Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှည့်စား…..ညာစား…..ရုပ်ရှင်ကား။

Ma EiAugust 23, 20131min93133

လှည့်စား…..ညာစား…..ရုပ်ရှင်ကား။

ဒါဘယ်နေရာလဲ ကြည့်ပါဦး..လှလိုက်တဲ့ ကျောက်တောင်ကြီး ဖူးခက်မှာများလားဟင် ၊

ဒီမှာလဲကြည့် အပျော်စီးသင်္ဘောနဲ့ ရိုက်ထားတာရယ်…ကမ်းခြေရှုခင်းတွေနဲ့

မင်းသမီးတွေကလဲ နုနုဖတ်ဖတ် လှလှလေးတွေ၊ ရီစရာကားတဲ့…သွားကြည့်ရအောင်နော်…

သတင်းစာတွေထဲက ကြော်ငြာကို ပြရင်း … သွားကြည့်ရအောင်နော် ..နော် …နှစ်ခါနော်လိုက်တော့

အေးပါကွာ၊သွားချင်လဲသွားလေ…ရုပ်ရှင်လဲ မကြည့်တာကြာခဲ့ပြီဘဲ…တဲ့

ဒီနေ့က တနင်္ဂနွေလဲဖြစ် တနေ့ကမှတင်တာဆိုတော့ လူများမယ် အစောပွဲ ဆယ်နာရီခွဲ ကိုဘဲသွားကြမယ်ဆိုပြီး…

သမ္မတ ရုပ်ရှင်ရုံကို မိသားစုသုံးဦးသား ချီတက်ခဲ့ကြပါတော့တယ်…

 

ရုံရောက်တော့ လူရှင်းနေသားနော်…အဲ နိုင်ငံတော်သီချင်းတောင် ဖွင့်နေပြီဘဲကိုး..မြန်မြန်လာပါ..

ကဲကဲ ထောင့်ငါးရာတန်း သုံးခုံ ပေးပါ ဝယ်ပြီးအပေါ်ထပ်တက် ခတ်မှောင်မှောင်ထဲမယ် တာဝန်ကျ ဝန်ထမ်းလေးနေရာပြပေးလို့သာ ဘယ်နေရာ ကိုယ့်ထိုင်ခုံမှန်းသိတော့တာရယ်။ သမီးအလယ်ထားလို့ နေရာယူထိုင်ပြီးမှ ဘေးဘီကြည့်လိုက်တော့ နှစ်ဖက်လုံး အတွဲ၊

ရှေ့နောက်တွေလဲ အတွဲ၊ အတွဲသီးသန့် နေရာများလာမိလေရော့လား…

ဇာတ်လမ်းကတော့ထားပါတော့ ဟာသကားတွေရဲ့ ထုံးစံ ရီစရာ မဖြစ်ဖြစ်အောင် ဆင်ထားတယ်ဆိုပါတော့..

ပြောပြန်ရင်လဲ အောင်မင်းလွန်ရာ ကျမယ် ဆိုသလိုမို့ ပြောတော့ပါဘူး…ထားလိုက်ပါတော့…

မပြောတော့ဘူးဆိုပေမယ့် တစ်ဇာတ်လမ်းလုံးမှာ ပြောသမျှစကားလုံးတစ်ဝက်လောက်က အနှောင့်သွားမလွတ်တဲ့ အောက်လုံးတွေ။ ဒီတိုင်းလာပြောရင် ပါးရိုက်လွှတ်သင့်တဲ့ စကားလုံးနဲ့ အမူရာတွေကို မင်းသမီးနုနုဖတ်ဖတ် လှလှလေးတွေက

ဟယ်..ဘာတွေပြောနေတာလဲ…

အော် တော်သေးတာပေါ့…

အင်..အဲ့လိုပြောတာလား ဆိုပြီး အပို့ အခံနဲ့ အိုက်တင်လေးတွေလုပ်လို့  ပြောပေးနေရရှာတယ်…

သမီးက မေရီး ဘာပြောတာလဲ ဆိုတော့ မရှင်းတတ်တာနဲ့ မသိပါဘူးသမီးရယ်ပြော…ကိုယ်တိုင်လဲ ရီလို့မရ…

သူနားမလည်တာတွေများတော့ သမီးက ဂိမ်းဆော့နေတော့တယ်…

ဘယ်မလဲ ဖူးခက်က ကျောက်တောင်၊ အပျော်စီး သင်္ဘော နဲ့ လှပတဲ့ ပင်လယ်ကမ်းခြေ…..

လာနိုး လာနိုး နဲ့ နောက်ဆုံးကျ ဇာတ်လမ်းထဲက အမေလုပ်သူ စိတ်ကောက်ထွက်သွားတာ ချောင်းသာတဲ့….

ချောင်းသာမယ် အဲ့ဒီကျောက်တောင် ရှိသလား…

ချောင်းသာကို အဲ့ဒီအပျော်စီးသင်္ဘော သွားသလား….

ဇာတ်လမ်းပြီးသည်ထိ မတွေ့ခဲ့ရ ……လက်စသတ်တော့

ဗွီနိုင်းနဲ့ သတင်းစာ ထဲမှာ ပရိသတ်ကို လှည့်စား လို့ ကြော်ညာ ခဲ့တယ်…ပရိသတ်ရဲ့ ပိုက်ဆံကို ညာစား ထားတဲ့

ရုပ်ရှင်ကားကိုမှ သွားကြည့်မိခဲ့တာပါလား….

ခုမှ အားရပါးရ ရီလိုက်ပါတော့မယ်….

ဟားဟားဟား…

အညာမိခဲ့တဲ့

အန်တီမအိ

33 comments

  • Ko chogyi

    August 23, 2013 at 10:27 am

    အညာခံလိုက်ရတာ သနားပါတယ်။
    ကျွန်တော်လို့ ရုပ်ရှင်မကြည့်ဘဲနေရင်အဲလိုမဖြစ်ဘူး။

    • Ma Ei

      August 23, 2013 at 11:23 am

      အညာမိတာမှ ရီရပါသေး ကိုချိုရေ…
      ဇာတ်လမ်းကိုပြောရင် ပိုဆိုးဦးမှာ…
      😀

  • ဦးကျောက်ခဲ

    August 23, 2013 at 10:38 am

    မှန်ရာကိုဆိုရရင် အခုနောက်ပိုင်း မြန်မာရုပ်ရှင်၊ အငြိမ့် လုံးဝမကြည့်တော့ပါဘူး…
    ခါးအောက်ပိုင်း မရယ်ရတဲ့ ပျက်လုံးတွေနဲ့ အဆင့်မရှိလို့ပါ…
    ဟိုးအရင် (ဦး)ကောလိပ်ဂျင်နေဝင်းတို့ ခေတ်ကို လွမ်းလိုက်တာဗျာ… ကွာပါ့
    🙁

    • Ma Ei

      August 23, 2013 at 11:29 am

      ဟိုတုန်းကနဲ့ ကိုးဆယ်ဆ ကွာလိမ့်မယ် ဆိုရတော့မှာ
      ခင်သီတာထွန်းတို့ ခေတ်လဲ လွမ်းတယ်…
      ခုခောတ် မင်းသမီးနုနုဖတ်ဖတ်လေးတွေများ
      လူပျက်၊ စကားပျက်တွေကြား နေရင်း
      အပေါစားတွေ ဖြစ်တော့မယ်…

  • မင်းခန့်ကျော်

    August 23, 2013 at 10:40 am

    အေးဗျာ
    ကျတော်နောက်ဆုံးကြည့်ခဲ့ရတဲ့ ကားက
    တပြည်သူမရွှေထား ပါ။
    ဒါပေမဲ့ မြန်မာဇာတ်ကားတွေက စကားသံနားမလည်
    နိုင်လို့ သုံးခါသွားကြည့်ရတယ်။
    မင်းသားကျော်သူကို ကြိုက်တာရယ် ကြောင့်ပါ။
    ဒီကားနောက်ပိုင်းတော့ မြန်မာရုပ်ရှင်ဆိုမကြည့် ဖြစ်တော့ဘူး။
    မြန်မာစကားနားမလည်လို့ပါ။
    ငယ်ငယ်ကတော့ လွပ်လပ်ရေးပွဲ ဘောလုံးကွင်းမှာ မိုးလင်းပြ
    ရင်ကြည့်တယ်။ငယ်တော့သိပ်နားမလည်းဘူး။ခပ်ဝါးဝါးရယ်။
    နောက်ပိုင်းကားတွေအဆင့်မှီလာတယ်ကြည့်ပါ ကြည့်ပါဆိုတာ
    နဲ့ကြည့်မယ်ကာကြံသေး ရုပ်ရှင်ရုံ မှာဗုံးသံ နဲနဲညံလာတာနဲ့
    ခုထိမကြည့်ဖြစ်တော့ဘူး။
    ခုတော့ စီဒီပြားခေတ်ဆိုတော့ကြည့်ဖို့ပိုဝေးသွားပြန်ရော။
    အချိန်တွေမပေးချင်တာလဲပါတာပေါ့။
    ကိုချိုပြောသလိုပဲ အညာတော့မခံရတော့ဘူးပေါ့ဗျာ။

    • Ma Ei

      August 23, 2013 at 11:33 am

      မကြည့်တာ အတော်ကြာဆို တော်တော်ကိုကြာခဲ့တာ
      ကြော်ညာကြည့်ပြီး သွားကြည့်မိတာ မှားပါလေရော…

  • မဟာရာဇာ အံစာတုံး

    August 23, 2013 at 10:57 am

    ဘာ !!!!
    တီအိ ကို ဂလို ညာတွားဒယ်ပေါ့လေ ..
    ဟုတ်စ …
    ဒင်းတို့ဒေါ့ နာမယ် ပြင်ထားဂျ ….

    • Ma Ei

      August 23, 2013 at 11:40 am

      သွားကြည့်ကြမို့လား…
      :hee

  • Min Zarni

    August 23, 2013 at 10:59 am

    သိပ်တော့မဆန်းပါဝူးဗျာ..
    ရှုတင်က ဆင်ပီးနေပြီ လူကလည်း စုံနေဘီ…
    ရိုက်ရမယ့်ဇာတ်က မရှိသေးဝူး..
    ဒါရိုက်တာ ဝတ္ထုစာအုပ်တွေ ပြူးပြဲ လှန်ပီး..
    ဟိုဆြာ့ဆီ ဆက်ပါဟ ဒီဆြာမဆီ ခေါ်ပါဟ ..လုပ်တဲ့ ရိုက်ကွင်းမျိုး မြင်ဖူးကတည်းက…
    ကျော်လည်း တခါတည်း ဗမာကား ပြတ်သွားတာပါပဲ …

    ငိငိ…

    • Ma Ei

      August 23, 2013 at 11:16 am

      ခုက ဇာတ်လမ်းထဲလဲမပါ…
      အိုက်နေရာမှာလဲ မရိုက်ခဲ့ဘဲ
      လှည့်စားပြီး ကြော်ညာနေလို့
      စိတ်ပေါက်တာ…

      • Min Zarni

        August 23, 2013 at 11:18 am

        အဟီး ပြောဖို့ ကျန်သွားတယ်…
        ဇာတ်က ဘယ်မှာနေမှန်းမသိဝူး ပိုစတာက ကြိုရိုက်ထားပီးပီ…
        အဲ့လို မျိုး နေမပေါ့ အန်တီအိ ရယ်..

      • သူတို့မှာ အနုပညာ မရှိဘူးလေ။
        ငွေနဲ့ကြော်ကြားမူ့ကိုဘဲမက်ကြတာကိုး။
        အဲတော့ ငွေရရင်ပြီးရော လိမ်မယ်။
        သူများဇာတ်လမ်းတွေ ကို ခပ်တည်တည်ယူရိုက်မယ်။
        လူမိလို့ပြောရင် အတွေးဆင်တူတာပါပြောမယ်။
        မြန်မာ့ရုပ်ရှင်လူအကြည့်နည်းရင် ကိုရီးယားကားကို တီဗွီချယ်နယ်တွေကအလကားပြနေလို့ ခိုးကူးခွေတွေကြောင့်လို့ ပုံချမယ်။
        အဲဒါ မြန်မာ့အနုပညာလောကရဲ ့ အဖြစ်မှန်ပါဘဲ။

        • Ma Ei

          August 23, 2013 at 12:31 pm

          ထုတ်လုပ်သူတွေ စီးပွားရေးတွက်ချေကိုက်ဖို့ ငွေရဖို့ကိုသာ အဓိကထားပြီး
          မရှိကို အရှိလုပ် လိမ်စား ညာစားရမှာ မရှက်တတ်တော့ဘူးထင်ပါရဲ့…
          ရုပ်ရှင်လောက ပျက်စီးအောင် ဝိုင်းဝန်းပံ့ပိုး ပေးနေကြပုံများ ပြောပါတယ်…

  • kyeemite

    August 23, 2013 at 1:54 pm

    ဗမာကားဆို….အင်ပြောတော့ဝူးဂျာ :loll:

  • nozomi

    August 23, 2013 at 4:11 pm

    ရီ ရတဲ့ ကားတွေ ဆို မကြည့်ဖြစ်တာ ကြာပေါ့
    သူ တို့ က လူကို အတင်း ကလိထိုးနေတာ ယားပြီး တောင် မရီ ရ ဘဲ နာလာ လို့

    ဟို လ ကတော့ မြို့ထဲ ၂ နာရီလောက် အချိန် ဖြုံး ရမှာမို့
    လက်ပံ ဆိုတဲ့ ကား ကြည့်လိုက်မိသေး
    ဝိုင်း ရိုက်တာ ပြေတီဦး နဲ့ ဖွေး ပါတယ်
    ကျန်တဲ့ အပိုင်း ထူးထူး ခြားခြား မပြောချင်ပေမဲ့
    အသံ ပိုင်း တော်တော် ကောင်းလာတာတော့ အသိအမှတ်ပြုရမယ်

    • ကိုရင်စည်သူ

      August 25, 2013 at 4:16 pm

      ကိုရင်နို… လက်ပံကားက တစ်ယောက်တည်းသွားကြည့်တာလား..
      အချိန်ဖြုန်းတာဆိုတော့ မိုးဟေကို ပါဘူးလား.. ငိငိ :mrgreen:

    • Ma Ei

      August 26, 2013 at 3:06 pm

      kyeemite says:
      ဗမာကား အနေနဲ့ဆို တစ်ကယ်ကို(ကောင်းကွက်) ပြောစရာမရှိတဲ့ ကားပါဘဲ…

      nozomi says:
      ခုကားကို သမ္မတ ရုံမှာကြည့်ဖြစ်တာ အသံက တော်တော်ကိုကျယ်လွန်းနေတယ်…

  • garfield

    August 23, 2013 at 4:24 pm

    အဲလာ မူရင်း က ဟင်ဒီ ကားလားမသိ။
    သူတို့ လူ အများကြီးနဲ့ ဟေးလားဝါးလားရိုက်တဲ့ ကားတိုင်း မူရင်းက ဟင်ဒီ ကားတွေ များတယ်။

    ဆူညံနေတဲ့ အပိုင်းပဲ မှီတယ်။ ဟီးးးး 😀

  • cobra

    August 23, 2013 at 6:51 pm

    သွားကြည့်တဲ့သူက အမှားပါ….
    အကုသိုလ်များလို့
    မြန်မာ ရုပ်ရှင်မကြည့်ပါ

  • Mr. MarGa

    August 23, 2013 at 7:02 pm

    အဟင့်
    မနေ့ကမှ သွားကြည့်ပြီး မှားလေခြင်းလို့ တွေးမိထားတဲ့ကားဗျ
    တစ်ကားလုံး အဆင့်အတန်းမြင့်မြင့် ဟာသ တစ်လုံးမှ မပါဘူး
    ဘာဇာတ်အိမ်မှလဲမရှိ
    ယုတ္ထိယုတ္တာလဲမရှိ
    မကြည့်ဖြစ်တာ ကြာလို့ သွားကြည့်မိပါတယ် ဆလံတောင် သ ယူရမယ့် ဇာတ်ကား
    ဟာသဇာတ်မြူးမို့သာ တော်တော့တယ် အိပ်ပျော်မသွားတာ ကံကောင်း
    ဇာတ်ကား နာမည်နဲ့ ဇာတ်လမ်းနဲ့ကလဲ ဘယ်လိုမှ ဆက်စပ်လို့လဲမရ
    အဲဒါကြည့်ပြီး နောက်ထပ် ဟာသကား ကြည့်ချင်စိတ် ကုန်သွားတယ်။
    ကိုယ့်ဟာကိုယ်ပဲ မင်းလူ၊ သော်တာဆွေတွေ ပြန်ဖတ်၊ အများနှင့်မသက်ဆိုင်သောသူ တို့ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ တို့ပဲ ပြန်ကြည့်ချင်မိတော့တယ်ဗျာ

    • Ma Ei

      August 26, 2013 at 3:12 pm

      Mr. MarGa says:
      ဇာတ်ကား နာမည်နဲ့ ဇာတ်လမ်းနဲ့ကလဲ ဘယ်လိုမှ ဆက်စပ်လို့လဲမရ…
      မှန်လိုက်တာနော်…ဒါကြောင့် အန်တီအိက လိုက်တဲ့ နံမည် ပေးထားတာရယ်…
      😀

      garfield says:
      တစ်ကယ်…ဆူညံတာတော့ မှီယုံမက လွန်ရော…

      cobra says:
      သွားကြည့်မိတာ တစ်ကယ် အမှားပါ….
      🙁

  • အရီးခင်

    August 23, 2013 at 8:07 pm

    မအိရေ
    ကျွန်မတော့ ဒီနေ့ မြန်မာကား ဇာတ်လမ်း တွေကိုရော၊ မင်းသား မင်းသမီး အိုက်တင် တွေ ကိုပါ ဘယ်လိုမှ ခံစားလို့ မရတော့ ဘူး။
    အဓိက စကားပြောသံ တွေ ကို သဘာဝကျကျ ပြောနေတဲ့ အသံ လို့ ဆိုပြီး နားထဲ မဝင်တော့တာဘဲ။
    ကျွန်မ ကြီးကျယ်လွန်းတာ မဟုတ်ပါဘူး။
    မြန်မာပြည်မှာ အများစုက တကယ်ဘဲ အနုပညာ ကောင်းကောင်း မဖန်တီး နိုင်ကြတော့ တာပါ။

    • Ma Ei

      August 27, 2013 at 10:37 am

      အရီးခင် says:
      ညာစားကြတဲ့ အများစုတွေ များလာမှာ စိုးမိပါတယ်ခင်ရေ..

      ခရီးသည်ကြီး says:
      ဆရာ စိန်ခင်မောင်ရီ ဆိုရင် ဘယ်လိုဝေဖန်မလဲ သိချင်လို့
      ခဏပြန်ခေါ်ရရင် ခေါ်ပြချင်မိပါတယ်…

      myanmar oscar says:
      ဇာတ်လမ်းထဲမပါတဲ့ နေရာနဲ့ ကြော်ငြာလုပ်ထားတာတော့
      ခွင့်လွှတ်သင့်တဲ့ အတိုင်းတာ နဲနဲကျော်သွားပြီထင်လို့ပါ…

      အလင်းဆက် says:
      စပယ်လေးက ရုပ်ရှင်ကြည့်ရအောင် ဆိုရင်ကောကွယ်…
      😀

      • အလင်းဆက်

        August 27, 2013 at 2:33 pm

        စံပယ်လေးနဲ ့ရုပ်ရှင်ကြည့်ဖူးတယ် ။
        အဟိ ။
        ဗမာကားပဲ.။ ဒါပေမယ့်.. ကျွန်တော် ရုပ်ရှင်ကို မကြည့်ဖြစ်ဘူး ။
        :kwi:

  • ခရီးသည်ကြီး

    August 24, 2013 at 8:43 am

    ရုပ်​ရှင်​​ဝေဖန်​​ရေးဆရာ စိန်​ခင်​​မောင်​ရီ ကိုသတိယတယ်​
    ခတ်​စိမ်​းစိမ်​းပဲ ​နေပါ့မယ်​ ရုပ်​ရှင်​ဇတ်​ကားကို ခတ်​စိမ်​းစိမ်​းမ​နေမိလို့ စိတ်​ပျက်​ခဲ့ရဘူးတယ်​ လို့​ပြောခဲ့ဖူးပါရဲ့ဗျ ။
    ဒီက အန်​တီကြီးလည်​း ​နောင်​ဆို ခတ်​စိမ်​းစိမ်​းသာ​နေ​လေ​တော့ဗျာ 🙂

  • myanmar oscar

    August 24, 2013 at 9:59 am

    ရွာထဲမရောက်တာကြာလို့ စဖတ်မိတဲ့ မအိပို့စ်လေးကိုသဘောကျပါတယ်။
    အင်း လူလောက ကတော့ဒီလိုပါပဲ တွေ့ရာကြည့်မယ်၊မြင်တာပြောမယ်၊
    တစ်ဦးကိုတစ်ဦးလှည့်စားကြမယ်ပေါ့ဗျာ။ခွင့်လွတ်ပေးလိုက်ပါနော်………

  • အလင်းဆက်

    August 24, 2013 at 11:33 am

    ကျွန်တော်ကတော့

    ကိုယ့် ကို ကိုယ်
    သည်းခံနိုင်စွမ်းနည်း သေးးတဲ့ လူ လို ့ယူဆ ထားလို့
    ဗမာကားတွေ မကြည့်ဖြစ်အောင်
    ရှောင်ထားတတယ်
    🙂

  • Crystalline

    August 24, 2013 at 3:12 pm

    အသိညီမလေးတစ်ယောက်ကရုပ်ရှင်အရမ်းကြိုက်တယ်.. သူကြည့်ချင်တယ်ဆိုလို့အားနာပြီး အဖေါ်လိုက်ပေးပြီး ကိုယ်ကတော့အိပ်လိုက်တာ.. နိုးတော့လက်ပါကျဉ်တယ်.. တော်ဝင်မှာတစ်ခါ.. ဂျန်းရှင်းစကွဲမှာတစ်ခါ 🙂
    မြန်မာကား..ကိုရီးယားကား မကြည့်ဖြစ်ဘူး.. ကြိုက်လည်းမကြိုက်ဘူး.. ဒါပေမယ့်.. သင်္ကြန်တွင်းထင်တယ်.. မြန်မာ့အသံက အဖြူအမဲရုပ်ရှင်တစ်ကားလာတယ်.. မင်းသားက လင်းထင်တဲ့.. တော်တော်ဖြောင့်တာပဲ.. ဒီခေတ်မင်းသားတွေသူ့ကိုမမှီဘူး..နောက်..သန်းနွဲ့လေးတဲ့.. လူကခပ်ရိုးရိုးပုံပဲ..တော်တော်ရယ်ရတယ်.. အဲဒီနှစ်ယောက်ကိုခိုက်သွားပြီး ဇာတ်ဆုံးအောင်ကြည့်လိုက်တယ်.. :kwi:

    • Ma Ei

      August 27, 2013 at 11:31 am

      Crystalline says:
      တော်ဝင်တို့ ဂျန်းရှင်းစကွဲတို့မှာ ဈေးဝယ်ဖူးပေမယ့် ရုပ်ရှင်မကြည့်ဖြစ်ဘူးရယ်…
      ကိုရီးယားကားတွေလဲ တီဗွီကလာတာလွဲလို့ ခွေမကြည်ဖြစ်တဲ့သူပါ…
      ဟိုးတုံးကကားတွေဆို မောင်တင်မောင်၊ မေရှင်တို့က စပြီးကြိုက်တာ…
      :kwi:

      Wow says:
      အိုက်ကားတွေ အန်တီအိ တစ်ခုမှမသိဆို မရီနဲ့နော်…
      ခုကားကို ကြည့်ဖြစ်တာလဲ ဖူးခက်ရှုခင်းလေးတွေ
      အပျော်စီးသင်္ဘောနဲ့ ခရီးစဉ်လေးတွေများ
      ကြည့်ရမယ်ထင်လို့ သွားကြည့်မိခဲ့တာ…
      ဇာတ်လမ်း၊သရုပ်ဆောင်ချက်တွေကို မမျှော်လင့်ခဲ့ပါဘူး (မကောင်းမှာသိပီသားမို့)
      သူတို့က တစ်ဆင့်တက်လို့ လိမ်ပြီးကြော်ငြာ နေတာ မလုပ်သင့်ဘူးလေ…

  • Wow

    August 26, 2013 at 5:00 pm

    မွအိရေ… ခု အမူအရာနဲ့ အဖက်(effect) တွေတိုးတက်လာတာဆိုလို့ စပယ်မိုးတို့ အာကာမြင့်အောင်တို့ပဲ ရှိလားလို့….
    အတူနေသူငယ်ချင်းက သူတို့ပိတ်သတ်ဆိုတော့ငှားလာတာတွေက..
    ခွေးဖြစ်သွားသောမရင်ရွေ
    ကြွက်မွေးသော မစိန်ခင်
    ကျတ်ကုန်း
    သွေးစုတ်လူသား

    ဗီဒိုကျိရင်း ဂိန်းဆော့ရတာ ခုဆို အတော်တောင် အဆင့်တက်ပေါ့ :mrgreen:

  • Ma Ma

    August 28, 2013 at 7:14 am

    ခုရက်ပိုင်း ခရီးတစ်ခုသွားဖြစ်လို့ ကားပေါ်မှာပြတဲ့ ဇာတ်လမ်း ဆူညံအော်ဟစ်နေသံတွေနဲ့ မကြည့်မနေရမို့ ကြည့့်ဖြစ်တယ်။ သားအဖ၂ယောက် ပြိုင်ပြီး ရေမွှေးပုလင်း လုဝယ်၊ ရည်းစားထား၊ ကလေးအပြိုင်မွေးတာကို ရိုက်ပြထားတာ။ အံ့ဖွယ်သုတပဲ။
    အော်….. မြန်မာကား လူမကြည့်ဘူးလို့သာ ပြောကြတယ်။ လူကြည့်အောင်မှ မရိုက်ပဲကိုးလို့ တွေးမိသွားတယ်။ :eee:

    • Ma Ei

      August 28, 2013 at 9:54 am

      မမရေ…သူတို့က လူကြည့်အောင်သာ မရိုက်တတ်ရှိရမယ်…
      လာကြည့်ချင်အောင်တော့ ကြော်ညာကို ညာရိုက်တတ်သားနော်…
      ဒါမျိုးတော့ တော်ချက် …
      🙂

  • Shwe Ei

    August 29, 2013 at 11:46 am

    ပင်လယ်ရှုခင်းနောက်ခံထားတဲ့ ဇာတ်ကားဆို ခေါင်းစဉ်တောင် မဖတ်ဖစ်တာအတော်ကျာဘီခည။

    မှတ်မှတ်ရရကျိဖူးတဲ့ဇာတ်ကလဲ ချောင်းသာကိုအပန်းဖြေသွားတဲ့ မင်းသမီးက အုန်းသီးရောင်းတဲ့ မင်းသားနဲ့ ကြိုက်သွားပီး ညားကျတာ။ အမေက သဘူမတောလို့ ကြေကွဲနေတုန်း အဘိုးက သဘူတောလိုက်တယ်။

    ဒါဘာဗြဲစ်

    မှတ်ချက်။ ။ ချောင်းသားမှာ နေတိုးနဲ့ နင်လားငါလား ချောတဲ့ အုန်းသီးသည် တခါမှ မတွေ့ဖူးကြောင်း ရင်နာနာနဲ့ မှတ်ချက်ချမိသည် (အဟိ)

Leave a Reply