သရက်သီးကိတ်
သရက်သီးကိတ်လေးပါ…
ခုရက်ပိုင်း သရက်သီးတွေ လက်ဆောင်ရထားလို့ ဒီတိုင်းစားနေရာက အဆန်းထွင်ပြီး ကိတ်မုန့်ထဲထည်လို့ သရက်သီးကိတ်လေး လုပ်လိုက်ပါမယ်။ ကိတ်သားကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းကို သရက်သီးတုံးလေးတွေ ထည့်အလှဆင်လိုက်တာပါ။ သရက်သီးတုံးလေးတွေ အတွက် နဲနဲမာတဲ့ သရက်သီးကိုသုံးသင့်ပါတယ်။
ပထမဦးဆုံး မုန့်ဖုတ်မည့် ခွက်ထဲကို သကြား 1ဇွန်း၊ထောပတ် 1 ဇွန်းလောက်ထည့်ပြီး အပူပေးပါ။
သကြားပျော်ပြီးအရောင်ရင့်ရင့် လေးဖြစ်တဲ့အထိပါ…ပြီးရင် မီးဖိုပေါ်ကချ၊ အေးသွားရင် သရက်သီးတုံးလေးတွေ
ထည့်ထားလိုက်ပါ…

ကိတ်တစ်လုံးစာ မုန့်ရည်အတွက်ပါဝင်ပစ္စည်းတွေ…
1…ဂျုံ 5 tbsp
2…baking powder 1 tsp
3…သကြား 4 tbsp
4…ထောပတ်(ဂီး) 3 tbsp
5…နွားနို့ 3 tbsp
6…ကြက်ဥ 1 လုံး လိုအပ်ပါတယ်…
ခွက်တစ်ခုအတွင်းမှာ သကြား နဲ့ ထောပတ်ကို ဖြူပြီးပွလာအောင်ခေါက်ရပါမယ်…
အရောင်ဖြူဖြူလေးနဲ့ ပွလာပြီဆိုရင် ကြက်ဥ တစ်လုံးထည့်ခေါက်ရပါမယ်။
ကြက်ဥပျောက်ပြီး ခရင်မ်နှစ်နှစ်လေးဖြစ်လာမှ ဂျုံ၊ဘေကင်ပေါင်ဒါ အရောနဲ့ နို့ကို တစ်ဝက်စီထည့်မွှေလိုက်ပါတယ်…
ရလာတဲ့ မုန့်နှစ်ခရင်မ်ကို သရက်သီးတုံးလေးတွေထည့်ထားတဲ့ မုန့်ဖုတ်မည့်ခွက်ထဲ လောင်းထည့်လိုက်ရင်မုန့်ဖုတ်ဘို့ အဆင်သင့်ဖြစ်နေပါပြီ…




Oven ကိ ုအပေါ်၊အောက် 180 ဒီဂရီ နဲ့ 10 မိနစ်လောက် ကြိုဖွင့်ထားရမှာပါ…
အပူချိန်မှန်ပြီဆိုရင် ပြင်ဆင်ထားတဲ့ မုန့်ခွက်လေးကို အလယ်ဆင့်မှာထည့်ပြီး 15 မိနစ် ဖုတ်ပါ…
လိုအပ်ရင် အပေါ်မီးလျှော့ပြီး အောက်မီးနဲ့ပဲ 5 မိနစ်လောက် ထပ်ဖုတ်ရပါမယ်…
သွားကြားထိုးတံလေးနဲ့ ထိုးပြီးစမ်းကြည့်လို့ မုန့်နှစ်ရည် ကပ်ပါမလာရင် မုန့်ကျက်ပါပြီ…
ခဏခဏစမ်းလိုက် အပူချိန် အတိုးအလျှော့လုပ်လိုက်နဲ့ မကျက်မချင်း အဆင်ပြေသလိုညှိလိုက်တာပါပဲ…
ကျက်ပြီဆိုရင်ခဏ အအေးခံ၊ ပန်းကန်ထဲမှောက်ချလိုက်ရင်ဖြင့် အရောင် အဆင်း လှပတဲ့ သရက်သီးကိတ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…


ခင်တဲ့
အန်တီ မအိ
26 comments
KZ
May 28, 2013 at 5:29 pm
မွအိ အိမ်က ဘယ်မှာတုန်း ဟမ်??
လာလည်ပါရစေနော။
ပြန်လာရင်။
ဂလု
ဂလု
:kwi:
Ma Ei
May 29, 2013 at 11:20 am
KZ says:
အိမ်က MG ရွာထဲမှာလေ…
ပြန်လာရင် တွေ့ချင်ပါတယ်…
အိုက်ကျမှ..နော်..
Ko chogyi says:
ကီးချိန်း တစ်ကယ်ပေးထားသူဆိုတော့ ပြောအားရှိပေမပေါ့…
သံဒယ်အိုးနဲ့လှော်တဲ့ ပြောင်းဖူးပေါက်ပေါက်လဲ အားပေးချင်ပါသေးတယ်…
Ko chogyi
May 28, 2013 at 5:51 pm
မကျွေးဘဲ ပို့စ်မှာတင်တဲ့သူတွေကို
တင်းးးးးးးးးးးးးးးးးးးးးးးးးးးတယ်။
(မှတ်ချက်။ ဆယ်အိမ်ဂေါင်းပါ ပါတယ်)
အလင်း ဆက်
May 28, 2013 at 5:59 pm
ချား ချင် ဒယ်
ချစ်သုဝေ နဲ ့ညားပြီး ရင်တော့ လုပ် ကျွေး စေရမယ်
ဟိဟိ
ခင် ခ
May 29, 2013 at 9:18 am
မောင်အလင်းဆက်ရေ ဒီတသက် ဤမျှသာတော့ မလုပ်နဲ့နော်။
ဖိတ်စာမျှော်နေမယ်ဗျာ။
အရီးခင်လတ်
May 28, 2013 at 6:51 pm
လှလဲလှ အရသာလဲ ရှိမဲ့ ပုံဘဲ မအိရေ။
သရက်သီး ကလဲ အတော်ချို မဲ့ပုံဘဲ။
အာရုံခံ စားသွားတယ်နော်။
Ma Ei
May 29, 2013 at 11:33 am
မလတ်ရေ…
မြင်တဲ့သူကလှတယ်ပြော
စားတဲ့သူတိုင်းကတော့
ကောင်းတယ်ပြောကြတယ်…
အားနာလို့လားမသိ… :hee:
အလင်း ဆက် says:
ချစ်သုဝေ ခေတ်မကုန်သေးပဲကိုး…
ဖိတ်စာမှာ ဘယ်သူ့အမည်ပါမလဲ
ကြည့်ရဦးမယ်…
မောင် ပေ says:
ဒါမျိုးလေးတွေ ပဲ ရတာပါ…
TNA says:
သဲနုရဲ့ ကြက်အူချောင်းပေါင်မုန့်လေးတွေလဲ
စမ်းကြည့်ချင်တာနဲ့ နည်းမှတ်ထားတယ်…
မောင် ပေ
May 28, 2013 at 7:07 pm
အလဲ့…မအိ က ဒါမျိုးတွေ လဲ ရတာလား
TNA
May 28, 2013 at 7:11 pm
မှတ်သားစားသုံးသွားပါတယ်။ လုပ်နည်းလေးပေးလို့ကျေးကျေးပါ။
Ma Ma
May 28, 2013 at 8:31 pm
ရွာထဲမှာတော့ စားကောင်းသောက်ဖွယ်တွေ တည်ခင်းတဲ့ မအိအိမ် လူအတော်စည်မယ်။
fbမှာ သတင်းကြားလို့ ပြေးလာတာတောင် ရှေ့မှာ ဦးရာလူတွေ အများကြီးပါလားးးးးးးး :hee:
padonmar
May 28, 2013 at 8:59 pm
ဒီတစ်ခါ တွေ့ဆုံပွဲကျရင် စားစရာ တစ်ယောက်တစ်မျိုး လုပ်လာပြီး ဘူဖေး စားကြရရင် ကောင်းမလား။
လွှတ်တော် ခေါ်အုံးမှပဲ။
လုံမလေးမွန်မွန်
May 28, 2013 at 9:58 pm
သာမီး ထောက်ခံပါတယ်.. တီဒုံ…
ထောက်ခံမဲရရင် အတည်ဖြစ်ပီလို့ ထားလိုက်နော်… 🙂
Ko chogyi
May 29, 2013 at 10:31 am
ကျွန်တော်လဲ ထောက်ခံပါတယ်။
ကျွန်တော်က ပြောင်းဖူးပေါက်ပေါက်လုပ်ကျွေးဖို့တာဝန်ယူပါတယ်။
ခေတ်မီစက်နဲ့တော့မဟုတ်ဘူး၊ ရိုးရာအတိုင်း သံဒယ်အိုးနဲ့ သဲတွေထည့်လာမှာ။
Ma Ei
May 29, 2013 at 10:32 am
လွှတ်တော် မခေါ်ခင် ကြိုတင်ထောက်ခံမဲ ပေးထားပါတယ်…
may july
May 29, 2013 at 1:17 pm
တွေ့ဆုံပွဲ ဘူဖေးတဲ့ … ဟိဟိ
ထောက်ခံပါတယ်ဗျို့ …
အန်တီအိ သရက်သီးကိတ်လေး ချားချင်လိုက်တာ.. :hee:
Yin Nyine Nway
May 30, 2013 at 4:54 pm
ဟုတ်တယ် ဟုတ်တယ် အန်တီပဒုမ္မာ…
အနော်တောင်မှ ကြက်သားသာကူလေး ကျွေးမလား စိတ်ကူးထားတယ်
weiwei
May 28, 2013 at 10:27 pm
မအိပေးတဲ့နည်းအတိုင်း လုပ်ကြည့်တာ ၂ ကြိမ်အဆင်မပြေဖြစ်ပြီးတဲ့နောက် အောင်မြင်သွားပါတယ် ..
ပထမအကြိမ်တုန်းက မွှေတာလိုသွားပြီး နို့ထည့်တာများသွားလို့ ပွမလာပဲနဲ့ ခပ်စေးစေးလိုမျိုးဖြစ်သွားတယ် ..
နောက်တစ်ခါမှာ လိုတိုးပိုလျော့နဲနဲထပ်လုပ်လိုက်တော့ အဆင်ပြေသွားပေမယ့် မီးများသွားလို့ အပေါ်ယံတူးသွားတယ် ..
နောက်ဆုံးတော့ …
အရသာရှိတဲ့ သရက်သီးကိတ် လုပ်တတ်သွားပါပြီ ..
နည်းလမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …
Ma Ei
May 29, 2013 at 11:50 am
weiwei says:
ဝါသနာအရ မုန့်လုပ်နည်းကလေးတွေကို
ရှာဖွေ မှီငြမ်း လို့ လုပ်ဖြစ်ခဲ့တာပါ…
မုန့်လုပ်နည်းကောင်းလေးတွေ ဒီမှာတွေ့ထားတာ…
http://www.mykitchensnippets.com
http://www.evyfoodlover.com/2013/05/blog-post_28.html
ကြည့်လိုက်ဦးနော်…
Ma Ma says:
ရွာထဲကအိမ်ကလေးမှာ
ဧည့်သည်တွေရောက်ရင်ပျော်နေတာပါ…
ကိုဘလက်ပြောတဲ့ သီးသန့်နေရာလေးပေါ့…
ဦးကြောင်ကြီး says:
ကိတ် သရက်သီးနဲ့
ဝိတ်တက်ပြီ မညည်းရအောင်
အချိုလျှော့ လေကာ
စေတနာပိုလိုက်ပါတယ်…
မြင်သူရော ကြင်သူပါ…ကွယ်
တစ်ကယ်…ဘဝင်အေးစေသတည်း…
ဦးကြောင်ကြီး
May 29, 2013 at 8:06 am
သရက်သီးကိတ်
ဖက်တီးဝိတ်
ညပ်ဘီးစိပ်
ဓာတ်မီးပိတ်
ရှက်ပြီးအိပ်
လက်ကြီးနှိပ်
သွက်စီးထိပ်
နှပ်ချီးလိပ်..။
ရွှေတိုက်စိုး
May 29, 2013 at 9:16 am
အမယ် အမယ် သများပို.စ်က သရက်သီး နှစ်လုံး ယူသွားတာ ဒါကြောင့်ကိုး…
ဟွန်.ဘယ်ရမလဲ… သရက်သီးကိတ် ခြောက်စိတ်ချိတာ နှစ်စိတ် ယူစားမယ်..ဒါဘဲ… ငှဲငှဲငှဲ..
တစိတ်က သများစားမယ်… တစိတ်က ချစ်သုအုပ်ကလေးအတွက် ခိခိ
ကျွန်တော်လဲ ကိတ်လုပ်အုံးမယ်… ဟိဟိ..
Ma Ei
May 29, 2013 at 12:12 pm
ရွှေတိုက်စိုး says:
သရက်သီးလေးက စိန်တစ်လုံးမို့ မျက်စိကျလိုက်တာပါဟယ်…
လက်ဆောင်ရထားတဲ့ ရင်ကွဲချိုချို လေးနဲ့ပဲ ကိတ်ဖုတ်လိုက်တာပါ…
ကိတ် ခြောက်စိတ်က ရုံးခန်းထဲက ခြောက်ယောက်စာ ကွက်တိ…
ဟိဟိ..
Mon Kit says:
ရုံးယူလာတော့ သတိရပါတယ်…
တစ်ခြားသူတွေရှိနေတော့ ပို့မကောင်းဘူးလေ…
နောက်ခါဆို ခေါ်လိုက်မယ်နော်…
သတိရလိုက်တာ… :byae:
Mr. MarGa says:
အေးအေး…ခုတော့
သကြားကို ကိတ်ထဲထည့်လိုက်ပြီ…
ဆူး says:
ဖဘ မှာ တင်ကတည်းက
ပထမဦးဆုံး အားပေးလို့ ကျေးဇူးနော်…
:528:
Mon Kit
May 29, 2013 at 9:42 am
မမအိ….. မြင်ရ ၊ ကြားရ တာနဲ့ တင် စားချင်စိတ်တွေ တစ်ဖွားဖွားဖြစ်နေတာ..
ဂယ်များ စားလိုက်လို့ကတော့.. အဲဒီကိတ်လေး မွန်ကစ် တစ်လုတ်စာဘဲ..
တိယား… နောက်ဆို လက်တို့လိုက်နော်..
အမြန်ဆုံးနဲ့ ပုဂံလုံး စီးပီး လာအုံးမှာ…..
:harr:
Mr. MarGa
May 29, 2013 at 11:11 am
ဂလု ဂလု
ရှလွတ်
စားချင်စရာပဲ…………….
နောက်တစ်ခါ ကျရင်လေ
သိကြားကို မတင်ခင် အရသာ မြည်းဖို့ ခေါ်နော်
:kwi:
ဆူး
May 29, 2013 at 11:27 am
ဖဘ မှာ ကတည်းက အဝ စားပြီးသားနော်.. အဟိ
kyeemite
May 29, 2013 at 1:19 pm
စားချင်စရာလေးမို့…
သွားရည်ကျသွားပါဂျောင်းးး :lol;
မဟာရာဇာ အံစာတုံး
May 31, 2013 at 12:20 am
ကိုင်း ….

အခု ညဉ့်လည်း နက်ပြီ …
အိပ်ချိန်လည်း တန်ပြီ ….
ဒီတော့ကာ …
အန်တီအိ ရဲ့ သရက်သီးကိတ် ကလေးကို ဂလု …
ပြီးတော့ ရေသောက်လို့ …
စက်တော်ခေါ်တော့မယ် ….
Zzzzzz Zzzzzz Zzzzz