ချိုသော မက်မန်းသီးများ နှင့် ကလောမြို့..… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (11)… ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊ ကလောHotel ၊ ပန်းခြံ စသည်ဖြင့် တစ်မြို့လုံးကို ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်… ကလောHotel ကို ဘူတာရုံဘေးနားရှိ မီးရထားသံလမ်းဘေး ဖြတ်လမ်းကလေးကသွားကြပါတယ်… အဲ့ဒီမှာ ကျမတို့ တစ်ဖွဲ့လုံး ပျော်ရွှင်စွာတွေ့မြင်ခဲ့ရတာကတော့ ခြံတိုင်း၊အိမ်တိုင်းမှာ ရှိနေတဲ့ မက်မန်းသီး ရောင်စုံ တွေဘဲဖြစ်ပါတယ်… ခြံထဲက အပင်တွေမှာ၊ခြံပြင်ကို ထွက်နေတဲ့ အကိုင်းတွေမှာ ၊လက်လှမ်းမှီရာ ၊လှမ်းမမှီရာမှာ အစိမ်း၊ အဝါ ၊ လိမ္မော် ၊ အနီ ၊ အညို တစ်ကယ်ကို အသီးရောင်စုံ ပါဘဲ… မက်မန်းသီးတွေ မြင်မှတော့ ခြံပြင်ရောက်တဲ့ အသီး၊ မှီတဲ့ […]