လှည့်စား…..ညာစား…..ရုပ်ရှင်ကား။ ဒါဘယ်နေရာလဲ ကြည့်ပါဦး..လှလိုက်တဲ့ ကျောက်တောင်ကြီး ဖူးခက်မှာများလားဟင် ၊ ဒီမှာလဲကြည့် အပျော်စီးသင်္ဘောနဲ့ ရိုက်ထားတာရယ်…ကမ်းခြေရှုခင်းတွေနဲ့ မင်းသမီးတွေကလဲ နုနုဖတ်ဖတ် လှလှလေးတွေ၊ ရီစရာကားတဲ့…သွားကြည့်ရအောင်နော်… သတင်းစာတွေထဲက ကြော်ငြာကို ပြရင်း … သွားကြည့်ရအောင်နော် ..နော် …နှစ်ခါနော်လိုက်တော့ အေးပါကွာ၊သွားချင်လဲသွားလေ…ရုပ်ရှင်လဲ မကြည့်တာကြာခဲ့ပြီဘဲ…တဲ့ ဒီနေ့က တနင်္ဂနွေလဲဖြစ် တနေ့ကမှတင်တာဆိုတော့ လူများမယ် အစောပွဲ ဆယ်နာရီခွဲ ကိုဘဲသွားကြမယ်ဆိုပြီး… သမ္မတ ရုပ်ရှင်ရုံကို မိသားစုသုံးဦးသား ချီတက်ခဲ့ကြပါတော့တယ်… ရုံရောက်တော့ လူရှင်းနေသားနော်…အဲ နိုင်ငံတော်သီချင်းတောင် ဖွင့်နေပြီဘဲကိုး..မြန်မြန်လာပါ.. ကဲကဲ ထောင့်ငါးရာတန်း သုံးခုံ ပေးပါ ဝယ်ပြီးအပေါ်ထပ်တက် ခတ်မှောင်မှောင်ထဲမယ် တာဝန်ကျ ဝန်ထမ်းလေးနေရာပြပေးလို့သာ ဘယ်နေရာ ကိုယ့်ထိုင်ခုံမှန်းသိတော့တာရယ်။ သမီးအလယ်ထားလို့ နေရာယူထိုင်ပြီးမှ ဘေးဘီကြည့်လိုက်တော့ နှစ်ဖက်လုံး အတွဲ၊ ရှေ့နောက်တွေလဲ အတွဲ၊ […]