Mon LayAugust 26, 20193min33830
Traditional things လေးတွေဆို မွန်လေးက အရမ်းကြိုက်တာပါ…  Review Stay Tuned!!#ချစ်ခြင်းအားဖြင့်ဖန်တီးသည်#yk#collections#myanmar#traditional#things#innovativecraftproducts#Jewellery#RedLuckySeed#Eco_Friendly#ykcollections#TropicalSeeds#craftedinmyanmar#rings#earrings#bracelet#accessories#Myanmar#Ladies#Smart#SocENT


ဇီဇီAugust 30, 20187min9297
ခုတလော ရောဂါထနေတာတော့… အိမ်တွင်းစိုက်ပျိုးလို့ရတဲ့… စိုက်သင့်တဲ့… စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး 😛 အိမ်တွင်း အိပ်ခန်းတွင်း ရေချိုးခန်းတွင်း မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ … နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။ စပြီ။ ၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။   ၁) Aloe Vera   မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ […]


Mon LayAugust 15, 20171min2442
#Water boom @Yangon ဒီတစ်ခေါက်လည်းမွန်လေး Water boom ကို Team Building အတွက်တစ်ဖန်ရောက်ရှိလာခဲ့ပါတယ်… ဒုတိယအကြိမ်ရောက်လာခဲ့တော့..ပထမအကြိမ်တုန်းကစီးခဲ့..ရင်ထိတ်ခဲ့တာတွေကအရမ်းကိုပျော်စရာဖြစ်နေတော့တာပေါ့..အထူးသဖြင့် Octopus Slideတွေပေါ့..ပထမအကြိမ်မစီးရဲဘူးဖြစ်နေခဲ့တာ… ဒုတိယကြိမ်ကျအရမ်းကိုစီးကောင်းလို့၃ခါတောင်စီးခဲ့တာ..ဒါတောင်လှေကားတွေအမြင့်ကြီးတက်ရလို့..မတက်ရဘူးဆို…ဘယ်နှစ်ခါပြန်တောင်စီးမလဲမသိ😜😜 အရမ်းပျော်ဖို့ကောင်းပါတယ်…ပြည့်ပြည့်စုံစုံလေးသိချင်ရင်တော့ ပထမအကြိမ်သွားတုန်းကreviewလေးကိုပြန်ရှာဖတ်လို့ရပါတယ် မန်းလေးမှာလည်းဖွင့်နေပြီကြားပါတယ်..မန်းလေးရောက်လို့အချိန်ရရင် မန်းလေးwater boomလည်းသွားဆော့ပါဦးမယ် #ချစ်ရတဲ့သူတွေနဲ့အတူဆော့ပြီးအပျော်ကြီးပျော်နိုင်ကြပါစေ


ဇီဇီMarch 21, 20163min54133
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ ချယ်ရီကိုသာပန်ပါ ကျေနပ်ကွယ်~~~~~~~   “ချယ်ရီကိုသာပန်ပါကွယ်” ရဲရဲတင်းတင်း ချယ်ရီပန်းလို့ပဲ သုံးနှုန်းလိုက်ပါတယ် ပိတ်သတ်ကြီးး :chit: ဖြစ်ပုံက Gardens by the Bay   မှာ ချယ်ရီပန်းတွေ (သူတို့ အခေါ် ဆာကူရ) ပြပွဲရှိတယ် ဆိုလို့ သွားရာက ဟိုရောက်တော့မှ ချယ်ရီပန်းဆိုတာ အမျိုးစုံပါပဲလား အံ့ဩခဲ့ရတာပါ။ 😳 တစ်ချို့က ချယ်ရီမဟုတ် မက်မုံပွင့် လို့လည်း ပြောရဲ့။ အဲဒါနဲ့ ဓာတ်ပုံကိုလည်း ဒီ တိုင်းမတင်ရဲပဲ ဆရာဂီကို အရင်လှမ်းမေးး၊ ရှာဖတ် ရှာကြည့်တော့မှ ဂလိုတွေ့ပါတယ်။ . .     မက်မုံသီး (Peach) (တညားကတော့ စွန်းဝူခုန်း ခူးစားခိုးစားတဲ့ အသီးလို့မှတ်ထားတာပဲ) မက်မန်း […]


ဇီဇီSeptember 26, 20154min71725
ဒီနေ့ ဂန္ဓမာ ပန်းတွေ ရိုက်မယ် ဆိုပြီး သွားတဲ့ ရုံး အဖွဲ့နဲ့ လိုက် ယောင် ခြောက်ဆယ်လိုက်တာ။ . တစ်ပွင့်ချင်းစီမှာ ထွေထွေထူးထူးမလှလို့အခင်းလိုက်လေးတွေပဲ ဝေါပေပါ လုပ်လို့ရအောင်။   :mrgreenn:                                             သည်းခံပါ ပိတ်သတ်ကြီးးး ဒါထက်လှတာတွေ ကျနော်တို့ နိုင်ငံက ဈေးထဲမှာ ပေါပါတယ်။ ဟိဟိဟိ   :mrgreenn:  


ဇီဇီAugust 5, 20154min47914
ရေးချင်တာတွေ မရေးနိုင်ခင် ဖရုံသီး အရင် သီးပါရစေ။             ကွကိုယ် ဘူး၊ ဖရုံ၊ ဖရဲ, သခွါးမျိုးတွေ ချာလပတ်ရမ်းနေအောင် မသိတာမို့။ ရှာရင်း ဖွေရင်း သိသလောက် လာထားထားတာ။ အခြေခံမျိုးတွေက… ၁) ရွှေဖရုံ (ဒါကတော့ ရှင်းတယ်။ ဟင်းချက်စားတာ၊ ဟိ) ၂) ကျောက်ဖရုံ (ဒါလည်း ရှင်းတယ်၊ ဟင်းခါးချက်တယ်၊ အကြော်ကြော်တယ်။ ဖရုံယို လုပ်တယ်) ၃) ဟန်နီဂျူး (သခွါးမွှေးခေါ်သလားမသိ၊ အစိမ်းရောင် ချိုချိုလေးး၊ ခု ရုံးမှာသီးတဲ့ဟာ) ၄) ဖရဲသီး (ဒါလည်း ရှင်းတယ်။ အဝါနဲ့အနီရှိတယ်) ၅) Rock Melon မှာ စရှုပ်ပြီ။ (မြန်မာလို […]


ဇီဇီJuly 18, 20154min2158
  မွအိ က သစ်ခွပန်း ကြိုက်တယ်။ စိုက်လည်း စိုက်တယ်။ အာ့ကြောင့် မွအိ အတွက် တင်တာ။ ခိခိ :mrgreenn: အကြောင်းရှာရတာ ဂလိုပဲ။ အစက သစ်ခွပန်းမျိုးနံမည်တွေပါ ထည့်ပေးမယ် ဆိုပြီး ရှာလိုက်တာ မျိုးစိတ်တွေရော မူရင်းမျိုးတွေရော ဖတ်ပြီး မူးလာလို့ နံပတ်ပဲ တပ်လိုက်ပြီ။ ရိုက်တာရော ပြင်တာရော အလုံးစုံ မိတ်အင် ကျနော့ ဖုန်းး   :mrgreenn:                                           […]


Ma EiJune 10, 20152min36019
ခြံထဲမှာ ခရမ်းပြာရောင်ပွင့်တဲ့ ပန်းပင်ကလေးတစ်ခြုံရှိပါတယ်… အပင်သေးလေးတွေစုပေါက်တယ်…မျိုးစေ့က ျတဲ့နေရာ အပင်ပေါက်လို့ပွားမြန်တယ်… ခရမ်းပြာရင့်ရင့်နဲ့ ကန်စွန်းပွင့်လို အပွင့်လေးတွေပွင့်တာ လှလှပပ ပါဘဲ… တစ်မနက်မှာဘဲ အပွင့်လေးတွေကြွေတတ်တာ နှမြောမိပေမယ့် သဘာဝကိုနော့… နံမည်တော့ မသိပေမယ့် သူလဲ ပန်းခရမ်းပြာ ပါဘဲနော ်…


ဇီဇီJune 2, 201510min37257
မွေးမေလေ့နဲ့ သူ့ရဲ့ ရီဆိုင်ကယ်လာတွေ အကြောင်း ပြောပြအူးမယ်။ ခု အငြိမ်းစား ယူသွားတဲ့ နံပတ် ၂ ရဲ့ မွေးရပ်မြေကို ပြောင်းရတုန်းကပေါ့လေ။ ပြောင်းတုန်းက ကိုယ်က ၁ဝ တန်းဖြေပြီး ချိန် လိုက်သွားတယ်။ နောက်တော့ သင်တန်းပြန်တက်လိုက် ပြန်လာလိုက်မှာ တစ်ခေါက်ပြန်ရောက်တဲ့ အချိန် အိမ်မှာ အမျိုးသမီးကြီးတစ်ယောက် ရှိနေပါရောလားး ပိန်သမျှ လှပ်လို့၊ အရပ်ကလည်း အရှည်ကြီးး၊ လမ်းသွားရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ဆေးပေါ့လိပ်ကို မီးခိုးထွက်အောင် သောက်တာ။ အာ့နဲ့ ဘယ်သူတုန်း ဘာတုန်းပေါ့။ မွေးမေလေ့က ပြန်ဖြေတယ်။ သူ့ ညာ လက် ရုံး တဲ့။ ဘုရား၊ဘုရားးး!!!! ဘယ်လက်ရုံး ရှိသေးလား ဆိုတော့ ရှိသေးသတဲ့။ အိမ် မှာ ကူဖို့ […]


Ma EiMay 28, 20152min20612
အိမ်မှာ ယုဇနပန်းတွေပွင့်နေတယ်… အပင်ကြီးတစ်ပင် အသေးတစ်ပင် ပွင့်လိုက်တာ တစ်ခြံလုံး မွှေးနေတာပါဘဲ… ပန်းရနံ့လေးတွေနဲ့ အတူအိပ်ရင်း ငယ်က ရူးခဲ့ရတဲ့ သီချင်းလေးသတိရခဲ့တယ်…. ဓာတ်ပုံရိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း … သီချင်းလေး နားထောင်ရင်း (ဖတ်) ရအောင် တင်ပေးလိုက်တယ်နော်… ယုဇနပင် နဲ့ ဖဲကြိုးဝါ မင်းမင်းလတ် အိမ်ပြန်လတပေါင်းနဲ့ ချစ်စရာ့နွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ် ကိုယ်ပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုယ်မသိဘူး ချစ်လိမ့်မယ်… အို မချစ်ဘူး… ဒီလိုမေးခဲ့တယ်… … ဒီလိုမေးခဲ့တယ် ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်.. ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအဝါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်.. အဝါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်… တွေ့ပါ့မလားကွယ် ဖဲကြိုးအဝါကို […]


ဇီဇီMay 20, 20152min39936
    မယုံမရှိနဲ့။ အဲ။ မယုံလည်း ရှိစေတော့။ ဟိဟိ။ :mrgreenn: ကိုယ်တွေ သားအမိဟာ၊ မီးဖိုထဲဝင် ဟင်းချက်ရမယ် ဆိုရင်တော့ အချင်းချင်းလွှဲချပြီး ပြေးတဲ့ အကျင့်က အစ အတော်တူတာ။ ကိုယ်တွေ မလုပ်ချင်တဲ့ အရာတွေ မလုပ်တတ်တဲ့ အရာတွေက အများကြီး…. – ဟင်းမချက်ချင်ဘူးးး၊ ဟင်းစပ်ပဲ စပ်ချင်တယ်။ – ဈေးမသွားချင်ဘူးးး၊ အသားနဲ့ ဟင်းသီးဟင်းရွက် ဈေး ပြောတာ – ချည်ထိုး၊ ပန်းထိုး၊ ဆွယ်တာထိုး ဘာမှ မတတ်ဘူးး – အသက်မွေးဝမ်းကျောင်း ပညာရပ် ဘာမှ မတတ်ဘူးး (ဒီဇိုင်းထုတ်တာကလွဲရင်) :bb: မိန်းမတို့ လုပ်သင့်တယ် ဆိုတဲ့ အလုပ်တွေထဲမယ် အိမ်ရှင်းတာကိုပဲ သဘောကျတယ်။ မွေးမေလေ့နဲ့ ညီတာလည်း […]


ဇီဇီMay 17, 20152min26714
ဓာတ်ပုံရိုက် ရောဂါ ကူးပြီးကတည်းက နဂိုကလည်း ပန်းချစ်တတ်သူမို့ ကိုယ့် ပီစီထဲလည်း ဘာမှန်းမသိတဲ့ ပန်းပုံတွေ ပြည့်လို့။ :kwi: အဲဒါကို ဒီ တိုင်း ဓာတ်ပုံတင်မဲ့ တူတူတော့ အဲဒီ ပန်း မျိုးတွေ နာမည်တွေ ရှာပြီး အသိပေးတင်တာ ကြည့်တဲ့သူ၊ ပန်းချစ်သူတွေလည်း အကျိုးမယုတ်ဘူးလို့ ယူဆတယ်လေ။ သိပြီးသားသူနဲ့လည်း အသိဖလှယ်ပြီးသားဖြစ်တာပေါ့။ မြန်မာလိုရော အင်္ဂလိပ်လိုရော သိသလောက် နာမည်ပြောမှာပေါ့။ သိတဲ့သူတွေ ဝင်ပြောပေးကြပါအူးလို့။ ခုပထမဆုံး က Camomile ပန်းလေးတွေပါ။ ဒီမှာ က ခြုံ လိုမျိုး စိုက်ထားလို့ ဒေစီနဲ့ တူပေမဲ့ ဒေစီလို့ မထင်မိပဲ ကိုယ့်နိုင်ငံက တပင်ရွှေထီးပန်း နဲ့ တူတယ်လို့ပဲ ထင်မိတယ်။ ဟီးးး ကြည့်ပေးပါအူးး :k: […]


Ma EiMay 15, 20152min17815
ခြံထဲမှာ နှင်းဆီ နှစ်အိုးရှိတယ်… ရေလောင်းရုံနဲ့ နှင်းဆီပန်းရောင်လေးတွေနွေ မိုးဆောင်း ပွင့်နေလိုက်တာ… အရမ်းကိုလှလို့ အဖူး အပွင့် လေးတွေ တွေ့တိုင်းဓာတ်ပုံရိုက်ထားမိခဲ့တယ်… ပန်းကလေးတွေတွေ့ရင် ကြည်ကြည်နူးနူး ပီတိဖြစ်မိတာမို့ မျှဝေလိုက်ပါတယ်… ရွာသူား   အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…