Ma EiAugust 16, 20161min48710
မီးပုံးပန်းရဲ့ ရာဇဝင် မီးပုုံးပန်းလေးတွေနဲ့ ပတ်သက်လို့ ရာဇဝင် အကြောင်းလေးတခုဆိုပါတော့ သူ့ကိုတွေ့တာက ရုံးနားမှာ ပန်းပင်လေးတွေ ဂမုန်းပင်လေးတွေ ရောင်းတဲ့နေရာမှာလေ အပင်သေးသေးလေးကနေ အဖြူရောင်ပန်းလေးတွေ တွဲလောင်းကျလို့ လှလိုက်တာ အဲ့တော့ ရုံးပြန်မှာဝယ်လာခဲ့တာပါဘဲ…ဒါပေမယ့်သူနဲ့ ပတ်သက်လား မပတ်သက်လားတော့မသိဘူး သူရောက်လာတဲ့နေ့မှာဖြစ်လို့ သူနဲ့တွဲ မှတ်မိနေတဲ့ အဖြစ်ကလေးတခု ရှိခဲ့ဘူးတယ်… ပန်းအိုးလေးလှလှပပ ဒီနေရာ ဟိုနေရာ နေရာချခက်လိုက်တာ ဒီနားမှာဘဲထားမယ်နော်ဆိုပြီး ရေကန်နား အပင်စုစုအလယ်မှာနေရာချ အလှကြည့်လို့အိမ်မက်ထဲထိပါရဲ့… ပန်းပင် ပန်းပွင့်လေးတွေက အရောင်တောက် လင်းလို့ လက်လို့ တကယ်ဘဲ မျက်စိဖွင့်ကြည့်မိတော့လဲ အရောင်တွေမြင် ဟုတ်သေးပါဘူး ဆို အိပ်ယာထဲကထွက် မီးဖိုခန်းထဲဝင်လိုက်တော့ …. လျှပ်စစ်မီးဖိုတစ်ခုလုံး မီးတောက်နေတာနှစ်ပေလောက်ရှိရော မီးကြိုးက ခလုတ်မှာတပ်လျှက်၊ သဘောပေါက်လိုက်ပြီ ညနေပြန်လာချိန်က မီးမလာ ညနေထဲကတဲ့၊ မီးပြတ်တော့ အိမ်ကမမက […]


Ma EiJune 11, 20152min30421
  ဒီတစ်ခါတော့ ကြက်သားကြော် နဲ့ ပုဇွန်ပွကြော် ကြော်မှာပါ…. ကြက်ကြော် အတွက် ကြက်ရင်ပုံတစ်ခြမ်း ကို အသားထွင် မထူမပါးလှီး ဆားနနွင်း အရသာမှုန့်နယ်ပြီးနှပ်ထားပါ… ကြက်ဥတစ်လုံး ခလောက်ထားပါ… အကြော်မှုန့်၊ ပေါင်မုန့်ခြောက်အမှုန့် တွေကိုတော့ အလွယ်တကူ ရယ်ဒီမိတ်အမှုန့်တွေဘဲ သုံးလိုက်ပါမယ်နော်… မီးဖိုပေါ်မှာတော့ အကြော်အိုးကို ဆီများများထည့်လို့ ဆူအောင်တည်ထားပါနော်… အဲ့ဒီနောက် နာရီဝက်လောက် နှပ်ထားတဲ့ ကြက်သားကို အကြော်မှုန့်နဲ့ နယ်လိုက်ပါမယ်…   ပြီးရင် တစ်ဖတ်ချင်းစီ ကြက်ဥခလောက်ရည်ထဲထည့်လိုက် ပေါင်မုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ ဆီပူအိုးထဲထည့်ကြော်ပါ. ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ကြက်ကြော်ရပါပြီ… ပုဇွန်ပွကြော် အတွက် ပုဇွန်ကို အမြီးချန်ခွာပါ.. အကြောပြတ်စေရန် ပုဇွန်ဗိုက်ကို ကန့်လန့်ဖြတ် သုံးချက်လောက်မွှန်းလိုက်ပါ… ဒါမှ ကြော်တဲ့အခါ ကွေးမသွားမှာ […]


Ma EiJune 10, 20152min44119
ခြံထဲမှာ ခရမ်းပြာရောင်ပွင့်တဲ့ ပန်းပင်ကလေးတစ်ခြုံရှိပါတယ်… အပင်သေးလေးတွေစုပေါက်တယ်…မျိုးစေ့က ျတဲ့နေရာ အပင်ပေါက်လို့ပွားမြန်တယ်… ခရမ်းပြာရင့်ရင့်နဲ့ ကန်စွန်းပွင့်လို အပွင့်လေးတွေပွင့်တာ လှလှပပ ပါဘဲ… တစ်မနက်မှာဘဲ အပွင့်လေးတွေကြွေတတ်တာ နှမြောမိပေမယ့် သဘာဝကိုနော့… နံမည်တော့ မသိပေမယ့် သူလဲ ပန်းခရမ်းပြာ ပါဘဲနော ်…


Ma EiJune 9, 20151min29017
ညှော်ကြမယ်ဗျိုး….. ရုံးသမားမို့ တစ်ပါတ်စာ စားလို့ရအောင် စနေ တနင်္ဂနွေ တစ်ရက်ရက်မှာ အကြော်လှော်လေးတွေ ချက်ပြုတ်ကြော်လှော်ရပါတယ်… ဒီတစ်ပါတ်တော့ ငံပြာရည်ချက် ချက်ပါမယ်… ငံပြာရည်ချက်အတွက် လိုအပ်တာတွေကတော့ 1.. ပုဇွန်ခြောက်             ၁ဝ ကျပ်သား 2.. ငရုတ်သီးခွဲကြမ်းခြောက် ၅ ကျပ်သား 3.. ကြက်သွန်နီ             ၁၅ ကျပ်သား 4.. ဆီ                         ၁ဝ ကျပ်သား 5.. ငံပြာရည်                   ၅ ကျပ်သား 6.. ကြက်သွန်ဖြူ             ၅ မွှာ လောက်ဆိုရပါပြီ… သူတို့ကို ချက်ဖို့ပြင်ဆင်တာလေးလဲပြောမယ်နော်… အရင်ဆုံး ငရုတ်ခွဲကြမ်းကိုထောင်းရပါမယ်…အိမ်မှာတော့ အမေ့လက်ဆောင် ကျောက်ငရုတ်ဆုံကိုဘဲသုံးပါတယ်.. ငရုတ်ခွဲကြမ်းထောင်းပီးရင်ခပ်ထားကာ၊ ကြက်သွန်နီ အခွံခွာ ထူထူလှီးထားတာကို ဆက်ထောင်း မညက်တညက်မှာ ခပ်ထားပါ၊ ပြီးမှ ပုဇွန်ခြောက်ကို ထောင်းပါ…အိမ်မှာတော့ […]


Ma EiMay 28, 20152min25212
အိမ်မှာ ယုဇနပန်းတွေပွင့်နေတယ်… အပင်ကြီးတစ်ပင် အသေးတစ်ပင် ပွင့်လိုက်တာ တစ်ခြံလုံး မွှေးနေတာပါဘဲ… ပန်းရနံ့လေးတွေနဲ့ အတူအိပ်ရင်း ငယ်က ရူးခဲ့ရတဲ့ သီချင်းလေးသတိရခဲ့တယ်…. ဓာတ်ပုံရိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း … သီချင်းလေး နားထောင်ရင်း (ဖတ်) ရအောင် တင်ပေးလိုက်တယ်နော်… ယုဇနပင် နဲ့ ဖဲကြိုးဝါ မင်းမင်းလတ် အိမ်ပြန်လတပေါင်းနဲ့ ချစ်စရာ့နွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ် ကိုယ်ပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုယ်မသိဘူး ချစ်လိမ့်မယ်… အို မချစ်ဘူး… ဒီလိုမေးခဲ့တယ်… … ဒီလိုမေးခဲ့တယ် ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်.. ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအဝါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်.. အဝါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်… တွေ့ပါ့မလားကွယ် ဖဲကြိုးအဝါကို […]


Ma EiMay 15, 20155min30617
ရုံးက Ticketing Manager နဲ့ ပဲခူးသူလေး မင်္ဂလာဆောင်တာ  ပဲခူးမှာမို့ မင်္ဂလာဧည့်ခံပွဲ သွားကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ များကို ပဲခူးဘုရားစုံ လိုက်ပို့ပါတယ်…တစ်ရက်ခရီးဆိုတော့ မပင်ပန်းဘဲ ဘုရားလဲဖူး ဈေးဝယ် ပျော်ရွှင်စရာ ခရီးစဉ်လေးဖြစ်ခဲ့ရပါတယ်… ရွှေဂူလေးဘုရားဈေးတန်းမှာ ငါးချဉ်ဝယ်ပါ.. ဆိုင်တိုင်းလိုလို အမြည်းသုပ်ကျွေးထားတာမို့ မြည်းစမ်းလို့ နှစ်သက်ရာ ဝယ်ယူနိုင်ပါတယ်..အသီးရွက်တွေလဲ လတ်ဆတ်လွန်းလို့ အများကြီးဝယ်ဖြစ်ကြမှာပါ… ဘုရားတွေအများကြီး ဖူးခဲ့ရပေမယ့် မဖူးခဲ့ရသေးတဲ့ ဘုရားတွေလဲ အများကြီးကျန်နေဦးမှာမို့… ဖူးမကုန် ခဲ့တဲ့ ပဲခူးဘုရားစုံ ခရီးလေးပါ…              


Ma EiMay 15, 20152min24715
ခြံထဲမှာ နှင်းဆီ နှစ်အိုးရှိတယ်… ရေလောင်းရုံနဲ့ နှင်းဆီပန်းရောင်လေးတွေနွေ မိုးဆောင်း ပွင့်နေလိုက်တာ… အရမ်းကိုလှလို့ အဖူး အပွင့် လေးတွေ တွေ့တိုင်းဓာတ်ပုံရိုက်ထားမိခဲ့တယ်… ပန်းကလေးတွေတွေ့ရင် ကြည်ကြည်နူးနူး ပီတိဖြစ်မိတာမို့ မျှဝေလိုက်ပါတယ်… ရွာသူား   အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…


Ma EiFebruary 17, 20151min31022
ဦးလေး စီးကရက်တွေ သောက်နေပြန်ပြီလား၊ မသောက်တော့ဘူးဆို… ရုံးက pantry ထဲ ထမင်းစားဘို့ ဝင်လာတဲ့ ကျမ စီးကရက်နံ့ထောင်းထောင်းထအောင် သောက်နေတဲ့ ဦးလေးကိုတွေ့လိုက်ရတာမို့ မနေနိုင်ပြောလိုက်မိပြန်ပါပြီ။ ဦးလေးကလဲ ထုံးစံအတိုင်း… အေးပါဟာ ခုလေးမှပါ ခဏဘဲရှိပါသေးတယ်… အငွေ့တွေ ရှိုက်မသွင်းပါဘူး ခဏငုံထားပြီးထုတ်လိုက်တာပါ… အာသာပြေပေါ့ .. ပြီးရင် နင်ဘာဟင်းချက်လဲ ငါတော့ ဝက်ကလီစာ ချက်လာတာ.. အမနေကောင်းလား ကို…ကော နေကောင်းလား စသည်ဖြင့် စကားလွှဲတွေ ဒလစပ်ပြောရင်း စီးကရက် ကို်ကုန်အောင် ဖွာပါတော့တယ်။ ဦးလေးဆိုတာ   ကျမတို့ ငယ်ငယ်တုံးက ဘေးအိမ်က သူ့အမအိမ်ကိုလာရင်း ကျမတို့ ရဲ့ ဦးလေးလိုခင်ခဲ့ရသူ ကျမအိမ်ထောင်ကျတော့လဲ အမျိုးသားနဲ့က သူငယ်ချင်းဖြစ်ခဲ့ဖူးသူပါ.. ခုတော့ ကျမ အလုပ်လုပ်တဲ့ Company group က […]


Ma EiFebruary 2, 20151min36225
အမယ်လေး လက်… လက်.. လက်ကြီး…. ငယ်သံပါအောင် အော်ဟစ်သံနဲ့အတူ ပြေးထွက်သွားတဲ့ ခင်မရဲ့ခြေသံကိုကြားလိုက်ရတာမို့… ကြည့် လုပ်ပြီ ခင်မတို့များ သူများကို မစောင့်တော့ဘဲနဲ့ ရုံးခန်းထဲမှာတစ်ယောက်ထဲထားခဲ့တဲ့ အပြင် ခြောက်သွားသေးတယ်..သိမယ် ဒါနဲ့ ကျမ ဆရာယူခိုင်းလိုက်တဲ့ ပစ္စည်းတွေယူ၊ ရုံးခန်းတံခါးကို သော့ပြန်ပိတ်နေရင်း ကျောချမ်းလာသလို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားမိတာနဲ့ နောက်ကိုလှည့်ကြည့်လိုက်ပါတယ်.. တစ်ယောက်ယောက် တစ်ဖက်ခန်းထဲဝင်သွားတာ လက်လေးဘဲမြင်လိုက်ရတယ်. .အဲ့ဒီလက်..ချယ်ရီရောင် လက်သဲနီလေးတွေဆိုးထားတဲ့ ဖြုသွယ်လှပတဲ့ လက်ကလေး…ဟင် ဒါ..ဒါ..မမရည်မွန် ရဲ့လက်.. မမရည်မွန်ရေ..မမရည်မွန်…မမရည်မွန်..မမရည်မွန်ရေ…. … … … …. ……. …. မမရည်မွန် တဲ့ ဖြူဖြူသွယ်သွယ် ချောလှသတဲ၊့ ခု နှစ်ဝက်မှ အသစ်ရောက်တဲ့ကျောင်းသူတဲ့ ၊သွားကြည့်ရအောင်တဲ့ ခင်မ ရဲ့သတင်းပေးမှုကြောင့် ကျမတို့ ခုနှစ်တန်းကျောင်းသူတစ်စု […]


Ma EiSeptember 29, 20142min35235
ငှက်ပျောသီး ပူတင်းလေးမစားခင် ငှက်ပျောသီးမှရရှိစေသော အကျိုးထူးလေးတွေ အရင်ဖတ်ကြည့်နော်… (၁) စိတ်ကျရောဂါ ဖြစ်နို်င်ခြေတွေကို လျှော့ကျစေတယ်။ (၂) အူမကြီးရှိ အညစ်ကျေးတွေကိုဖယ်ရှားပေးတယ် အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။ (၃) သွေးအားကောင်းစေတဲ့အပြင် နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်တယ်။ (၄) အရိုးဆစ်တွေ ခိုင်မာစေတယ် သန်မာစေတယ်။ (၅) ငှက်ပျောသီစားခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် လျှော့ကျစေတဲ့ အတွက် ဆေးလိပ်ဖြတ်တဲ့သူတွေအတွက်စားသုံးသင့်တယ်။ (၆) အမျိုးသားတွေအတွက် ဒူလာပိတ်၊ ဒူလာခြောက်၊ အမျိုးသမီတွေ အတွက် မီးယပ်ပိန် မီးယပ်ခြောက် ဖြစ်နိုင်ခြေတွေကိုလျှော့ကျ အောင် တားဆီးပေးတယ်။ (၇) ကိုယ်ခံအား ကောင်းမွန်စေတယ်။ (၈) အမျိုးသမီးတွေ သွေးဆင်းချိန်၊ ဓမ္မတာ လာချိ်န်တွင် ဖြစ်တတ်သော နာကျင်ကိုက်ခဲ ခြင်းကို သက်သာစေတယ်။ (၉) ဦးနှောက်ဉာဏ်ရေကောင်းမွန်ဖွံ့ဖြိုးစေတယ်။ (၁၀)ခန္ဓာကိုယ် အပူချိန်ကြောင့်ဖြစ်တတ်တဲ့ အပူကံခြင်း၊ […]


Ma EiApril 29, 20143min36831
Nutella Croissants ချောကလက် ချစ်သူများအတွက် စားလို့ အရမ်းကိုကောင်းတဲ့ ချစ်စရာ မုန့်ကလေးတစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်… သူ့ကို အလွယ်တကူ ပြုလုပ်နိုင်ပါလိမ့်မယ်… လွယ်ဆို အားလုံးရယ်ဒီမိတ်ကိုဘဲ သုံးတာကိုး… လိုအပ်တာလေးတွေကို… 1.Malaysian Puff Paratha 2.Nutella Chocolate 3.egg  … ကို FMI Centre , City Mart    Market Place က ဝယ်လိုက်ပါတယ်… မုန့်လုပ်တာ လွယ်လွယ်လေးပါ…ကြည့်လိုက်နော်..     Puff အချပ်လေးတွေကို လေးစိတ်စိပ်ပါ… Nutella ချောကလက် ခရင်မ် လေး တစ်ဇွန်းထည့်  အနားလေးတွေကို ကြက်ဥခေါက်ရည်သုတ်ပြီး လိပ်လိုက်ပါ…အလိပ်လေးပေါ်ကိုလဲ ကြက်ဥ ခေါက်ရည် ထပ်သုတ်လိုက်ပါနော်… ဒါမျိုးလေးတွေ ရရင်တော့  Electronic […]


Ma EiOctober 9, 20131min31627
အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts ) မင်္ဂလာဆောင်တစ်ခုမှာ ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့… ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်… အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး မတူကြတာတွေ့ရတော့ အဆင်ပြေမယ်ထင်သလို မုန့်စပ်လိုက်ပါတယ်… ထုံးစံအတိုင်းဓာတ်ပုံတော့ ရိုက်ထားပြီး မဖြစ်ရင်လဲ မှတ်တမ်းပေါ့နော်…ဒါပေမယ့် လှပပြီးအရသာရှိတဲ့ မုန့်ကလေးဖြစ်လာခဲ့လို့ မျှဝေလိုက်ပါတယ်နော်… ပါဝင်ပစ္စည်း နဲ့ အချိုးစားတွေကတော့… မုန့်ခွက်လေးတွေအတွက် 1…ဂျုံ     250 gm (1cup) 2… ထောပတ်   4 tbsp 3…သကြား     2 tbsp 4…ကြက်ဥ     1 လုံး ကြက်ဥ ပူတင်းအနှစ်ရည် အတွက် 1…နို့     1/2cup 2…သကြား    […]


Ma EiSeptember 25, 20136min53427
မမကြီးက အိရေ…တို့တွေ ငွေဆောင်သွားကြရအောင်လေဆိုတော့… ဒါမိုးက ငြင်းကောင်းဘူးမို့လား…အဲဒါနဲ့ သူတို့ကားနဲ့ဘဲသွားဘို့စီစဉ်၊ Hotel ကိုတော့ Sunny Paradise Dream မှာ Sea View သုံးခန်း နှစ်ရက် ယူလို့ ငွေဆောင်ကမ်းခြေကို အပမ်းဖြေထွက်ခဲ့ပါတော့တယ်…ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေ အတူကြည့်လို့ လွမ်းရအောင်နော်… ပုံ 20 ကို မနဲတွန်းတင်လိုက်ရပါတယ်… စိတ်ဝင်စားရင်  ဆက်ကြည့်ကြမယ်နော်… ခင်တဲ့ မအိ