Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငါးဖယ်လား၊ပြောင်းဖူးလား…

Ma EiMarch 19, 20122min71929

ငါးဖယ်လား၊ပြောင်းဖူးလား…

Sat,Sun ရုံးပိတ်ရက်မှာ ကော်ပြန့်ကြော် လုပ်စားကြပါတယ်…

ငါးဖယ်နဲ့ တစ်ရက်၊ ပြောင်းဖူးနဲ့ တစ်ရက်ပါ…

ပုံလေး တင်လိုက်မယ်နော်…

1.ငါးကော်ပြန့်ကြော်

ပြုလုပ်ပုံလေးလဲပြောမယ်နော်…

1.ငါးဖယ်ခြစ် ကိုဂျင်း၊ကြက်သွန်ဖြူ နနွင်း၊ဆား တို့ဖြင့် ထောင်းထားပါ…

2.မုန်လာဥနီ ကိုအတုံးသေးသေးများ တုံးပါ…

3.ထောင်းထားသော ငါးဖယ်ခြစ် ဥနီတုံး ငရုတ်ကောင်းမှုန့် နဲနဲ ထည့်နယ်ပြီး

အနေတော်အတုံးလေးများတုံးထားရင် အဆာဖြစ်ပါပြီ…

2.ငါးဖယ်ခြစ် အဆာ နဲ့ ကော်ပြန့်ရွက်

ဒါလေးက ပြောင်းဖူးနဲ့ပါ…

3.ပြောင်းဖူး ကော်ပြန့်ကြော်

သူကပိုလွယ်တယ်…

1.ပြောင်ဖူး(ပန်မျိုး က ပိုချိုတယ်) ပါးပါးလှီးပါ…

2.ကော်ပြန့်ရွက်လေးထဲထည့်ပြီး လိပ်လိုက်ရင်ရပါပြီ…

4.အရွက် လေးနဲ့ လိပ်ပါ...
5.လိပ်ပြီးပြီ...

ကော်ပြန့်လိပ်ကလေးတွေကို မီးအေးအေးနဲ့ ကြော်ရပါမယ်…

ဆီကြော်စာ ရှောင်သူတွေလဲ စားလို့ရအာင် ဇကာလေးပေါ်မှာထားပြီးဆီကိုစစ်ထားပါတယ်…

ကော်ဖီ နဲ့ အအေးလဲပါတယ်…

6.စားလို့ရပြီ...

သမီးလေးကတော့ ပြောင်းဖူးကော်ပြန့် ဘဲကြိုက်တယ်…

မအိတော့ နှစ်မျိုး စလုံး အကြိုက်ဘဲ…

ရွာသူ၊ရွာသားတွေရော ကော်ပြန့်ကြော် ဆိုရင်…

ငါးဖယ်လား၊ပြောင်းဖူးလား…

 

29 comments

  • Khin Latt

    March 19, 2012 at 6:10 pm

    နှစ်မျိုးစလုံး ပါဘဲ မအိရေ။ ကျေးဇူးပါနော်။
    နေ့လည်စာ နဲ့ တွဲစား နေပါတယ်။
    အရသာလဲ တကယ် ရှိမဲ့ ပုံဘဲ။
    အပြင်အဆင် လေးကလဲ လှ။
    သမီးခိုင်လေး ရော ၊ ခိုင်လေး ရဲ့ ဖေဖေကြီး ပါ ဒီလို မေမေကြီး ကို ပိုင်ရတာ ကုသိုလ်ကောင်းပါဘိ။ 🙂

    • Ma Ei

      March 20, 2012 at 11:13 am

      မလတ် Comment လေး အိမ်ကလူကို ပြလိုက်အုံးမယ်…
      ကျေးဇူးပါနော်…

  • ကိုရင်မောင်

    March 19, 2012 at 6:46 pm

    အတော်စားလို့ကောင်းမဲ့သဘောရှိတယ်ဗျို
    ဗိုက်တောင်ဆာလာပြီ….

  • Mr. MarGa

    March 19, 2012 at 6:49 pm

    ပုံထဲကနေ အပြင်ကို ထုတ်ချင်တယ်။
    ညနေ မို့လို့ ဗိုက်က ဆာနေပြီဗျ

  • koaung

    March 19, 2012 at 7:14 pm

    အိမ်မှာလုဎ်စားတတ်တော့ ကလေးတွေဝမ်းသာတာပေါ့နော်

    • Ma Ei

      March 20, 2012 at 12:07 pm

      သမီးလေး ခိုင် ကတော့ မုန့်စားများတယ်…
      အားတိုင်း ဗိုက်ဆာတယ်ပြောတယ်…
      မုန့်ဝယ်ထားရတာလဲ အိမ်မှာ မုန့်ဆိုင်ကိုဖြစ်လို့…
      ကျောင်းဖွင့် ရက်ကဆိုရင် အိမ်မှာကျူရှင်လာတက်တဲ့
      သူ့ သူငယ်ချင်းတွေပါဝိုင်းစားကြလို့ ဝယ်မလောက်ဘဲလေ…

  • surmi

    March 19, 2012 at 11:39 pm

    ဒီနေ.တော. စားစရာကြိုဝယ်ထားတယ်
    အေးဆေးဘဲ …။
    ပုံကြည်.လိုက် ၊ ဝယ်ထားတာလေးစားလိုက် ……။

    • Ma Ei

      March 20, 2012 at 12:09 pm

      အဆင်ပြေသွားပြီ ပေါ့နော်…

  • ကြောင်လေး

    March 20, 2012 at 8:23 am

    အလကားကျွေးမယ်ဆိုရင် နောက်တစ်မျိုးထပ်တို့လည်း အကုန်ကြိုက်တယ်။

  • MaMa

    March 20, 2012 at 9:00 am

    စားချင်စဖွယ် ပြင်ဆင်ထားတာလေးက ပိုပြီး စွဲဆောင်မှု ရှိသွားတယ်။
    (စွဲဆောင်မှုမရှိလည်း မစားမှာ ကျနေတာပဲ) :redface:

    • Ma Ei

      March 20, 2012 at 12:15 pm

      အပြင်အဆင်လေးကိုလဲ အသိမှတ်ပြုလို့ ကျေးဇူးနော် မမ …

      ကြောင်လေးရေ…ကြိုက်တယ်ဆိုလို့ ကျေးဇူးနော်…

  • Mon Kit

    March 20, 2012 at 9:04 am

    မွန်ကစ်လည်း နှစ်မျိုးလုံးကြိုက်ကြိုက်……. 😀

    • Ma Ei

      March 20, 2012 at 11:20 am

      Mon Kit & Readermaung ရေ နှစ်မျိုးစလုံး ကြိုက်တယ်ဆိုလို့
      ဝမ်းသာ ရပါတယ်…ကျေးဇူးနော်…

  • chel gyi

    March 20, 2012 at 9:32 am

    မနက်စောစောစီးစီး ဗိုက်တောင်ဆာလာသလိုဘဲ……..

    • Ma Ei

      March 20, 2012 at 11:27 am

      ပုံလေးတွေကြည့်ပြီး…
      ညနေခင်း ဗိုက်ဆာ သွားတဲ့ ကိုပေါက်…
      စားလို့ကောင်းမဲ့သဘောရှိတယ်ပြောတဲ့ ကိုရင်မောင်…
      ပုံအပြင်ကို ထုတ်စားချင်တဲ့ Mr. MarGa…
      မနက်စောစော ဗိုက်ဆာလာပြီ ပြောတဲ့ Chel gyi…
      Comment လေးတွေအတွက် ကျေးဇူးပါနော်…

  • etone

    March 20, 2012 at 9:37 am

    အန်တီအိရေ .. နှစ်မျိုးစလုံး စားလို့ကောင်းမယ့်ပုံလေးတွေချည်းပါပဲ … ။
    ငါးဖယ်နဲ့က ငြုတ်ကောင်းလေးပါတော့ .. မွှေးမယ်ထင်တယ်နော် … ။
    တစ်ချို့တွေက ပြောင်းဖူးကော်ပြန့်လိပ်လုပ်လျှင် … အတွင်းထဲ မာချရင်းတွေပါ ထည့်မွှေကြတယ် .. သကြားလည်းပါသေးတယ် … ။
    သူများလုပ်ထားတာလေးတွေမြင်ရလျှင်တော့ … လိုက်လုပ်စားချင်မိပေမယ့် … အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတာကြောင့် အိမ်မှာ နေချိန်နည်းတယ်လေ … ။
    အရင်အိမ်ကတ်တုန်းကတော့ … မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ရခိုင်မုန့်တီ ၊ ကြာဇံချက် ၊ ကော်ရည်ခေါက်ဆွဲ၊မြေအိုးမြီးရှည် ၊ မာလာဟင်း ၊ ရေညှိ ထမင်းလိတ် ၊ ဘူးသီးကြော် ၊ ငါးဖယ်သုတ် ၊ ပဲ ပြားသုတ် စတာတွေကို … တပတ်တမျိုးလှည့်ပြီး ချက်စားဖြစ်ပေမယ့် … နောက်ပိုင်းပိတ်ရက်တောင် အိမ်မှာနေချိန်နည်းတာရယ် ၊ ပင်ပန်းလွန်းလို့ … အိမ်မှာရှိလည်း .. အိပ်နေတာက များတာရယ်ကြောင့် …. မလုပ်စားဖြစ်တော့ဘူး .. ။ အချက်ပြုတ်က ဝါသနာပါလို့ … သူများ ချက်တာတွေ၊ ဆိုင်မှာ စားတဲ့ အရသာတွေကို မျက်စိနဲ့မြင်တာနဲ့ … လိုက်ချက်တတ်တယ် … ။ အိမ်မှာ အလှူလုပ်လည်း ကိုယ်တိုင်ချက်ဖြစ်တယ် …. ။ အခုများတော့ .. ဘာဆို ဘာမှ မချက်ဖြစ်တော့ပဲ … သူများ ချက်ပြီးသားလေး .. သွားရေ လိုက်ကျနေတယ် … ဟီး 😀

    ဒီလိုပို့စ်လေးတွေ တင်တာကောင်းတယ် အန်တီအိရေ .. ဒါမှဓါတ်ပုံတွေ ကြည့်ပြီး သွားရေ ကျလို့ ရမှာ .. ဟီး 😀

    • Ma Ei

      March 20, 2012 at 12:01 pm

      အိတုန်ရေ…ပြောင်းဖူးကော်ပြန့်လိပ်ထဲ သကြားတော့ထည့်ဖူးတယ်…
      ခုက ပန် ပြောင်းဖူးမျိုးအချိုမို့လို့ သကြားမထည့်တော့တာပါ…
      အန်တီအိက ပင်ပန်းသူ ဇာတာပါတယ်နဲ့တူရဲ့ ကိုယ်တိုင်ချက်ခြင်တာရယ်…
      စားစရာလေးတွေ ဓါတ်ပုံရှိသေးတယ်…တင်ပေးမယ်နော်…

  • ဖားသက်ပြင်း

    March 20, 2012 at 9:59 am

    Juice and coffee?
    Nah… i prefer ..something else…

    ဒက်ဂလောက်…

    • Ma Ei

      March 20, 2012 at 11:40 am

      No..No…
      only Juice and coffee.

  • နွယ်ပင်

    March 20, 2012 at 10:48 am

    နှစ်မျိုးစလုံးကြိုက်ပါတယ် အန်တီအိရေ …
    ကော်ပြန့်ကြော်မလုပ်စားဖြစ်တာတောင် တော်တော်ကြာနေပြီ
    အန်တီအိရဲ့ ပုံလေးတွေကြည့်ပြီး သားရေယိုလာလို့ ဒီတစ်ပတ်တော့
    ကော်ပြန့်ကြော် လုပ်စားဖြစ်ဦးမယ်ထင်တယ် …………..

    • Ma Ei

      March 20, 2012 at 11:31 am

      နွယ်ပင်ရဲ့ ကော်ပြန့်ကြော် လဲ ကျွေးပါဦးနော်…

  • ဆူး

    March 20, 2012 at 10:56 am

    ဒီတခါတော့ အရမ်းကို လက်နှေးသွားပြီ။
    ပြောင်းဖူး ကော်ပြန့်တော့ ကြိုက်တယ်။
    ငါးဖယ်လေး ဆိုတော့လည်း တမျိုး ကောင်းမှာပဲ..
    အကုန်စားမယ်နော်။

    • Ma Ei

      March 20, 2012 at 11:37 am

      အရမ်းကောင်းတယ်…စားကြည့်ပါ…
      စေတနာလေးတွေထည့်ထားတာမို့ပါ…

  • yaungchikha

    March 20, 2012 at 1:10 pm

    အစ်မရေ နှစ်မျိုးလုံးကြိုက်တယ်၊ စားမယ်နော်၊ ကော်ဖီလဲကြိုက်တယ်..

    • Ma Ei

      March 20, 2012 at 1:33 pm

      ဘာလေးစားစား ကော်ဖီ လေးနဲ့မှ…
      ကော်ဖီကြိုက်တယ်..

  • Rose Minn

    March 20, 2012 at 4:01 pm

    မအိရေ အစားသောက်မီးလိုတောက်ဆိုတော့ ပုံထဲဝင်ပြီးနှိုက်မြည်းလိုက်ပြီ။ အချဉ်ရေလေးနဲ့တို့ ရှလွတ်ရှလွတ် yammy yammy ! ကောင်းမှကောင်း

    • Ma Ei

      March 20, 2012 at 4:14 pm

      မအိလဲ အစားဆို လှည်းနဲ့ တိုက်ခဲ့ ထဲကပါဘဲကွယ်…

Leave a Reply