” ကျွန်တော်မီးသွေး ရောင်းတယ်ဗျို့”
” ကျွန်တော်မီးသွေး ရောင်းတယ်ဗျို့”
တဲအိုဟောင်းလေး
ဖာကာထေးလို့
ထရံလေးကာ
ဓနိမိုးဟာတာ
နေရရှာလည်း
သူမှာပျော်စံ
ညဉ်းဟန်မရှိ
မနက်လယ်ဆင်း
နေ့လယ်အတွင်း
လယ်ယာအလုပ်
တကုတ်ကုတ်နှင့်
အားထုတ်လာတာ
နှစ်တွေကြာပေါ့
မိုးရွာခမောက်
စောင်းကာပျိုးကောက်
ထွန်းယက်စိုက်တယ်
သီးတင်းကျွတ်လို့
စပါးထွက်လျှင်
သူရင်ပျော်ဘိ
ဝမ်းသာထိကာ
ပြုံးကြရှာသည်
လယ်သမားဘဝ ဆိုရမည်။
ခုတော့လယ်မရှိ
စစ်တပ်သိမ်း၏
ပြန်ပေးတောင်းဆို
မရ လေတော့
ဝမ်းရေးပြသနာ
မနေသာမို့
ကျွန်တော်မီးသွေး ရောင်းတယ်ဗျို့။
ခင်ခ။
( စာကြွင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
ဥပဒေတွေပြင်ဆင်နေကြတဲ့ထဲ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့် ဥပဒေများ ပြင်များ ပြင်ပြီးသွားလေလားမသိ အခု လယ်မလုပ်သူတွေ လယ်ပိုင်ဆိုင်နေကြလို့။ )
7 comments
Ko chogyi
August 1, 2014 at 10:53 am
မီးသွေးရောင်းခါ
မျှောစာမပါ
သစ်တောဖမ်းမှာ
မလွဲတည်း
ခင် ခ
August 1, 2014 at 11:22 am
ရောင်းချမီးသွေး မျှောစာအရေး
စိတ်မပူနဲ့ ရမယ်မနှေး
အောက်ဆိုဒ်ပေးပါ ခြောက်လစာ
လုပ်စားလေဗျာ တစ်နှစ်တာ
Ko chogyi
August 1, 2014 at 11:03 am
၁၉၉၃ ခုနှစ်လောက်က ကျွန်တော် ကချင်ပြည်နယ်မှာ စပါးအဝယ်ဒိုင်နဲ့လိုက်ဖူးတယ်
ကုန်သွယ်ရေးစပါးအဝယ်ဒိုင်စာရေးအနေနဲ့ပေါ့ ဗန်းမော်မြို့နယ်ထဲက ရွာတွေအကုန်
ရောက်တယ် လိုက်ဝယ်တာ
တစ်ချို့ရွာရောက်တော့ လယ်သမားတွေက စပါးရောင်းစရာမရှိဘူးတဲ့
ဘာဖြစ်လို့ရောင်းဖို့မရှိတာလဲမေးတော့ ကုန်သည်ကို အကြွေးဆပ်လိုက်ပြီတဲ့
” လယ်လုပ်သူ လယ်မပိုင်သလို စပါးဖြစ်လာတော့လည်း စပါးမပိုင်ပြန်ဘူး”
ဟိုတုန်းကအဖြစ်လေးပါ အခုတော့ဘယ်လိုလဲမသိ
alinsett (gazette)
August 1, 2014 at 11:15 am
ရင်နာတယ်…
အဲဒီလို ဘဝတွေကို…ထပ်တူခံစားမိတဲ့အခါ…
Mr. MarGa
August 1, 2014 at 12:35 pm
ရောင်းစရာ မီးသွေးမှ ကျန်ပါလေစ….
•*¨နန်းတော်ရာသူ •*¨
August 2, 2014 at 10:02 am
မီးသွေးကလည်းဈေးမသေး
အကြေများလို့စိတ်မအေး
သဘာဝဓာတ်ငွေ့တို့အားပေးးးးး
လုံမလေးမွန်မွန်
August 2, 2014 at 11:26 am
ဟုတ်တယ်.. လယ်သမားတွေက လယ်ထွက်ရင် အကြွေးဆပ်ရတာနဲ့ ဝမ်းစာတောင် မချန်နိုင်ကြဘူး