မကတော့ ဟင်းရွက်ဆယ်မျိုးပဲ အဓိကထားသောက်ဖြစ်ပါတယ်။ နနွင်းနဲ့သစ်ကြမ်းပိုးကတော့ သောက်တချက်မသောက် တချက်ပါပဲ။ သားကိုတော့ နနွင်းနဲ့ ဟင်းရွက်ဆယ်မျိုးတိုက်ဖြစ်ပါတယ်။

ကျွန်မတို့စသောက်ပြီး နောက်နေ့လောက်ကျတော့ အိမ်နားက အန်ကယ်ကြီးတယောက်ကလဲ ဟင်းရွက်ဆယ်မျိုးစိတ်ဝင်စားတယ်ဆိုလို့ ညနေတိုင်းတခွက်ပေးဖြစ်ပါတယ်။ သူကတော့ ဆီးချို ၄၀ဝ နဲ့ ၅၀ဝ ကြားရှိနေသူပါ။ ဆီးချိုကြောင့် အမြဲတမ်းတခုမဟုတ်တခုဖြစ်နေကျပါ။

စသောက်ပြီးတလလောက်အကြာမှာတော့ အမျိုးသားကိုအင်တာဗျူးလိုက်တဲ့အခါမှာ သူက ဝတော့ အရင်က အရမ်းအိပ်ငိုက်ပါတယ်။ ခုသောက်ပြီးနောက်ပိုင်းလုံးဝအိပ်မငိုက်တော့ဘူးလို့ ဆိုပါတယ်။ ပေါ့ပါးလာတယ်လို့လဲဆိုပါတယ်။ အလုပ်လုပ်လို့ပိုကောင်းလာတယ်ပေါ့။ နောက်အ ထူးခြားဆုံး တခုကတော့ အရင်ကဆီးချိုကိုမနက်ပိုင်းတိုင်းရင် ၁၁ဝ ကနေ ၁၂ဝ ကြားရှိသမို့ ( တခါတရံ ၁၂၆ ထိဖြစ်တတ်လို့ ) ဆီးချိုဖြစ်မှာစိုးရိမ် မိပြီးထမင်းလျော့စားဖို့လေ့ကျင့်ခန်းလုပ်ဖို့ အချိုလုံးဝမစားဖို့အမြဲသတိပေးနေရပါတယ်။ ဒါပေမဲ့ အခုတော့ မနက်ပိုင်းတိုင်းလိုက်တိုင်း ၁၀ဝ အောက်မှာပဲရှိနေပါတော့တယ်။ သေချာတာ ကတော့ သေချာပေါက်ဆီးချိုကျတယ်ဆိုတာပါပဲ။ ကျွန်မဆို ထမင်းကို ညနေသုံးနာရီစားပြီး အရည်ကိုည ကိုးနာရီမှသောက်တဲ့နေ့က ဆီးချိုတွေထိုးကျသွားပါတယ်။ နောက်အမျိုးသားက အလာဂျီရှိတော့ Cetrine ဆေးကို တနေ့မှပြတ်လို့မရပါဘူး။ နှစ်ရက်လောက်ပြတ်လိုက်တာနဲ့ တကိုယ်လုံးယားလာပါတယ်။ ခုတော့ သုံးရက်လောက်ခြားသွားလို့ရနေပါပြီ။ နောက်တလုံးကနေ တခြမ်းပြောင်းသောက်နေလို့လဲရပါပြီ။

ကျွန်မရဲ့ထူးခြားချက်ကတော့ ခုနစ်တန်းနှစ်လောက်မှာကျွန်မရဲ့ခြေမအောက် ဖက်ခြေဖဝါးမှာ ငါးအကြေးခွံတွေလို အရေခွံတွေလန်ပါတယ်။ အရေခွံကပါးပါးလန်တာမဟုတ်ပဲ ဟိုးအသားထိရောက်အောင်ကို အနက်ကြီး အစောင်းအစောင်းနဲ့ လန်ပါတယ်။ တခါတရံသွေးထွက်လို့ ပလာစတာကပ်ထားရပါတယ်။ ခုတော့ အဲ့ဒါက ပျောက်သလောက်နီးပါးဖြစ်သွားတာအံ့ဩစ ရာပါ။ နှစ်ပေါင်းများစွာ ဘာမှလုပ်မရခဲ့တာ ခုဆိုပါးပါးလေးနဲ့ နဲနဲလေးပဲကျန်တော့တာထူးခြားချက်ပါ။ အဓိကထူးခြားချက်ကတော့ ကိုယ်ရေစစ်သွားတာပါပဲ။ အဆီတွေကျသွားတယ်လို့ခံစားရပါတယ်။ လူကကျစ်သွားပါတယ်။

အပေါ်ထပ်ကဆီးချိုသမားအန်ကယ်ကြီးကတော့ လူကနေရတာအရမ်းပေါ့လာပြီး ခါတိုင်းလို ဟိုနားနဲနဲ ဒီနားနဲနဲနေမကောင်းတာတွေလုံးဝမရှိတော့သမို့ အရမ်းကိုသဘောကျနေပါတယ်။ ဆီးချိုကိုတော့ သူ့ကိုမတိုင်းမိလို့ ကျမကျသေချာမသိရသေးပါဘူး။

ဒါကတော့ အရွက်ဆယ်မျိုးရဲ့ ပထမဆုံးတွေ့ရှိခဲ့တဲ့ထူးခြားမှု့လေးတွေမို့ အရင်ဆုံးရေးပြီးမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။

ဒီနည်းကို စတင်ပေးဝေတဲ့ ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်းနဲ့ ထပ်ဆင့်ဖြန့်ဝေပေးတဲ့အန်တီဒုံကို အထူးပဲကျေးဇူးတင်ပါတယ်။

သားတော်မောင်ကိုလဲ မျက်မှန်သမားမို့ ဥနီ၊ ဟင်းနုနွယ် နဲ့ မြင်းခွာရွက်ပါအောင်နေ့တိုင်းတိုက်နေ သမို့ နောက်ခြောက်လနေရင် မျက်စိစမ်းတဲ့အခါ ထူးခြားလိမ့်မယ်လို့လဲယုံကြည်နေပါတယ်။

 

အဲပြောဖို့တခုကျန်သွားတာကတော့ ကျွန်မက ပန်းသီးအသေးတလုံးထည့်ကြိတ်ပါတယ်။ အမေရောက်လာတော့ဟင်းရွက်နံ့ရတယ်ဆိုပြီးကွန်ပလိမ်း တက်တာနဲ့ နာနတ်သီး ရှစ်ပုံတစ်ပုံလောက်ထည့်တော့ အနံ့ကော အရသာပါ အဆင်ပြေသွားပါတယ်

39 comments

  • manawphyulay

    August 1, 2014 at 9:18 am

    မနောလည်း မြင်းခွာရွက် အမြဲစားဖြစ်ပါတယ်။ သုပ်စားတာတို့ တို့စားတာတွေ လုပ်ဖြစ်ပေမယ့်
    ပြန်ပြီး မျက်စိတော့ မစမ်းသပ်ကြည့်မိသေးဘူး။

    သားတော်မောင်က မျက်မှန်လေးနဲ့ ချစ်ဖို့ကောင်းပါတယ် မမရဲ့….

    • TNA

      August 1, 2014 at 10:58 am

      သားကိုပါဝါအရမ်းတက်တက်လာမှာစိုးလို့ မနောရဲ့။

  • ဇီဇီ ခင်ဇော်

    August 1, 2014 at 9:20 am

    ယောက်ခမွ ထောက်ခံချက်နဲ့ မို့ ပို့ပြီး သောက်ချင်စိတ်ဖြစ်လာပါကြောင်းးးးးး
    ဖျော်နည်းလေး ပြန်ပေးပါဦးးး
    ဒီပို့(စ) ပဲ မြင်ရတဲ့သူတွေ သိရအောင်။

    :s:

    • TNA

      August 1, 2014 at 10:59 am

      မနေ့ကလင့်ရှာသေးတယ်ချွိရဲ့။ ကွန်နက်ရှင်မကောင်းတာနဲ့။ ချွိရှာပေးတာကျေးကျေး

  • ကထူးဆန်း

    August 1, 2014 at 9:24 am

    ပြန် ဝေ မျှ တာ ကျေးဇူးပါ TNA .
    ဟင်းရွက် ဆယ်မျိူ း အန်တီဒုံ link လေးလဲ သိရင် ပြန် ဝေ မျှ ပါဦးနော့ ..
    ဆြာကြီးလုပ်ပြီး သူများပြန်ထပ်ဝေမျှ ရအောင်ပေါ့ … :kwi:

    • TNA

      August 1, 2014 at 11:01 am

      ချွေးမွလေးအားကိုးရချက် ကထူးဆန်းရေ။ ပျောက်လှခိည်လား ကထူးဆန်းရဲ့။ ပိုစ်ကလေးဘာလေးတင်ပါအုံး။ ရွာပြင်ကပဲချောင်းမနေနဲ့အုံးလေ

  • ဇီဇီ ခင်ဇော်

    August 1, 2014 at 9:30 am

    အစိမ်းရောင်အရွက် အနဲဆုံးဆယ်မျိုးပါရမယ်။
    အဲ့ထဲမှာ ဥနီ ဘရိုကိုလီ ပန်းပွင့် ဂေါ်ဖီထုပ်ခရမ်းမဖြစ်မနေပါရင်ကောင်းတယ်။
    ပန်းသီးတလုံးပေါ့။
    အရွက်ပမာဏကတော့ တမျိုးနဲနဲပေါ့။
    တရုတ်နံနံ မြင်းခွာရွက် ရဲယိုရွက် ဟင်းနုနယ် အစရှိတာတွေပေါ့။
    အဲ့ဒါတွေကို ရေတဂါလံ ဗနီကာ နှစ်ဇွန်းနဲ့ နာရီဝက်စိမ် ရေဆေး ရေနွေးငွေ့နဲ့ပေါင်း။
    ဘလန်ဒါထဲရေနဲ့ထည့်ကျေအောင်မွှေ။ နေ့တိုင်းသောက်။
    ကျနိးမာရေးအတွက်ကောင်းတယ်။
    ကျွန်မတို့တအိမ်လုံးနေ့တိုင်းသောက်တယ်။
    ထမင်းစားပြီးမှသောက်။ တနေ့တခွက်ပဲ။
    ပိုတာရေခဲသစ်တာထဲထည့်ထား ကေ်နေ့ဆက်သောက်။ ကျွန်မကတော့တနေ့စာပဲတိုင်းဖျော်တယ်။။.
    (by TNA)

    ခိခိ။
    ဒါ ယောက်ခမွ ကော်မန့်ထဲက မ လာတာ။

    • TNA

      August 1, 2014 at 11:02 am

      အဟဲ ချွေးမွလေးမွမွ

  • ဇီဇီ ခင်ဇော်

    August 1, 2014 at 9:34 am

    http://myanmargazette.net/193900

    ရွာသူားများအတွက် လက်ဆောင်-သက်ရှည်ကျန်းမာချင်လျှင်၊မြန်မာ့လူနေမှုဘဝကိုပြင်- padonmar

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 9:35 am

      ဟင်းသီးဟင်းရွက်စုံ ဖျော်ရည်
      ၁။ Anti-Oxidant အစုံရအောင် ဟင်းသီးဟင်းရွက်စိမ်းစိမ်းကြမ်းကြမ်းများကို အရည်ကြိတ်၍ သောက်ရန်။
      (က) ပိုးသတ်ဆေး+ပိုးမွှားများ ကုန်စင်အောင် ရေ ၁ ဂါလံ တွင် ရှာလကာရည် ထမင်းစားဇွန်း ၂ဇွန်း ရော၍ ၅မိနစ် စိမ်ပါ။ ပြီးမှရေစင်အောင်ဆေး၍ ၁မိနစ် ပြုတ် (သို့) ပေါင်းပါ။
      (ခ) အားကောင်းသော Blender နှင့် ကြိတ်ချေ၍ ရေအနည်းငယ် ရောပါ။
      (ဂ) သောက်မကုန်လျှင် ရေခဲသေတ္တာထဲ 1-2ရက်ထားနိုင်သည်။
      (ဃ) ထည့်နိုင်သောအရွက်များ –
       ကိုက်လန် ၊ ဟင်းနုနွယ် ၊ မုန်လာဥနီ ၊ ရဲယိုရွက် ၊ မယ်ဇလီရွက် ၊ သင်္ဘောရွက် ၊ ကန်ဇွန်းရွက် ၊ မုန်ညင်း ၊ မြင်းခွာရွက် ၊ ခရမ်းချဉ်သီး ။(နှစ်သက်ရာ)
       တရုတ်နံနံ(သွေးတိုးရောဂါတွက် ကောင်းသည်) ။
       ပန်းဂေါ်ဖီ(ဖြူ) ၊ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ်(ခရမ်းရောင်) ။(ကင်ဆာကာကွယ်သည်)
       သောက်ကောင်းရန် ပန်းသီး၊သံပုရာသီးစသည့် မချိုလွန်းသော အသီးများထည့်နိုင်ပါသည်။
      (င) တခါကြိတ်လျှင် ကြိုက်နှစ်သက်ရာ ဆယ်မျိုးခန့်ပါနိုင်လျှင် ကောင်းပါသည်။ အမယ်စုံလေ Anti Oxidant များလေဖြစ်သည်။
      (စ) အစာစားပြီးမှသောက်ပါ။ (သွေးတွင်းသကြားဓာတ်ကျစေနိုင်သောကြောင့်)
      (ဆ) တနေ့ ၁ ကြိမ် နေ့စဉ်သောက်ပါ။

      • TNA

        August 1, 2014 at 11:03 am

        အိ ဗနီကာလေးဇွန်းမှတ်တာ နှစ်ဇွန်းတဲ့ အဟိ

  • weiwei

    August 1, 2014 at 9:36 am

    အဲဒီနေ့က မွသဲနဲ့တွေ့ပြီး ဟင်းရွက် ၁ဝ မျိုး ဝယ်ပြီး ကြိတ်ကြည့်တယ် .. မွသဲအကြံပေးသလို အသီး (နာနတ်သီး) နဲနဲထည့်ကြိတ်လိုက်တော့ အနံ့အရသာကောင်းသွားတယ် ..
    ၃ ရက် ဆက်တိုက် ကြိတ်သောက်ဖြစ်တယ် .. နောက်နေ့ကျတော့ မအားတာနဲ့ အရွက်တွေကို ထပ်မသုံးချင်တော့တာနဲ့ မသောက်ဖြစ်ပြန်ဘူး ..
    တစ်နေ့ထက်တစ်နေ့ သောက်ရတာ အဆင်ပြေလာတယ် .. အရသာနဲ့ အသားကျလာပြီး ကြိုက်လာသလိုမျိုးခံစားရတယ် ..
    ကျွန်မမှာ အလက်ဂျစ်ရောဂါရှိလို့ စီထရင်း တစ်ရက်မှပြတ်လို့မရဘူး .. ဒီအတိုင်းဆိုရင် အရွက်ရည်နဲ့ သေချာစမ်းကြည့်အုန်းမှပဲ …

    • TNA

      August 1, 2014 at 11:04 am

      သောက်နေကျဖြစ်သွားတော့ အရသာကြိုက်သွားကော မဝေရေ့။ ခုဆိုအိမ်ကလူတွေ အတင်းတိုက်စရာမလိုတော့ဘူး။ ညနေဆို ကိုယ့်ခွက်ကိုယ် လာဆွဲသွားကြကော

  • alinsett (gazette)

    August 1, 2014 at 11:06 am

    ဟင်းနုနွယ် နဲ့ မြင်းခွာရွက်တော့…
    ကျနော်…သိပ်ကြိုက်… ။
    အခုထိ.. မျက်မှန်ကြီး..ထူမလာသေးတဲ့အပြင်… မျက်မှန်မတပ်ပဲတောင်…စာကြည့်နိုင်
    ကွန်ပူတာကြည့်နိုင်နေတာ..လက်တွေ ့… ။

    ဒါနဲ ့..ဖွေးဖွေးလေးရော..အဲဒီ အရွက်တွေ..ကြိုက်မလား..မသိ။

    :mrgreen:

    • TNA

      August 1, 2014 at 12:16 pm

      အောင်မဲလင်းသောက်ရင်သောက်မဒဲ့

  • ဦးကျောက်ခဲ

    August 1, 2014 at 12:32 pm

    ဒီမှာ… ဟင်းရွက် တစ်စည်း ၅ဒေါ်လှဆိုတော့… မွဲကိန်းရှိတယ်…
    ရွာပြန်ရောက်မှ ဂျီးဒေါ် TNA တို့အိမ်က တောင်းသောက်မှပဲ… အာဟိ
    :mrgreen:

    • TNA

      August 1, 2014 at 2:26 pm

      အောင်မယ်တော် ကျန်းမာရေးနဲ့မညီညွတ်တာဒွေကျဈေးကြီးပေးစားပီးမြန်း သာထိန်းရယ် မသောက်ချင်မသောက်ချင်ဘူးပေါဘာ ဟွင့်

  • Mr. MarGa

    August 1, 2014 at 12:37 pm

    ရန်ကုန်လာရင် တောင်းသောက်ပါမည် :mrgreen:

    • TNA

      August 1, 2014 at 2:27 pm

      နီသာရောက်အောင်လာဘာလေ

  • ခင် ခ

    August 1, 2014 at 12:43 pm

    နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ လို့ ……….. ဆိုရိုးရှိသကိုး။

    • TNA

      August 1, 2014 at 2:28 pm

      ဟုတ်ပါ့ ကိုခင်ခရေ

  • Hnin Hnin

    August 1, 2014 at 1:10 pm

    ကိုယ်တိုင်လည်း သောက်ချင်တယ်…ကျောက်စ်ကိုလည်း တိုက်ချင်တာ..အဲ့ဗိုက်တစ်လုံး ကျစေချင်တာ :mrgreenn: ဗိုက်ရောကျလား..မမသဲ..ခက်တာက အသီးအရွက် အစိမ်း မပြောနဲ့..အပြုတ်အတို့တောင် မစားတော့ ဘယ်လိုလုပ်ရမှန်း သိတော့ဘူး

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 1:27 pm

      အဲလာ လည်း တို့ မောင်နှမ နှစ်ယောက်တူတာပဲ။ :mrgreenn:
      အစိမ်းရောင် အစားအစာ ဆို ရောင်လို့မှ လှည့်မကြည့်.။
      မစိမ်းကားတတ်တဲ့ သဘောတွေပါ နှင်းရယ်။

      :mrgreenn:

      • TNA

        August 1, 2014 at 2:30 pm

        သောက်သင့်တယ်ချွိ စားချင်ရာစားပြီးဒါလေးတော့သောက်ပါကွယ် :mrgreen:

    • TNA

      August 1, 2014 at 2:29 pm

      အဆီကျတယ်နှင်းနှင်းရေ။ အိမ်မှာတော့ အရွက် ဆယ်မျိုးနဲ့ ပန်းသီးတလုံး နာနတ်သီးနဲနဲထည့်တော့ အသီးဖျော်ရည်လိုဖြစ်ကော

  • Crystalline

    August 1, 2014 at 2:00 pm

    စိတ်ဝင်စားပါတယ်.. သောက်လည်းသောက်ချင်ပါတယ်.. လုပ်ရမှာတော့ ပျင်းပါတယ်.. :mrgreenn: မသဲနဲ့ အိမ်နီးရင်လည်းကောင်းသား… :i:

    • TNA

      August 1, 2014 at 2:31 pm

      အိမ်နားချွေ့ခဲ့ 🙂

  • pooch

    August 1, 2014 at 4:41 pm

    ကူးလိုက်တယ် အမ စမ်းကြည့်မယ် အားတဲ့အခါ လောလောဆယ်တော့ မရသေးဘူး
    ကျေးဇူး

    • TNA

      August 1, 2014 at 7:51 pm

      အားတဲ့အခါစမ်းကျိ မယ်ပုရေ

  • padonmar

    August 1, 2014 at 8:44 pm

    ကျေးဇူးပါ မယ်သဲရေ။
    ဒို့ မြန်မာလူမျိုးတွေက သူများကောင်းတယ်ဆို လိုက်ကောင်းလိုက်ကြတာပဲ။
    တကယ် ကိုယ်နဲ့ သင့်မသင့်ကို မချင့်ချိန်တတ်ကြဘူး။
    သုတေသနလုပ်သလို စနစ်တကျ လုပ်ကြည့်မှ တကယ်အကျိုးရှိမရှိသိနိုင်ပါတယ်။
    မစမ်းသပ်ခင်လည်း Baseline dataခေါ်တဲ့ အခြေခံ အချက်အလက်တွေကို အရင်မှတ်သားထားရပါတယ်။
    ခုလို စနစ်တကျ လေ့လာမှတ်သားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    • TNA

      August 1, 2014 at 9:43 pm

      ဟုတ် အန်တီဒုံသတိပေးလို ပိုပြီးသေချာလေးသတိထားဖြစ်သွားပါတယ်။ တိုးတက်မှု့ကိုမြင်ရတော့နေ့တိုင်းသောက်ချင်စိတ်တွေတိုးလာပါတယ်။ တခါတလေ အရမ်းပင်ပန်းတဲ့နေ့ဆိုရင် မလုပ်ချင်ဘူး။ ဒါပေမဲ့ အကျိုးရှိတယ်ဆိုတဲ့ အသိက မဖြစ်မနေလုပ်ဖို့တွန်းအားဖြစ်ခဲ့ပါတယ်။ ခုဆိုရင် ပင်ပန်းလို့ဟင်းမချက်နိုင်ပဲ ဝယ်စားဖြစ်ရင်တောင် ဒီဖျော်ရည်တော့မဖြစ်မနေလုပ်ဖြစ်ပါတယ်။ ကျေးဇူးပါ အန်တီဒုံ

  • အရီးခင်

    August 2, 2014 at 3:22 am

    ဒီ Post ကို ဇာတ်ရည် လည် ဖို့ လွတ်ခဲ့တဲ့ အိမ်စာ တွေ ထဲက အစ်မဒုံ ရဲ့ စာတွေ ပြန်ဖတ် ဦးမှ။
    ဥနီ ကတော့ မျက်စိအားကောင်းတာ တကယ်ပါ။
    မျက်မှန်တပ် ကလေး တွေ ကတော့ ၁၆နှစ် လောက် အထိ ပါဝါ တက် နေဦးမှာ လို့ သိရဘူးပါတယ်။
    အဲလောက်ပြီးရင် နဲနဲ ဖြစ်သွားမယ်တဲ့။ ပြောတာဘဲ။

    • TNA

      August 2, 2014 at 11:19 am

      ဟုတ်တယ်အရီးရေ သားကိုမျက်မှန်တအားထူသွားမှာစိုးလို့ နဲနဲ အတက်သက်သာလဲမဆိုးဘူးဆိုပီးပေါ့

  • မဟာရာဇာ အံစာတုံး

    August 2, 2014 at 3:33 am

    အို … မိုက်လှချည်လား …
    ကျော်လည်း ကိုယ်ရေစစ်သွားအောင် သောက်ကြည့်ဦးမှ … :mrgreen:

    • TNA

      August 2, 2014 at 11:20 am

      နင်များများသောက်ရမှာအံစရာရဲ့

  • နှစ်ယောက်လုံးမျက်မှန်သမားပေမယ့် ဟင်းရွက်ဆယ်မျိုးမြိုချဖို့ခက်နေမှာ
    🙁
    နည်းနည်းအသက်ရလာမှသောက်တော့မယ်မွသဲ ဖေဖေမေမေအတွက် ကူးသွားတယ်

    • TNA

      August 2, 2014 at 11:23 am

      စိတ်ပါပဲသော်သော်ရယ်။ တကယ်တော့ဒီအရွက်တွေက နေ့စဉ်ပြုတ်စား ကြော်စားနေတဲ့ ဟာတွေချည်းပဲမို့ အရသာမဆိုးသလို အဝင်မဆိုးပါဘူး။ စိတ်ကဖြစ်နေကြတာ အမကြည့်သလောက်။ အရွက်တွေကပေါင်းလိုက်တော့စိမ်းနံ့မရှိတော့ဘူး။ ခပ်ကြဲကြဲဖျော်လိုက်တော့ အရည်သောက်ရသလိုပဲ။ တခုတော့ရှိတယ် ဘလန်ဒါ အားကောင်းဖို့တော့လိုတယ်။ အမှန်မှာ ကလေးတွေပါတိုက်သင့်တယ်။ အမဆိုသားကိုလဲ တနေ့တခွက်တိုက်တယ်။ သူတို့ကအရွက်အစားနဲတယ်လေ

  • ဘလန်​ဒါမဝယ်​ဖြစ်​တာနဲ့ပဲ မ​သောက်​ဖြစ်​​သေးတာ.. ဟိဟိ.. ခု​တော့ လှချင်​လို့ ​သောက်​​တော့မယ်​..

    တကယ်​က အ​နော်​က အပင်​ပန်​းခံနိုင်​​အောင်​ရယ်​.. မျက်​စ်ိ​ကြောင်​့ရယ်​ ​သောက်​ချင်​​နေတာ.. စမ်​းကြည်​့ဦးမယ်​..

    ​ကျေးဇူးပါ တီသဲ

    • TNA

      August 2, 2014 at 1:33 pm

      ဘလန်ဒါကတော့ စပိလေးချက်ပါတာဝယ် အဲ့ဒါမှညက်မှာ။ နောက်စတီးဒါးလေးလက်ပါတာဝယ်။

Leave a Reply