ဝါဆိုမိုး ၊ ဝါဆိုပန်း နှင့် အတူ…

Ma EiAugust 3, 20122min38420

ဝါဆိုမိုး ၊ ဝါဆိုပန်း နှင့် အတူ…

 

ဝါဆိုမိုးနှင့်အတူ ဝါဆိုပန်းကလေးတွေ ဖူးပွင့်လာခဲ့ပါပြီ်…

ဝါဆို၊ဝါခေါင် ရေဖောင်ဖောင် ဆိုသလို မိုးများများရွာလာရင်ဖြင့် ခြံရှေ့မှာ ဝါဆိုပန်းပင်လေးတွေပေါက်လာခဲ့ပါတယ်…

ကျမ ဝါဆိုပန်းလို့ခေါ်တဲ့ ပန်းကလေးတွေသည် ပန်းတိမ်ငိုကဲ့သို့ မျိုးရင်းထဲကဖြစ်ပါလိမ့်မည်…

ပန်းတိမ်ငိုပန်းသည် တွင်ကျယ်စွာစိုက်ပျိုး ရောင်းချနေသော ပန်းမျိုးဖြစ်ပြီး၊ယခု ဝါဆိုပန်းကလေးများကိုဖြင့်

မည်သည့်နေရာ ဒေသများတွင် ပေါက်ရောက်သည်၊မည်ကဲ့သို့ အမည်ရှိသည် ဆိုသည်ကိုဖြင့် မသိပါကြောင်း

စကားဆိုထားပါရစေ…

 

 

3. ဝါဆိုပန်းခက်များ

 

ဝါဆိုပန်းများပွင့်သော ဝါဆိုလသည် ဗုဒ္ဒဘာသာ မြန်မာလူမျိုးတို့အတွက်ထူးခြားသော လထူးလမြတ်လည်းဖြစ်ပါသည်။

သနေ၊္နတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ ဆို၍ ဝါဆိုလတွင် မြတ်စွာဘုရားရှင်အလောင်းတော်ကိုဖွားမြင်ရန် မယ်တော်၌သန္နေခခြင်း၊

ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ဘုရားဖြစ်တော်မူ၍ ပဉ္စဝဂ္ဂီ ငါးပါးတို့အား တရားဦးဟောတော်မူခြင်း၊တိတ္တိတို့အား တန်ခိုးပြာဋိဟာ ပြတော်မူခြင်းတို့ကိုပြုခဲ့သောလပင်ဖြစ်ပါသည်။

ဝါဆိုလသည် ရဟန်းသံဃာတော်များ ဝါဆို၊ဝါကပ်တော်မူသော လလည်းဖြစ်ပါသည်။ ဝါဆိုပွဲ ဖြစ်ပေါ်လာပုုံမှာ ဘုရားရှင်လက်ထက်တော်က

သံဃာအများသည် ဥတုသုံးလီ တစ်ဆယ်နှစ်ရာသီပတ်လုံး ခရီးများသွားလာလျက် ရှိကြ၍ လူတို့စိုက်ပျိုးမွေးမြူထားသော လယ်ယာစိုက်ပျိုးခင်းများ၊ သီးပင်စားပင်များ ၊ ပိုးမွှား တိရစာ္ဆန်များ ထိခိုက်သေကျေ ပျက်စီးခြင်းမရှိစေရန်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က“ရဟန်းတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ ဝါတွင်းသုံးလကာလပတ်လုံး မည်သည်ံအရပ်သို့မျှ ညဉ့်အိပ်၊ ညဉ်နေမသွားကြရ၊ ဝါဆိုဝါကပ်ပြုကြရမည်။” ဟု ဥပဒေ ဝိနည်းဒေသနာတော်ကို ပညတ်တော်ချမှတ်ချိန်မှစ၍ သံဃာတော်များ၏ ဝါဆိုပွဲဖြစ်ပေါ်လာခဲ့သည်ဟု မှတ်သားခဲ့ရပါသည်။

ထိုကဲ့သို့ ဝါဆို ဝါကပ်တော်မူမည့် ရဟန်းသံဃာတော်များကို သင်္ကန်းများဆက်ကပ် လှူဒါန်းကြသည့်အတွက် ဝါဆိုသင်္ကန်း ကပ်လှူခြင်းဟူသော

အလေ့ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း မှတ်သားရမိပါသည်။

ကျမတို့ မိသားစုလည်း ဝါဆိုမိုး၊ဝါဆိုပန်းနှင့် အတူ နှစ်စဉ် ကပ်လှူမြဲဖြစ်သော ဝါဆိုသင်္ကန်းကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆွေမျိုး၊ မိတ်သင်္ဂဟ၊ အိမ်နီးချင်း များကို ဖိတ်ကြား ဧည့်ခံ၍  အတူတကွ တရားတော်များ နာယူခဲ့ကြပါတယ်။

ညဦးပိုင်းတွင် လှူဖွယ်ရာများပြင်ဆင်ခင်းကျင်းပြီး ဓါတ်ပုံရိုက်ထားခဲ့ပါတယ်။မနက်မှာလည်း အချိုပွဲလေးပြင် ဓါတ်ပုံရိုက် မှာထားတဲ့ ထောပတ်ထမင်းရောက်လာရင် ပြင်ဆင် ဓါတ်ပုံရိုက်မည် စိတ်ကူးနဲ့ ဟုတ်နေပေမဲ့ သံဃာတော်များ ကြွရောက်ချိန်မှ လှူဒါန်းကျွေးမွေးရန် မှာထားသော အစားသောက်များ ရောက်လာသည့်အတွက် တရားတော်ကို စားသောက်ဖွယ်ရာများ  ပြင်ဆင်လုပ်ကိုင်ရင်းကနေ နာကြားခဲ့ရပါတော့တယ်။

ဧည့်သည်များလဲ ဆက်တိုက် ရောက်လာကြတော့ ပြင်ဆင် ကျွေးမွေး ဧည့်ခံရင်း ပျော်ရွှင်ကြည်နူးဘွယ်ရာ လှူဒါန်းခဲ့ရပါတယ်။

ဤအဖို့ဘာဂ အဝဝ ကို ရွာသူားများ အသက်ရှည်ရာ၊ အနာမဲ့ရေး ၊ ရန်ဘေးကင်းကြောင်း ၊ ကောင်းမှု မင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ  အမျှ ၊ အမျှ ၊ အမျှ ပေးဝေလိုက်ပါတယ်။

4. ဝါဆို သင်္ကန်းနှင့် လှူဘွယ် ဝတ္ထု…
  1. 5. အချိုပွဲလေးပြင်ထားတာ…
  2. 6. ခုမှ ဓါတ်ပုံရိုက်ရတယ်…

လေးစားခင်မင်ရပါသော သူကြီးနှင့်တကွ ရွာသူားများ

ဝါဆိုမိုး၊ ဝါဆိုပန်းနှင့် အတူ…

နှလုံးစိတ်ဝမ်း၊ အေးချမ်း ကြပါစေ…

ခင်တဲ့

မအိ

20 comments

  • Khaing Khaing

    August 3, 2012 at 12:06 pm

    မအိရေ …. ဝါဆိုပန်းလေးတွေကို မြင်ရတော့ ငယ်ဘဝကို သတိရမိတယ် … ငယ်ငယ်ကဆို အိမ်နားမှာ တောတွေရှိတော့ ဝါဆိုပန်းလေးတွေခူးကြတာပေ့ါ …… အခုတော့ ရန်ကုန်မြို့မှာ ချုံပုတ်တွေနည်းသွားပြီလေ …… ဝါဆိုလပြည့်နေ့အတွက် အလှူကို ထပ်ထူထပ်မျှ သာဓုခေါ်လိုက်ပါတယ် …

    • Ma Ei

      August 3, 2012 at 12:29 pm

      ခိုင်ခိုင်ရေ…
      ဝါဆိုပန်းခူးဆိုပြီး ခြံထဲက
      ပန်းတွေခူးလိုက်ရင်ဖြင့်
      အမေဆူမှာသေချာတယ်..
      ပန်းဆိုတာ အပင်မှာဘဲ
      လှတယ်တဲ့လေ…

  • mamanoyar

    August 3, 2012 at 12:14 pm

    ဝါဆိုပန်း တစ်ခါမှမမြင်ဖူးဘူး
    အခုမှမြင်ဖူးတာ
    အရွက်က ပန်းတိမ်ငိုပန်းနဲ့ဆင်တယ်နော်
    လှတယ်

    • Ma Ei

      August 3, 2012 at 12:27 pm

      ဝါဆိုလမှာပွင့်လို့ ဝါဆိုပန်းလို့ ခေါ်လိုက်တာပါ…
      လှတယ်ဆိုလို့ ကျေနပ်သွားပြီ…

      • Khaing Khaing

        August 3, 2012 at 12:51 pm

        ဝါဆိုပန်းလေးတွေက အနံ့လည်းနည်းနည်းမွေးသေးတယ်နော် မအိ ….

  • aye.kk

    August 3, 2012 at 12:38 pm

    မအိရေ..
    ရင်ထဲမှာကြည်နှူးပီတိဖြစ်မိရပါတယ်။
    ဝါဆိုပန်းလေးကလှလိုက်တာ။
    မအိနဲ ့အပြိုင်လို ့ထင်မိတယ်..။။
    မအိရဲ ့စေတနာလေးအတွက်ကျေးဇူးတင်မိရပါတယ်လို ့ပြောလိုက်ပါရစေနော်။။

    • Ma Ei

      August 3, 2012 at 1:39 pm

      ဝါဆိုပန်းကလေးတွေကလေ
      အရင်က တစ်ခက်နှစ်ခက်ကနေ
      တစ်နှစ်ထက်တစ်နှစ် ပွားလာတာရယ်…
      ပန်းကလေးနဲ့ ပြိုင်လှတယ် ထင်ပေးလို့
      မအေးရေ…ကျေးဇူးနော်…

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 12:49 pm

    ပြည့်စုံအောင်ဖော်ပြပေးလို ့ကျေးဇူးပါ မအိရေ။ကျနော့် မပြည့်စုံတဲ့ပို ့စ်လေးကို
    အားပေးပါအုံးဗျာ။

    • Ma Ei

      August 3, 2012 at 1:46 pm

      သန်းထွဋ်ဦး ရဲ့ post မှာ
      ခေတ်လူငယ်တွေ လမ်းမမှားရအောင်
      သတိထားနိုင်တာဘို့ ရေးထားတာလေး
      ကောင်းပါတယ်…
      အားပေးပါတယ်နော်…

  • မောင်ပေ

    August 3, 2012 at 1:32 pm

    ပေးတဲ့ဆုနဲ ့ပြည့်ပါရစေဗျား
    ဒါနဲ ့ဒေါ်ကျင်လှိုင်ဆိုတဲ့ နာမည် ဝတ္ထုငွေထည့်တဲ့ စာအိတ်မှာ ဖတ်ရပါတယ်

    • ရဲစည်

      August 3, 2012 at 1:41 pm

      ဟဲ့ ကပေရယ် ညဉ်းမလဲ စပ်စပ်စုစုအေ
      :mrgreen:

      သာဓုပါ အမအိရေ သာဓုပါ သာဓုပါ
      ဲပြုသောကောင်းမှု အကြောင်းစုသော်
      သာယာအေးမြ ဘေးဘယကင်းလို့
      အေးငြိမ်းချမ်းသာနိူင်ပါစေ……….

      ဟီ နာ့ ဆုတောင်းက မယ်သီ အသံပေါက်နေသလိုဘဲ

      • Ma Ei

        August 3, 2012 at 1:48 pm

        ဆရာလေး ပေးသောဆုနှင့်
        ပြည့်စုံပါရစေ…

    • Ma Ei

      August 3, 2012 at 1:43 pm

      ဒေါ်ကျင်လှိုင် မိသားစု ကောင်းမှု…
      မိခင်ကြီးအမည်နဲ့ လှူခြင်းပါ ကိုပေရေ…

      • မောင်ပေ

        August 3, 2012 at 1:47 pm

        သာဓု သာဓု သာဓု ပါ အန်တီအိရေ
        ဒီနှစ်အခါမှာတော့ အစစအရာရာ အဆင်မပြေလို ့ဝါဆိုသင်္ကန်း မကပ်နိုင်ခဲ့ပါဘူး
        ဒီတော့ အန်တီအိ တို ့အလှူကိုပဲ ဝမ်းသာအားရစွာနဲ ့သာဓု ခေါ်ပါတယ် ခင်ဗျ

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 4:18 pm

    သာဓု .. သာဓု .. သာဓုပါ အန်တီအိ ခင်ဗျာ ..
    ဒါနဲ့ အဲ့ဒီအလှူမှာ အန်တီဆူးရော ပါဘူးလားဂျာ ..
    ပန်ထူးသာ သင်္ကန်းတွေကို တွေ့လို့ မေးကြည့်ဒါဘာ ..

  • နှင်းဆီ ငုံ

    August 3, 2012 at 4:29 pm

    ငုံတို့ဆီက ဝါဆိုပန်းက အဲ့လို အိမ်မှာစိုက်တဲ့ပန်း ဟုတ်ဘူး မအိရဲ့
    တောထဲမှာပေါက်တာ ပြီးတော့ အဲ့လို အကြီးကြီးဟုတ်ဘူး
    အပွင့်သေးသေးလေးတွေမှာ အရိုးရှည်လေးတွေနဲ့
    တစ်နေရာနဲ့တစ်နေရာ သတ်မှတ်တာ မတူတာနေမှာနော် …
    မအိတို့ဝါဆိုပန်းလေးကလည်း အေးချမ်းပါတယ်ရှင် …
    အလှူကိုလည်း သာဓုခေါ်ပါတယ်နော်

    • Ma Ei

      August 3, 2012 at 4:39 pm

      ဒီလို ဝါဆိုပန်းမျိုးလေးတွေ
      ဘယ်နေရာ ဘယ်ဒေသမှာ
      ဖူးပွင့်နေကြလဲ…သိချင်မိသား…
      အိမ်မှာလဲ တကူးတက စိုက်ထားတာတော့ မဟုတ်ဘူး…
      ပွားလာတာရယ်..များတော့ ပိုလှလာတယ် ထင်ရတယ်…
      ခုတော့ ဘောင်ကလေးလုပ်ပြီး စိုက်ထားဖြစ်တော့တယ်…

  • Ma Ei

    August 3, 2012 at 4:34 pm

    ဝယ်ယူ လှူဒါန်းရမှာချင်းတူတူ
    ကိုယ့် ရွာသူကို အားပေးတာပါ…
    တစ်ချက်ခုတ် နှစ်ချက်ပြတ်…
    သားရွှေအိုး ထမ်းလာတာ မြင်ချင်ပါတယ်
    ဆုတောင်းသလိုမျိုးပေါ့…

  • Mလုလင်

    August 3, 2012 at 11:54 pm

    ပန်ထူးသာ သင်္ကန်း မြင်တော့ ရွာတော်ရှင် ကို သတိရတယ်ဗျို ့….။ ကျေးဇူးတင်ပါတယ်ဗျာ ..။
    အစ်မ မအိရေ … သာဓု … သာဓု … သာဓု လို့ ခေါ်ခွင့်ပြုပါဗျာ ..။

  • ဆူး

    August 4, 2012 at 9:22 am

    အခုမှ ပိုစ် ကို မြင်မိတယ် နည်းနည်းတောင် နောက်ကျသွားတယ်။
    အလှူ အတွက် ကောင်းမွန်စွာ သာဓု ခေါ်သွားပါတယ်။
    နောက်လည်း များများ လှူနိုင်ပါစေ။

Leave a Reply