Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောင်ရိုး စိတ်ဓါတ်နှင့် သူတို့ စကားများ

htet wayJuly 2, 20121min33410

အိမ်မဲမြို့နယ် အသင်းက အိမ်မဲ မြို့နယ် တွင်းမှာ နောင်ရိုး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဆိုတဲ့ ကျောင်းသုံး စာအုပ် ပြဋ္ဌာန်း ချက်အပေါ်မှာ သမိုင်း သုသေသနတွေ လုပ်ဖို့ စိတ်အား ထက်သန်ခဲ့ကြပါတယ်။သမိုင်ပညာရှင်ကြီးတွေကို ချည်းကပ်ပြီး ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။ သမိုင်းပညာရှင်ဒေါက်တာ သန်းထွန်း ထံ အကူညီတောင်း လို့ ၂၀၀၅
ခုနှစ်မှာ အိမ်မဲမြို့ နယ်ကို ကွင်းဆင်းလေ့လာမူတွေ ပြု လို့ သမိုင်း အချက်အလက်သဲလွန်စကို ရှာဖွေ ကြပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း နဲ့အတူ သမိုင်းပညာရှင် ဒေါက်တာတိုးလှ ဒါရိုက်တာ စာရေးဆာ အောင်စိုးဦးနဲ့ အိမ်မဲမြို့နယ် အသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်စိုး ဦးဆောင်တဲ့ အိမ်မဲမြို့နယ် အသင်း က နယ်မြကို သူသေသန လုပ်ဖို့ လေ့လာမူ တစ်ရပ် ပြုခဲ့တယ်လို့ လည်း သိရပါတယ်။
(၁.၇.၂၀၁၂) ရက်နေ့မှာတော့ အိမ်မဲမြို့နယ် အသင်းက ဦးဆောင်ပြီး ကွင်းဆင်း လာခဲ့တယ်။ အိမ်မဲမြို့ရဲ့ မြို့ပြင်က ဘိုးဘွားရိပ်သာမှာ တွေ့ဆုံပွဲလေး တစ်ခုလုပ်ဖြစ်ကြတယ်။ အခန်းအနားမစခင်ကတည်းက အိမ်မဲ မြို့နယ် အသင်း တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး ဇော်ညွန့် (ငြိမ်း) က ကျွန်တော့်ကို
“ နောင်ရိုး တိုက်ပွဲနေရာ အိမ်မဲမြို့နယ် အတွင်းမှာ မှာရှိတယ်။ပန်းမဝတီမြစ်ရယ် ပထဝီ ဝင် အထောက်ထားတွေအရ ဘုရင်နောင် စိတ်ဓါတ်ကိုဖေါ်ထုတ်ဖို့
အိမ်မဲဆိုတာ ကိုဖေါ်ထုတ်ဖို့ ကျွန်တော်တို့ အသင်းက ဆောင်ရွက် ချင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
အိမ်မဲဆိုတာ ကို တော်တော် များများ မသိကြပါဘူး ကျွန်တော်ရန်ကုန် တက္ကသိုလ်တက်တုန်းက အိမ်မဲမှာနေပါတယ် ဆိုတော့ ကူမဲလား ၊ ရှမ်းပြည်နယ်က လား
ကျောက်မဲကလား လို့မေးခံရပါတယ်။ ကျောင်း သင်ခန်းစာက ဇာတ်မင်းသားကြီး ဦးဖိုးစိန်သည် အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာမှာ မွေးဖွားပါသည်ဆိုတာ ကို
အော်ပြရတယ် နောက် နောင်ရိုးတိုက်ပွဲ ကိုပြောပြရတယ်။ အခု အိမ်မဲမြို့နယ် အသင်းက ဖေါ်ထုတ်မယ် ဘုရင်နောင် ကြေးရုပ်ကို ထုဆစ်မယ်၊ အထိမ်း အမှတ်ကျောက်တိုင်စိုက်မယ်။ ကျွန်တော် က သိပ်သဘောကျပါတယ်။ ကျွန်တော်လိုပဲ မြို့ မိမြို့ဖတွေ ၊ ..အကုန်လုံး အားပေးကြတယ်။(၁.ရ.၂၀၁၂)ရက်က
နောင်ရိုး စိတ်ဓါတ် သူတို့ စကားကို ဖေါ်ပြလိုက်ပါတယ်။

စာရေးဆရာဒါရိုက်တာ အောင်စိုးဦး
“ကိုယ့်ရပ်ကိုယ့်ရွာ အကျိုးကိုဆောင်ရွက်တာထက်ပိုမိုတဲ့ မင်္ဂလာမရှိတော့ပါဘူး။ကျောင်းသုံး စာအုပ်ထဲမှာ မြေပုံနဲ့ တကွဆရာကြီး ဒေါက်တာ သန်းထွန်းရေးထား
တာတွေ့ရတယ်။ အိမ်မဲအသင်းကနေ ဆရာကြီးဒေါက်တာသန်းထွန်းကိုချည်းကပ်ပြီး ၂၀၀၅ခုနှစ်မှာ အိမ်မြို့ကို ကွင်းဆင်းလေ့လာမူပြုခဲ့ကြတယ်။ အိမ်မဲမြို့နယ် အတွင်းမှာနောင်ရိုးတိုက်ပွဲရှိတယ် ဖြစ်ခဲ့တယ် ။ဒီနောင်ရိုးတိုက်ပွဲက စိတ်ဓါတ်ကို နိုင်ငံတကာက စစ်ခေါင်းဆောင်တွေက ဒီဗျူဟာကိုလေ့လာခဲ့ကြတယ်။ကမ္ဘာပေါ်မှာရှိတဲ့
စစ်ခေါင်းဆောင်တွေက သူတို့ ဗျူဟာကိုဖေါ်ထုတ်ခဲ့ကြတယ်။ဘုရင့်နောင်ရဲ့ ဗျူဟာက ကမ္ဘာကျော်ခဲ့တယ်။ အင်အားနည်းတာ အဓိကမဟုတ်ဘူး ရဲစွမ်း သတ္တိသာ အဓိက ဖြစ်တာကို ပြသခဲ့တဲ့ နောင်ရိုးတိုက်ပွဲ ကိုကျွန်တော်တို့ အိမ်မဲသားတွေကဖေါ်ထုတ်ကြရမယ်။ ဘိုးဘွား အမွေအနှစ်ကို အကောင်အထည်ဖေါ်ဖို့ လိုပါတယ်။

သမိုင်းပညာရှင်ဒေါက်တာတိုးလှ (သမိုင်းကော်မရှင် ဒုတိယဥက္ကဋ္ဌ)
ကျွန်တော် ဘုရင့်နောင်နဲ့ ပတ်သက်ပြီး စာအုပ်နှစ်အုပ်ရေးဖူးတယ်။နောင်ရိုးကို မသိလို့ မဖြစ်ဘူး။ မသိလို့လည်း မရပါဘူး ၂၀၀၅ခုနှစ်မှာ ဆရာကြီး ဒေါက်တာသန်းထွန်းက
စစ်မြေပုံတွေ ဆွဲတယ်။ရှေ့း မြန်မာ မြေပုံဟောင်းတွေကူး ၊ ဆရာက ဒီနေရာဟာ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲနေရာလို့ ပြောပြလို့ ကျွန်တော် အံဩတယ် ။အဲ့ဒီမှာ ပမ္မထီး မြစ်ကိုထောက်ပြပြီး ဘုရင်နောင်ဟာ ဒီပန်းမဝတီမြစ်ကို ဖြတ်ပြီးမှ တိုက်ရမယ် ဒါ နောင်ရိုးတိုက်ပွဲနေရာပဲလို့ ထောက်ပြတယ်။
ဒီနေရာဟာ ဘုရင့်နောင်ဘွဲ့ ကိုမွေးဖွားပေးရာနေရာ၊ အောင်မြင်မူကိုမွေးဖွားပေးရာနေရာ လို့ ဆိုရမယ်။ မြန်မာနိုင်ငံ အနာဂါတ်ကြီးတစ်ခုလုံးကိုမွေးဖွားပေးတာပဲ
အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံး ဟာ ဘုရင့်နောင်ပါပဲ။
ခိုင်မာတဲ့ စိတ်ဓါတ်ဟာ ဒီနေရာမှာ ချခဲ့ဖူးတယ် အောင်မြင်မူဟာ ဒီနေရာမှာရခဲ့ဖူးတယ် အိမ်မဲဟာ အောင်မြေဖြစ်ခဲ့တယ် လူတွေဟာ ကိုယ့် နယ်ပယ်သမိုင်းကို သိသင့်တယ်။ ကိုယ့်နယ်ပယ်သမိုင်း မှာ ဘယ်သူတွေ အောင်မြင်ခဲ့တယ်ဆိုတာလေ့လာသင့်ပါတယ်။ရှေ့က ပစ္စည်းတွေ ကျန်ရစ်ခဲတာ ဟာ သမိုင်း အထောက်အထား
ပဲဖြစ်တယ်။ဒါတွေကိုလေ့လာရင်းနဲ့ သမိုင်းဆိုင်ရာ အထောက်အထား ရတယ် ဒါတွေ ဟာ သမိုင်းဆိုင်ရာ အထောက်အထားတွေဖြစ်ပါပဲ။အရိုးလေးကိုကြည့်ပြီး အရိုးလေးက
သမိုင်း ကိုပြန်ပြော နိုင်ပါတယ်သိပ္ပံပညာရှင်တွေ ဆီကနေ အရိုးရဲ့ ရာဇဝင်ကို သိနိုင်ပါတယ်။သံတိုသံစကနေခောတ်ကို ခွဲခြားနိုင်ပါတယ်။သမိုင်းဆိုင်ရာ အထောက်အထားတွေ့ရင် ကျွန်တော်တို့ က သမိုင်းကြောင်းကိုပြောပြနိုင်ပါတယ်။လူသားရဲ့ လုပ်ရှားမူမှန်သမျှဟာ သမိုင်းဖြစ်ပါတယ်။
အိမ်မဲမြို့နယ်တွင်းမှာ နောင်ရိုး တိုက်ပွဲ ဖြစ်ခဲ့တယ် သိခဲ့တယ် ဆိုတာကို သမိုင်း ဆိုင်ရာ အချက်တွေ သူသေသနပြု ဖေါ်ထုတ်ပြီး အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူဖို့ ၊ ဘုရင်နောင် ကြေးရုပ် သွန်းလုပ်ဖို့ စီစဉ်နေကြပါတယ်။ မြို့ခံတွေကလည်း အားတက်သရောရှိကြသလို အိမ်မဲမြို့နယ် အသင်းကလည်း စိတ်အား ထက်သန်နေပါတယ်။
ကျွန်တော်တို့ မြို့နယ် အတွက် တင်မဟုတ်ဘဲ နိုင်ငံတော် အတွက်ဖြစ်တယ် အမျိုးဂုဏ်ကိုဖေါ်ဆောင်တာဖြစ်တယ် သာမာန်ဆောင်ရွက်တာမျိုး မဟုတ်ဘဲ နိုင်ငံနဲ့ ချီတဲ့
အမျိုးသားရေးရာ အဆင့် အဖြစ်ဆောင်ရွက် ချင်တာဖြစ်တယ် ။လူငယ်နဲ့လူကြီးတွေကို နောင်ရိုး စိတ်ဓါတ်ရှိစေချင်ပြီး ဒီမှာအောင်မြင်ဖို့ပါပဲ…လို့ အိမ်မဲအသင်းက တာဝန်ရှိသူတစ်ဦးက တွေ့ဆုံပွဲမှာပြောသွားခဲ့ပါတယ်။
တွေ့ဆုံပွဲလေးက နံနက် (၁၁)နာရီက စလိုက်တာ နေ့လည်၁နာရီ မှာ ပြီးဆုံး ခဲ့ပါတယ်။

10 comments

  • mamanoyar

    July 2, 2012 at 9:31 am

    လာဖတ်သွားပါတယ် ဘဘရေ

  • htet way

    July 2, 2012 at 9:41 am

    ကျေးဇူးပါ မြေးမလေးရေ
    သေချာ ဖတ်ပြီး မန့်အုန်းလေ

  • ahnyartamar

    July 2, 2012 at 10:42 am

    ဟုတ်ပါတယ် ဆရာထက်ရေ….ဘုရင့်နောင်ရဲ့စစ်ဗျူဟာသည် အင်အားနည်းတာ၊ များတာ အဓိကမဟုတ် ရဲစွမ်း သတ္တိသာ အဓိက ဖြစ်တာကို ပြသခဲ့တာဖြစ်ပါတယ်။ အိမ်မဲသားတွေတင် မဟုတ်ပဲ မြန်မာနိုင်ငံသားတိုင်း ဂုဏ်ယူရမှာဖြစ်တယ်။
    ဂုဏ်ယူနေမူနဲ့အတူ သူ့ခေတ်မှာ သူ့သမိုင်းတာဝန်ကျေပွန်သလို၊ ကျတော်တို့လည်း ကိုယ့်သမိုင်းကို လှဖို့လဲ ကျိုးစားရအုံးမယ်မဟုတ်လားဗျို့။

  • ရဲစည်

    July 2, 2012 at 10:53 am

    သိပ်ကောင်းတဲ့ ဖော်ဆောင်မှု တစ်ခုပါဘဲ ဦးထက်ရေ
    ငယ်ငယ်က ကလေးအချင်းချင်း သူ့မြို့ ကိုယ့်မြို့ ကြွားကျရင် သမိုင်းနောက်ခံ ရှိတဲ့ မြို့တွေက အသာစီးရတတ်ကြပါတယ်….
    ခုလို ဖော်ထုတ်ပေးတာဟာ ကလေးတွေပါမက လူကြီးတွေ အတွက်ပါ အရေးပါမယ် ထင်ကြောင်း……

  • Mလုလင်

    July 2, 2012 at 1:20 pm

    အထိမ်းအမှတ် ကို … ကိုယ်တိုင် တန်ဖိုး ထားတတ်မှ အဲ့ဒီ့ အထိမ်းအမှတ် ရဲ့တန်ဖိုး က တက်လာမှာမို့

    … အားတက်တရော အားပေးပါကြောင်း နဲ့ … အားကျ ပါကြောင်း …..။

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 1:26 pm

    ငိုကြီးချက်မ နဲ့ ကို မမန့်ရမနေနိုင်ဖြစ်လာလို့ ..
    ဝင်အားပေးသွားကြောင်းပါ ဆြာရေ … ဟင့် …

    ကျုပ်ရင်ထဲ မချိသမို့ …ဇဂါးအများကြီး မပြောနိုင်တာခွင့်လွှတ်ပါ…
    (ဟိုမင်းသမီးလေးလို မေးဖျားလေးများ တုန်ရင်စွာဖြင့် …)

    ဟင့်ဟင့် ..
    🙁

  • မောင်ပေ

    July 2, 2012 at 1:38 pm

    ဘုရင့်နောင်ထုံး နှလုံးမူပြီး
    အခုခေတ်လူငယ်တွေဟာ ပညာသင်တဲ့နေရာ ၊ ဥစ္စာရှာတဲ့နေရာ ၊ ကြင်ယာရှာတဲ့နေရာ ၊ တရားဓမ္မ ရှာဖွေ ကျင့်ကြံအားထုတ်တဲ့ နေရာတွေမှာ သုံးကြမယ်ဆိုရင်…
    ကျုပ်တို ့နိုင်ငံဟာ မြန်မကြာတိုးတက်လာမှာ အမှန်ဘဲကလား။

  • htet way

    July 2, 2012 at 2:58 pm

    ခုလို အားပေး ဖတ်ရှု့ပေးကြတာကို ကျေးဇူးတင်ပါတယ်
    ဂေဇက်ကို မဝင်နိုင်တာ မအားလို့ပါ
    ကျွန်တော် ကြိုးစားပါ့မယ်
    အားလုံးကိုလေးစားပါတယ် ခင်ဗျား

  • Min Myat Nyi

    July 2, 2012 at 7:44 pm

    ဘုရင့်နောင်ရဲ့သမိုင်းတွင်ရစ်သော နောင်ရိုးတိုက်ပွဲနှင့်အတူ အိမ်မဲမြို့နယ်သည်လည်း လူတကာ မှတ်မှတ်ရရ
    ရှိနေပါစေ…..
    ဘုရင့်နောင် နောက်မတွန့်တမ်း ဖောင်ဖျက်ပြီး တိုက်ပွဲဝင်သလို ကောင်းရာမွန်ရာ ကြောင်းရာတွေမှာ ရဲရင့်သော စိတ်ထားနှင့် ကြိုးစားကြရအောင်လားဗျာ…

  • ဖိုးထောင်

    July 3, 2012 at 12:42 am

    ဘုရင့်နောင် ကျော်ထင်နော်ရထာ ကြိုက်သည် အရမ်းကြိုက်သည် ဘုရင့်နောင်စိတ်ဓါတ်မွေးမြူဖို့အတွက် ဘုရင့်နောင်ရုပ်ထုများလိုသလို မျိုးဆက်တစ်လျှောက်အထာတကျရှင်းပြနိုင်မည့် မိဘ ဆရာများလည်း လို အပ်မည်ဟု ထင်ပါကြောင်း………

Leave a Reply