Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီတင်းကျွတ်မှာ စားစရာ…

Ma EiNovember 8, 20122min65230

သီတင်းကျွတ်မှာစားစရာ…

1…စားချင်စရာ Cherry Cake …


သီတင်းကျွတ်မှာ ကန်တော့ဘို့ရာရှိလို့ Trader Hotel က ဒေါ်လှ 25 တန် Cherry,  Chocolate Cake တစ်လုံးဝယ်လိုက်ပါတယ်…

လှလဲလှ ရနံ့လေးကလဲ စားပစ်ချင်လောက်အောင်ကို် မွှေးနေတာ…အဲ့ဒါ MG က ရွာသူား တွေကို သတိရတာနဲ့ ဘဲ…

Cherry  Cake  အပြင် ကိုယ်တိုင်လုပ်ထားတဲ့ အုန်းသီး နို့မလိုင် ပေါင်မုန့်လေး လဲ တင်လိုက်မယ်နော်…

2… အုန်းသီး နို့မလိုင် ပေါင်မုန့် …

ဌာပနာရန် အတွက် အုန်းယို၊ပဲ၊ နာနတ်ယို၊ ဒူးရင်းယို စသည်ဖြင့် အမျိုးမျိုး  ထည့်နိုင်ပါတယ်…

ထည့်သွင်းတဲ့ ဌာပနာ အလိုက် အမည်အမျိုးမျိုးခေါ်လို့ရတဲ့ ပေါင်မုန့်ကလေးတွေ ဖြစ်သွားမှာပါ…

အုန်းသီးပေါင်မုန့်၊ ပဲပေါင်မုန့် စသည်ဖြင့်ပေါ့…

အခု ပေါင်မုန့်ကတော့ အုန်းသီးနဲ့ နို့မလိုင် ယိုလေး မွန်ကစ်တို့ မိုးကုတ်က အပြန်လက်ဆောင်ပါလာလို့ ဌာပနာထည့်လိုက်တာမို့

အုန်းသီး နို့မလိုင် ပေါင်မုန့် လေးပါ…

ပေါင်မုန့်သားအတွက် …

1…ဂျုံ   3 . 2/3 ခွက်( 875 ml )

2…သကြား လက်ဘက်ရည်ဇွန်း 4 ဇွန်း

3…ပွဆေး ( dry yeast ) လက်ဘက်ရည်ဇွန်း  2 ဇွန်း

4…ဆား  လက်ဘက်ရည် 1 ဇွန်း

5…ရေနွေး  2/3  ခွက်

6…နွားနို့   2/3 ခွက်

7…ထောပတ်  လက်ဘက်ရည်ဇွန်း 4 ဇွန်း  တို့ လိုအပ်ပါတယ်…

3…ပါဝင်ပစ္စည်းတွေပါ…

..၁ ကနေ ရ အထိ အမည်မျိုးစုံကို ပန်းကန်လုံးတစ်ခုထဲမှာ ရောမွှေပြီး မုန့်သားရအောင် မိနစ် ၃ဝ လောက် နယ်ရပါတယ်…

..မုန့်သားများ လက်မကပ်တော့အောင်ချောလာလျှင် ပလပ်စတစ်အုပ်၍ မိနစ် ၃ဝ လောက် ပွလာအောင်ထားရပါတယ်…

..နှစ်ဆလောက်ပွလာလျှင် ပြန်နယ်၊ ဂျုံကို ၁ဝ ပိုင်းဖြတ်ပြီး အလုံးလေးတွေ လုံး ၊ပြီးလျှင် အပြားလေးတွေလုပ်ထားပါ…

4…ဌာပနာ နဲ့ မုန့်လုံးလေးတွေ…

..ဂျုံပြားလေးထဲကို ဌာပနာထည့် လုံအောင်လုံးပြီး ပြန်ဖိပြားလိုက်ပါတယ်…မုန့်ပြားလေးကို ကပ်ကျေးသုံးပြီး ရှစ်စိတ် အရာပေးလိုက်ပါတယ်..

..ကြက်ဥ ရည်သုတ်လိုက်ပြီး အလယ်မှာ ချောကလက်စေ့၊ ဘိန်းစေ့ လေးတွေ အလှဖြူးလိုက်ပါတယ်…ပြီးလျှင် ပလပ်စတစ်အိတ်စွပ်ပြီး

..၁၅ မိနစ် ထားလျှင် မုန့်ကလေးတွေပွလာပါလိမ့်မည်။

5…အဆင်သင့်ပြင်ပါ…

မုန့်ကလေးတွေကို 180  ံC နှင့် ၁ဝမိနစ်ခန့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ ၁၅ မိနစ်လောက်ဖုတ်လိုက်ပါတယ်..

မုန့်ကျက်လျှင် tray ထဲ ဆက်မထားဘဲ wire rack ပေါ်ပြောင်းထားပြီး ပူပူနွေးနွေးအုန်းသီး နို့မလိုင် ပေါင်မုန့် လှလှလေးတွေရပါပြီနော်…

6…ခဏအေးပါစေ…

မုန့်လုပ်နည်းလေးကတော့  FB Friend ချောစု ရဲ့မုန့်လုပ်နည်း http://chawsufoodfriends.blogspot.com. ကိုလေ့လာပြီး

ကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်…ပင်ပန်းပေမဲ့ အရသာရှိတဲ့ မုန့်လှလှလေးဖြစ်လာလို့ ပီတိ မျှဝေပါရစေနော်… ချားကြမား…….

 

ခင်တဲ့

မအိ

30 comments

  • Hnin Hnin

    November 8, 2012 at 5:39 pm

    ဟယ်..ချားချင်လိုက်တာ…စစချင်း ကိတ်ထဲက ရင်ထဲကို ထိသွားတာ…
    အောက်က မုန့်ကလေးတွေကလည်း လှမှလှ မမအိရေ…
    လူအတိုင်းပဲ ထင်တယ်…(အတွဲမှားသော ဘေးတိုက်ပုံကို မှန်းကြည့် ပြောခဲ့ခြင်း 🙂 )
    မမအိလူကြီးနဲ့ မိသားစုကတော့ အတော်ကံကောင်းမှာပဲ….

    • Ma Ei

      November 9, 2012 at 11:22 am

      နှင်းနှင်း ရေ…
      အရသာရှိရှိ မုန့်လှလှလေးလဲရရော
      ပင်ပန်းတာတွေပျောက်ပြီး
      ပျော်စရာကောင်းသွားခဲ့တာရယ်…

      တင်တင်ရေ…
      သမီးလေးကိုတော့ ကံကောင်းစေချင်တာအမှန်ပါ…
      သူက မုန့်ခဏခဏ စားတဲ့သူလေ…

  • Tin Tin

    November 8, 2012 at 5:51 pm

    မအိရဲ့သမီးလေးကတော့ ကံကောင်းတာဘဲ… မေမေလုပ်ကျွေးတဲ့မုံ့တွေအများကြီးစားရလို့…
    မုန့်လေးတွေက ချစ်စရာလေးတွေနော်…စားချင်စရာကောင်းလိုက်တာ..

  • ပြောရအုံးမယ် မယ်အိရေ
    ကျနော်တို့ငယ်ငယ်က ဆို အိမ်က အဖွားက မနက်စာဆိုအိမ်မှာတင်လုပ်ကျွေး။
    တနင်္ဂနွေရုံးပိတ်ရက်ဆိုတင် အိမ်မှာတင်
    မုန့်ဟင်းငါး မုန့်တီ ခေါ်က်ဆွဲကြော် မြီးရှည်
    ကုလားမုန့် ထမင်းလွတ်စားကြတာကိုး။
    အဲတော့ အိမ်မှာရှိတဲ့ ကလေးတွေက လဲ ကူလုပ်ရင်း တတ်သွားရော
    ကျနော်တို့လဲ တဝတပြဲ စားရရော။.
    ခုခေတ်မှာ အားလုံ းဆိုင်သွားစား ရယ်ဒီမိတ်ဝယ်စားဆိုတော့
    ကလေးတွေလဲ ဘာမှမတတ် ကျုပ်တို့လဲ မဝတဝစားရတော့ ငတ်သဗျာ
    လွမ်း ပါ ၏

    • Ma Ei

      November 9, 2012 at 11:59 am

      အိမ်ထောင်ကျမှ မီးဖိုချောင်စဝင်ခဲ့ပြီး
      ကောင်းနိုးရာရာချက်စားရင်းနဲ့ ဝါသနာရှင်ဖြစ်သွားခဲ့တာရယ်…
      ကျမတော့ မြေးလေးတွေကို ချက်ကျွေးခွင့်ရပါ့မလားမသိ…

  • MaMa

    November 8, 2012 at 6:48 pm

    မအိရေ-
    ပိတ်ရက်မှာ လုပ်စားဖို့ ရသွားပြီ။
    ကျေးဇူးးးးးးးးးး

    • Ma Ei

      November 9, 2012 at 12:10 pm

      မမရေ…
      မုန့်လှလှလေး ရပါစေနော်…

      ဖယောင်းမယ်လေးရေ…
      မုန့်လုပ်နည်းလေးတွေ သိထားတာရှိရင်လဲ မျှဝေဦးနော်…

  • candle .

    November 8, 2012 at 8:29 pm

    လုပ်စားစရာမုန် ့တစ်မျိုးရပြန်ပြီ ကျေးကျေးပါ အမ..

  • မောင်ပေ

    November 8, 2012 at 8:40 pm

    အခုလိုမျိုးသိတတ်လှတဲ့
    ဒီသူငယ်မ
    ကြီးပွားပါစေ
    ချမ်းသာပါစေ
    ကျန်းမာပါစေဗျား

    • Ma Ei

      November 9, 2012 at 12:15 pm

      မောင်ပေ…
      ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

      အံဇာတုံး ရေ…
      တောင်မလေးဒွေ ကလဲ ..
      အိုက်မုန့်ဒွေ ဝယ်ကျွေးမယ် ချိုမှ
      ရီးဆား တော်မှာတဲ့…

  • ဂလု .. ဂလု ..
    စားချင်ရိုက်ဒါ ….
    အိုက်မုန့်ဒွေ ..
    လုပ်ကျွေးမယ့်၊ ဝယ်ကျွေးမယ့်
    တောင်မလေးဒွေ ချိရင် ..
    အချိန်မရွေး ရီးဆား တော်နိုင်ဘာဒယ် … :mrgreen:

  • အရီးခင်လတ်

    November 9, 2012 at 5:01 am

    ဒေါ်လှ 25 ကိတ်
    အာပါးပါး ဈေးကြီးချက်ကတော့။
    စားလို့ တော့ ကောင်းမဲ့ပုံ။
    မအိ ရဲ့ လက်ရာ အုန်းသီး နို့မလိုင် ပေါင်မုန့်လေး ကလဲ စားချင်စရာ ဘဲ။
    သူတကာပြောသလို မအိလူကြီးရော၊ သမီးလေးရော ဒီလို မေမေ ကိုရတာ ကံကောင်းပါ့။ :hee:

    • Ma Ei

      November 9, 2012 at 12:42 pm

      မလတ်ရေ…
      အိုက်ဒေါ်လှ 25 ကိတ်ကို နတ်တွေလို အနံ့ရှူလို့
      ကိုယ်တိုင်လုပ် ပေါင်မုန့်လေးဘဲ စားလိုက်ရပါတယ်…
      မအိလူကြီးကတော့အပင်ပန်းခံလိုက်တာကွာ…ဝယ်စားလိုက်ပြီးရောတဲ့လေ…

      ခိုင်ဇာရေ…
      Comment တွေပြပြီး ရှင်ဘာငြင်းချင်သေးလဲလို့ ပြောလိုက်တော့မယ်…

      နိုဗွီရေ…
      FB Friend ချောစု ရဲ့မုန့်လုပ်နည်း http://chawsufoodfriends.blogspot.com.
      ကိုကြည့်ပြီးလုပ်ခဲ့တာရယ်..… မုန့်လုပ်နည်း အဆင့်ဆင့်ကို ပုံလေးတွေနဲ့ သေချာ
      ရှင်းပြထားတာမို့ အလွယ်တကူလုပ်နိုင်ခဲ့တာပါ…သိသလောက်လဲပြောပြပါမယ်…

      ရွာစားကျော် says:
      ကော်ဖီလေးနဲ့ကတော့ လိုက်မှလိုက်ပါဘဲ…

  • Khaing Zar Win

    November 9, 2012 at 8:24 am

    ဟုတ်တယ်။ မုန့်လုပ်နိုင်တယ်ဆိုတာ အတော်စိတ်ရှည်ပြီး အချိန်ပေးရတာ။ မအိကို ပိုင်ဆိုင်သူကြီး ကံကောင်းတာ ငြင်းမရဘာဘူးလေ။ 🙂

  • Novy

    November 9, 2012 at 9:56 am

    နိုဗွီလဲ အဲ့လိုမုန့်လေးတွေလုပ်စားချင်တာကြာလှပေါ့
    Oven လဲမရှိ လုပ်လည်းမလုပ်တက်
    Oven ဝယ်ပြီးရင် မအိဆီမှာလာသင်မယ်နော်

  • ရွာစားကျော်

    November 9, 2012 at 10:01 am

    ဒီနေ့မနက်စာ
    ကော်ဖီဖျော်ပြီး မအိမုန့်တွေနဲ့ လွေးလိုက်တယ်ဗျာ..

  • aye.kk

    November 9, 2012 at 10:02 am

    မအိရေ…
    မုန် ့က စားချင်စရာကောင်းလိုက်တာ။
    မုန် ့လုပ်နည်းမျှဝေပေးတာကျေးဇူးနော်။

    • Ma Ei

      November 9, 2012 at 1:04 pm

      အမအေးရေ…
      မုန့်ကလေးကိုချီးကျူးလို့ ဝမ်းသာမိပါတယ်…
      ပင်ပန်းမဲ့ ဇာတာရှင်ဖြစ်နေတယ်နဲ့တူရဲ့နော်…

      ဝေဝေရေ…
      အာလူးနံနံပင်ပေါင်မုန့် လေးလဲ လုပ်ကြည့်ဦးမှာ…
      ကိတ်မုန့်လဲ စမ်းကြည့်ဦးမယ်…
      စာအုပ်လေးလဲဝယ်ထားတယ်…
      :hee:

      မွန်ကစ်ရေ…
      နောက်တစ်ခါပေါ့နော်…
      နောက်ခါ နေမကောင်းဖြစ်နဲ့နော်…
      ရုံးပြေးနဲ့…
      :harr:

      ခိုင်ခိုင်ရေ…
      သားသမီးတွေ အများကြီး ရှိဘူးရယ်…
      သမီးလေးတစ်ယောက်ဘဲ ရှားရှားပါးပါး မွေးထားတာ…
      သူများတွေ မောင်လေးတွေ၊ညီမလေးတွေ ရှိပြီးသူက
      ဘာလို့ သူတစ်ယောက်တည်းလဲ အမြဲမေးတတ်တာ…မအိကလဲ
      မုန့်တွေ သမီးတစ်ယောက်တည်းစားရတာပေါ့ လို့ပြောနေကျလေ…

  • weiwei

    November 9, 2012 at 10:32 am

    ချောစု ဘလော့မှာ တွေ့ကထဲက စမ်းလုပ်ချင်နေတာ .. ဒါပေမယ့် အာလူးနံနံပင်ပေါင်မုန့်လုပ်ကြည့်တာ သူလုပ်သလိုမဖြစ်တာနဲ့ နောက်တစ်မျိုးစမ်းဖို့ ကြောက်နေခဲ့တာ … အခုလို မအိက လုပ်ပြလိုက်တော့ လုပ်ကြည့်ဖို့ အားရှိသွားတယ် … ပါဝင်ပစ္စည်းတွေ ဝယ်ထားပြီးသားရှိတယ် ..

  • Mon Kit

    November 9, 2012 at 11:36 am

    မအိရေ…
    လွဲချက်က နာတယ်ကွာ…
    စားစေချင်လို့ ယူလာပေမဲ့ ကပ်သီလွဲခဲ့ရဒယ်…
    မြင်သိစိတ်လေးနဲ့ဘဲ စားသွားပါတယ်..
    ကျေးကျေးနော်……. 🙂

  • Khaing Khaing

    November 9, 2012 at 12:21 pm

    မအိလို အိမ်ထောင်ရှင်မမျိုးရတဲ့ အမျိုးသားကတော့ ကံကောင်းပါ၏။
    သားသမီးတွေလည်း ဒီလိုအမေမျိုးရလို့ ကံကောင်းပါ၏။

  • may flowers

    November 9, 2012 at 1:25 pm

    မုန့်လေးတွေက လှလိုက်တာ… ကြည့်ရုံနဲ့ တင်အရသာရှိမယ်ဆိုတာ မပြောပဲသိပါတယ် မအိရေ

    နည်းလေးကူးထားလိုက်ပြီနော်………….ကိုယ်တိုင်လုပ်ရင် မအိရဲ့မုန့်လို လှလှလေးရဖို့ မကျိန်းသေ

    လောက်ဖူးနော်… :hee:

  • Ma Ei

    November 9, 2012 at 2:04 pm

    မေဖလားဝါးရေ…
    မအိက http://chawsufoodfriends.blogspot.com.ကိုကြည့်ပြီးလုပ်ခဲ့တာရယ်..…
    မုန့်လုပ်နည်း အဆင့်ဆင့်ကို ပုံလေးတွေနဲ့ သေချာရှင်းပြထားတာမို့
    မုန့်လှလှလေးရမှာ သေချာပါတယ်…လုပ်ကြည့်နော်…

  • မိုချို

    November 9, 2012 at 5:08 pm

    မအိ က အရမ်း စိတ် ရှည် တာပဲ။ မိုချို ဆို အဲလိုမျိုး မုန့် တွေ ကို တခါ မှ လုပ် မစား ဖူးဘူး။ အာလူး ဆနွင်း မကင်း လောက် လုပ်တာတောင် မဖြစ် တော့ နောက် ဆက် မလုပ်ချင်တော့ ဘူး။ အလွယ်ပဲ ဝယ်စား လိုက် တော့ တယ်။ တခါလောက် စမ်းကြည့် လို့ ဖြစ်သွား ရင်တော့ နောက် လုပ် ဖို့ စိတ်ပါမယ် ထင်ပါရဲ့။

    • Ma Ei

      November 12, 2012 at 2:17 pm

      မိုချိုရေ…
      စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…
      အောင်မြင်မှာပါ…

      လုံမလေးရေ…
      နောက်ထပ် ဘလော့ဂ်လေးတစ်ခု http://evy-foodlover.blogspot.sg
      ကိုထပ်ညွှန်းလိုက်ပါတယ်..မုန်လုပ်နည်းလေးတွေ စမ်းကြည့်ပါဦးနော်…

  • တော်လိုက်တာအစ်မရေ.. ကြည့်ပြီးတော့တောင် ကိုယ်တိုင်လုပ်နိုင်တယ်ဆိုတော့…
    မုန့်လုပ်နည်းရော… ဒေါ်လှ 25 ကျပ်တန် ကိတ်ရော… အရမ်းအသုံးဝင်တဲ့ ဘလော့ဂ်ကိုရော သိခွင့်ရလို့ ကျေးဇူးပါ အစ်မရေ…

    ခင်တဲ့
    လုံမလေး…

  • pooch

    November 9, 2012 at 7:02 pm

    ချယ်ရီကိတ်လေးက စားချင်စရာလေး ဈေးကလည်း ကောင်းလိုက်တာ ။
    ကျမတော့ မအိရေ ဂျုံနယ်ရတာ ပင်ပန်းလွန်းလို့ တော်ရုံတန်ရုံ လူစုံတက်စုံ ဝိုင်းလုပ်မှပဲ လုပ်စားဖြစ်တော့တယ်။ ဒါတောင် သိပ်များများ စားစား လုုပ်တတ်တာ မဟုတ်ဖူး။

    မအိကိုတော့ အားကျတယ် ။ တခါထဲ ကြည့်လုပ်တာတောင် လှလှပပ အရသာရှိရှိ ထွက်လာတယ် ဆိုတော့ လက်ဆ ရှိတာပေါ့။ 😀

    • Ma Ei

      November 12, 2012 at 2:37 pm

      ပုချ် ရေ…
      ဂျုံနယ်ရတာ ပင်ပန်းပေမဲ့ မုန့်လှလှလေးတွေရလာတော့
      ပီတိဖြစ်ရတာနဲ့ ဆက်လုပ်ဖြစ်နေတာရယ်…

      ကိုခင်ခရေ…
      အားပေးလို့ ကျေးဇူးပါနော်…

      • အင်္ဂ ါZ

        November 12, 2012 at 2:45 pm

        မပြောနဲ့ အန်တီအိရေ…
        သူက အန်တီအိတို့လို မိန်းမပီပီသသ လက်ကြောတင်းတင်း
        ဟုတ်ဟန်မတူဘူး ..အဲ့လို အပြူထင်း လို့လည်း မစွံတာ..
        တစ်ကိုယ်တည်း အပျိုဂျီး ဘွ နဲ့
        နောက်ဆုံး စစ်ကိုင်းဂျောင်မှာ အရိုးထုတ်ရမှာပါ…
        မြင်ယောင်ပါသေးတယ်…

        ဒက်ဂလောက် ..ဒက်ဂလောက်..

  • Ko Khin Kha ( သရီးကေ )

    November 10, 2012 at 4:32 pm

    ရွာထဲကို မဝင်ဖြစ်တာ ၃-၄ ရက်လောက်ရှိပြီး၊ အခုဝင်ဖြစ်တော့ မအိရဲ့ စားချင်စရာမုန့်တွေမြင်လိုက်လို့
    ဗိုက်ဆာလာပြီမို့ လဘက်ရည်နဲ့စားဖို့ ပူပူနွေးနွေးအုန်းသီး နို့မလိုင် ပေါင်မုန့် တွေယူသွားပြီနော်။

Leave a Reply